Search

Sermoni

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 18-2] သူမ၏ကပ်ရောဂါဘေးများကို လက်မခံ မိစေရန် ပြန်လာပါငါ့လူတို့ (ဗျာဒိတ်ကျမ်း ၁၈း၁-၂၄)

သူမ၏ကပ်ရောဂါဘေးများကို လက်မခံ မိစေရန် ပြန်လာပါငါ့လူတို့
(ဗျာဒိတ်ကျမ်း ၁၈း၁-၂၄ )
 
ဘုရားသခင်က သူ၏ကပ်ရောဂါဘေးကြီးများဖြင့် ဗာဗုလုန်လုံမြို့ တော်ကြီး ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အခန်းကြီး (၁၈) တွင် ကျွန်ုပ်တို့ အားပြောပြပါသည်။အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသောအချိန်ကာလ ၌ဤကမ္ဘာကြီးသည်ဘုရားရှင်ရှေ့မှောက်၌အလွန်တရာညစ်ညမ်းပြီးအပြစ် နှင့်ပြည့်လျှက်ရှိသော ကမ္ဘာအဖြစ်ပြောင်းလဲလျှက်ရှိလာသဖြင့် ဘုရားသ ခင်အဖို့အခြားရွေးချယ်ရန်မရှိ တော့ဘဲသူကိုယ်၌က ဖန်ဆင်းထားသောအ ရာဖြစ်သော်ငြားလည်း ဖျက်ဆီးဖို့ရန်အတွက် သူသည်ကမ္ဘာပျက်စေမည့် ကပ်ရောဂါဘေးများကို ခွင့်ပြုခြင်းဖြင့်ကမ္ဘာကြီးကို နိဂုံးချုပ်စေမည်ဖြစ် သည်။ ထို့ကြောင့် ဤကမ္ဘာကြီးသည် လုံးဝပျက်ဆီးခြင်းသို့ မရောက်မီက ပင် ပျက်စီးခြင်းထဲသို့ ကျရောက်နေပြီဖြစ်သည်။
အဘယ်ကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဖျက်ဆီးပစ်ရမည် နည်း။ အကြောင်းရင်းအစစ်အမှန်မှာ သူသည် သူ၏ပရောဖက် များနှင့် သန့်ရှင်းသူများ၏အသွေးကိုမြင်ရမှာဖြစ်သည့်အတွက်ပင်ဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးသည် ဘုရားသခင် ပေးအပ်ထားသော ဥစ္စာပစ္စည်းအားလုံးနှင့်အတူအလွန်များပြားသော အလွန်ကြီးမားသောအ ပြစ်များကို ကျူးလွန်လျက်ရှိသောကြောင့်ဖြစ်ပြီး ဤအရာများသည် ဘုရား သခင်အဖို့ စိတ်ရှည်ရန်အလွန်ခက်ခဲလောက်အောင် ညစ်ညမ်းနေကြပြီဖြစ် သည်။ဘုရားသခင်ဖန်ဆင်းခဲ့သောဂြိုဟ်များအနက် ကမ္ဘာဂြိုဟ်သည် အလှ ပဆုံးဂြိုဟ်တစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်ကိုယ်၌က တတြွ်ကစွာဖြင့်ကမ္ဘာပေါ်၌အလုပ်လုပ်ခဲ့သောကြောင့်ဖြစ်သည်။ တဖန် ဤ ကမ္ဘာမြေသည် ဘုရားသခင်၏အကြံအစည်တော်နှင့် သူ၏အမှုတော်ဖြစ် သောခရစ်တော်အားဖြင့် အပြစ်သားများကို ကယ်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီးဖြစ်သည်။
သို့ပါလျက်နှင့် ဘုရားသခင်ဤကမ္ဘာကို သူမည်ကဲ့သို့ဖျက်ဆီး မည်။ ခရစ်တော်၏နိုင်ငံတော်ကို သူမည်ကဲ့သို့တည်ထောင် မည်ကို စီမံ ထားပြီးဖြစ်ပါသည်။ ဤကမ္ဘာကြီးသည် အရာအားလုံး ညစ်ညမ်းမှုများနှင့် ပြည့်လာသောအခါဘုရားသည် ဤကမ္ဘာကြီးကို သူ၏ကောင်းကင်တမန်မှ တဆင့်ဖလားခုနှစ်လုံးကပ်ရောဂါဘေးဖြင့် ဖျက်ဆီးလိမ့်မည်ဖြစ်သည်။ ထို့ နောက်ဘုရားရှင်သည် အရာအားလုံးကိုအသစ်ပြန်ဖြစ်စေပြီး သူ၏ကမ္ဘာ သစ်တွင်သူ၏သန့်ရှင်းသူများက အုပ်စိုးကြလိမ့်မည်။
 
 
ဗာဗုလုန်မြို့တော်ကျဆုံးခြင်း
 
ကုန်သည်အားလုံးတို့သည် ဘုရားသခင်က သူတို့အားပေးထား သောအရာအားလုံးကို ရောင်းလျက်/ဝယ်လျက်ဖြင့်အလွန် အလုပ်များ လျှက်ရှိနေစဉ်ကမ္ဘာပေါ်ရှိဘုရင်တို့သည် မတရားသောမေထုန်၌ လွန်ကျူး လျက် ကမ္ဘာပေါ်ရှိဥစ္စာပစ္စည်းအားလုံးဖြင့် ဇိမ်ကျကျ စည်းစိမ်ခံလျက်ရှိပြီး သူတို့၏လောဘတရားနောက်သို့လိုက်စားခြင်းဖြင့် ဘုရားပင်လျှင် ပျောက် ဆုံးလျှက်ရှိနေပြီဖြစ်သည်။ဘုရားသခင်သည်အရားအားလုံးကိုဖျက် ဆီးပစ် မှာဖြစ်သည်။ အဆောက်အဦးများ၊ဘာသာရေးအဖွဲ့အစည်းများ၊ ကုန်သွယ် မှုဖြင့်ဖွဲ့စည်းထားသောဘာသာရေးအဖွဲ့များ၊ ဘာသာရေးသမားများ၊ ရှင်ဘု ရင်များ၊ နိုင်ငံရေးသမားများ၊ ရုပ်ဝတ္ထုပိုင်ဆိုင်မှုကို မက်မောစွဲလန်းသောသူ များနှင့် အခြားအရာများအားဖြင့်မိမိကိုယ်ကိုမိမိ ချမ်းသားကြွယ် ဝစေသော သူများ စသည့် ဤအရာအားလုံးတို့ကို ဘုရားသခင်သည် ဖျက်ဆီးပစ်လိမ့် မည်ဖြစ်သည်။
ဘုရားသခင်သည် ဤကမ္ဘာပေါ်ရှိ အဆောက်အဦးအားလုံးတို့ကို တစ်ခုမကျန်ဖြိုချလိမ့်မည်။ ထို့နောက်သူသည် လူမှစ၍ သစ်တောများနှင့် သစ်ပင်များပါမကျန် အရာအားလုံးကို သူ၏မီးဖြင့်ဖျက်ဆီးပစ်လိမ့်မည်။ ဤကမ္ဘာပေါ်ရှိ အရာအားလုံးပြိုကျကုန် သောကြောင့် လူတို့သည် မြည်တမ်းငြွေိုကးလျက်ရှိကြလိမ့်မည်။ အထူးသဖြင့် ဘာသာရေးအားဖြင့် မိမိကိုယ်မိမိချမ်းသြွာကယ်ဝစေသောသူများကို ဖျက်ဆီးပစ်မည်မှာ အ သေအချာပင်ဖြစ်သည်။ ဘုရားသခင်သည် သူဖန်ဆင်းထားသောဤလှပ သည့်ကမ္ဘာကိုဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း ကြိုတင်သိရှိပြီး ယုံကြည်ထား ခြင်းသည် ကျွန်ုပ်တို့အဖို့ အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။
ထိုအချိန်တွင် ဘုရားရှင်သည် ခရစ်တော်၏ပထမချီဆောင်ခြင်း၌ ပါဝင်ကြသော ဒုတိယအကြိမ်မွေးဖွားခြင်းခံရသည့် သန့်ရှင်းသူများကိုနှစ် တစ်ထောင်ကာလကို အုပ်ချုပ်ရသောအခွင့်ပေးလိမ့်မည်။ သခင်ဘုရား သည်သန့်ရှင်းသူများ၏ကမ္ဘာပေါ်၌ရှိနေခဲ့စဉ် ရေနှင့်ဝိညာဉ်သတင် ကောင်း ဟောကြားခြင်းဖြင့် သူတို့အမှုတော်ဆောင်ခဲ့ခြင်း၊ သူတို့၏ယုံကြည်ခြင်းကို ကာကွယ်လျှက်မာတုရခံရခြင်းကိုဘုရားသခင်၏နိုင်ငံတော်နှင့်အစားထိုးပေးလိမ့်မည်။ ဘုရားသခင်သည် သူတို့အားမြို့ကြီးဆယ်မြို့ထက်မကကို ၄င်းအုပ်စိုးရသောအခွင့်ကို နှစ်တစ်ထောင်ကာလထိ ခွင့်ပြုပြီးနောက် သူ တို့အားကောင်းကင်သစ်နှင့်မြေကြီးသစ်၌ ထာဝရနေထိုင်ခွင့် ပေးလိမ့်မည်။
သို့ဖြစ်လျှင် အဘယ်ကြောင့်စင်္ကြာဝဠာတစ်ဝှမ်းလုံး၌ အလှပဆုံး ဖြစ်သောဤကမ္ဘာဂြိုဟ်ကို ဖျက်ဆီးရန်ကြံစည်ရပါသလဲ။ ဤကမ္ဘာဂြိုဟ် တစ်ခုထဲတွင် သားငါးများသည် မြစ်ချောင်းများထဲတွင် ရေကူးနိုင်လျက်၊ တောရိုင်းတိရစ္ဆာန်တို့သည် သစ်တောထဲ၌ဟိန်းဟောက်နိုင်လျက်၊ လူသား များသည်လည်းနေထိုင်နိုင်ကြသည်။ သို့သော် အပြစ်သည်ကမ္ဘာကြီးထဲသို့ ဝင်ရောက်ပြီး အလွန်သောင်းကျန်းလာသောအခါ ဘုရားသခင်သည် ကြာ ရှည်သည်းခံ စိတ်ရှည်နိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားရှင်သည် ဤကမ္ဘာ မြေကို သူ၏ကပ်ရောဂါဘေးများ ကျရောက်စေခြင်းဖြင့် အပြီးတိုင်ဖျက်ဆီး လိမ့်မည်။ ဘုရားသခင်သည် ကမ္ဘာကြီးကိုဖျက်ဆီးပစ်ရန်ဆုံးဖြတ်ပြီးဖြစ် သည်။
ကယ်တင်ခြင်းခံရပြီးသူများမှအပ ဤကမ္ဘာပေါ်၌ နေထိုင်ကြသူ အားလုံးသည် ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများဖြင့် အဖျက်ဆီးခံကြရ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်နောက်ဆုံးကာလ၌ ဖြောင့်မတ်သူအား လုံးတို့သည် မာတုရခြင်းခံရလျှက် ဤကမ္ဘာ၏ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖိ နှိပ်ချုပ်ချယ်ခြင်းတို့ကို ခံကြရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင် သည် ကမ္ဘာမြေကြီးကို သူ၏မကောင်းသည့်လုပ်ရပ်များကြောင့်နှင့် ချေပစ် လိမ့်မည်။ ဤအချိန်ကာလစေ့ရောက်လာသောအခါ လူတို့၏ဝိညာဉ်ကို အရောင်းအဝယ်ပြလုပ်နေကြသောဘာသာရေးခေါင်းဆောင်များ၊ကုန်သည် များတို့သည် ဖျက်ဆီးခြင်းခံကြရလိမ့်မည်။ ဘုရားသခင်သည် ဘာသာရေး ခေါင်းဆောင်အဖြစ် လှုပ်ရှားခဲ့သူများ၊ဒုတိယအကြိမ်မွေးဖွားခြင်းမ ခံရသေး သူများကိုသာသတ်ဖြတ်မည်မဟုတ်ဘဲ နတ်ဆိုးနှင့်အတူနေသောသူများကို လည်း မီးနှင့်ကန့်ငရဲအိုင်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်သည်။
ဘုရားသခင်သည် ဤကမ္ဘာကို ဖျက်ဆီးမည်မှာအလွန်သေချာပါ သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ဤကမ္ဘာကြီးဖျက်ဆီးခံ ရမည်ဆိုသည်ကို ယုံမှားသံသယမရှိဘဲကောင်းစွာနားလည်သဘောပေါက်ပြီး ယုံကြည်ရမည် ဖြစ်သည်။ ဘုရားသခင်သည် အဖိုးတန်သည့်ဥစ္စာပစ္စည်းများအပေါ် ဝါကြွား လျှက် လူတို့၏ဝိညာဉ်ကိုသူတို့၏ဘာသာရေးနှင့် ကူးသန်းရောင်းဝယ်နေ ကြသော ဘာသာရေးအဖွဲ့အစည်းများအားလုံးကို ဖျက်ဆီးလိမ့်မည်။ ဘု ရားသခင်၏ကပ်ရောဂါဘေးဖြစ်ပေါ်အံ့ဆဲဆဲဖြစ်နေသည့်တိုင်အောင် လူတို့ သည် သူတို့ကိုယ်သူတို့ယုံကြည်စိတ်ချလျက် စိတ်ကြီးဝင်လျှက်ရှိနေကြ သေးသည်။ ဤကမ္ဘာ၏ဘာသာရေးခေါင်းဆောင်များခဏတာမျှ လေ့လာ ကြည့်ကြပါစို့။ အကယ်၍သူတို့တတွေသည် ဘုရားသခင်ရှေ့၌ ကောင်း သောအရာကိုသာလုပ်ဆောင်ကြလျှင် ဂုဏ်ယူစရာ မကောင်းပေဘူးလား။ ဘုရားသခင်က ဤသို့သောပုဂ္ဂိုလ်များလုပ်ဆောင်သမျှကို တကယ်ပင် သ ဘောတူပါသလား။
အကယ်၍ ဘုရားသခင် သူသည်ဤကမ္ဘာကြီးကို ဤလူတို့၏အ ပြစ်များကြောင့်ဖျက်ဆီးမည်ဟုပြောဆိုပါလျှင်အရာအားလုံးတို့သည်ဘုရား ရှင်ပြောသည့်အတိုင်းတိကျစွာဖြင့် ပေါ်လာလိမ့်မည်ကို ကျွန်ုပ်တို့ယုံကြည် ကြရမည်။ ထို့နောက်ကျွန်ုပ်တို့သည်မိမိတို့၏ယုံကြည်ချက်ကို ကာကွယ် ကြရမည်။ ဤနေရာ၌ကျွန်ုပ်သည် အခြားသောအယူလွဲသူ ခေါင်းဆောင် ကဲ့သို့ မပြောပါ။ ထိုသူတို့သည် သူတို့၏သြဝါဒကိုဖန်တီးလျှက် ကမ္ဘာပျက် မည့်အကြောင်း ဟောပြောနေကြခြင်းဖြစ်သည်။ သို့သော် ကျွန်ုပ်ပြောပြနေ သည်မှာ ဘုရားသခင်က ကျမ်းစာထဲတွင် ကျွန်ုပ်တို့အားဘာတွေပြောနေ သနည်းဟုဆိုခြင်းကိုသာပြောနေပါသည်။ယင်းမှာ အသက်ရှင်တော်မူသော ဘုရားသခင်သည်ဤကမ္ဘာကိုဖျက်ဆီးမည်မှာ အသေအချာပင်ဖြစ်ကြောင်း နှင့် ဖလားခုနှစ်လုံး၏ ကပ်ရောဂါဖြင့် ဖျက်ဆီးမှာဖြစ်သည်။ 
 
 

မကြာမီပျက်စီးတော့မည့် ဤကမ္ဘာကြီးကို ကျွန်ုပ်တို့စွဲလန်းမနေသင့်ပါ

 
ကျွန်ုပ်တို့သည်မကြာမီဖျက်ဆီးခြင်းခံရတော့မည့် ဤကမ္ဘာ၏ဥစ္စာ ပစ္စည်းပိုင်ဆိုင်ခြင်းကိုစုဆောင်းခြင်း၌ စွဲလန်းခြင်းမပြုရပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကကျွန်ုပ်တို့အားပေးထားသမျှကိုကျေနပ်ရောင့်ရဲခြင်းရှိရမည်။ ဘုရားသခင်အလိုရှိသည့်အတိုင်း ၄င်းတို့ကို ဝေမျှလျှက် အသုံးပြုကြရမည်။ ဤကမ္ဘာ၏ဥစ္စာပစ္စည်းများသည် ဘုရားသခင်၏အမှုတော်ဆောင်ရန်အ တွက်သာလိုအပ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်စီမံပေးသောသတင်း ကောင်းကိုဝေငှခြင်းဖြင့် သူ၏သစ္စာရှိသောအစေခံကျွန်ကဲ့သို့ နေထိုင်ရ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ၏ဥစ္စာပစ္စည်းများနှင့် ငြိစွန်းမနေရပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဘုရားသခင်က ဤကမ္ဘာကြီးကို ဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထားသောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤကမ္ဘာ၏ကြွယ်ဝခြင်းနှင့် အဖိုးတန်ခြင်းသည် ထာဝရတည်မြဲလိမ့်မည်ဟုတွေးတောခြင်းဖြင့်မိမိကိုယ်မိမိ အရူးမလုပ်သင့် ပေ။ ဘုရားသခင်သည် ဘာသာရေးခေါင်းဆောင်များနှင့် သူတို့၏နောက် လိုက်များကိုပါ နင်းခြေလိမ့်မည်ဖြစ်ကြောင်းသိထားလျှက် သခင်ဘုရားပြန် လာမည့် နေ့ရက်ကိုစောင့်ကြိုရင်း အသက်ရှင်နေထိုင်ကြရမည်။ ဤသို့မ ဟုတ်လျှင် မကြာမီအချိန်တိုအတွင်းဖျက်ဆီးခံရတော့မည့် ကမ္ဘာကြီး၏ လောကီရေးရာထဲသို့ ကျဆင်းခြင်းဖြင့် ဘဝနိဂုံးချုပ်ကြရလိမ့်မည်ဖြစ် သည်။ သို့ဖြစ်၍သူ၏ဖျက်ဆီးခြင်းနှင့် သူရင်ဆိုင်နေရသော ဤကမ္ဘာကြီး ထဲသို့ မကျရောက်စေရန်အတွက် ကျွန်ုပ်တို့သည် ဤကမ္ဘာဂြိုဟ်ကြီးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ကြောင်း ယုံကြည် ထားရမည်ဖြစ်သည်။
ယခုအချိန်အတွင်းမှာပင် ဘုရားသခင်သည် အသက်ရှင်လျက်ရှိပါ သည်။ထို့နောက်အချိန်ကာလစေ့ရောက်သောအခါ ဘုရားရှင်သည် သူပြော သည့်အတွက် ပြီးပြည့်စုံအောင် ဆောင်ရွက်ပါလိမ့်မည်။ ဤကဲ့သို့အမှန်တ ရားရှိနေဆဲမှာပင် ဒုတိယအကြိမ်မွေးဖွားခြင်းခံရပြီးသူများအထဲ၌ လည်းသူ တို့၏ယုံကြည်ခြင်း မရင့်ကျက်သေးဟု ဆိုကြစေကာမူ ကျွန်ုပ်တို့သည် ယုံ မှားသံသယကင်းစွာဖြင့် ယုံကြည်ကြရမည်။ ထို့အပြင် ကျွန်ုပ်တို့သည် နောက်ထပ်တစ်ကြိမ်ပြန်နိုးထကြရမည်။
မကြာခင်ပျက်ဆီးတော့မည့်ဤကမ္ဘာကြီးထဲသို့ ကျွန်ုပ်တို့၏ နှလုံး သားများကို မပျောက်ဆုံးစေရပါ။ သို့သော်ကျွန်ုပ်တို့၏အသက်တာကို မ ယိမ်းမယိုင်သော မတုန်လှုပ်သောယုံကြည်ခြင်းကို ဘုရားသခင်၏ နှုတ် ကပတ်တော်၌ ထားရှိလျှက်အသက်ရှင်နေကြရမည်။ ကျွန်ုပ်တို့နှလုံးသား သည်အားနည်းသည့်အခါ ရှိကောင်းရှိမည်ဖြစ်သော်လည်း ခိုင်မာသည့်ယုံ ကြည်ချက်ဖြင့် ကျွန်ုပ်တို့ဆက် လက်အသက်ရှင်ကြရမည်ဖြစ်သည်။
ဘုရားသခင်က ဤကမ္ဘာပေါ်၌ ပြုလုပ်မည့် အရာများအားလုံး သည်ကျွန်ုပ်တို့အတွက် အံ့သြဘွယ်ရာများသာဖြစ်ကြပါသည်။ ဘုရားသခင် သည်ဤကမ္ဘာကြီးကို ဖျက်ဆီးခြင်းမပြုဘဲဤနေရာတွင်ပင် ခရစ်တော် ၏နိုင်ငံတော်သစ်ကိုတည်ထောင်ခဲ့လျှင် သန့်ရှင်းသူများ အလွန်တရာစိတ် ပျက်အားငယ်ကြလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဘုရားရှင်၏ အစီ အစဉ်တော်သည် အလွန်အံ့သြဘွယ်ဖြစ်ရခြင်းနှင့် အဘယ်ကြောင့် သူ၏အ စီအစဉ်ကဖြောင့်မတ်သောသန့်ရှင်းသူများကို မျှော်လင့်ချက်ပေးရသည့် အ ကြောင်းရင်းပင်ဖြစ်သည်။
အကယ်၍ဤကမ္ဘာ၏အပြစ်သားများအတွက် ဘုရားသခင်၏တ ရားစီရင်မှုမရှိခဲ့ဘူးဟုဆိုလျှင်သခင်ဘုရားအတွက်ဒုက္ခနှင့်အခက်အခဲအမျိုး မျိုးတို့ကို ဇွဲရှိရှိနှင့်ရင်ဆိုင်ခဲ့ကြသောသန့်ရှင်းသူများ၏ အသက်တာသည် အလွန်ပင်တရားမျှတမှု ကင်းမဲ့ရာမကျပေဘူးလား။ ထို့ကြောင့် ဘုရား ရှင်က ဤကမ္ဘာကို တရားစီရင်မည်ဆိုသည်မှာ မှန်ကန်ပါသည်။ ဤကမ္ဘာ ကြီးသည် နောင်ခေတ်နှင့်တူလာပြီဆိုလျှင် ဘုရားသခင်သည် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပြီး ဖျက်ဆီးပစ်မည်မှာ သေချာပါသည်။
ဘုရားသခင်၌ ယုံကြည်ခြင်းရှိသောကြောင့် ကျွန်ုပ်တို့သည် မည် သည့်အခါတွင်မျှကမ္ဘာ့လူသားများကို မနာလိုဝန်သိုခြင်းမရှိကြပါ။ အဘယ် ကြောင့်ဆိုသော် သူသည်ဤကမ္ဘာကိုတရားစီရင်မှာဖြစ်ပြီး စာတန် အန္တီခရစ်နှင့်သူ၏နောက်လိုက်များကို ငရဲမီးလျှံထဲသို့ချပစ်မှာဖြစ်သဖြင့် ကျွန်ုပ်တို့အားလုံးသည် ဇွဲရှိရှိဖြင့် စောင့်စားနိုင်မည်ဖြစ်သည်။
ဤကမ္ဘာကြီးသည်အလုံးစုံပျက်စီးခြင်းနှင့် တစ်မိနစ်စာမျှသာ ကွာ ဝေးတော့ကြောင်းဘုရားသခင်၏နှုတ်ကပတ်တော်က ပရောဖက်ပြုထား ချက်များနှင့်ကိုက်ညီလျှက်ရှိပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် နိမိတ်လက္ခ ဏာဖော်ပြချက်ကို ကျွန်ုပ်တို့မြင်ရခြင်းဖြင့် နောက်ဆုံးသောကာလ၏ ကပ် ရောဂါဘေးကျရောက်မှု နီးကပ်လာခြင်းကို သိရှိနိုင်ပါသည်။
အယ်လ်နီဋိဖြစ်ရပ်ကဲ့သို့သော သဘာဝအတိုင်းမဟုတ်သည့် ရာ သီဥတုအခြေအနေများနှင့် နွားရူးရောဂါကဲ့သို့သော ရောဂါအသစ်အဆန်း များက ယနေ့ကမ္ဘာကို တုန်လှုပ်စေပါသည်။ လူသားတို့ကိုင်တွယ် ဖြေရှင်း ရန်အတွက် စွမ်းရည်မရှိတော့သည် ကုသ၍မရနိုင်သော ရောဂါများသည် ကမ္ဘာကိုလွှမ်းမိုးလျှက်ရှိနေပြီး အလားတူကြီးမားသော အတိုင်းအတာ မျိုးဖြင့် ယခင်ကစိတ်ကူး၍ မရနိုင်သောသဘာဝဘေးအန္တရာယ်များ၊ အ ငတ်ဘေးကြီးများနှင့် အပျက်အစီးကြီးမားစေသည့် ငလျင်လှုပ်မှုများသည် ကမ္ဘာတစ်ဝှမ်းလုံးကို ရိုက်ခတ်လျှက်ရှိနေပါသည်။
ဤကမ္ဘာပေါ်၌ ဤဖြစ်ရပ်များ ဖြစ်ပွားလျက်ရှိနေစဉ် ကျွန်ုပ်တို့ သည်ဘုရားသခင်၏တည်ရှိမှုနှင့်ဘုရားသခင်သည် ကမ္ဘာပေါ်ရှိ မိမိဇိမ်ခံဖို့ အတွက် ချမ်းသြွာကယ်ဝခြင်းကိုသာ ရှာဖွေစုဆောင်းနေကြသူများအပေါ် တရားစီရင်မှုကျရောက်စေလိမ့်မည်ဆိုသည်ကို ယုံကြည်ကြရမည်ဖြစ် သည့်အပြစ်သည် ယနေ့ကမ္ဘာတွင် အလွန်သောင်းကျန်းထကြွ လျက်ရှိ နေသည်။ ဤကမ္ဘာကြီးသည် သူ၏ဇိမ်ခံပစ္စည်းများကို အလွန်ဖြုန်း တီး လျက်ရှိနေသည်။ လူတို့သည် လက်ထပ်ထိမ်းမြားခြင်း၊ စားခြင်းသောက် ခြင်းနှင့် အိမ်ယာတည်ဆောက်ခြင်းတို့၌ အလွန်အလုပ်များလျက်ရှိကြခြင်း ဖြင့်သူတို့၏ဝိညာဉ်ရေးရာသုခကိုအလေးပေးလျှက်ရှိကြသည်။ ယနေ့ကမ္ဘာ ကြီးသည် ယောကျာ်းတစ်ဦးက အခြားယောကျာ်းတစ်ဦးနှင့်အတူ လိင် ဆက်ဆံမှုအပြစ်ကျူးလွန်ကြပြီး မိန်းမအတော်များများသည်လည်း အခြား တစ်ဦးနှင့် သူတို့၏ရမ္မက်မီးကို လောင်ကျွမ်းစေကြသည်။ (ရောမ ၁း၂၇)
ကမ္ဘာကြီးဟာ နောင်အချိန်ကနဲ့မတူဘူးမဟုတ်လား။ ဓမ္မတာနှင့် ဆန့်ကျင်ပြီးကာမဆက်ဆံခြင်းဟူသောဝေါဟာရ၏မူလဇစ်မြစ်ကို သင် ကောင်းစွာနားလည်နိုင်ပါသည်။သောဒုံနှင့်ဂေါမောရမြို့များ အဖျက်ဆီးခံရ ချိန်က၄င်းမြို့ရှိ ယဉ်ကျေးမှုဓလေ့ထုံးစံမှာ ယနေ့ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာ၌ ကျင့်သုံးသကဲ့ပင်ဖြစ်ပါသည်။ ဤကမ္ဘာသည် အလွန်ညစ်ညမ်း လျှက် အပြစ်နှင့်ပြည့်နှက်နေသောကမ္ဘာအဖြစ် တိုးချဲ့လျှက်ရှေ့ရှုပြီး နတ် ဆိုးကလုံးဝသိမ်းထားသော ကမ္ဘာအဖြစ်ပြောင်းလဲလျှက်ရှိနေသည်။ ယင်း ကမ္ဘာကို ဘုရားသခင်ကမီးလျှံများ ကျရောက်လောင်ကျွမ်းစေလျှက် ပြာအ တိဖြစ်စေလိမ့်မည်။
 
 

မှားယွင်းသောပရောဖက်များသည် သေဒဏ်ခံရမည်

 
မှားယွင်းသောပရောဖက်တို့သည်ဥစ္စာပစ္စည်းပိုင်ဆိုင်ရေးနှင့် တရားမဝင်နည်းဖြင့်ချမ်းသြွာကယ်ဝအောင် စုဆောင်းရေတို့ကို ရှာဖွေ လျက်ရှိကြပြီး သူတို့၏ဘာသာရေးအဖွဲ့အစည်းများတိုးချဲ့ရေးကို နောက် ကွယ်မှလုပ်ဆောင်လျက်ရှိကြသည်။ အကယ်၍ယေရှုကို သင်ယုံကြည် လျှင် “သင်သည်ချမ်းသာလိမ့်မည်၊ ကောင်းစွာနေထိုင်ရမည်၊ ထို့နောက်အ နာရောဂါများဆေးကုသခံရမည်။” ဤကဲ့သို့သော လိမ်လည်မှုများသည် လည်းကောင်း၊ ပစ္စည်းဥစ္စာအပေါ်ခေါင်းပုံဖြတ်ရန် လျှို့ဝှက်ကြံစည်မှုများ သည်လည်းကောင်း၊အမြဲတစေရှိနေပါသည်ကို သင်နားလည်သဘော ပေါက်ရမည်ဖြစ်သည်။ 
ကိုးရီးယားတွင်လည်း ခရစ်ယာန်အဖွဲ့အစည်းများသည် သူတို့၏ အခြေခံယုံကြည်ချက်များပျောက်ဆုံးပြီးအကျင့်စာရိတ္တပျက် ပြားနေသည် မှာကြာမြင့်ခဲ့ပြီးယေရှု၏အမည်နညမကို အသုံးပြုသောနတ်ဆိုး အဖွဲ့ဝင် မျိုးစုံတို့သည်ထကြွသောင်းကျန်းလျှက်ရှိ နေကြသည်။ ဤသည်မှာ ယနေ့ ခရစ်ယာန်အဖွဲ့အစည်း၏ အဖြစ်မှန်ပင်ဖြစ်သည်။ သို့သော်ကမ္ဘာ၏ ဥစ္စာ ပစ္စည်းများပိုင်ဆိုင်မှုဖြင့်ယုံကြည်ခြင်းကို တိုင်းထွာတတ်သော ပရောဖက် အတုများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အမှားကျူးလွန်တတ် သောမှော်ဆရာများကိုဘုရားသခင်၏ ကြောက်မက်ဘွယ်ရာတရားစီရင် ခြင်း တည်းဟူသောငရဲနှင့်ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေးကြီးများက စောင့်ကြိုလျက်ရှိနေပါသည်။လူအများကို လိမ်လည်လှည့်ဖြားနေသူများနှင့် ပရောဖက်အတု များ၏လှည့်ဖြားခြင်းခံရသူများ၏ တရားစီရင်ခြင်းမှာ ထပ်တူထပ်မျှပင်ဖြစ် လိမ့်မည်ဖြစ်ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့အားပြောပြပါသည်။ ကျွန်ုပ် တို့သည် ဤလောကီကမ္ဘာဆီသို့ မျှော်မကြည့်သင့်ပါ။ သူ့နောက်သို့လည်း မလိုက်သင့်ပါ။ ၄င်းအစားကျွန်ုပ်တို့သည် အသက်ရှင်သော ဘုရားသခင်ကို သာ ယုံကြည်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုကို မယုံကြည် သောသူများ သူ့အားဆန့်ကျင်ဖက်ရပ်တည်သူများနှင့် ဖြောင့်မတ် သူတို့ အား ညှင်းပန်းနှိပ်စက်သူများတို့သည် တရားစီရင်ခြင်းခံရမှာဖြစ်ပြီး ထာဝ ရသေခြင်းပြစ်ဒဏ်စီရင်ခံရမှာဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီးကို တရားစီ ရင်ပြီးနောက်ဘုရားသခင်သည် သန့်ရှင်းသူတို့ကို သူတို့၏ ခရစ်တော်၏နာ မကြောင့် ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ဝေဒနာများခံစားရခြင်းများကြောင့် ဆုလဒ်များကို သေချာပေါက်ချီးမြှင့်လိမ့်မည်ဖြစ်သည်။