Search

ЧЗВ за Християнската Вяра

Тема 3: Откровение

3-9. ဘေးဒဏ်ကြီးကာလမတိုင်မီချီဆောင်ခြင်း(သို့မဟုတ်) ဘေးဒဏ်ကြီး ကာလပြီးမှ ချီဆောင်ခြင်းအနက် မည်သည့်အယူအဆပိုမှန်ပါသနည်း။ ဘေးဒဏ်ကြီးကာလကျရောက်စဉ်အထိ သန့်ရှင်းသူများသည် ဤကမ္ဘာ၌ရှိ နေကြဦးမည်လား။

ခရစ်ယာန်အဖွဲ့အစည်း၏ သမိုင်းကို ပြန်လည်ဆန်းစစ်မည်ဆို လျှင်မရေတွက်နိုင်သော လိမ်လည်မှုများပေါ်ပေါက်ခဲ့သည်မှာ ယနေ့တိုင် အောင်ပင်ဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ဗျာဒိတ်ကျမ်းကို ဘာ သာပြန်ခြင်းနှင့် ချီဆောင်ခြင်းကျရောက်မည့်အချိန်ကို တွက်ချက်ခြင်းတို့ ကို မိမိတို့ကိုယ်ပိုင်နည်းများဖြင့် ပြုလုပ်ကြသည်။ ဤလိမ်လည်သူတို့သည် ထူးခြားသောအချက်အလက်တို့ကို ချီဆောင်ခြင်းကျရောက်မည့်နေ့အဖြစ် ဖန်တီးကာသခင်ဘုရားသည် ပြန်လာမည်ဖြစ်ပြီး သန့်ရှင်းသူတို့သည် ချီ ဆောင်ခံရမည်ဖြစ်ကြောင်းနှင့် ချီဆောင်ခံရမည့်နေ့မှာ ထိုရက်ဖြစ်သော သူတို့သတ်မှတ်ရက်တွင်ပင်ဖြစ်ကြောင်း သင်ကြားကြသည်။
မည်သို့ဖြစ်စေကာမူ အလားတူပြောဆိုချက်များသည် သုံးမရသော အရာများအဖြစ်အဆုံးသတ်သွားကြသည်။ ထူးခြားသော လက္ခဏာများကို ဖော်ပြသည့်အကြောင်းအရာတစ်ခုသည် အဖွဲ့အစည်းကို ဖြတ်သန်းလာ သောအခါအားလုံးနှင့်သက်ဆိုင်သောသာမာန်ကိစ္စတစ်ရပ်ဖြစ်လာပြီး ထိုအ ရာကိုလူအားလုံးကဘေးဒဏ်ကြီးကာလမတိုင်မီချီဆောင်ခြင်းဟုထောက်ခံ လာကြသည်။ သူတို့၏လောကီပိုင်ဆိုင်မှု အရာအားလုံးသည်သူတို့ချီ ဆောင်ခြင်းနှင့် ဘေးဒဏ်ကြီးကာလမတိုင်မီ လေထဲသို့မချီခြင်းခံရသော အခါအသုံးမဝင်ဖြစ်လာလိမ့်မည်ဟုသူတို့၏အပေါင်းအသင်းများကိုပြောဆို လျက်ရှိသည်။ ယင်းသို့လူလိမ်များက လူပေါင်းများစွာကို လှည့်ဖြားပြီးသူ တို့၏ရုပ်ဝတ္ထုပိုင်ဆိုင်မှုများကိုလုယူတတ်ကြသည်။
ဤအရာများသည်စာတန်၏ပါးနပ်သောကလိန်ကမှုဖြစ်ပြီး ဤ လိမ်ညာမှုက လူပေါင်းများစွာကိုလှည့်စားခြင်းဖြင့် သူ၏နောက်လိုက် အစေခံကျွန်များဖြစ်စေရန်ကြိုးပန်းနေခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့နားလည် သဘောပေါက် ထားရမည်ဖြစ်သည်။
မည်သည့်အရာသည် သန့်ရှင်းသူများအဖို့ အရေးကြီးဆုံးဖြစ် ကြောင်းနှင့် သူတို့သိလိုသောအရာမှာ ဘယ်အရာဖြစ်ကြောင်း စသည့်တို့ သည်သန့်ရှင်းသူများ၏ချီဆောင်ခြင်းကျရောက်လာသောအခါ မေးခွန်းများ ဖြစ်လာကြလိမ့်မည်။ ဗျာဒိတ်ကျမ်း (၁၀း၇)ကကျွန်ုပ်တို့အားပြောပြထား သည်မှာ “ဘုရားသခင်၏ကျွန်တော်မျိုး ပရောဖက်တို့အားဝမ်းမြောက်စရာ သတင်းကိုဗျာဒိတ်ထားတော်မူသည်နှင့်စပ်ဆိုင်သောဘုရားသခင်၏ နက်နဲ သောအရာသည် ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သောနေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟုကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ရှိရှိသမျှတို့ကိုလည်း ကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလေ၏။” ဤရောတွင် “ဘုရားသခင်၏ နက် နဲသောအရာသည် ပြည့်စုံလိမ့်မည်” ဟူ၍ ပြောရခြင်းမှာ အဘယ်အရာကို ဆိုလိုပါသနည်း။ “ဘုရားသခင်၏ နက်နဲသောအရာ” ဆိုသည်မှာ သန့်ရှင်း သူများ၏ ချီဆောင်ခြင်းသာဖြစ်သည်။
ဘုရားသခင်၏ တံပိုးခုနှစ်လက်၏ကပ်ရောဂါဘေးအနက် ဆဌမ မြောက်ကပ်ရောဂါဘေးကုန်ဆုံးသောအခါဤကမ္ဘာတွင်အန္တီခရစ်ပေါ်ထွန်းလာလိမ့်မည်။ ကမ္ဘာကြီးကိုအုပ်စိုးပြီး လူတိုင်းသားရဲ၏အမှတ်တံဆိပ်ကို လက်ခံကြရန်တေင်ဆိုလိမ့်မည်။ ဤညှင်းပန်းနှိပ်စက်မှုမှအစပြု၍ သန့် ရှင်းသူများ၏ မာတုရခံရခြင်းရောက်လိမ့်မည်။ ဤအဖြစ်အပျက် မကြာ မီမှာပင် တံပိုးခုနှစ်လုံး၏တံပိုးမှုတ်သံလိုက်လာပြီး သန့်ရှင်းသူများ၏မာတု ရခံရချိန်နှင့်မိမိတို့၏ယုံကြည်ခြင်းကို ကာကွယ်နေကြသော အသက်ရှင် ကျန်နေသေးသည့် သန့်ရှင်းသူများ၏ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင် ခြင်းရောက်လာလိမ့်မည်။
သတ္တမမြောက်တံပိုးမှုတ်သံမြည်သောအခါ ဘုရားသခင်သည် ဤ ကမ္ဘာသို့ကပ်ရောဂါဘေးထပ်မံကျရောက်စေတော့မည် မဟုတ်ဘဲ သန့်ရှင်း သူများ၏ ချီဆောင်ခြင်းသာပေါ်ပေါက်လာမည်။ ချီဆောင်ခြင်းနောက် ကလိုက်လျှက်ဘုရားသခင်သည် ကမ္ဘာမြေသို့ ဖလားခုနှစ်လုံးကပ်ရောဂါ ဘေးများသွန်းလောင်းခြင်းကို ရုပ်တရက်အစပြုလုပ်ဆောင်လိမ့်မည်။ ထို့ ကြောင့်ဘုရားသခင်၏ ဖလားခုနှစ်လုံးကပ်ရောဂါဘေးများ ကျရောက်လာ သောအခါ ဤကမ္ဘာမြေတွင်သန့်ရှင်းသူများကို တွေ့ရတော့ မည်မဟုတ်ဘဲ လေထဲတွင်သာသခင်ဘုရားနှင့်အတူ တွေ့ရလိမ့်မည်။ သတ္တမမြောက် ကောင်းကင်တမန်က နောက်ဆုံးတံပိုးမှုတ်သောအခါ သန့်ရှင်းသူများ၏ ချီဆောင်ခြင်းကျရောက်လာတော့မည်ဖြစ်ကြောင်းကျွန်ုပ်တို့နားလည်ကြရမည်။
သို့ပါသော်လည်း ခရစ်ယာန်မြောက်များစွာတို့သည် ယနေ့တိုင် အောင်ပင် ချီဆောင်ခြင်းမတိုင်မီချီဆောင်ခြင်းအယူအဆကို ဆက်လက်ယုံ ကြည်နေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ယုံကြည်ခြင်း သည်သဘာဝဘေးဒဏ်ကျရောက်ခြင်းနှင့် အန္တီခရစ်ပေါ်ထွန်းလာခြင်းအ တွက် ပြင်ဆင်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။ အဆုံး၌သူတို့သည် သူ တို့၏စာတန်နှင့်အန္တီခရစ်ကို ဆန့်ကျင်သောဝိညာဉ်တိုက်ပွဲကို ရှုံးနိမ့်ပြီးသူ တို့၏အစေခံအဖြစ် ပြောင်းလဲသွားကြကာသူတို့နှင့်အတူ ကမ္ဘာကြီးကို ဖျက်ဆီးကြလိမ့်မည်။
ဤကမ္ဘာကြီးသည် သဘာဝဘေးအန္တရယ်ဆိုးများ၏ ဖျက်ဆီးခြင်း ခံရသောအခါနှင့်ခုနှစ်နှစ်တာကြာမြင့်မည့် ဘေးဒဏ်ကြီးကာလ၏ ပထမ သုံးနှစ်ခွဲကာလတို့သည်တံပိုးခုနှစ်လက်၏ကပ်ရောဂါဘေးများ ကျရောက် ချိန်ပင်ဖြစ်သည်။ သုံးစုတစ်စုသောနေနှင့် သုံးစုတစ်စုသောကြယ်တို့သည် မှောင်သွားလိမ့်မည်။ ကမ္ဘာ့သစ်တော၏သုံးပုံတစ်ပုံတို့သည် ကျွမ်းလောင် ကြ၏။ ပင်လယ်၏သုံးစုတစ်စုသည်လည်း သွေးအဖြစ်ပြောင်းလဲသွား၏။ ကြယ်ကြီးသည်လည်းကောင်းကင်မှကျလိမ့်မည်။ ရေ၏သုံးပုံတစ်ပုံသည် လည်းခါးသောရေ (ဒေါနရွက်) သို့ပြောင်းသွားလိမ့်မည်။ ရလဒ်အဖြစ် လူပေါင်းများစွာသည်ဤအရာများအားဖြင့် သေဆုံးကြလိမ့်မည်။ ဤကပ် ရောဘေးများအားဖြင့်ကမ္ဘာကြီးသည်ဖရိုဖရဲဖြစ်သွားကာ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ဆန့်ကျင်ဘက်ပြုကြမည်။ တိုင်းနိုင်ငံအချင်းချင်း တိုက်ခိုက်ကြ လိမ့်မည်။ စစ်ပွဲများသည်နေရာတကာမှ အဆက်မပြတ် ပေါ်ပေါက်လာ လိမ့်မည်။
ထို့ကြောင့် အန္တီခရစ်ပေါ်ပေါက်လာပြီးအထက်ပါကမ္ဘာကြီး ဖရိုဖရဲ ဖြစ်ရသည့် အခြေအနေများကဲ့သို့သော ပြဿနာများကို ဖြေရှင်းလိမ့်မည်။ လူပေါင်းများစွာတို့သည် သူ့နောက်သို့လိုက်ကြလိမ့်မည်။ ဤနည်းဖြင့် ဤကမ္ဘာ၌ ကြောက်စရာအကောင်းဆုံးသော ကပ်ရောဂါဘေးကြီး ကျ ရောက်လာလိမ့်မည်။
ထို့ကြောင့် ဤကမ္ဘာကြီးသည် နိုင်ငံရေးအရ ဘက်စုံပေါင်းစည်း ထားသောနိုင်ငံတကာအဖွဲ့အစည်းများပေါ်ပေါက်လာသည်ကို မြင်တွေ့ကြ ရလိမ့်မည်။ တိုင်းပြည်တိုင်း၏တူညီသောအကျိုး ခံစားခွင့်ပြုသည့်အုပ်ချုပ် ရေးစနစ်ကို ဆက်လက်လုပ်ဆောင်ကြလိမ့်မည်။ ဤကမ္ဘာ၏ ကမ္ဘာနှင့်အ ဝှမ်း ညီညွတ်ပေါင်းစည်းသော အစိုးရသည် အန္တီခရစ်ပေါ်လာခြင်းနှင့်အတူ စာတန်၏လက်သို့ကျရောက်လိမ့်မည်။ ထို့နောက် ဘုရားသခင်နှင့်သူ၏ သန့်ရှင်းသူများကို ဆန့်ကျင်သောနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားကြလိမ့် မည်။ 
ကမ္ဘာလုံးဆိုင်ရာ ညီညွတ်သောအစိုးရ၏ အုပ်ချုပ်သူသည်တိုင်း ပြည်အားလုံးကိုထိန်းချုပ်အုပ်စိုးလိမ့်မည်။ နောက်ဆုံးတွင် အန္တီခရစ် ကဲ့သို့ လုပ်လိမ့်မည်။ စာတန်၏တန်ခိုးအာဏာနှင့် လုပ်ဆောင်သောထိုသူသည် ဘုရားသခင်၏ရန်သူနှင့် မကောင်းဆိုးဝါး၏ အစေခံကျွန်ဖြစ်သည်။
ယခုအခါ အန္တီခရစ်သည် သူ၏မူလအရောင်ကို ဖော်ပြလာသည်။ လူတို့အားစစ်မှန်သောဘုရားသခင်အားယုံကြည်ခြင်းကို တားမြစ်ပြီး လူတို့ အားသူ့ကိုဘုရားအစားကိုးကွယ်ကြရန်အတင်းအကြပ်စေခိုင်းသည်။ ထို ကိစ္စအတွက် သူသည်အမှတ်လက္ခဏာအမျိုးမျိုးကို သူတို့အားလုပ်ပြသည်။ ထိန်းသိမ်းရခက်သောကမ္ဘာ့ပြဿနာများနှင့်ဖရိုဖရဲဖြစ်သောနိုင်ငံများ၏ အ ရေးကို စာတန်၏တန်ခိုးဖြင့် တစ်ဦးတည်းဖြေရှင်းပေးသည်။ ဤသို့ဖြင့် လူတို့၏နှလုံးသားများကို သိမ်းပိုက်နိုင်ခဲ့သည်။
နောက်ဆုံး၌သူ၏ပုံအတိုင်းရုပ်တုကိုပြုလုပ်ပြီး လူတို့အားဘုရား ကဲ့သို့ကိုးကွယ်ရန်အကြပ်ကိုင်လိမ့်မည်။ထို့နောက်ဤဘေးဒဏ်ကြီးကာလ အတွင်း၌လူတိုင်းကို သူ၏လက်အောက်ခံအဖြစ် ထိန်းချုပ်ထားလိမ့်မည်။ သူသည်လူတို့ကိုသူတို့၏ညာဖက်လက် (သို့မဟုတ်) နဖူး၌သူ၏အမှတ်တံ ဆိပ်လက်ခံကြရန်အတင်းအကြပ်ပြုလိမ့်မည်။ ထို့နောက် ထိုအမှတ်တံ ဆိပ်မပါရှိသောသူတို့ကိုကုန်သွယ်ခြင်းအမှုမှတားမြစ်လိမ့်မည်။ သူ့အားကိုး ကွယ်ရန် ငြင်းဆန်သူများကို သူတို့မည်မျှ များပြားစေကာမူ ဂရုမစိုက်က အားလုံးကိုသတ်ဖြတ်လိမ့်မည်။ဤသို့ဖြင့်အသက်စာစောင်တွင် အမည် ရေးထိုးခံရခြင်းမရှိသေးသူမှန်သမျှသည်အဆုံး၌ သူ၏အမှတ်တံဆိပ်ကို လက်ခံပြီး သားရဲကို ကိုးကွယ်ကြလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ သန့်ရှင်းသူတို့သည် အန္တီခရစ်ထံ အရှုံး ပေးခြင်းသော်လည်းကောင်း၊သူ၏အမှတ်တံဆိပ်ကိုလက်ခံခြင်းသော်လည်း ကောင်း၊ပြုလုပ်ကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည်သူတို့နှလုံးသားထဲ၌ ကိန်းဝပ်နေသောကြောင့်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်မှလွဲ၍မည်သည့်ပုဂ္ဂိုလ်မျှ သူတို့၏ကိုးကွယ်ရာ နှင့်သူတို့သခင် ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် သန့်ရှင်းသူများသည် စာတန် နှင့်အန္တီခရစ်ကိုကိုးကွယ်ရန်နှင့် သူတို့၏အစေခံဖြစ်လာရန် ငြင်းဆန်ကြပြီး ထိုသို့ခံယူမည့်အစား သူတို့၏ယုံကြည်ခြင်းဖြင့် မာတုရပြုခြင်းကို ခံယူကြ လိမ့်မည်။ ထိုသို့ဖြင့် သူတို့ကို အောင်နိုင်ကြလိမ့်မည်။
ဗျာဒိတ်ကျမ်း (၁၃း၁၀) က ကျွန်ုပ်တို့အားပြောပြခဲ့သည့်အတိုင်း “သူတစ်ပါးကိုဖမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဖမ်းဆီး ယူသွားခြင်း ကိုခံရလိမ့်မည်။ဝါးဖြင့်သတ်သောသူသည်ဝါးဖြင့် သတ်သောသူသည် လည်းကိုယ်တိုင်ဝါးဖြင့်သေရမည်။ ဤအရာ၌သန့်ရှင်းသူတို့လည်း သည်းခံ စရာအကြောင်း၊ယုံကြည်စရာအကြောင်းရှိ၏။”အန္တီခရစ်ကသူ၏ပုံသဏ္ဍာန် ကိုဖော်ပြပြီး လူတို့အားသူ၏အမှတ်တံဆိပ်ကို လက်ခံစေရန် အတင်းအ ကြပ်ပြုလုပ်သောအချိန်တွင် ဘေးဒဏ်ကြီးကာလ၏ပထမသုံးနှစ်ခွဲအချိန် လွန်မြောက်လိမ့်မည်။ ထို့နောက် ဒုတိယသုံးနှစ်ခွဲကာလ စတင်လိမ့်မည်။ ဤအချိန်သည်သန့်ရှင်းသူများအန္တီခရစ်နှင့် ညှင်းပန်းနှိပ်စက်မှုခံရမည့်အ ချိန်နှင့် မာတုရပြုခြင်းခံရမည့်အချိန်ဖြစ်သည်။
သို့သော် အန္တီခရစ်၏အာဏာဆုပ်ကိုင်ထားမှုနှင့် သန့်ရှင်းသူများအ ပေါ်သူ၏ညှင်းပန်းနှိပ်စက်မှုတို့ကိုဘုရားသခင်ကခွင့်ပြုခြင်းသည်အလွန်တို တောင်းသော အချိန်ကလေးအတွင်း၌သာဖြစ်သည်။ သခင်ဘုရားသည် သူ၏သန့်ရှင်းသူတို့အတွက်ဘေးဒဏ်ကြီးကာလ၏အချိန်ကို တိုတောင်းစေ လိမ့်မည်။ ထိုချိန်တွင်သန့်ရှင်းသူတို့သည် သူတို့၏ယုံကြည်ခြင်းကို ကာ ကွယ်ရန်အတွက် အန္တီခရစ်ကိုတိုက်ခိုက်ခြင်းနှင့် သူတို့၏မာတုရခံရခြင်းကို အောင်မြင်ကျော်လွှားနိုင်မှုတို့ကြောင့်ဘုရားသခင်အားဂုဏ်ပြုကြလိမ့်မည်။
ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ခွဲကြာကာလကို ဖြတ်သန်းခဲ့ ပြီးနောက်သန့်ရှင်းသူတို့သည် ဤကမ္ဘာ၌ဘေးဒဏ်ကြီးကာလ၏ ဒုတိယ သုံးနှစ်ခွဲအချိန် စတင်သည်အထိ ဆက်လက်ကျန်ရှိနေကြဦးမည်ဖြစ်သည်။ ထို့ကြောင့်သူတို့သည် စာတန်နှင့်အန္တီခရစ်ကို သူတို့၏ယုံကြည်ခြင်းဖြင့် တိုက်ခိုက်ပြီးအောင်ပွဲခံကြလိမ့်မည်။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ခွဲကာလ ပြီးဆုံးသည့်အချိန် မတိုင်မီနှင့်အန္တီခရစ်မပေးထွန်းမီ သန့်ရှင်းသူတို့သည် သူတို့ယုံကြည်ခြင်းကို ဘုရားသခင်အသင်းတော်၏ ပြုစုပျိုးထောင်ခြင်းကို ကျွန်ုပ်တို့သခင်ဘုရား၏ ကာကွယ်စောင့်ရှောက်မှု နှင့်လမ်းပြဦးဆောင်မှုအောက်တွင် ခံယူကြရမည်။
ထို့ကြောင့် လူတို့သည် ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင် ခြင်းအယူအဆဟုခေါ်ဆိုကြသော စာတန်၏မှားယွင်းသည့် သြဝါဒ များပျံ့နှံ့နေသော ခရစ်ယာန်လူ့အဖွဲ့အစည်းများနှင့် ကင်းဝေးနေကြရမည်။ ယခုအခါတွင် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့် သူတို့အားလုံးသည် အပြစ်မှခွင့်လွှတ်ခံရခြင်းကိုရရှိပြီး ဒုတိယအကြိမ် မွေးဖွားခြင်းခံရလျှက် ဘုရားသခင်၏အသင်းတော်နှင့် ဆက်သွယ်ကြရ မည်။ထို့နောက်ဘေးဒဏ်ကြီးကာလ၏ပထမသုံးနှစ်ခွဲအချိန်ကာလအတွက် သူတို့၏ယုံကြည်ခြင်းကို ဘုရားသခင်၏အသင်းတောာ်အားဖြင့် ပြုစုပျိုး ထောင်ရမည်။ ၄င်းအပြင် အပြင်းထန်ဆုံးသော ဘေးဒဏ်ကြီးကာလ ကျ ရောက်သည့်အခါ အန္တီခရစ်ကို တိုက်ခိုက်နိုင်ပြီးသူတို့၏မာတုရခံရခြင်းကို ပွေ့ဖက်စေနိုင်မည့် ယုံကြည်ခြင်းမျိုးကို ဘုရားသခင်အသင်းတော်မှသာ ရ ယူနိုင်ကြမည်။