Search

FAQ sur la Foi Chrétienne

Sujet 4 : FAQ des lecteurs sur nos livres

4-3. ဗတ္တိဇံ၏အဓိပ္ပါယ်ကို “အပြစ်လွှဲပြောင်းခြင်း”ဟု သင်ထည့်သွင်းသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာဖော်ပြချက်ရှိသလား။

သခင်ယေရှုက “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ် ၍၊ ယခုအခွင့်ပေးပါ”(မဿဲ ၃း၁၅)ဟုမိန့်တော်မူခဲ့သည်။ ဤတွင် “အလုံးစုံ သောတရား”အား ရှေးဂရိဘာသာအားဖြင့် ‘dikaiosune’ ဖြစ်၌ အဓိပ္ပါယ် မှာ တရားမျှတခြင်း ဖြစ်သည်။ သခင်ယေရှုသည် လူသားအားလုံးအား သင့် လျော်သောနည်းလမ်းအားဖြင့် ကယ်တင်တော်မူခဲ့သည်ကို ဆိုလိုသည်။ 
ဤနေရာတွင် သခင်ယေရှုသည် အပြစ်ဖြေလွှတ်ရန်ယဇ်ပူဇော်ခြင်းအား ပ ညတ်တော်နှင့်အညီပြုလုပ်ရမည့်အရာကို ကျွန်ုပ်တို့စဥ်းစားသင့်ပါသည်။  ကိုယ်တော်သည် ပညတ်တော်ဖျက်စီးရန်ကြွလာတော်မမူ။ ပြည့်စုံစေဖို့ရန် ကြွလာတော်မူခြင်း ဖြစ်သည်။ ကိုယ်တော်က မဿဲ ၅း၁၇တွင် “ပညတ္တိ ကျမ်း၊အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှါ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသတည်း”ဟုမိန့် တော်မူခဲ့သည်။ 
ထိုကြောင့်၊ ယဇ်ပရောဟိတ်ကြီးအာရုန်သည် အပြစ်ဖြေရာနေ့တွင် ဣသရေ လလူမျိုးများ၏နှစ်စဥ်အပြစ်များအားလုံးအား ယဇ်ကောင်ဆိတ်ပေါ်တွင် လက်တင်ခြင်းအားဖြင့် အပြစ်များလွှဲပြောင်းပေးသကဲ့သို့ ဗတ္တိဇံဆရာယော ဟန်သည်လည်း ကိုယ်တော့်အပေါ်လက်တင်လျက် လောကလူသားအား လုံး၏အပြစ်များကို လွှဲပြောင်းပေးရန် ဗတ္တိဇံခံယူရမည် ဖြစ်သည်။ ထိုအရာ သည် ထာဝရတည်တံ့သော ပဋိညာဥ်တရား ဖြစ်သည် (ဝတ် ၁၆း၃၄)။
ခမည်းတော်၏ထာဝရတည်တံ့သော ပဋိညာဥ်ကိုစောင့်ထိန်းရန်အတွက် သားတော်သခင်ယေရှုသည် ယဇ်ပရောဟိတ်ကြီးအာရုန်နှင့်လောကမှာ အမြင့်မြတ်ဆုံပုဂ္ဂိုလ်ဖြစ်သည်ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူရမည်   ဖြစ်သည် (လုကာ ၁း၅၊ မဿဲ ၁၁း၁၁)။ ဗတ္တိဇံဆရာယောဟန်သည် လူသား အားလုံးကိုယ်စားပြုသူအဖြစ် ယဇ်ပရောဟိတ်ကြီးဖြစ်သောကြောင့်  သခင် ယေရှု၏ခေါင်းပေါ်သို့လက်တင်ခြင်းအားဖြင့် သခင်ယေရှုအပေါ်သို့ လော ကအပြစ်များလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ 
ထိုကြောင့် ယောဟန် ၁း၆-၈တွင် ဤသို့ဖော်ပြထားသည်။ “ယောဟန်အ မည်ရှိသောသူတယောက်ကိုဘုရားသခင်စေလွှတ်တော်မူ၏။ ထိုသူကိုလူအ ပေါင်းတို့သည် အမှီပြ၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်းထိုသူသည် သက်သေခံဖြစ်၍ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကိုသက်သေ ခံခြင်းငှါသာလာ၏။” ‌‌‌ဟေရှာယ ၅၃း၆တွင် “ထာဝရဘုရားသည် ခပ်သိမ်း သောငါတို့၏အပြစ်များကိုသူ့အပေါ်၌ တင်တော်မူ၏” ဟုဖော်ပြထားသည်။ ထိုကြောင့် ဘုရားသခင်သည် ယောဟန်အားသခင် ယေရှုမတိုင်မီခြောက် လတွင် သတင်းကောင်းသယ်ဆောင်သူအဖြစ်စေ လွှတ်တော်မူခဲ့ခြင်းဖြစ် သည်။ ဗတ္တိဇံဆရာယောဟန်က “ဤလောက၏အ ပြစ်ကိုဆောင်သွား သောဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့”(ယောဟန်၁း၂၉)ဟု မိန့် တော်မူခြင်း ဖြစ်သည်။ 
ဓမ္မဟောင်းကျမ်းတွင် အပြစ်အနာအဆာကင်းမဲ့သော တိရစ္ဆာန်ပေါ်တွင် လက်တင်၌ အပြစ်သားများအတွက်အပြစ်ဖြေရန် ထိုယဇ်ကောင်၏လည် ပင်းကိုဖြတ်၍အသွေးသွန်းခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင်၏သားတော် သန့်ရှင်း၍အပြစ်ကင်းမဲ့သောသခင်ယေရှုအတွက် ယောဟန်ထံမှလက်တင် ခြင်းအားဖြင့် ဗတ္တိဇံခံခြင်းသည် အသင့်တော်ဆုံးဖြစ်၍ ဘုရားသခင်၏ပဋိ ညာဥ်နှင့်အညီ ဖြောင့်မတ်ခြင်းတရားအားလုံးပြည့်စုံစေရန်အတွက် ကား တိုင်တင်အသေခံတော်မူခဲ့သည်။
ကျမ်းစာအားလုံးသည် သန့်ရှင်းသောဝိညာဥ်တော်မှုတ်သွင်းတော်မူခြင်း အားဖြင့် ရေးထားသောကြောင့် ကျွန်ုပ်တို့ဇာတိအသွေးအခေါ်ဖြင့် နားမ လည်နိုင်ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဥ်တော်မှုတ် သွင်းခြင်းနှင့်ပတ်သက်၍ဝိညာဥ်ရေးရာဖုံးအုပ်ထားသောအဖြေကို ရှာဖွေရ မည်။ပေါလုက“ကျမ်းဟောင်းတရားသည်အသက်ကိုသတ်တတ်၏။ဝိညာဥ် တော်တရားမူကားရှင်စေတတ်၏”(၂ကော ၃း၆)ဟုပြောခဲ့သည်။ သူဆိုလို သည်မှာ ကျွန်ုပ်တို့သည် ကျမ်းဟောင်းအရယုံကြည်ဖို့မဟုတ်၊ ကျမ်းဟောင်း ၌ဖုံးအုပ်ထားသောဝိညာဥ်ရေးရာအဓိပ္ပါယ်ကို နားလည်ရမည်ဟူသောအ ချက် ဖြစ်သည်။ 
ဟေရှာယ ၃၄း၁၆ တွင် “ထာဝရဘုရား၏ကျမ်းစာကိုကြည့်ရှု၍ဘတ်ကြ လော့။ ထိုတိရစ္ဆာန်တယောက်မျှမပေါ်လဲမနေရ။ အမတကောင်မျှမိမိအ ဘော်ကိုမလိုရ။ ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ ဝိညာဥ် တော်သည်လည်း သူတို့ကို စုဝေးစေတော်မူ၏”ဟု ဖော်ပြထားသည်။ 
ဘုရားသခင်က ဤသို့မိန့်တော်မမူခဲ့ပေ။ “သခင်ယေရှုက ဗတ္တိဇံခံယူခြင်း အားဖြင့် လောကအပြစ်များအားလုံးကို လက်ခံ‌တော်မမူခဲ့ပေ။”သို့သော်၊ သန့်ရှင်းသောဝိညာဥ်တော်မပိုင်ဆိုင်သောသူများအတွက် နှုတ်ကပတ်တော် နားမလည်နိုင်ဘဲ မျက်စိကန်းနေကြသည်။ ကျွန်ုပ်တို့ “မေမေ”ဟုခေါ်သော အခါမိခင်သည် ကျွန်ုပ်တို့ကို မွေးဖွား၍ ကြီးပြင်းစေသောကြောင့် ဖြစ်သည်။ “မေမေ”စကားလုံးမှာ နက်နဲသောအဓိပ္ပါယ်ပေါင်းမြောက်များစွာရှိသေး သည်။ ထိုနည်းတူ “အလုံးစုံသောဖြောင့်မတ်ခြင်းတရား”တွင် ဝိညာဥ်ရေး ရာအနက်အဓိပ္ပါယ်များစွာရှိသည်။ ဘုရားသခင်၏ပညတ်တော်နှင့်အညီ သ ခင်ယေရှုသည် အပြစ်အားလုံးကို အသင့်လျော်ဆုံးနှင့်ပညတ်တော်နှင့်အညီ သယ်ဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဝိညာဥ်ရေးရာအနက်အ ဓိပ္ပါယ်ကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။ 
ကိုယ်တော်သည် ကားတိုင်ပေါ်မှာအပြစ်အားလုံးကို ယူဆောင်သွားသည်ဟု လူများကပြောလျှင် ထိုသို့တိုက်ရိုက်ပြောဆုသောကျမ်းချက်ရှိသလော။ ဤ အဖြေက သင့်ကိုကူညီပေးလိမ့်မည်ဟု မြော်လင့်ပါသည်။