לימודי תנ"ך
שאלות נפוצות על האמונה הנוצרית
2-4. သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားနေ့ တိုင်းစကားပြောသည်ဟု ကျွန်တော်ယူဆသည်။ ကနဦးအသင်းတော်ခေတ် သခင် ယေရှု၏တပည့်တော်များသည်လည်း အံ့သြဖွယ်နိမိတ်လက္ခဏာများစွာ ပြုခဲ့ သည်။ ထိုအချိန်တွင်အလုပ်လုပ်သောသန့်ရှင်းသောဝိညာဉ်တော်သည် လည်း အနေ့အထိတိုင်အလုပ်လုပ်နေသည်ဟု ကျွန်တော်ယူဆမိသည်။ ထိုကြောင့် မြောက်များစွာသောဘုရားသခင်၏လူများသည် သခင်ယေရှု၏နာမတော်အား ဖြင့် အံ့သြဖွယ်နိမိတ်လက္ခဏာပြုခဲ့ကြသည်။ ဥပမာအားဖြင့်၊ နတ်ဆိုးများနှင် ထုတ်ခြင်း၊ အနာရောဂါငြိမ်းစေခြင်း၊ သခင်ယေရှုထံလူတွေပြန်လာ ရန်ရည်ရွယ် လျက်အခြားသောအမှုများပြုခြင်း စသည်တို့ဖြစ်သည်။ ဤလုပ်ဆောင်ချက်များ သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်သည်ကို ကျွန်တော်ယူဆမိသည်။ ဤအရာသည် မမှန်ကန်ခဲ့လျှင် ကနဦးအသင်းတော်တွင် ပြင်းထန်စွာအလုပ်လုပ် သောသန့်ရှင်းသောဝိညာဉ်တော်နှင့် ယနေ့အံ့ကြဖွယ်နိ မိတ်လက္ခဏာပြုသောသူ ၏ခြားနားမှုသည် အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်သည်မနေ့၊ ယနေ့၊ နောင်ကာလပြောင်းလဲခြင်းမရှိသောဘုရားဖြစ်သည် မဟုတ်လော။
2-6.။ အခြားသောဘာသာစကားပြောခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်း၏ သက်သေအထောက်အထားဖြစ်သည်မဟုတ် လော။ မဟုတ်လျှင် ကျွန်ုပ်တို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သည် ကို ကျွန်တော်မည်ကဲ့သို့သိရှိနိုင်မည်နည်း။
Copyright © 2021 by The New Life Mission