Search

Kazania

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-6] ဘုရားသခင်၏နိုင်ငံတော် အမွေဆက်ခံသူများ (ရောမ ၈း၁၆-၂၇)

(ရောမ ၈း၁၆-၂၇)
“ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိ ညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ 17ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။ ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။ ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ အ ဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူ သည့်မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏။ ဖန်ဆင်းခံလောကတစ်ခု လုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။ ထိုမျှ မက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။ 24ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။ ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။ စိတ်နှလုံးတို့ကိုစူးစမ်းတော်မူသောအရှင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အ ကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အ ညီ သန့်ရှင်းသူများအတွက် အသနားခံပေးတော်မူ၏။”
 

အပြစ်များဖြေလွှတ်ခြင်းခံရသောသူအားလုံးသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြ၍ သူတို့နှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော်ရရှိကြသည်။ ၁ ယော ၅း၂၀ တွင် “ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏”ဟု ဖော်ပြထားသည်။ မိမိနှလုံးသား၌ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ရရှိသောသူတစ်ဉီးသည် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းခံရကြသည်။ ထိုအရာသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်ခြင်းဖြစ်၍ သန့်ရှင်းသောဝိ ညာဉ်တော်သည် ၎င်း၏နှလုံးသား၌ ထာဝရကိန်းဝပ်တော်မူစေ သည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရကာ ဘုရားသခင်၏ သားသမီးများဖြစ်လာခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှလုံးသားများ၌ ကိန်းဝပ်တော်မူခဲ့၍ “မင်းက ဘုရားသခင် ၏သားသမီးဖြစ်၍ ကိုယ်တော်၏လူဖြစ်တယ်”ဟု ပြောကာ သက် သေဖြစ်လာသည်။ တစ်ဖက်တွင် နှလုံးသားများ၌ သန့်ရှင်းသောဝိ ညာဉ်တော်မရသောသူများသည် “မင်းတို့က ဘုရားသခင်၏သားသ မီးများ မဟုတ်၊ အပြစ်သားများဖြစ်ကြတယ်”ဟု ပညတ်တော်က သက်သေခံသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်က “မင်းတို့က ဘုရားသခင်၏သားသမီး များဖြစ်ကြတယ်။ မင်းတို့က ဘုရားသခင်၏အပြစ်ကင်းစင်သူများ ဖြစ်ကြတယ်”ဟုသက်သေခံသည်။ ဘုရားသခင်၏သားသမီးများဖြစ် လာရန်အတွက် ကျွန်ုပ်တို့သိနိုင်လောက်အောင် ဘုရားသခင်သည် ရှင်းလင်းစွာ ဖွင့်ပြတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ရကြမည် ဖြစ်သည်။
သင်သည် “ငါ့မှာ ခံစားချက်တစ်စုံတစ်ခုမရှိပါ။ ဒါကြောင့် ငါက ဘုရားသခင်၏သားတစ်ဉီးမဟုတ်ဘူးဟု ဆိုလိုသလား”ဟု မေးနိုင် သည်။ လူအချို့တို့သည် မိမိယုံကြည်မှု၌‌ မွေးကင်းစကလေးဖြစ်သ ဖြင့် သူတို့သည် မိမိနှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ ကြသည်ကို နားမလည်ကြပေ။ သို့သော် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကိုယ် သံသယစိတ်ရှိကြသော်လည်း သန့်ရှင်းသောဝိညာဉတော်က “ဟိုင်း၊ မင်းတို့က ဘုရားသခင်၏သားသမီးများဖြစ်ကြတယ်။ မင်းတို့ က ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ကြတယ်မဟုတ်ဘူး လား။ မင်းတို့က ယုံကြည်ကြသောကြောင့် ဘုရားသခင်၏လူများ ဖြစ်ကြတယ်”ဟု ကျွန်ုပ်တို့အား မြှောက်ပင့်ပြောတော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သံသယရှိသည့်အချိန်၌ပင် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ဘုရားသ ခင်၏သားသမီးများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်လာကြသည်ဟု သန့်ရှင်းသောဝိညာဉ်တော်က သက်သေခံသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခံစားချက်များ နှင့် အာရုံများအားဖြင့် ကျွန်ုပ်တို့နှလုံးသား၌ ကိန်းဝပ်တော်မူသော အရာ မဟုတ်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူ များသည် သူတို့နှလုံးသားများ၌ အပြစ်မရှိကြပေ။ သူတို့သည် အပြစ် မရှိကြသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်သူတို့အထဲ၌ ကိန်း ဝပ်တော်မူသည်။ သူတို့သည် ဘုရားသခင်၏သားသမီးများ အမှန်အ ကန်ဖြစ်လာကြသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် “မင်းတို့က သခင်ယေရှု၏ ဗတ္တိဇံ၊ ကားတိုင်ကို ယုံကြည်၍ အပြစ်ဖြေလွှတ်ခြင်းခံရကြသော ကြောင့် သင်တို့မှာ အပြစ်မရှိဘဲ ဘုရားသခင်၏သားသမီးများဖြစ် လာကြတယ်”ဟု ကျွန်ုပ်တို့နှလုံးသားများ၌ မိန့်တော်မူသည်။
သို့သော် သူ၏သက်သေမျာ လူသားများကဲ့သို့ အသံဖြင့် မ ရောက်လာပေ။ ထိုကြောင့် ကျယ်လောင်သောအသံကို ကြားရန် မ မျှော်လင့်ပါနှင့်။ သင်သည် အသံကို ကြားသိရန် ဆန္ဒရှိလျှင် စာတန် သည် သူ၏အသံကို လူသားများ၏အသံအဖြစ် ရှုပ်ထွေးစေ၍ သင့်ကို လှည့်စားလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ အမှုပြုစဉ် စာတန်သည် လူသားများ၏အ တွေးအခေါ်များထဲ ချောင်းမြောင်း၍ အလုပ်လုပ်သည်။
 


ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရရှိသောသူများသည် ကိုယ်တော်၏သားသမီးများနှင့်အမွေခံများဖြစ်ကြသည်


အပိုဒ်ငယ် ၁၇ ကို အတူတူ ဖတ်ကြပါစို့။ “ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။”
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြလျှင် အ မွေစားအမွေခံများလည်း ဖြစ်ကြသည်။ အမွေဆက်ခံသူတစ်ဉီးသည် မိမိမိဘများထံမှ အရာအားလုံးရရှိသောသူ ဖြစ်သည်။ တစ်နည်းအား ဖြင့် ကျွန်ုပ်တို့သည် ခမည်းတော်ဘုရားသခင်ပိုင်‌တော်မူသောအရာ အားလုံးကို ခံစားရန် အခွင့်အရေးရှိကြသည်။ “ခမည်းတော်ဘုရားသ ခင်၏အမွေခံမှာ မည်သူနည်း”ဟု မေးလျှင် ကျွန်ုပ်တို့သည် “ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်၍ အပြစ်များအားလုံးခွင့် လွှတ်ခြင်းခံရသောသူများသည် ကိုယ်တော်၏အမွေခံများဖြစ်ကြ သည်”ဟု ဖြေဆိုနိုင်သည်။
ဤသို့သောယုံကြည်ခြင်းမျိုးရှိသောသူများသည် ကောင်းကြီး မင်္ဂလာခံစား၍ ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်၌ ဘုရား သခင်၏ဘုန်းအာနုဘော်ကို အမွေခံကြလိမ့်မည်။ ကျွန်ုပ်တို့သည် ခ ရစ်တော်နှင့်အတူ အမွေခံများဖြစ်ကြသောကြောင့် ဘုန်းအသရေကို ခံစားရန် ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံရကြမည် ဖြစ်သည်ဟု ဤတွင် ဖော်ပြသည်။ ခရစ်တော်နှင့်အတူ အမွေခံခြင်းဟု ဆိုရာတွင် ခမည်းတော်ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်၌ ထာဝရနေထိုင် ခြင်းကို ဆိုလိုသည်။ သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်လျှင် သင်သည် ခရစ်တော်နှင့်အတူ အမွေခံသူ ဖြစ် သည်။ ကျွန်ုပ်တို့သည် ခမည်းတော်ပိုင်ဆိုင်တော်မူသော အရာအား လုံးကို အမွေခံကြသောကြောင့် ကျွန်ုပ်တို့သည် အမွေစားအမွေခံ များဖြစ်ကြသည်။
တစ်ချိန်ပြီးတစ်ချိန် ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းကင် နိုင်ငံတော် အလွန်နီးကပ်နေပြီဟု ခံစားနိုင်ကြသည်။ အရာခပ်သိမ်း တို့သည် သူ့အချိန်နှင့်သူ ကောင်းသောအချိန်တွင် ဖြစ်ပျက်သည်။ သမ္မာကျမ်းစာ၌ ဘုရားသခင်၏ကတိတော်များသည် တစ်ခုပြီးတစ်ခု ပြည့်စုံလာသည်။ ယခုတွင် ဣသရေလလူမျိုးများနောင်တရရန်၊ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ဝန်ခံရန်နှင့် အပြစ်များမှကယ် တင်ခြင်းခံရရန်နှင့် အခြားသောအရာအနည်းငယ်သာ ကျန်သေး သည်။ ဣသရေလလူမျိုးများသည် ဘေးဒဏ်ကြီး ခုနစ်နှစ်အတွင်း သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရမည် ဖြစ်သည်။
ဤလောက၌ ဘုရားသခင်၏နိုင်ငံတော်နှင့်ကောင်းကင်နိုင်ငံ တော်အကောင်အည်ဖော်ခြင်းမှာ ဣသရေလလူမျိုးများ၏နောင်တရ ခြင်းနှင့် ဆက်နွယ်မှုရှိသည်။ နောက်ဆုံးသောကာလသည် မကြာမီ ရောက်လာလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်သူများသည် ဘုရားသခင်နှင့်အတူ ထာဝရကိန်းဝပ်ကြသောအခါ နေ့ရက်သည် နီးလာပြီဟု ကျွန်တော် ယုံကြည်သည်။ တစ်ကမ္ဘာလုံးသည် ၂၀၀၀နှစ်ကို စောင့်ခဲ့ကြ၍ ထို နေ့ဖြစ်လာမည်ဟု တွေးခဲ့ကြသော်လည်း ၂၀၀၀သည် ဖြတ်သန်းခဲ့ ပြီး ဖြစ်သည်။ ထောင်စုနှစ်အကြောင်းနှင့်ပတ်သက်၍ အလွန်စိုးရိမ် မှုများသည် ကုန်လွန်ခဲ့သည်။ လူများစွာတို့သည် ၂၀၀၀နှစ်တွင် ဤ လောက၌အရာအားလုံးပြောင်းလဲလိမ့်မည်ဟု ကမ္ဘာပေါ်တွင်ရှိသော လူများစွာတို့သည် တွေးခဲ့ကြသေသာ်လည်း ယခုတွင် ၂၀၀၂ လမ်း တစ်ဝက်ရောက်နေပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကြာမြှင့်စွာစောင့်မျှော်သောခရစ်တော် ၏နိုင်ငံတော်မှာ ကျွန်ုပ်တို့အားလုံးထံ ချဉ်းကပ်နေပြီ ဖြစ်သည်။ သန့် ရှင်းသောဝိညာဉ်တော်သည် အပြစ်များဖြေလွှတ်ခြင်းခံသော ကျွန်ုပ် တို့အားလုံးကို ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်နီးကပ်နေပြီဟု ခံစားစေတော်မူသည်။ ယခုတွင် ယခင်က ဘုရားသခင်မိန့်တော်မူခဲ့ သောအရာများအားလုံး ပြည့်စုံလိမ့်မည်။ ထိုနေ့ရက်ကို ယုံကြည်ခြင်း အားဖြင့် စောင့်မျှော်နေကြပါစို့။
အနာဂတ်တွင် ဣသရေလလူမျိုးများသည် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အတားအဆီး၊ အနှောင့်အယှက်ဖြစ်လာကြလိမ့်မည်။ ဤအ ရာအတွက် သူတို့သည် လူများတကာတို့၏ရန်ငြိုးဖွဲခြင်းကို ခံရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာက ဣသရေလလူမျိုးများသည် များစွာတို့ ၏ရန်သူဖြစ်လာကြ၍ ဣသရေလအချို့တို့က မေရှိယသည် သူတို့အ ချိန်ကြမြှင့်စွာ စောင့်ဆိုင်းနေကြသော သခင်ယေရှုဖြစ်တော်မူသည် ဟု သိကြလိမ့်မည်ဟု သမ္မာကျမ်းစာက ‌ပြောကြားသည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ် များမှ ဖြေလွှတ်ခြင်းခံရကြလိမ့်မည်။ ဘုရားသခင်၏အကြံအစည် တော်မှာ ပြည့်စုံလိမ့်မည်။ သို့သော် ဤအရာများအားလုံးသည် အ ချိန်တန်လာသောအခါ ပြည့်စုံလာမည် ဖြစ်သောကြောင့် လူအချို့တို့ မှားယွင်းစွာ အနာဂတ်အကြောင်း ကြိုတင်ဟောကြားသကဲ့သို့ သူတို့ သတ်မှတ်ထားသော နေ့ရက်နှင့်အချိန်တွင် ဖြစ်ပျက်ရန် စောင့်မျှော် သင့်ကြပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများ သည် ဘုရားသခင်၏ပရောဖက်ပြုချက်များအမှန်အကန် ဖြစ်လာ သည်ကို မြင်တွေ့ကြလိမ့်မည်။ ဘုရားသခင်၏ကောင်းကင်နိုင်ငံ တော်ကတိတော်သည် လောကနှင့် ဘုရားသခင်၏နိုင်ငံတော်၌ ရောက်နေသည်ကို ယုံကြည်သူများ မြော်လင့်ကြသည်။ ဤသို့သော နေ့ရက်သည် အလွန်နီးလာပြီဟု ကျွန်တော်ယုံကြည်သည်။
ကိုယ်တော်ကတိပြုတော်မူခဲ့သောအရာများသည် တစ်ခုပြီး တစ်ခု အမှန်အကန် ရောက်လာသည့်အချိန်သည် မကြာခင်ရောက် လာလိမ့်မည်။ ဘုရားသခင်ကတိပြုတော်မူခဲ့သော အနှစ်တစ်ထောင် နိုင်ငံနှင့် ဘုရားသခင်၏နိုင်ငံတော်သည် အကောင်အထည်ဖော်လာ ၍ အချိန်နီးကပ်နေပြီးဟု ကျွန်ုပ်တို့ ရောင့်ရဲမှုရှိကြသည်။ ကျွန်တော် ယုံကြည်သကဲ့သို့ သင်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်မှုတ် သွင်းခြင်းဖြစ်သည်ဟု ယုံကြည်သလော။ ဘုရားသခင်၏ပရောဖက် ပြုချက်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြည့်စုံလိမ့်မည် ဟု သင်ယုံကြည်သလော။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ် တို့အား ဘုရားသခင်၏ကတိတော်များကို နှလုံးသားများဖြင့် အမှန် အကန်ယုံကြည်ရန် မစတော်မူသည်။
နောက်ဆုံးသောနေ့၌ ဘုရားသခင်၏ကတိတော်များသည် သန့် ရှင်းသောဝိညာဉ်တော်အားဖြင့် မကြာခင် ရောက်လာလိမ့်မည်ဟု ကျွန်ုပ်တို့သည် နှလုံးသားများ၌ ယုံကြည်ကြသည်။ ကျွန်ုပ်တို့စိတ် များ၌ ရှိသောအရာများနှင့် မျှော်လင့်ချက်များသည် ဘုရားသခင်၏ ကတိတော်များအားလုံးနှင့်အတူ အမှန်အကန်ရောက်လာလိမ့်မည် ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ဤအရာသည် မှန်ကန်သောယုံကြည်ခြင်း ဖြစ်သည်။
သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင်ကတိပြုတော်မူသော ကောင်းကြီးမင်္ဂလာများအားလုံးအမွေခံသူများဖြစ်ကြသည်။ ထို ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် စောင့်မျှော် ရန် လိုအပ်သည်။ ဘုရားသခင်၏နိုင်ငံတော်သည် မကြာခင် ကျွန်ုပ် တို့ထံ ရောက်လာလိမ့်မည်။ ဣသရေလလူမျိုးများသည် မကြာခင် ယုံကြည်၍ သခင်ယေရှုခရစ်တော်ကို မေရှိယအဖြစ် လက်ခံကြလိမ့် မည်။
လူများစွာတို့သည် ယခုချိန်၌ပင် “သခင်ယေရှု ကြွလာတော်မူ ပါ”ဟုပြော၍ စောင့်မျှော်နေကြသည်။ ရှင်ပေါလုသည် ဘုရားသခင် ၏အမွေခံဖြစ်သောကြောင့် သူခံရသောဒုက္ခသည် မကြာခင်သူရရှိ မည့် ဘုန်းအသရေနှင့် နှိုင်းယှဉ်၍မရနိုင်ဟု ပြောခဲ့သည်။ ခရစ်တော် နှင့်အတူ ဘုန်းသအရေရရှိရန်အတွက် ကျွန်ုပ်တို့သည် ကိုယ်တော် နှင့်အတူ ဆင်းရဲဒုက္ခံခံရကြမည် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းအ ကြောင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်ရောက်လာ မည်သို့ ယုံကြည်ခြင်းရှိကြ၍ စောင့်မျှော်နေကြသောကြောင့် ဖြစ် သည်။ ခရစ်တော်နှင့်အတူ ဘုန်းအသရေတော်ရရှိနိုင်ရန်အတွက် ကိုယ်တော်နှင့်အတူ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။
ရှင်ပေါလုက မြော်လင့်ချက်မှာ တိရစ္ဆာန်များနှင့်သစ်ပင်များအ ပါအတွင် ဖန်ဆင်းခြင်းအားလုံးသည် သေခြင်းမှ လွှတ်မြောက်ခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် ဖန်ဆင်းခြင်းအရာအားလုံးသည် ဘုရားသခင်၏သားများ ရောက်ခြင်းအတွက် ရိုးသားစွာ စောင့်မျှော် နေကြသည်။ ဘုရားသခင်၏သားများအတွက် မျှော်လင့်ခြင်းမှာ ဖန် ဆင်းထားသောအရာအားလုံးသည် ထာဝရအသက်ရှင်သောနေ့ရက် ရောက်လာခြင်း ဖြစ်သည်။
ထိုကြောင့် ကျွန်ုပ်တို့ယုံကြည်သူများသည် ထာဝရအသက်များ ဖြင့် ကောင်းကြီးမင်္ဂလာခံစားရကြသည်ဟု ကျွန်ုပ်တို့နားလည်သ ဘောပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအသက်ရှင် သည့်အချိန်တွင် ကိုယ်တော်ကြွလာတော်မူသောနေရာကို မြင်တွေ့ သည်ဖြစ်စေ၊ ကျွန်ုပ်တို့အိပ်မောကျနေစဉ် ကိုယ်တော်သည် ကျွန်ုပ် တို့အား ချီဆောင်တော်မူသည်ဖြစ်သည် ကျွန်ုပ်တို့သည် ကိုယ်တော် ကို စောင့်မျှော်နေရကြမည် ဖြစ်သည်။ 
 


ကျွန်ုပ်တို့၌ ထင်ရှားသော ဘုရားသခင်၏ဘုန်းတော်မှာ အမှန်အကန်ကြီးမြတ်သလော


ဖြောင့်မတ်သူများအတွက် မကြာခင်ထင်ရှားမည့် ဘုန်းအသ‌ ရေသည် ထာဝရ ဘုန်းအသရေ ဖြစ်သည်။ ထာဝရကောင်းကင်နိုင်ငံ တော်ကို အမွေခံရခြင်းနှင့် ဘုရားသခင်၏ဘုန်းအသရေ၌ ထာဝရ အ သက်ရှင်ခြင်း ဖြစ်သည်။ သေခြင်းမရှိ‌တော့ပေ။ ဝမ်းနည်းခြင်းမရှိ တော့ပေ။ ငိုကြွေးခြင်းမရှိတော့ပေ။ ကောင်းကင်နိုင်ငံတော်၌ နာ ကျင်မှု မရှိတော့ပေ။ ဘုရားသခင်၏ဘုန်းတော်သည် ထိုနိုင်ငံတွင် ထွန်းလင်းမည်ဖြစ်သောကြောင့် ကောင်းကင်နိုင်ငံတော်တွင် နေ သို့မဟုတ် လ မလိုအပ်တော့ပေ။ သိုးသငယ်သည် ၎င်း၏အလင်းဖြစ် သည်။ထိုနေရာသည် သခင်ယေရှုနှင့်ဒုတိယမွေးခြင်းခံခဲ့သောသူများ နေထိုင်သောနေရာဖြစ်သည်။ အပြစ်ကင်းစင်သောယုံကြည်သူများ တွေ့ရသည်။ ဘုရားသခင်၏ဘုန်းအသရေတော်ဖြင့် ပြည့်သည်။ နိုင် ငံတော်သည် ရွှေရောင်ခြည်များဖြင့် ပြည့်နေသည်။ ကျွန်ုပ်တို့ ထာဝ ရနေထိုင်မည့်နိုင်ငံတော်၏ဘုန်းအသရေမှာ စကားများဖြင့် မဖော်ပြ နိုင်လောက်အောင် အလွန်ကြီးမားသည်။ ကျွန်ုပ်တို့မြော်လင့်သော ဤဘုန်းအသရေသည် အလွန်ကြီးမားသောကြောင့် ယခုမျက် မှောက်တွင် ခံရသောဆင်းရဲခြင်းများသည် ကျွန်ုပ်တို့အပေါ်ထင်ရှား မည်ဘုန်းအသေရေနှင့်နှိုင်းယှဉ်၍မရနိုင်ပေဟု ရှင်ပေါလုက ပြော ထားသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဤလော၌ ဘုရားသခင်အတွက် အလုပ်လုပ်ကြစဉ် ဖန်ဆင်းထားသောအရာများအားဖြင့် ဘုရားသခင် ၏ဘုန်းတော်ကို မြင်တွေ့နိုင်ကြသည်။ ရောင်စုံပန်းများ၊ လှပသော မြက်ပင်များ၊ တောက်ပသောသစ်ရွက်များ၌ထင်ရှားသော သဘာဝ အလှများ၊ ပူနွေးသောနွေရာသီ၊ တောတောင်၏လန်းဆန်းမှု၊ ကြည် လင်သောလေများ၊ ညအချိန်များ၌ ထွန်းလင်းစွာ တောက်ပနေသော ကြယ်များကို ကြည့်သောအခါ၌လည်းကောင်း၊ ရာသီဉတုသုံးလီကို စဉ်းစားသောအခါ၌လည်းကောင်း၊ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံ တော်အကြောင်းကို တွေးတော်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်ဖန်ဆင်းတော်မူသောအံ့သြဖွယ်ကောင်း သောအရာများကို ကြည့်သောအခါ ဘုရားသခင်၏နိုင်ငံတော်သည် မကြာခင်ရောက်ရှိ လာလိမ့်မည်ဟု ကျွန်ုပ်တို့မြော်လင့်ကြသည်။
ဘုရားသခင်၏နိုင်ငံတော်ရောက်လာသောအခါ သေခြင်းမရှိ တော့ပေ။ ကျွန်ုပ်တို့သည် ထာဝရအသက်ရှင်ကြလိမ့်မည်။ ဆင်းရဲ ခြင်းရှိတော့မည်မဟုတ်သောကြောင့် ကျွန်ုပ်တို့သည် ကြွယ်ဝချမ်း သာစွာဖြင့် အသက်ရှင်ကြလိမ့်မည်။ အရာခပ်သိမ်းပြည့်စုံ၍ အဆင် သင့်သောနေရာ၌ ဘုန်းအသရေဖြင့် ကျွန်တော်နေထိုင်လိမ့်မည်ဟု တွေးသောအခါ ဘုရားသခင်၏ဘုန်းတော်သည် ကျွန်တော့်နှလုံး သားကို ပြည့်သည်။ ထိုအရာများအားလုံးသည် ကျွန်ုပ်တို့အတွက်၊ ယုံကြည်သူများအတွက်ဖြစ်လာလိမ့်မည်ဟူသောအချက်မှာ အိပ် မက်ပမာဖြစ်၍ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရကြသော ကြောင့် နောက်တစ်ကြိမ်ကျေးဇူးတော်ချီးမွမ်းစေသည်။ ဤမြော် လင့်ချက်ဖြင့် ပြည့်စုံသည့်အထိ ကျွန်ုပ်နှလုံးသားကို ပြည့်စေတော်မူ သောကိုယ်တော်ကို ကျွန်တော်ကျေးဇူးတင်သည်။
ယခုချိန်၌ပင် ကျွန်ုပ်တို့သည် မိမိအတွေးအခေါ်များအားဖြင့် ကောင်းကင်အတွက် မြော်လင့်ချက်တစ်ခုတည်းရှိသည်။ သို့သော် အနာဂတိတွင် ဘုရားသခင်၏ကတိတော်များအားလုံးသည် အမှန်အ ကန်ရောက်ရှိလာလိမ့်မည်ဟု ကျွန်ုပ်တို့သိကြသည်။ ထိုကြောင့် ကျွန်ုပ်တို့မြော်လင့်ချက်မှာ ပို၍ပြင်းထန်လာသည်။ ဘုရားသခင်၏ ဘုန်းတော်အလွန်နီးခြင်းအာရုံသည် တစ်နေ့ပြီးတစ်နေ့ပို၍ ခိုင်မာ လာသည်။
ဤအကြောင်းကြောင့် ယုံကြည်သူများသည် အနာဂတ်အတွက် မြော်လင့်ချက်ရှိကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အနာဂတ်အတွက်မြော်လင့်ခြင်းတို့သည် ဘုရားသခင်၏နိုင်ငံတော် အမွေခံမည့်သူများ၏ ဘုန်းအသရေနှင့်ယုံကြည်ခြင်း ဖြစ်သည်။ ထို နောက်ဤဘုန်းတော်ဖြင့်ပြည့်ဝသောယုံကြည်ခြင်းသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းယုံကြည်သူများအပေါ်၌သာ ချပေးသော ကောင်းကြီးမင်္ဂလာတစ်ပါး ဖြစ်သလော။ ဟုတ်ပါသည်။ ဘုရားသ ခင်၏ဘုန်းတော်ရရှိသောသူများကို ရေနှင့် ဝိညာဉ်တော်သတင်း ကောင်း ယုံကြည်သူ၊ ဖြောင့်မတ်သူများအပေါ်၌သာ ချပေးထားခြင်း ဖြစ်သည်။ အချိန်ရောက်လာသောအခါ ဘုရားသခင်ဘုန်းတန်ခိုး တော်များအားလုံး၏ကတိတော်များသည် ကျွန်ုပ်တို့အတွက် အမှန် အကန် ရောက်လာလိမ့်မည်။ ဤဘုန်းအသရေအားလုံးများသည် ယုံ ကြည်သူများအပေါ် အမှန်အကန် ဖြစ်ပျက်လိမ့်မည်။ ကျွန်ုပ်တို့အား စောင့်ကြိုသောဘုန်းအသရေသည် အလွန်ခမ်းနားပြီးလှပသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်း တူညီသောယုံကြည်ရှိသူ သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင်၏ဘုန်းတော်နှင့်ပြည့်ဝသော နိုင်ငံသို့ ဝင်စားမည်သူများဖြစ်ကြသည်။ ရှုပ်ထွေး၍ ဆိုးသောကမ္ဘာ သည် နှလုံးသားများကို အချိန်တိုင်း မှောင်မည်းစေသည်။ ကျွန်ုပ်တို့ သည် စိတ်ဓါတ်ကျ၍ ဝရုံးသုံးသားဖြစ်နိုင်သည်။ သို့သော် ဒုတိယမွေး ဖွားခြင်းခံရသောသူများသည် ဘုရားသခင်၏အမွေခံများဖြစ်လာခဲ့ ကြသည်ဟု ယုံကြည်ခြင်းအားဖြင့် သူတို့သည် ဤခက်ခဲမှုများကို အောင်မြင်နိုင်ကြသည်။ အပြစ်ကင်းစင်သောယုံကြည်သူများ၏နှလုံး သားများ၌ ဒုက္ခပေါင်းစုံရှိနိုင်သော်လည်း သူတို့သည် ဘုရားသခင်၏ ကတိတော်များကို မိမိကိုယ်ကိုကိုယ်သတိရခြင်းအားဖြင့် ခွန်အားကို တွေ့ရှိ၍ အသက်ရှင်နိုင်ကြလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် သည် နှလုံးသားများ၌ ကိန်းဝပ်တော်မူ၍ ကျွန်ုပ်တို့ကို နှစ်သိမ့်ကာ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်ဟု ဝိညာဉ် များသို့ သက်သေခံသောကြောင့် ကျွန်တော်ဝမ်းသာသည်။
အပြစ်များမှ ရွေးနှုတ်ခြင်းခံရသောသူများသည် ကောင်းကင်ဘုံ ၏ဘုန်းအသရေကို ကြည့်၍ ‌မြော်လင့်ချက်ဖြင့် အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လူများ တန်းတူရည်တူ ဖြစ်လာခဲ့ကြ သည်။ သင်သည် ဘုရားကျောင်း၌ ယုံကြည်ခြင်းအသက်တာအား ဖြင့် ကြာမြင့်စွာ အသက်ရှင်ခဲ့လျှင် သင်သည် ဘုန်းတော်နှင့်ပြည့်ဝ သောအမွေခံချမ်းသာသူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင် ၏စိတ်များ၌ ဝမ်းမြောက်စွာကိန်းဝပ်တော်မူသည်ကိုသိနိုင်လိမ့်မည်။
 


ဖြောင့်မတ်သူများ၏နှလုံးသားများပင်လျှင် မြေကြီးပေါ်၌ ညည်းတွားကြသည်


အပိုဒ်၍ယ် ၂၃ ကို ဖတ်ကြပါစို့။ “ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။” “ကျွန်ုပ်တို့သည် အသက်ရှင်ခင်း၌ မည်သည့်အရာကို မြော်လင့်ကြသနည်း”ဟု မိမိ ကိုယ်ကိုကိုယ် မေးကြပါစို့။ ကျွန်ုပ်တို့ယုံကြည်သူများသည် ကျွန်ုပ်တို့ ကိုယ်ခန္ဓာများရွေးနှုတ်ခြင်းအတွက် မြော်လင့်ချက်ဖြင့် အသက်ရှင် ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သား သမီးများဖြစ်ကြ သည်ဟု ကျွန်ုပ်တို့ပြောကြသောအခါ ကျွန်ုပ်တို့ဝိ ညာဉ်များသည် သာလျှင် ကိုယ်တော်၏သားသမီးများဖြစ်ကြသည်ကို ဆိုလိုသည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် ဘုန်းအသရေကို မရရှိ သေးသော ကြောင့် ယုံကြည်သူအားလုံးသည် သူတို့၏ကိုယ်ခန္ဓာ ပြောင်းလဲမည့် အချိန်ကို မြော်လင့်ကြသည်။
ယုံကြည်သူများ၏ကိုယ်ခန္ဓာများသည် ဘုရားသခင်၏ဘုန်း တော်ကို လွှမ်းခြုံကြသောအခါ သူတို့သည် မီးကို ဖြတ်သန်းကြသော် လည်း လောင်ကျွမ်းမည်မဟုတ်ပေ။ သူတို့သည် အဆီးအတားမျိုးစုံ သို့မဟုတ် အုတ်နံရများကျော်ဖြတ်ကြလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာ ပြောင်းလဲခြင်းမှာ အချိန်နှင့်နေရာက ကန့်သတ်၍မရနိုင်ပေ။
သို့သော် ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် မပြောင်းလဲခဲ့သော ကြောင့် ဝိညာဉ်တော်၏ပထမအသီးများပိုင်ဆိုင်သူ ကျွန်ုပ်တို့သည် အတွင်း၌ ညည်းတွားကြသည်။ ထိုကြောင့် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရသော ဖြောင့်မတ်သူများသည် ကိုယ်ခန္ဓာရွေးနှုတ်ခြင်းအတွက် စောင့်မျှော် နေကြသည်။
ဝိညာဉ်တော်၏ အဦးသီးခြင်းကိုခံရသော ကျွန်ုပ်တို့ပင်လျှင် ညည်းတွားမြည်တမ်းကြသည်ဟု ကျမ်းစာလာသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်း၌ ကိန်းဝပ်တော်မူသည်ဟု သင်ခံ စားခဲ့သလော။ သူသည် မည်သည့်အချိန်တွင် ညည်းတွားသနည်း။ ကျွန်ုပ်တို့သည် ဇာတိပကတိဆန္ဒများ လိုက်လံရန် ကြိုးစားကြသော အခါ သန့်ရှင်းသောဝိညာဉ်တော်သည် ညည်းတွားတော်မူသည်။
ဤလောကကို ကြည်၍ ကျွန်ုပ်တို့မြင်တွေ့နေသောအရာများ ကို ချစ်ကြသောအခါ သန့်ရှင်းသောဝိညာဉ်သည် ကျွန်ုပ်တို့၌ ညည်း တွားလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာများ မပြောင်းလဲသေးသော ကြောင့် သူုတိ့သည် လောကအရာများ၌ ပျော်ရွှင်၍ ထိုအရာကို လိုက်လံရန် ကြိုးစားခြင်း၌ ပျော်မွေ့သည်။ သို့သော် ကျွန်ုပ်တို့ဝိ ညာဉ်များသည် ပြောင်းလဲခဲ့ကြသောကြောင့် သန့်ရှင်းဝိညာဉ်တော် သည် ကျွန်ုပ်တို့အတွင်း၌ ညည်းတွားတော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် လောကပျော်ရွှင်ခြင်းကို လိုက်လံကြမည့်အစား သန့်ရှင်းသောဝိညာဉ်တော်လမ်းပြုမှုကို ရရှိရန် ကျွန်ုပ်တို့နှလုံးသား များ ပြန်လှည့်ရမည် ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွင်း၌ ကိန်းဝပ် တော်မူသောကြောင့် ဘုရားသခင်၏အမွေခံသူများ ကျွန်ုပ်တို့အတွင်း ၌ သန့်ရှင်းသောဝိညာဉ်တော်သည် ညည်းတွားတော်မူသည်။ ကျွန်ုပ် တို့သည် ဤလောက၌ အသက်ရှင်နေကြစဉ် ကျွန်ုပ်တို့အနာဂတ် သည် မည်သို့ မှောင်မည်းသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ကိုယ် ခန္ဓာများသည် မည်သို့အားနည်းကြသည်ကိုလည်းကောင်း ကျွန်ုပ်တို့ သိနိုင်ကြသည်။ ဤသို့သောအချိန်များတွင် ကျွန်ုပ်တို့ကိုယ်ခန္ဓာများ သည် ရွေးနှုတ်ခြင်းခံရကြလိမ့်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အမွေများကောင်းကြီးမင်္ဂလာကိုကြည့်၍ တောင့်တ နေကြသည်။ ယုံကြည်သူများသည် လုံးဝရွေးနှုတ်ခြင်းခံရသော ပြည့် စုံသည့်ကိုယ်ခန္ဓာများရှိကြလိမ့်မည်ဟူသော နေ့ရက်ကို သူတို့သည် စောင့်မျှော်နေကြသည်။
    

ဘုန်းအသရေမြော်လင့်ချက်ဖြင့် အသက်ရှင်ခြင်း

အပိုဒ်ငယ် ၂၄ နှင့် ၂၅ တို့ကို တစ်သံတည်းဖတ်ကြပါစို့။ “ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်း မှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။”
 “ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်မြော်လင့်ခြင်း၌ အ ပြစ်များအားလုံးဖြေလွှတ်ခြင်းခံခဲ့ရကြသလော။” ဤမေးခွန်းကို မေး ကြပါစို့။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရကြသည်ဟု ကျွန်ုပ် တို့ပြောခဲ့ကြသည်။ “အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော် လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏”ဟု ဘုရားသခင်မိန့်တော်မူသည်။ 
ကောင်းကင်နိုင်ငံတော်သို့ သွား၍ အပြစ်များမှ ဖြေလွှတ်ခြင်းခံ ရန်အတွက် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာည်တော်နှုတ်ကပတ်တော် ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည်အပြစ်များအားလုံးမှ ကယ်တင်လွှတ်ခြင်းခံရကြပြီး နောက် ကျွန်ုပ်တို့မျက်စိများလောကသို့ ပြန်လှည့်၍ မမြင်နိုင်သော ရာကို မြော်လင့်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော် ကို မသိဘဲ စောင့်နေကြသည်ကို မဆိုလိုပေ။ ကျွန်ုပ်တို့သည် မြော် လင့်သောအရာကို စောင့်မြော်နေလျှင် ထိုအရာသည် မြော်လင့်ခြင်း မဟုတ်တော့ပေ။ ထိုကြောင့် ရှင်ပေါလုက “တွေ့မြင်သော အရာကို အဘယ်ကြောင့် မြော်လင့်ရမည်နည်း”ဟု မေးခဲ့သည်။ ယခုတွင် ဖြောင့်မတ်သူဖြစ်လာခဲ့သူ ကျွန်ုပ်တို့သည် လောက၌ရှိသောအရာ များကို မမြော်လင့်ကြပေ။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကတိတော်အရ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိန်းဝပ်ရာ ကောင်း ကင်သစ်နှင့်မြေကြီးသစ်ကို မြော်လင့်နေကြသည်(၂ပေ ၃း၁၃)။
ဖြောင့်မတ်သူများမြော်လင့်သောအရာမှာ ဤသို့သောယုံကြည် ခြင်းမျိုး ဖြစ်သည်။ ဖြောင့်မတ်သူများသည် ကောင်းကင်သစ်နှင့်မြေ ကြီးသစ်ကို မြော်လင့်၍ အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ် ခန္ဓာမျက်စိများဖြင့်တွေ့မြင်သောအရာသည် ကျွန်ုပ်တို့အမှန်အကန် မြော်လင့်သောအရာ မဟုတ်ပေ။ ကျွန်ုပ်တို့သည် လူ့မျက်စိဖြင့်မမြင် နိုင်ကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကတိပြုတော်မူခဲ့ သောဘုန်းတော်နှင့်ပြည့်ဝသောနိုင်ငံတော်ကို ဝိညာဉ်မျက်စိဖြင့် စောင့်မြော်ကြသည်။ ထိုကြောင့် စစ်မှန်သောဖြောင့်မတ်သူများသည် ကောင်းကင်နိုင်ငံတော်ကို မြော်လင့်ကြခြင်း ဖြစ်သည်။ မြော်လင့် ခြင်းမှာ အမှန်အကန်ဖြစ်လာမည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သော အရာများကို ယုံကြည်ခြင်း ဖြစ်သည်။
ဘုရားသခင်သည် “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏” (၁ ကော ၁၃း၁၃)ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ကို ယုံကြည်ခြင်းနှင့် မြော်လင့်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရ ကြသည်။ ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်သည် ဤလောကသို့ ရောက်လာ၍ ကောင်းကင်၌ ရှိနေမည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ကောင်းကင်နိုင်ငံတော်၌ထာဝရအသက်ရှင်ကြလိမ့်မည်ဟု ကျွန်ုပ် တို့ မြော်လင့်ကြသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကတိတော်နှုတ်ကပတ်တော်ကို ယုံကြည်၍ မျက်မှောက်တွင် ဆင်းရဲ ဒုက္ခများကို သည်းခံကြခြင်း ဖြစ်သည်။
သမ္မာကျမ်းစာတွင် “မမြင်သေးသောအရာကို ငါတို့မျှော် လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏” ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့စောင့်မြော်နေသောအ ရာသည် ကျွန်ုပ်တို့မျက်စိများဖြင့် တွေ့မြင်နိုင်သောအရာတစ်စုံတစ်ခု မဟုတ် ပေ။ ကျွန်ုပ်တို့သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင် ၏ကတိ တော်များကို စောင့်မြော်ကြသည်။ ဘုရားသခင်၏ဘုန်း တော်သည် မကြာမီထင်ရှားမည်ဟု ကျွန်ုပ်တို့သိခဲ့ကြသောကြောင့် ဘုရားသခင် ၏ကတိတော်များသည် ကျွန်ုပ်တို့ယုံကြည်သူများအပေါ် အမှန်အ ကန် ရောက်လာလိမ့်မည်။ ကျွန်ုပ်တို့သည် ဤကတိတော်ကို ယုံ ကြည်ကြသည်။ ကိုယ်တော်သည် ဤလောကသို့ ပြန်လည် ကြွလာ တော်မူမည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့ သည် မျက်မှောက်ကာလတွင် ဆင်းရဲဒုက္ခများကို သည်းခံနိုင်ကြခြင်း ဖြစ်သည်။
ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်သည် ချွင်းချက်မရှိ ဤ လောကသို့ ရောက်လာလိမ့်မည်။ သတင်းကောင်းသည် လူမျိုးအား လုံးထံ ဟောပြောသောအခါ ဘုရားသခင်၏နိုင်ငံတော်သည် အမှန် အကန်ရောက်လာလိမ့်မည်။ ဖြောင့်မတ်သူများသည် ထိုနေ့ကိုသည်း ခံစွာဖြင့် စောင့်မြော်ကြသည်။ ကျွန်ုပ်တို့စောင့်မြော်နေစဉ် ကိုယ် တော်သည် ရောက်တော်မူလိမ့်မည်။ ဤအရသည် ဤခေတ်ကာလ တွင် အသက်ရှင်နေကြသော သင်နှင့်ကျွန်တော်တို့အတွက် သမ္မာတ ရားဖြစ်သည်။
ကျွန်ုပ်တို့စာအုပ်များကို ယူကရိန်းဘာသာစကားဖြင့် ဘာသာ ပြန်ဆိုသူ ယူကရိန်းအမျိုးသမီး လုပ်ဖော်ဆောင်ဖက်တစ်ဉီး ရှိခဲ့ သည်။ သူမက မျက်မှောက်တွင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာအ ဆောက်အဉီးသည် အကြမ်းဖက်သူများတိုက်ခိုက်ဖျက်ဆီးမှုကြောင့် ပြိုလဲသွားခဲ့သည်ကို မြင်တွေ့၍ သူမသည် စိတ်ရှုပ်ထွေး၍ အလွန် ထိတ်လန့်ခဲ့သည်ဟု ပြောခဲ့သည်။ သူမက ဗျာဒိတ်ကျမ်းတွင် “မြင်းမွဲ ခေတ်ကာလ”ကို ကြေငြာသောစာအုပ်ရှိလျှင် ဤကျမ်းချက်နှင့်ဆက် နွယ် သောစာအုပ်ကို ရချင်သည်ဟု တောင်းခဲ့သည်။
ဤအဖြစ်အပျက်သည် မြင်းမွဲခေတ်ဖြစ်သည်ဟု တိကျစွာ မ ပြောနိုင်ခဲ့ပေ။ သို့သော် ထိုအရာသည် ဤကျမ်းချက်နှင့်ဆက်နွယ်မှု ရှိနိုင်သည်ဟု ကျွန်ုပ်တို့မငြင်းဆိုနိုင်ကြပေ။ ဤသို့ဖြင့် မကြာခဏ ဖြစ်ပျက်လျှင် စစ်ပွဲများရှိလိမ့်မည်။ နိုင်ငံများသည် အချင်းချင်းတိုက် ခိုက်ကြလိမ့်မည်။ စစ်ပွဲများရှိသောအခါ ကမ္ဘာသည် အစာခေါင်းပါးမှု ခံရကာ ‘ မြင်းမွဲခေတ်’သည် ချက်ခြင်းရောက်လာနိုင်သည်။
ထိုကြောင့် ကမ္ဘာပျက်စီးမည့်ကြိုတင်ဟောပြောချက်ဤအဖြစ် အပျက်များကို ကျွန်ုပ်တို့သိသောအခါ ကျွန်ုပ်တို့သည် သတင်း ကောင်းကို ကပ်ကမ္ဘာကုန်ဆုံးသည့်ထိဟောပြောသင့်သည်ဟု ကျွန် တော့်ဆန္ဒကို အားဖြည့်သည်။ ကျွန်ုပ်တို့သည် ဤလောကအတွက် မြော်လင့်ချက် ဆုံးရှုံးကြသည်ကိုလည်းကောင်း၊ ဝမ်းနည်းကြေကွဲ ဖွယ်ကောင်းသောအဖြစ်များသည် ကျွန်ုပ်တို့ကို ရိုက်ခတ်သောအခါ ကျွန်ုပ်တို့နှလုံးသားများသည် ညည်းတွားကြသည်ကိုလည်းကောင်း မှန်ကန်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့သည် အသက် ရှင်နေသရွေ့ ကျွန်ုပ်တို့သည် သာမန်မျက်စိများဖြင့် မမြင်နိုင်၊ ဝိညာဉ်မျက်စိဖြင့်သာမြင်တွေ့နိုင်သော ဘုရားသခင်၏နိုင်ငံတော်ကို စောင့် မြော်ရန် လိုအပ်သည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ကို မြော်လင့်ကြ၍ သည်းခံစွာဖြင့် ၎င်းကို စောင့်မြော်နေကြသည်။ ဘု ရားသခင်၏ကောင်းကင်နိုင်ငံတော်သည် ကျွန်ုပ်တို့ထံ နီးကပ်နေပြီ ဟု ကျွန်ုပ်တို့ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် အခက်အခဲ များအားလုံးကို သည်းခံနိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့နှလုံးသားများ၌ ကိန်းဝပ်တော်မူသောကြောင့် ကျွန်ုပ် တို့သည် စိတ်ရှည်စွာဖြင့် စောင့်မြော်နိုင်ကြခြင်း ဖြစ်သည်။
သင်သည် ဆင်းရဲဒုက္ခခံရသလော။ သည်းခံ၍ စိတ်ရှည်ပါ။ သင် တစ်ဉီးတည်း ဆင်းရဲဒုက္ခခံရခြင်းမဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးသည် လည်း ဆင်းရဲဒုက္ခံရကြသည်။ ဤအရာကုန်ဆုံးသောအခါ အရာအား လုံးသည် မှန်ကန်ပါလိမ့်မည်ဟု ကျွန်ုပ်တို့ မြော်လင့်ခြင်း ရှိကြသည်။ သင်သည် ကိုယ်ခန္ဓာဖြင့် ဒုက္ခဆင်းရဲမှုများမခံစားသောအခါ သင် သည် ဝိညာဉ်ရေးရာ၌ မြော်လင့်ချက်မတိုးပွားနိုင်သည်ကို သင်မသိ သလော။ ကိုယ်ခန္ဓာသည် သက်တောင့်သက်သာရှိသောအခါ ကျွန်ုပ် တို့သည် ဘုရားသခင်ကို မရှာဖွေကြပေ။ ကိုယ်တော့်ထံမှ ကောင်း ကြီးမင်္ဂလာများကိုလည်း မရှာဖွေကြပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဝေးကွာကြသည်။ ဒုတိယမွေးဖွားခြင်းခံရသော ကျွန်ုပ်တို့သည် ရောက်ရှိလာမည့် ဘုန်းတန်ခိုးတော်အတွက် မြော် လင့်၍ မျက်မှောက်၌ခံစားရသော အခက်အခဲများကို သည်းခံရကြ မည် ဖြစ်သည်။
ဘုရားသခင်အတွက် စိတ်ရှည်စွာဖြင့် ဒုက္ခများကို သည်းခံတတ် သောသူများသည် ကောင်းကြီးမင်္ဂလာများခံရမည်ဟု ဘုရားသခင် မိန့်တော်မူခဲ့သည်။ ဤလောကသို့ ဘုရားသခင်၏ကောင်းကင်နိုင်ငံ ရောက်ရှိလာသောနေ့တွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏နိုင်ငံတော် သို့ ဝင်စားကြလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုနေ့အတွက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့်မြော်လင့်ခြင်းရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုနေ့အတွက် သည်းခံ၍ စောင့်ရကြမည် ဖြစ်သည်။ ယခုတွင် မည် သို့ပင်ဝမ်းနည်း၍ ခက်ခဲပါစေ ဘုရားသခင်နိုင်ငံတော်သည် ကောင်း ကင်သစ်နှင့်မြေကြီးသစ်အဖြစ် ရောက်လာသည့်တိုင်အောင် ကျွန်ုပ် တို့သည် စောင့်‌မြော်၍ သည်းခံရကြမည် ဖြစ်သည်။
    
 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းပိုင်ဆိုင်သောသူများကို သန့်ရှင်းသောဝိညာဉ်တော်သည် မစတော်မူသည်

အပိုဒ်ငယ် ၂၆ ကို ဖတ်ကြပါစို့။ “ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။”
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက် ဆု‌တောင်း ပေးသလော။ တောင်းပေးတော်မူသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့အားနည်းချက်များကို သိတော်မူ၍ ကျွန်ုပ်တို့အတွက် ဆု‌တောင်းပေးတော်မူသည်။
ကျွန်တော်သည် သန့်ရှင်းသောဝိညာဉ်တော်ညည်းတွားခြင်း များအကြောင်းကို အနည်းငယ်ပြောခဲ့သည်။ ထိုအကြောင်းကို ပြန် တင်ပြရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်မသွားစေလိုသော လမ်းညွှန်ချက်သို့ ဉီးတည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော် သည် ညည်းတွားသည်။ ကျွန်ုပ်တို့သည် လောကပတ်ဝန်းကျင်အ ခြေအနေများကို ကြည့်၍ ညည်းတွားကြသောအခါတွင်ဖြစ်စေ၊ ခ မည်းတော်ဘုရားသခင်မသွားစေလိုသောလမ်းညွှန်ချက်သို့ သွားကြ သောအခါတွင်ဖြစ်စေ၊ ခမည်းတော်၏အလိုတော်ကို မထီမဲ့မြင်ပြုကြ သည့်အခါတွင် ဖြစ်စေ၊ ကိုယ်တော်၏အလိုတော်နှင့်ဆန့်ကျင်ဘက် အသက်ရှင်ကြသည့်အခါတွင်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော် သည် ညည်းတွားသည်။
ဒုတိယမွေးဖွားခြင်းခံရသော ယုံကြည်သူတစ်ဉီး၏အတွင်း၌ ကိန်းဝပ်တော်မူသောသန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ဖြင့်မ မြွက်နိုင်သောအရာများ ညည်းတွားသောအခါ ကျွန်ုပ်တို့သည် နှလုံး သားများ၌ ခွန်အားဆုံးရှုံး၍ အားနည်းလာကြသည်။ ထိုအချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အား ဆုတောင်းစေသောအ ချိန် ဖြစ်သည်။ တစ်ခါတစ်ရံ သန့်ရှင်းသောဝိညာည်တော်သည် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆု‌တောင်းစေတော်မူ၍ ကျွန်ုပ်တို့ဆု တောင်းရန် လိုအပ်သောအရာများကို သတိထားစေသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှလုံးသားများ၌ ညည်းတွား၍ ကိုယ်တော်၏အလိုတော်နှင့်အညီ ခမည်းတော်ထံ ဆု တောင်းစေ‌တော်မူသည်။ “ကိုယ်တော်ဘုရား၊ ကိုယ်တော်သည် ဗတ္တိ ဇံနှင့် ကားတိုင်ပေါ်တွင် အသွေးအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေးတော်မူခဲ့တယ်။ ဤအရာအားဖြင့် ကျွန်ုပ်တို့သည် ကိုယ် တော်၏သားသမီးများဖြစ်လာခဲ့ကြတယ်။ ကိုယ်တော်၏ဒုတိယအ ကြိမ်ကြွလာတော်မူခြင်းသည် ဤလောက၌ အစစ်မှန်ရောက်လာ လိမ့်မည်ဟု ကျွန်ုပ်တို့မြော်လင့်ကြတယ်။ ကိုယ်တော်၏အလိုတော် သည် ပြည့်စုံပါစေမည့်အကြောင်း ကျွန်ုပ်တို့ ဆုတောင်းကြတယ်။” ကျွန်ုပ်တို့သည် ဤသို့ဆုတောင်းကြသည်။
ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာယုံကြည်ခြင်းအတွက် ဆုတောင်း ကြသည်။ “ဘုရားသခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏မျက်စိများ၌ ဆင်းရဲ၍ အားနည်းနေကြတယ်။ ကိုယ်တော်၏အလိုတော်ပြည့်စုံရန် လိုအပ်သောယုံကြည်မှုကို ကျွန်ုပ်တို့အားပေးသနား‌တော်မူပါ။” ထို နောက် ဘုရားသခင်သည် ကျွန်ုပ်တို့အားနည်းချက်များကို သိတော် မူသောကြောင့် ကျွန်ုပ်တို့ကို မစတော်မူသည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပေ။ သို့သော် ဘုရားသခင် ၏အလိုတော်နှင့်အညီ ဆုတောင်းစေတော်မူ၍ ကျွန်ုပ်တို့နှလုံးသား ခွန်အားရရှိရန်အတွက်လည်း ဆုတောင်းပေးတော်မူသည်။ 
သန့်ရှင်းသောဝိညာ်ညတော်သည် ဘုရားသခင်၏အလိုတော် နှင့်အညီ ဆုတောင်းစေတော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ မစခြင်းခံစားရန် ဆု‌တောင်းကြသောအခါ ကျွန်ုပ်တို့အတွက် ကိုယ် တော်၏အလိုတော်သည် အဘယ်အရာဖြစ်သည်ကို သိစေတော်မူ၍ ကျွန်ုပ်တို့အား ခွန်အသစ်ကို ပေးအပ်တော်မူသည်။
“ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆု ကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။”
သင်သည် ဤအရာများကို ခံစားသလော။ သင်သည် ဘုရားသ ခင်အလိုတော်ရှိသောအရာများနှင့်မတူညီသောအရာများကို စဉ်းစား ၍ လုပ်ဆောင်ကြသောအခါ သင်သည် ကျွန်ုပ်တို့၊ ဖြောင့်မတ်သူများ မှားယွင်းသောအရာကို လုပ်ဆောင်သည်ဟု သင်ခံစားရသလော။ သန့်ရှင်းသောဝိညာဉ်တော်က “ဟိုင်း၊ မင်းမှားနေတယ်”ဟု မိန့်တော် မူသည်။ကျွန်ုပ်တို့နှလုံသားများသည် ညည်းတွားရန် စတင်နေသည်။ ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်ညည်းတွားခြင်းဖြစ်သည် ဟု သင်သိခဲ့လော။ သန့်ရှင်းသောဝိညာဉ်တော်သည် အတွင်း၌ ပျော် ရွှင်ခြင်းရှိသောကြောင့် ဖြောင့်မတ်သူတစ်ဉီး၏နှလုံးသားသည် ဝမ်း မြောက်မှုကို သင်တွေ့ကြုံနိုင်ပေသည်။ ထိုနောက် ညည်းတွားနေ သောသန့်ရှင်းသောဝိညာဉ်တော်သည် သင်၏နှလုံးသား၌ ညည်း တွားတော်မူသည်ကို သင်သိလိမ့်မည်။
ကျွန်ုပ်တို့သည် အားနည်း၍ မှားယွင်းစွာပြုကြသောအခါ သန့် ရှင်းသောဝိညာဉ်တော်သည် ညည်းတွားတော်မူ၍ ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူသည်။ ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ် တို့အား ခွန်အားကို ပေးတော်မူသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့အား အရာအားလုံးအတွက် ဆုတောင်းစေတော်မူခဲ့ သည်။ ဝိညာဉ်ခွန်အားအသစ်ကိုလည်း ချပေးတော်မူသည်။ ထိုအ ကြောင်းကြောင့် မိမိနှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော်ရရှိ သူများသည် အလွန်ပျော်ရွှင်ကြခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိ ညာဉ်‌တော်သည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အား ခွန်အား ပေးတော်မူသည်။ တစ်နည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့အား ဝိညာဉ်ရေးရာခွန်အားပေးအပ်တော်မူရန် နှလုံး သားများအတွက် နှုတ်ကပတ်တော်အားဖြင့် အမှုပြုတော်မူသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် အခြားသောအရာများအားဖြင့် စကားပြေလိုတော်မမူပေ။ သူသည် နှုတ်ကပတ်တော်၊ ဘုရားသခင် ၏အသင်းတော်အားဖြင့်လည်းကောင်း၊ ယုံကြည်သူညီအစ်ကို မောင် နှမများအားဖြင့်လည်းကောင်း ကျွန်ုပ်တို့အားခွန်အားပေးတော်မူ သည်။ ထိုအကြောင်းကြောင့် ဘုရားသခင်၏အသင်းတော်သည် အ ရေးကြီး၍ အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော်လုပ်ငန်း များလုပ်ဆောင်ရန် အရေးကြီးသောကဏ္ဌရှိခြင်း ဖြစ်သည်။
အသင်းတော်၌ ယုံကြည်သူများ၊ မိတ်သဟာယဖွဲ့ခြင်း၊ ဂုဏ် တော်ချီးမွမ်းခြင်းနှင့် သတင်းစကားများရှိကြသည်။ မည်သို့ပင်ဖြစ် စေကာမူ တရားဟောဆရာများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် အတူရှိ၍ သူတို့အထဲ၌ အမှုပြုတော်မူသောကြောင့် သူတို့သည် သင့် တော်သောအချိန်များတွင် လိုအပ်၍ သင့်တော်သောသတင်းစကား များကို သူတို့သည် ဟောပြောလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် သည် သတင်းစကားပေးသောသူများနှင့် လက်ခံသောသူများအကြား အမှုတော်မူ၍ သူတို့၏စိတ်ကို နိုးထစေတော်မူ၍ သူတို့လိုအပ်သော ကောင်းကြီးမင်္ဂလာများကို ချပေးတော်မူသည်။ သန့်ရှင်းသောဝိ ညာဉ်တော်သည် ဖြောင့်မတ်သူများစုရုံးသည့်နေရာ ဘုရားသခင်၏ အသင်းတော်၌ ဤအမှုကို ပြုတော်မူသည်။ ထိုအကြောင်းကြောင့် အသင်းတော်သည် ယုံကြည်သူများအတွက် အလွန်အရေးကြီးသည်။ ယုံကြည်သူတစ်ဉီးသည် သူ/သူမ၏နှလုံးသား၌ ခက်ခဲကြမ်းတမ်း သောအချိန်များ ဖြတ်သန်းသည့်အချိန်နှင့် သူ/သူမ၏နာကျင်မှုများ ကို သူတစ်ပါးထံ မိမိနာကျင်မှုကို မပြောနိုင်သည့်အချိန်တွင် ဘုရား သခင်၏အစေခံများသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ၎င်း ကို အသိအမှတ်ပြုနိုင်ကြလိမ့်မည်။ ယုံကြည်သူများသည် ဘုရားသ ခင်၏အသင်းတော်၌ စုရုံးကြသောအခါ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့နှလုံးသားများကို တို့ထိ၍ နှစ်သိမ့်ပေးနိုင်တော်မူလိမ့် မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အား နှုတ်ကပတ်တော် ဆုပ်ကိုင်ရန် ကူညီတော်မူ၍ သူတို့ကို ပြန်လည်ကျန်းမာရန် ခွန်အား ပေးတော်မူသည်။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအသက်တာအားဖြင့် အသက်ရှင် ကြသောအခါ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်၍ အပြစ်များဖြေလွှတ်ခြင်းခံရကာ ဘုရားသခင်၏သားသ မီးများဖြစ်လာခဲ့ကြသည်။ သက်သေအဖြစ် ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ် ရရှိကြသည်။ ထိုနောက် ဘု ရားသခင်သည် ကျွန်ုပ်တို့အား အသင်းတော်ကို ပေးအပ်တော်မူ သည်။ ဘုရားသခင်သည် အသင်းတော်ကို ပေးအပ်တော်မူပြီးနောက် အသင်းတော်အားဖြင့် မိမိအစေခံများကို စကားပြောတော်မူ၍ မိမိ သတင်းစကားကို မိမိအစေခံများအား ဟောပြောစေတော်မူသည်။ ကိုယ်တော်သည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ဒဏ်ရာများကို ကုသပေးတော်မူ၍ အားနည်းသောသူများအပေါ် ခွန်အားပေးကာ နှလုံးသား၌ ဆင်းရဲသောသူများကို ကောင်းကြီးမင်္ဂလာများချပေး တော်မူ၍ ကိုယ်တော်၏အမှုတော်များ ထမ်းဆောင်ရန် အစွမ်းအစ ကို ချပေးတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော် ၏အလိုတော်ကို ထမ်းဆောင်တော်မူသည်။ ထိုကြောင့် ယုံကြည်သူ များသည် အသင်းတော်မှ မိမိကိုယ်ကိုကိုယ် မဖြတ်တောက်နိုင်ကြ တော့ပေ။
ယုံကြည်သူများသည် အခြားဖြောင့်မတ်သူများနှင့်အတူ ကိုယ် စားပြုဆုတောင်းခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ကြီး ထွားခြင်းမှ မဖြတ်တောက်နိုင်ကြပေ။ တစ်ခုတည်းသောသမ္မာတရား မှာ ဘုရားသခင်၏အသင်းတော်၌သာ တွေ့ရသည်။ ထိုကြောင့် ယုံ ကြည်သူများသည် အသင်းတော်၌ အချင်းချင်း စည်းလုံးရန် လိုအပ် ကြသည်။ စည်းလုံးခြင်းမရှိသော ယုံကြည်ခြင်းသည် မှားယွင်းသော ယုံကြည်ခြင်း ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏နှလုံးသား၌ကိန်းဝပ် တော်မူသည်ဟု သင်ယုံကြည်သလော။ သမ္မာကျမ်းစာနှင့် ထိုသတင်း စကား၌ အသင်းတော်ပြောပြသည့်အတိုင်း ဘုရားသခင်၏အသင်း တော်နှင့် ကျွန်ုပ်တို့စည်းလုံးကြသောအခါ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့အား မစတော်မူ၍ သမ္မာတရားထံ မိမိမျက်စိ များကို ဖွင့်ကာ ကျွန်ုပ်တို့အား ကောင်းကြီးမင်္ဂလာများစွာ ပေးအပ် တော်မူသည်။ ထိုကြောင့် ဤသို့သောယုံကြည်ခြင်းအားဖြင့် အသင်း တော်နှင့်စည်းလုံးပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် ဝမ်းမြောက် တော်မူလိမ့်မည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏မစတော်မူခြင်း အားဖြင့် ဤအချိန်ထိအသက်ရှင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည်လည်း အနာဂတ်တွင် ကိုယ်တော်၏မစတော်မူခြင်းအားဖြင့် အသက်ရှင်ကြ လိမ့်မည်။ ထိုအကြောင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံး၏ခွင့်လွှတ်ခြင်း ခံရသောကျွန်ုပ်တို့အ တွက် အလွန်အရေးကြီးသည်။ သန့်ရှင်း‌သောဝိညာဉ်တော်တည်ရှိ တော်မူသည်ဟု ကျွန်ုပ်တို့သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြ၍ နှလုံး သားများ၌ ကိုယ်တော်၏လမ်းညွှန်ချက်ကို ရရှိရကြမည်ဟု ကျွန်ုပ် တို့သိကြသည်။ မိမိနှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော်ရရှိ သောသူများသည် ကိုယ်တော်၏အလိုတော်နှင့်အညီ အသက်ရှင်ကြ သည်။ သင်သည် ဖြောင့်မတ်သူဖြစ်လျှင် သန့်ရှင်းသောဝိညာဉ် တော်သည် သင့်အထဲ၌ ကိန်းဝပ်တော်မူသည်။ ထိုကြောင့် သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုနှင့်အညီ ဘဝ၏ပညတ်တ ရားနှင့်အညီ လိုက်လျှောက် အသက်ရှင်ရကြမည် ဖြစ်သည်။
အပိုဒ်ငယ် ၂၇ ကို အတူတူ ဖတ်ကြပါစို့။ “စိတ်နှလုံးတို့ကိုစူးစမ်းတော်မူသောအရှင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ သန့်ရှင်းသူများအတွက် အသနားခံပေးတော် မူ၏။”ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့အတွင်း၌ ကိန်းဝပ် တော်မူသော ဝိညာဉ်တော်၏စိတ်ကို သိတော်မူသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့များအားလုံးကို သိတော်မူသောကြောင့် ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်ထဲ၌ရှိသောအရာခပ် သိမ်းတို့ကို သိတော်မူသည်။ ဤသို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော် သည် “ဘုရားသခင်၏အလိုတော်နှင့်အညီ ယုံကြည်သူများအတွက် ကိုယ်စားပြုဆုတောင်း” ပေးတော်မူသည်။
ခမည်းတော်ဘုရာသည် သန့်ရှင်းသောဝိညာဉ်တော်၏စိတ်ထဲ၌ ရှိသောအရာများကို သိတော်မူသည်ကို ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏အလိုတော်နှင့်အညီ ဆုတောင်း ပေးတော်မူသည်။ ထိုကြောင့် ယုံကြည်သူများသည် ဘုရားသခင်၏ အလိုတော်ကို သိကြသည်။ ထိုအကြောင်းကြောင့် အပြစ်များဖြေ လွှတ်ခြင်းခံရသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယုံကြည်ခြင်းဘဝများ၏အကျိုးများတွေ့ရှိကြသည်။ ဖြောင့်မတ်သူ များ၏စိတ်များကို သန့်ရှင်းသောဝိညာဉ်တော်နိုးထစေတော်မူခြင်း အားဖြင့် လမ်းပြမှုခံရကြသည်။
ဘုရားသခင်၏အသင်းတော်၌ နှလုံးသားများ၌ သန့်ရှင်းသော ဝိညာဉ်တော်မရှိသောသူများရှိကြသောအခါ အသင်းတော်၌ ဒုက္ခပြ ဿနာများ ပေါ်ပေါက်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်သောသူများသည် သူတို့အထဲ၌ သန့်ရှင်းသောဝိညာဉ် တော်မရှိကြပေ။ ထိုကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ပိုင်ဆိုင်သူစစ်မှန်သောယုံကြည်သူများနှင့် ဆက်သွယ်၍မရနိုင်ကြ ပေ။ သူတို့သည် အသင်းတော်၌ ပြဿနာများအကြောင်းကို ယူ ဆောင်လာကြသည်။ တစ်ဖက်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝသော ဘုရားသခင်၏အစေခံ များဟောပြောသောတရားကို နားထောင်ကြသောအခါ သူတို့သည် ကိုယ်တော်၏အစေခံများအားဖြင့် ဘုရားသခင်ပြောကြားလိုသောအ ရာများကို နားလည်သဘောပေါက်နိုင်ကြသောကြောင့် သူတို့သည် စိတ်ငြိမ်သက်ခြင်း ခံစားရရှိကြသည်။
အပြစ်များကို အမှန်အကန်ခွင့်လွှတ်ခြင်းခံရသောသူများသည် သူတို့၌ သန့်ရှင်းသောဝိညာည်တော်ကိန်းဝပ်တော်မူခြင်းခံရသည်။ ကျွန်ုပ်တို့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ရရှိ၍ ဘုရားသခင်၏အ လိုတော်နှင့် သန့်ရှင်းသောဝိညာည်တော်၏လမ်းပြမှုအားဖြင့် ကျွန်ုပ် တို့အသက်ရှင်ကြသည်။ 
သန့်ရှင်းသောဝိညာဉ်တော်သည် ဤနည်းလမ်းများအားဖြင့် လမ်းပြပို့ဆောင်တော်မူသည်။ တစ်ခါတစ်ရံ အသင်းတော်အားဖြင့်၊ တစ်ခါတစ်ရံ ယုံကြည်သူများနှင့် မိတ်သဟာယဖွဲ့ခြ်ငးအားဖြင့်၊နှင့် အခြားချိန်များတွင် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ် သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏အလိုတော်ကို သိစေတော်မူ၍ ကျွန်ု်ပတို့အား ကိုယ်တော်၏ဖြောင့်မတ်ခြင်းနည်း လမ်းနှင့်အညီ အသက်ရှင်စေတော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ် တော်၏နိုင်ငံတော်ရောက်သည့်အထိ ဘုရားသခင်ဖက်၌ အသက်ရှင် ရန် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ခွန်အားအသစ် များကို ချပေးတော်မူသည်။ 
ထိုကြောင့် သင်နှင့်ကျွန်တော်တို့က သန့်ရှင်းသောဝိညာဉ်တော် သည် ယုံကြည်ခြင်းဘဝများ၌ မည်သို့အရေးကြီးသည်ကို နားလည် သဘောပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ကြသောအခါ ကျမ်းစာ၌ “ပေတရုကလည်း သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင် တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်း ချီးလက်ဆောင်ကို ရရှိကြလိမ့်မည်”(တမန်၂း၃၈)ဟု ဖော်ပြထား သည့်အတိုင်း ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆုကျေး ဇူးအဖြစ် လက်ခံရရှိကြသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်ပေးအပ်တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏အလိုတော်နှင့်အညီ အသက်ရှင်ရန် လမ်းပြတော်မူသည်။ ဤအရာသည် ခမည်းတော်ဘုရားသခင်၏ အ လိုတော်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင် ရောက်နိုင်ကြရန်အတွက် ကိုယ်တော်၏အလိုတော်နှင့်အညီ အသက် ရှင်ရကြမည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင်နိုင်ရန် သန့်ရှင်းသောဝိ ညာဉ်တော်ကို ရရှိကြမည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်သူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိ ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ရမည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သန့် ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်လက်ခံနိုင်၍ ဘုရားသ ခင်၏အလိုတော်နှင့်အညီအသက်ရှင်နိုင်ကြကာ ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်နိုင်ကြခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်‌ ရွေးနှုတ်ကယ် တင်ခြင်းကို သီးသန့်မရနိုင်ကြပေ။ ယနေ့ ဤကောင်းကြီးမင်္ဂလာနှစ် ပါးတို့သည် မတူညီသောအရာများဖြစ်ကြသည်ဟု လူများက ထင် မှတ်ကြသည်။ သူတို့သည် တောင်ထိတ်ဂူများသို့ သွား၍ စိတ်အား ထက်သန်စွာ ဆုတောင်းကြ၍ ထူးဆန်းသောစကားများဖြင့် ဆု တောင်းလျှင် သူတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက် တော်မူသည်ဟု သူတို့ထင်မှတ်ကြသည်။ ထိုနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ်သို့ ဆင်းကြွတော်မူ၍ သူတို့အား ကိုယ်တော်၏သတင်းစကားများကို တိုက်ရိုက်ပေးကာ သူတို့နှင့်စ ကားပြောရမည်ဟု သူတို့ထင်တတ်ကြသည်။ သို့သော် ဤအရာ သည် မှန်ကန်သောအရာမဟုတ်ပေ။ 
သန့်ရှင်းသောဝိညာဉ်တော်နှင့် သမ္မာကျမ်းစာကို မခွဲခြားနိုင် ပေ။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ယုံကြည်သူတစ်ဉီးတို့ကိုလည်း မ ခွဲခြားနိုင်ကြပေ။ ဤအရာမှာ ယုံကြည်သူများနှင့်သန့်ရှင်းသောဝိ ညာဉ်တော်၊ အသင်းတော်နှင့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်း သောဝိညာဉ်တော်တို့သည် အချင်းချင် နီးကပ်လျက်ရှိသော သုံးပါး တစ်ဆူတို့အကြား ဆက်နွယ်မှုများရှိခြင်း ဖြစ်သည်။
ဤနောက်ဆုံးသောခေတ်ကာလတွင် အသက်ရှင်သူ ကျွန်ုပ်တို့ သည် ခမည်းတော်၏အလိုတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် အသက်ရှင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသ ခင်၏အလိုတော်အားလုံးကို သိတော်မူသည်။ ခမည်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်၏စိတ်ထဲ၌ရှိသောအရာအားလုံးကို သိ တော်မူသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွေးအ အခေါ်များကို လမ်းပြတော်မူ၍ ဘုရားသခင်၏နှင့် ဆက်နွယ်တော်မူ သည်။ ဤနည်းလမ်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ဘု ရားသခင်၏အတော်နှင့်အညီ ဆုတောင်းစေတော်မူ၍ ခမည်းတော် သည် ကျွန်ုပ်တို့အား ကိုယ်တော်၏အလိုတော်နှင့်အညီ အသက်ရှင် စေတော်မူခြင်းအားဖြင့် ထိုဆုတောင်းချက်များကို အဖြေချပေးတော် မူသည်။
ထိုအကြောင်းကြောင့် ရှင်ပေါလုသည် ရောမသြဝါဒစာအခန်း ကြီး ၈ အပိုဒ်ငယ် ၁၆-၂၇တွင် သန့်ရှင်းသောဝိညာဉ်တော်၏လုပ် ဆောင်ချက်များအကြောင်းကို ပြောခဲ့ရခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသ ခင်၏နိုင်ငံတော်ကို စောင့်မျှော်နိုင်ကြသည်။ ကျွန်ုပ်တို့သည် မျက် မှောက်၌ဆင်းရဲဒုက္ခများကို သည်းခံ၍ ကိုယ်တော်၏အလိုတော်နှင့် အညီအသက်ရှင်ကာ နှလုံးသားများ၌ ကိန်းဝပ်တော်မူသော သန့်ရှင်း သောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နိုင်ငံတော်ကို မြော်လင့်ကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် သည်းခံနိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ် တော့်ကို နာခံနိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ်တော်ကို အစေခံရန် အစွမ်းအစရှိကြသည်။ ဤအရာများအား လုံးကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ပေးအပ်ခဲ့ ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ လျှောက်လှမ်းသောသူများဖြစ်ကြသည်ဟု ကျွန်ုပ်တို့နားလည်သ ဘောပေါက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အမြဲတမ်း လေ့ လာကာ နှုတ်ကပတ်တော်ဖြင့် နှလုံးသားများကို စည်းလုံး၍ နှုတ်က ပတ်တော်ကို နားထောင်ကာ လိုက်လျှောက်အသက်ရှင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ခမည်းတော်နှင့် သန့်ရှင်းသောဝိညာဉ် တော်တို့အား ကျွန်ုပ်တို့၌ ဝမ်းမြောက်စေတော်မူနိုင်သောအရာများ အားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ ဤအရာသည် ဤကျမ်း ချက်၌ ရှင်ပေါလုဟောပြောသောအရာ ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အသက်တာများ၌ ကျွန်ုပ်တို့နှင့်အ တူ အစဉ်အမြဲရှိတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှလုံးသား များကို စောင့်ရှောက်၍ မစတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ် တို့အား ကောင်းကြီးမင်္ဂလာများ ဆက်လက်ချပေးတော်မူပါစေ။ ကိုယ်တော်ပြန်လည်ကြွလာတော်မူသောအခါ အရာအားလုံးတို့သည် ဘုန်းတော်ထင်ရှားရန် ပြောင်းလဲကြလိမ့်မည်။ ယခု ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံ တော်နှင့် ဘုန်းတော်အားလုံးကို အမွေခံကြလိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်အမွေခံလိုသောသူများသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို သေချာစွာနားထောင်၍ ယုံကြည်သင့်ကြသည်။
ဟာလေလုယ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သင်နှင့်အ တူရှိ၍ သင့်ကို ကောင်းကြီးမင်္ဂလာချပေးပါစေမည့်အကြောင်း ကျွန် တော်ဆုတောင်းသည်။