Search

Często Zadawane Pytania na temat Wiary Chrześcijańskiej

Temat 2: Duch Święty

2-2. သန့်ရှင်းသောဝိညာဉ်တော်သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကိုယုံကြည်သောသူများအပေါ်မှာ အချိန်တိုင်းကိန်းဝပ်လျက်ရှိ သလား။ (သို့) သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ထံအကူအညီတောင်း ကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ပတ်လည်တွင်လျှင်မြန် စွာလှုပ် ရှားလျက် လာခဲ့သလား။

    သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုကူညီသောပုဂ္ဂိုလ် ဖြစ်သည်။တနည်းအားဖြင့်၊ ရေနှင့်ဝိညာဥတော်အားဖြင့်ဒုတိယမွေးဖွါးခြင်းခံသော သူများအပေါ် ဘုရားသခင်ပေးခဲ့သောသမ္မာတရားဝိညာဉ်တော်ဖြစ်ပါသည်။ သခင် ယေရှုခရစ်တော်သည်ဗတ္တိဇံဆရာယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ပြီး ကားတိုင်ပေါ် တွင်အသေခံခဲ့ကာ ရှင်ပြန်ထမြောက်ခဲ့သည် (ယောဟန် ၁၅း၂၆)။ ဧဖက် ၁:၁၃ တွင် "သန့်ရှင်းသောဝိညာဉ်တော်သည်ဖြောင့်မတ်သောသူ၊ ယေရှုခရစ်တော်ကိုယုံ ကြည်ခြင်းအားဖြင့်မိမိ၏အပြစ်အတွက်ခွင့်လွှတ်ခြင်းရရှိသော သူများအပေါ်၌ကြွ ရောက်ပြီးလျှင် ထိုသူသည်ဘုရားသခင်၏သားအဖြစ် တံဆိပ်ခတ်ခြင်းကိုခံရ၏" ဟု ဖော်ပြထားပါသည်။ သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ် လွတ်ခြင်းရရှိသောဖြောင့်မတ်သူများနှင့် ထိုသို့ရရှိသောသူများကို ဘုရားသ ခင်၏ သားသမီးဖြစ်သည်ဟု တံဆိပ်ခတ်ခြင်းခံသောသူများအပေါ်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ခဲ့သည်။
    ယောဟန် ၁၄:၁၆ တွင် သခင်ယေရှုက "ခမည်းတော်သည် သမ္မာတရား ကိုပြသောဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကိုသင်တို့နှင့်အ တူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်" ဟုမိန့်တော်မူခဲ့ သည်။ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံတော်မူခြင်းအားဖြင့် လောကလူသားများ အားလုံး၏ အပြစ်များကိုယူဆောင်သွားခဲ့သည်ဟု သခင်ယေရှု၏တပည့်တော်များ ကယုံကြည်ခဲ့ကြသည်။ ထိုအကြောင်းကြောင့် ဗတ္တိဇံဆရာယောဟန်က "ဤလော က၏အပြစ်ကိုယူဆောင်သွားသောဘုရားသခင်၏သိုးသူငယ်ကိုကြည့်လော့" (ယောဟန် ၁:၂၉) ဟု ပြောခဲ့ခြင်းဖြစ်သည်။
    "လောကအပြစ်များ"ဆိုသည်မှာ အစအဦးမှစ၍ ကမ္ဘာကုန်ဆုံးသည့်ထိ တိုင် ဤကမ္ဘာပေါ်တွင်ရှိသောလူသားများအားလုံးကျူးလွန်သောအပြစ်များကိုဆို လိုသည်။ သခင်ယေရှုက လောကအပြစ်များအားလုံးကို ကားတိုင်တော်ပေါ်တွင် အ သေခံသောအချိန်နှင့်ရှင်ပြန်ထမြောက်သောအချိန်များတွင် သူလက်ခံခဲ့သည်။ ထိုအရာများအားဖြင့် ကျွန်ုပ်တို့အား အစဉ်အမြဲဖြောင့်မတ်သောသူများဖြစ်စေခဲ့ သည်။ ဟေဗြဲ ၁၀:၁၂-၁၄ တွင် "ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့်အားမရှ ိသောဒူးတို့ကိုခိုင်ခံ့စေကြလော့။ ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာဖြော်င့သောလမ်းတို့ကိုပြင် ဆင် ကြလော့။ လူအပေါင်းတို့နှင့်အသင့်အတင့်နေ၍ငြိမ်သက်ခြင်းကို၄င်း၊ သန့်ရှင်း ခြင်းပါရမီကို၄င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင် အဘယ် သူမျှထာဝရဘုရားကိုမဖူး မမြင်ရ" ဟုရေးသားထားသည်။
    သခင်ယေရှုသည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ပြီး ကားတိုင်တင်သတ် ခြင်းခံခဲ့ကာ ရှင်ပြန်ထမြောက်ခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အစဉ်ဖြောင့် မတ်သောသူများဖြစ်ကြသည်။ သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များ အားလုံး လွတ်မြောက်ခြင်းရရှိခဲ့ပြီး ဘုရားသခင်၏သားသမီးများဖြစ်လာရခြင်း ဖြစ်သည်။ ဤသမ္မာတရားသည် ဘယ်တော့အခါမှပြောင်းလဲခြင်းမရှိပေ။ ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သောသူများဖြစ်လာသောသူများ၏နှလုံးသားတွင် အပြစ် တရားမရှိတော့ပေ။ လူသားများသည် သူတို့၏အားနည်းချက်ကြောင့် အပြစ်ပြု ခြင်းကလွဲပြီး အဘယ်အရာကိုမျှမပြုနိုင်ကြသော်လည်း သခင်ယေရှုကသူတို့အ ပြစ်များအားလုံးယူ  ဆောင်သွားခဲ့သောကြောင့် သူတို့မှာအပြစ်မရှိတော့ချေ။ ထို ကြောင့်သူတို့သည် ဘယ်တော့မှအပြစ်သားများပြန်ဖြစ်လာတော့ပေ။
    စင်ကြယ်ခြင်းရရှိခဲ့ပြီးသောသူများ၏နှလုံးသားများတွင် သန့်ရှင်းသောဝိ ညာဉ်တော်သည်အစဉ်အမြဲကိန်းဝပ်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ပြည့်စုံခြင်းမရှိ ခြင်းကြောင့် အပြစ်ပြုခြင်းကလွဲပြီးအခြားသောမည်သည့်အရာမျှမပြုနိုင်ကြပေ။ ကျွန်ုပ်တို့သည် အပြစ်ပြုလိုက်မိတိုင်း အပြစ်သားများဖြစ်လာခဲ့လျှင် ကျွန်ုပ်တို့ အား အစဉ်ဖြောင့်မတ်စေသေသာ သခင်ယေရှုခရစ်တော်၏ဆုကျေးဇူးသည် အကျိုးနည်း အဓိပ္ပါယ်မဲ့ဖြစ်သွားပါလိမ့်မည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ် များလက်ခံခဲ့ပြီး နောက်သူသည် နောက်တဖန်အသေခံရန်လိုအပ်လိမ့်မည်။ ဤအ ရာသည် သန့်ရှင်းသောဝိညာဉ်တော်ကိုမထီမဲ့မြင်ဖြစ်စေသောအပြစ်ဖြစ်သည် (ဟေဗြဲ ၆:၄-၈၊ ၁၀:၂၆-၂၉)။
    ထိုနည်းတူစွာ အပြစ်လွတ်ခြင်းအခွင့်ရရှိခဲ့သောဖြောင့်မတ်သူများနှင့် ရေ နှင့် ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးခြင်းခံခဲ့ သောဖြောင့်မတ်သူများ၌ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်လျက်ရှိသည်။ ရှင် ပေါလုက "ဘုရားသခင်၏ဗမာန်တော်သည်ရုပ်တုများနှင့်အဘယ်သို့စပ်ဆိုင်ရမည် နည်း။ဘုရား သခင်၏ဗိမာန်တော်မူကား၊ သင်တို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင် လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။သူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့် မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသ ခင်၏ဗိမာန်တော် ဖြစ်ကြ၏" (၂ကော ၆း၁၆)။
    စင်ကြယ်ခြင်းရရှိခဲ့ပြီးသောဘုရားသခင်၏သားသမီးများ၌ သန့်ရှင်းသော ဝိညာဉ်တော်အစဉ်အမြဲကိန်းဝပ်လျက်ရှိသည်။ ဤနေရာတွင် "ကျိန်းဝပ်ခြင်း" စကားလုံးသည် ကျွန်ုပ်တို့ဆုတောင်းပြီးသူ့ကိုခေါ်သောအခါတိုင်းတွင် သူသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်လှုပ်ရှားပြီး လာသည်ကိုမဆိုလိုပေ။ သူသည် "ကျွန်ုပ် တို့နှင့်အတူအစဉ်အမြဲရှိတော်မူသည်"ကိုဆိုလိုသည်။ သူသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအားဖြင့် ဒုတိယမွေးခြင်းခံသောသူများ၌အစဉ်အမြဲအသက်ရှင်ပြီး သူတို့ကို အရာခပ်သိမ်းသွန်သင်ကာ ဘုရားသခင်၏စကားတော်များသိရှိရန်လမ်း ပြပို့ဆောင် ပေးသည်(ယောဟန် ၁၄:၂၆)။
    ထိုကြောင့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်မရရှိသောသူများ သည် ဘုရားသခင်၏လူများမဟုတ်ပေ (ရောမ ၈း၉)။ သန့်ရှင်းစင်ကြယ်ခြင်းရ ရှိခဲ့ပြီးသောသူများ၌သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ပြီး သူတို့ကို အရာအား လုံးသွန် သင်ကာ သူတို့သည်ဘုရားသခင်၏သားသမီးများဖြစ်ကြကြောင်းသက် သေခံသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်နီးကပ်ပြီး ကျွန်ုပ်တို့ ကြိုးပမ်းခြင်းအဖိုး အခအတွက်သူသည်ကျွန်ုပ်တို့ထြွံကလာသည်ဟုခံယူခြင်းသည် မမှန်ကန်ပေ။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွါး ခြင်းခံသော ဘုရားသခင်၏သားသမီးများ၌သန့်ရှင်းသောဝိညာဉ်တော်အစဉ်ကျိန်း ဝပ်လျက်ရှိသည်။
    သို့သော်လည်း ဤအကြောင်းကို မြောက်များစွာသောလူများက လျစ် လျူရှုကြကာ သူတို့၏အပြစ်နှင့်ပြည့်သောနှလုံးသားများအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန်ကြိုးစားခဲ့ကြသည်။ ထိုအကြောင်းကြောင့် သူတို့ သည် စိတ်အားထက်သန်သော နောင်တရခြင်းနှင့် ဆိုင်သောဆုတောင်းခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သူတို့အပေါ်ဆင်းသက်ခဲ့သည်ဟု ယူဆကြ ခြင်းဖြစ်သည်။ သို့သော် သူတို့သည်အပြစ်ပြုသောအခါ သန့်ရှင်းသောဝိညာဉ် တော်ကသူတို့ကို စွန့်ခွါသည်ဟုခံယူကြသည်။ ဤယုံကြည်ခြင်းသည် သန့်ရှင်း သောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းမရရှိသောသူများ၏ယုံကြည်ခြင်းဖြစ်သည်။ စစ် မှန်သောယုံကြည်ခြင်းရှိသောသူများသည် အပြစ်လွတ်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်ရရှိကြသည်ဟု ယုံကြည်ကြသည်။ လူတစ်ယောက်သည် သူတို့၏ထင်ယောင်ထင်မှားအတွေး အခေါ်များစွန့်ပစ်ကာ ဘုရားသခင်၏နှုတ်ကပတ် တော်ယုံကြည်ခြင်းသို့ပြန်လှည့်သင့်သည်။