Search

Często Zadawane Pytania na temat Wiary Chrześcijańskiej

Temat 4: Często zadawane pytania od czytelników naszych książek

4-10. “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ် မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ” (ဟေဗြဲ ၁၀း၂၆)အနက်အဓိပ္ပါယ်မှာ အဘယ်နည်း။

သင်ဖော်ပြထားသောကျမ်းချက်ကို အောက်ပါအတိုင်းအနက်ဖွင့်ဆိုနိုင်ပါ သည်။ 
ဟေဗြဲ ၁၀း၂၆-၂၇ တွင် “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ် အလိုသို့လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန်အပြစ်ဖြေသာယဇ်ကို ပူဇော် ရာအခွင့် မရှိဘဲ၊ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ အမျက် တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏”ဟုဖော်ပြထားသည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားကို ယခုသင်လည်းယုံကြည် နိုင်ပါသည်။ 
ထိုနောက် “အလိုသို့လိုက်၍ပြစ်မှားခြင်း”အဓိပ္ပယ်မှာ အဘယ်အရာနည်း။
အပြစ်တရားကို အမျိုးအစားနှစ်ပိုင်းခွဲခြားနိုင်သည်ဟု ကျွန်ုပ်တို့သိရမည်။ “ သေခြင်းသို့မပို့ဆောင်သောအပြစ်” နှင့် “သေခြင်းသို့ပို့ဆောင်သောအပြစ်” (၁ယော ၅း၁၆)ဖြစ်သည်။ ကျွန်ုပ်တို့သည် နေ့တိုင်းအပြစ်ကျူးလွန်နေကြ သည်။ ဤအရာများသည် “သေခြင်းသို့မပို့ဆောင်သောအပြစ်များဖြစ်ကြ သည်။ ဘုရားသခင်သည် ထိုအပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူပြီ ဖြစ်သောကြောင့် ဖြစ်သည်။ 
သို့သော် “သေခြင်းသို့ပို့ဆောင်သောအပြစ်”ဟူသည်မှာ ဝိညာဥ်တော်ကို ဆန့်ကျင်ပြစ်တင်သောအပြစ် ဖြစ်သည်။ 
“ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအ ပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ် တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ” (မဿဲ ၁၂း၃၁)။ သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်မူကြောင်းသန့် ရှင်းသောဝိညာဥ်တော်က သက်သေခံတော်မူ၍ ဒုတိယမွေးခြင်းခံရသော သန့်ရှင်းသူများအားဖြင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို သက်သေ ခံတော်မူခဲ့သည်။ 
အချုပ်အားဖြင့်၊ လူတစ်ယောက်သည်စစ်မှန်သောသတင်းကောင်းကြားနာ ခဲ့ပြီးနောက်ငြင်းပယ်သေးလျှင် ထိုသူသည် သန့်ရှင်းသောဝိညာဥ်တော်ဆန့် ကျင်မှုအပြစ်ကျူးလွန်နေရခြင်း ဖြစ်သည်။ ထိုသူများသည် သတင်းကောင်း ကြောင့် ဒုက္ခအချို့တွေ့သောအခါ ထိုသတင်းကောင်းကို သစ္စာဖောက်ပစ် ပယ်လိုက်ကြသည်။ 
လူတစ်ယောက်သည် စစ်မှန်သောသတင်းကောင်းကိုမှန်ကန်သည်ဟု သိရှိ ပြီးနောက်ငြင်းပယ်လျှင် ဘုရားသခင်သည် ထိုသူ၏အပြစ်ကို လွှတ်နိုင်လိမ့် မည်လော။ ဘုရားသခင်သည် ထိုသူကို အပြစ်ကြောင့် ထာဝရဒဏ်ခတ် မည်ဟု မိန့်တော်မူခဲ့သည်။