Search

Sermões

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 9-1] သူ့ကို သူ့ကိုအနက်ဆုံးသောတွင်းမှ ကပ်ရောဂါဘေး (ဗျာဒိတ်ကျမ်း ၉း၁-၂၁)

သူ့ကို သူ့ကိုအနက်ဆုံးသောတွင်းမှ ကပ်ရောဂါဘေး
( ဗျာဒိတ်ကျမ်း ၉း၁-၂၁ )
“ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ကြယ်တစ်လုံး သည်ကောင်းကင်က မြေကြီးပေါ်သို့ကျသည်ကို ငါမြင်၏။ သူ၏ အနက် ဆုံးသောတွင်း၏ သော့ကို အပ်ပေးသည်။ သူသည် အနက်ဆုံးသောတွင်း ကို ဖွင့်လျှင် ကြီးစွာသော မီးဖို၏အခိုးကဲ့သို့သော အခိုးသည် တွင်းထဲက တက်လေ၏။ ထိုတွင်း၏မီးခိုးကြောင့် နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေသည်။ ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီး အပေါ် သို့ထွက်၍ မြေကင်းမီးကောက်တန်ခိုးကဲ့သို့သော တန်ခိုးကိုရကြ၏။ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာများသစ်ပင်များ၊ သစ်ပင်များအပေါင်းတို့ကို ထား၍နဖူး၌ ဘုရားသခင်၏တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုသာ ညှင်းဆဲမည့်အကြောင်း သူတို့အား ပညက်ထား၏။ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကိုကားသတ်ရသော အခွင့်မရှိ ငါးလပတ်လုံး ပြင်းစွာသော ဝေဒနာဖြစ်စေသောအခွင့်ရှိ၏။ ထိုကျိုင်းကောင်ဖြစ်စေသော ဝေဒနာ သည်ကား ကင်းမြီးကောက်သည် လူကို ထိုးသောဝေဒနာကဲ့သို့ ဖြစ်သ တည်း။ ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာ သော်လည်း မတွေ့ရကြ၊အလွန်သေချင်သော်လည်း သေမင်းသည်သူတို့ ထံမှပြေးသွားလိမ့်မည်။ ယေရှုခရစ်ပြန်လည်ရှင်ပြန်ထမြောက်ပြီး၊ ကောင်း ကင်နိုင်ငံတော်သို့ကြွတော်မူသည့်နောက် တမန်တော်များက ရေနှင့်အ သွေးတော်၏ဧဝံဂေလိတရားများကို ဟောပြောကြသည်။ အကယ်၍ဓမ္မ သစ်ကျမ်းကိုကကနနဖတ်မည်ဆိုလျှင် ပေါလု၊ ပေတရုနှင့် ယောဟန်အပါ အဝင် ကျမ်းစာရေးသူများက ထိုအကြောင်းမရေးကြသော်လည်း တမန် တော်အားလုံးနှင့် ကနဦးအသင်းတော်အမှုတော်ဆောင်များသည်ရေနှင့် ဝိ ညာဉ်တော်၏ဧဝံဂေလိတရားကိုအလေးပေးဟောပြောကြသည်ကိုတွေ့ ရ ပါသည်။ထိုအတောအတွင်း သတင်းကောင်းများတိုးပွားလာလော၊ နတ်ဆိုး များအတွက်ထိုသတင်းကောင်းများကိုပြောင်းလဲပစ်ရန်၊အကြောင်း များဖန် တီးလာသည့်အပြင် အသင်းတော်မှအသက်တာတန်ခိုးများကို သယ်ဆောင် သွားပါသည်။ ထိုနည်းတူအ္လေီ၊ မီလန်အမိန့်တော်ထုတ်ပြန်သည့်အချိန်မှစ၍ ခရစ်ယာန်အသင်းတော်သည် နတ်ဆိုး၏ထောင်ချောက်တွင်းသေချာ၍ မိ ထားခဲ့လေသည်။ ရောမအင်ပါယာကခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာ သာအဖြစ်ပြောင်းစေပြီး ရောမအင်ပါယာကြီး၏နိုင်ငံရေးတန်ခိုး အာဏာ ကို နိုင်ငံရေးအရတည်တံ့ခိုင်မြဲစေရန် ကြိုးစားအားထုတ်လာခဲ့သည်။ တဦး တယောက်က ဗတ္တိဇံခံယူပြီး၊ အသင်းတော်သို့ဝင်သောသူကို ရောမသား အဖြစ်အသိအမှတ်ပြုပေးခြင်းဖြင့် သီးခြားကွဲနေသောကိုလိုနီများကို တလုံး တဝတည်း ဖြစ်ဖို့ရန် ကြိုးစားခဲ့လေသည်။”
 
 

အနက်ဖွင့်ကျမ်း

 
အနက်ဖွင့်ကျမ်း အခန်းငယ် (၁) ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ကြယ်တစ်လုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကိုငါမြင်၏။ သူ၏အနက်ဆုံးသောတွင်း၏ သော့ကိုအပ်ပေးသည်။
ဘုရားသခင်ကကောင်းကင်ကျွန်ကို အနက်ဆုံးသောတွင်း၏သော့ကို ပေးခဲ့ သည်။ဆိုလိုသည်မှာ ဘုရားသခင်သည် ငရဲကဲ့သို့ အလွန်ကြောက်စရာ ကောင်းသော ကပ်ရောဂါဘေးကို လူသားတို့ အပေါ်သို့ ကျရောက်စေရန် ဆုံးဖြတ်ထားသည်။
အနက်ဆုံးသောတွင်းဆိုသည်မှာ အလွန်တရာနက်သော ချောက် နှင့်အတူတူပင်ဖြစ်ပြီး အဓိပ္ပါယ်မှာ အဆုံးမရှိသော အလွန်နက်သည့် အရပ် ဖြစ်သည်။ ကမ္ဘာမြေ၌ နေထိုင်သော အန္တီခရစ်နှင့် သူ၏ အပေါင်းပါများနှင့် ဖြောင့်မတ်ခြင်း တရားကို ဆန့်ကျင်ပြီး ရပ်တည် နေသူများအတွက် ဒုက္ခ ဝေဒနာများခံစားစေရန် ဘုရားသခင်သည် အနက်ဆုံးသောတွင်းကို ဖွင့် လိမ့်မည်။ ၄င်းနောက်ဆုံးသောတွင်း၏သော့မှာ ပဉ္စမမြောက်ကောင်းကင် တမန်ကို ပေးအပ်ထားသည်။ ဤအရာသည် ကြောက်ရွံ့စရာကောင်းသော ကပ်ရောဂါဘေးဖြစ်ပြီး ၄င်းသည် ငရဲကဲ့သို့ အလွန်တုန်လှုပ် ချောက်ခြား ဘွယ်ကောင်းသည်။
 
အခန်းငယ် (၂) သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင် ကြီး စွာသောမီးဖို၏အခိုးကဲ့သို့သောအခိုးသည်တွင်းထဲကတက်လေ၏။ ထိုတွင်း ၏မီးခိုးကြောင့် နေနှင့်အာကာသကောင်းကင်သည် မှောင်မိုက် လေသည်။
ဘုရားသခင်က အနက်ဆုံးသောတွင်းကို ခွင့်ပြုလိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံးသည် မီးတောင်ပြာကဲ့သို့သော ဖုန်မှုန့်များဖြင့် ပြည့် လျက်ရှိပြီး အမှောင်ကပ်ဘေးကြီး ထဲသို့ကျရောက် သွားတော့သည်။ အ မှောင်ထုကပ်ဘေးကြီးကို အမှောင်ထုကို နှစ်သက်သူများအတွက် ချန်ထား သည်။ ဘုရားသခင်သည်ရေနှင့်ဝိညာဉ်ဆိုင်ရာတစုကို လူတိုင်းအား ပေး ဆပ်လျက် ရှိပြီးဘုရားသခင်သည် အလင်းရောင်တို့၏ဘုရားဖြစ်သည်။ ဤ အမှန်တရားကို လက်ခံသူတိုင်းအား ဘုရားသခင်သည် ကယ်တင်ခြင်း ဆု ကျေးဇူးကိုပေးအပ်ပြီးသူ၏တောက်ပသောအလင်းထဲ၌နေထိုင်ခွင့်ပြုတော် မူသည်။ ဘုရားသခင်၏အမှန်တရားကို လက်မခံသော သူတို့သည်ဘုရား သခင်၏ကံထိုက်တန်သောပြစ်ဒဏ်ကို ရင်ဆိုင်စေပြီးနောက် သူတို့အတွက် အမှောင်ကပ်ဘေးကြီးနှင့် သူ၏မျှတသောတရားစီရင်မှုကို သူတို့ အပေါ်သို့ ချပေးလိမ့်မည်။
အခြေခံအားဖြင့် လူများတို့သည် အပြစ်သားအဖြစ် မွေးဖွားလာခဲ့ ကြသည်။ ထို့ကြောင့် သူတို့သည် အလင်းထက်အမှောင်ကို သူတို့ ဘဝ ထဲသို့ဆွဲယူရန် ပိုမိုနှစ်သက်ရွေးချယ်ကြသည်။ ထို့ကြောင့် သူတို့သည် ဘု ရားသခင်ထံမှ အမှောင်ထုကပ်ရောဂါကိုသာ ခံယူရန် ထိုက်တန်သူများ ဖြစ် ကြသည်။အဘယ့်ကြောင့်ဆိုသော်သခင်ဘုရားပေးအပ်သော ရေနှင့်ဝိညာဉ် ဆိုင်ရာ သတင်းကောင်းကို ယုံကြည်လက်ခံမှုမရှိခြင်းနှင့် ဆန့်ကျင်ကြခြင်း တို့ကြောင့် ဖြစ်သည်။
အခန်းငယ် (၃) ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီး အပေါ်သို့ထွက်၍မြေကင်းမီးကောက် တန်ခိုး ကဲ့သို့သောတန်ခိုးကိုရကြ၏။
ဘုရားသခင်၏အမှန်တရားကို သူတို့၏မွေးရာပါ အတွေးအခေါ် ဖြင့်ဆန့်ကျင်နေကြသော အပြစ်သားများအတွက် ဘုရားသခင်သည် ဤ ကမ္ဘာမြေကြီးသို့ ကျိုင်းကောင်များစေလွှတ်ခြင်းဖြင့် အပြစ်ပေးလိမ့်မည်။ ကျိုင်းကောင်ကပ်ဘေးကြီးသည် မြေကင်းမီးကောက် အဆိပ်ကဲ့သို့ပင် ပြင်း ပြစွာ နာကျင်စေသောဝေဒနာများကို သယ်ဆောင်လာနိုင်သည်။ ထိုအ ကြောင်းများကြောင့် ကမ္ဘာမြေရှိအပြစ်သား အားလုံးတို့သည်ဘုရားသခင် ၏ စစ်မှန်သောချစ်ခြင်းမေတ္တာကို ယုံကြည်ကြရမည်။ ထိုသို့ မဟုတ် သောသူများသည် သူတို့၏ဘုရားသခင်မေတ္တာကို ဆန့်ကျင်ပြင်းထန်သော ပြစ်မှုနှင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး ရပ်တည်ကြသောပြစ်မှုများသည် မည်မျှ ကြီးမားပြီး ဝေဒနာမည်မျှ ခံစားရမည်ကို ကိုယ်တိုင်မြင်တွေ့ ရလိမ့် မည်။ ဘုရားသခင်၏ အမှန်တရားကို မိမိတို့၏ မွေးရာပါ အတွေးအခေါ်ဖြင့် ဆန့်ကျင်ရပ်တည်သူများအတွက် ဘုရားသခင်သည် ကမ္ဘာမြေသို့ကျိုင်း ကောင်များကို စေလွှတ်ခြင်းဖြင့် ထိုသူတို့အား သူတို့၏အပြစ်ကြွေးကို ပေးဆပ်စေမည် ဖြစ်သည်။ ထိုသူတို့အတွက် အပြစ်၏အစမှာ ကျိုင်း ကောင်ကပ်ဘေးကြီး ကျရောက် ခံစားရခြင်းပင် ဖြစ်သည်။
 
အခန်းငယ် (၄) မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ သစ်ပင်များ၊သစ် ပင်များအပေါင်းတို့ကို ထား၍နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကိုသာ ညှင်းဆဲမည့် အကြောင်း သူတို့အား ပညတ်ထား၏။
ဘုရားသခင်သည် ကြောက်မက်ဘွယ် ကောင်းသော ကျိုင်းကောင်ကပ် ဘေးကြီးကျရောက်စေသောအခါ သူကိုယ်တိုင် တံဆိပ်ခတ်နှိပ်ထားသော သူများအပေါ် သနားညှာတာမှုပြသရန် မေ့လျော့မည် မဟုတ်ပေ။ သဘာဝ ကို အန္တရာယ်မပြုရန်အတွက်လည်း ကျိုင်းကောင်များအပေါ် သူအမိန့် ပေး မည်ဖြစ်သည်။
အခန်းငယ် (၅) တံဆိပ်ခတ်ခြင်းကိုမခံသော သူတို့ကိုကား သတ် ရသော အခွင့်မရှိငါးလပတ်လုံး ပြင်းစွာသော ဝေဒနာဖြစ်စေသော အခွင့်ရှိ ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား ကင်းမြီးကောက် သည် လူကို ထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။
ဘုရားသခင်သည် သူ၏မေတ္တာနှင့် အမျက်ဒေါသကို ရှောလမုန်သီချင်း (၈း၆)တွင် “အကြောင်းမူကား မေတ္တာသည် သေခြင်းနှင့် အမျှ တန်ဖိုးကြီးပါ၏။ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံ နှင့်အမျှခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန် ဖြစ်ပါ၏”ဟု ဖော်ပြ ထား ပါသည်။ထိုကဲ့သို့ပင်ရေနှင့်ဝိညာဉ်သတင်းကောင်းအားဖြင့် ဖော်ပြထား သော ဘုရားသခင်၏မေတ္တာကို ဆန့်ကျင်သူတို့အတွက် အပြစ်ဒဏ်သည် မည်မျှကြီးမားပြီး၊မည်မျှပြင်းထန်မည်ကို ဤကပ်ရောဂါဘေးကြီးက ကျွန်ုပ် တို့အား ပြောပြနေပါသည်။
အခန်းငယ် (၆) ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ၊ အလွန်သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။
ကျိုင်းကောင်ကပ်ဘေးကြီးသည် အလွန်ကြီးမားသည့်ဒုက္ခဝေဒနာ ကို သယ်ဆောင်လာလိမ့်မည်။ လူတို့သည် ယင်းသို့ ဝေဒနာ ခံစားရသည် ထက် သေရန် ရွေးချယ်ကြလိမ့်မည်။ ထိုသို့ သူတို့အလွန်ဆန္ဒရှိသည့် တိုင် အောင်သူတို့သည်သေနိုင်ကြမည်မဟုတ်ပါ။ဤကပ်ရောဂါဘေးကြ ရောက် ခြင်းမှာ တို့ဘုရားသခင်ကို လစ်လျူရှုကြသောကြောင့် ဖြစ်သည်။ အသွေး အသားအသက်တာ၏နောက်ဆုံးအချိန်သည် အလုံးစုံတို့၏ နောက်ဆုံးကာ လပင် ဖြစ်ကြောင်း တွေးတောရင်းနှင့်ပင် အသက်ရှင်ခြင်းနှင့် သေခြင်းကို အုပ်စိုးသော ဘုရားရှင်ကို လစ်လျူရှုကြသည်။ သို့သော် ဤကျိုင်းကောင် ကပ်ရောဂါ ဘေးကြီးအားဖြင့် ဘုရားသခင်အခွင့်မပြုလျှင် သေခြင်းပင်လျှင် မကျရောက်နိုင်ကြောင်း ဘုရားရှင်က ကျွန်ုပ်တို့အား ဖော်ပြနေပါသည်။
အခန်းငယ်(၇-၁၂) ယေရှုခရစ်ပြန်လည် ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်နိုင်ငံတော်သို့ကြွတော်မူသည့်နောက်တမန်တော်များကရေနှင့် အသွေးတော်၏ဧဝံဂေလိတရားများကို ဟောပြောကြသည်။ အကယ်၍ ဓမ္မသစ်ကျမ်းကိုကကနနဖတ်မည်ဆိုလျှင်ပေါလု၊ ပေတရုနှင့် ယောဟန်အ ပါအဝင်ကျမ်းစာရေးသူများက ထိုအကြောင်းမရေးကြသော်လည်း တမန် တော်အားလုံးနှင့် ကနဦးအသင်းတော်အမှုတော်ဆောင်များသည်ရေနှင့်ဝိ ညာဉ်တော်၏ဧဝံဂေလိတရားကို အလေးပေးဟောပြောကြသည်ကို တွေ့ ရပါသည်။ထိုအတောအတွင်းသတင်းကောင်းများတိုးပွားလာလော၊နတ်ဆိုး များအတွက်ထိုသတင်းကောင်းများကိုပြောင်းလဲပစ်ရန်၊အကြောင်း များဖန် တီးလာသည့်အပြင် အသင်းတော်မှအသက်တာတန်ခိုးများကို သယ်ဆောင် သွားပါသည်။
ဘုရားသခင်အား အပြစ်ကျူးလွန်ရာ၌ ယောကျာ်းတစ်ဦးအဖို့ မိန်း မလိုက်စားခြင်းဖြင့် မည်မျှပို၍ အပြစ်ကျူးလွန်နိုင်ကြောင်းကို ဤအ ကြောင်းအရာက ဖော်ပြနေသည်။စာတန်သည်ကျွန်ုပ်တို့အားလိင်မှု ဆိုင်ရာ အကျင့်စာရိတ္တပျက်ပြားစေရန်ရှာဖွေပြုလုပ်ပြီးကျွန်ုပ်တို့ဘဝအား ပျက်ပြား စေလျက် ဘုရားသခင်နှင့်ဝေးကွာစေရန်အတွက် ယင်းကဲ့သို့သော လောကီ ကာမဂုဏ်၌ နက်ရှိုင်းစွာ ကျွန်ုပ်တို့ ဘဝကိုသယ်ဆောင်ပေးနိုင်ကြောင်း ကျွန်ုပ်တို့ မမေ့ဖို့ လိုအပ်ပါသည်။
အခန်းငယ် (၁၃-၁၅) ထိုနည်းတူအ္လေီ၊ မီလန်အမိန့်တော်ထုတ်ပြန် သည့်အချိန်မှစ၍ ခရစ်ယာန်အသင်းတော်သည် နတ်ဆိုး၏ထောင် ချောက် တွင်းသေချာ၍မိထားခဲ့လေသည်။ ရောမအင်ပါယာက ခရစ်ယာန်ဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ်ပြောင်းစေပြီး ရောမအင်ပါ ယာကြီး၏နိုင်ငံ ရေးတန်ခိုးအာဏာကို နိုင်ငံရေးအရတည်တံ့ခိုင်မြဲစေရန် ကြိုးစားအား ထုတ်လာခဲ့သည်။ တဦးတယောက်ကဗတ္တိဇံခံယူပြီး၊ အသင်းတော်သို့ဝင် သောသူကို ရောမသားအဖြစ်အသိအမှတ်ပြုပေးခြင်းဖြင့် သီးခြားကွဲနေ သောကိုလိုနီများကို တလုံးတဝတည်း ဖြစ်ဖို့ရန် ကြိုးစားခဲ့လေသည်။
ဘုရားသခင်က လူသားများ အကျိုးအတွက် စိတ်ရှည် သည်းခံ လျက် ကြာမြင့်စွာစောင့်စားခဲ့သောအပြစ်အတွက် တရားစီရင်ခြင်းသည် နောက်ဆုံး၌စတင်လိမ့်မည်။ယခုအချိန်သည် ယူဖရေးတီမြစ် တလျောက်ရှိ လူသားများအတွက် စစ်မက်တည်းဟူသော ကပ်ရောဂါဘေးကြီး ကျ ရောက်ချိန် ဖြစ်သည်။
အပိုဒ်ငယ် (၁၆) မြင်းစီး သူရဲတို့၏အရေအတွက်ကား နှစ်အသ င်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြား၏။
ဤနေရာတွင် မြင်းစီးစစ်သည်တို့၏အရေအတွက်ကို ရေတွက်ပြီး ဖြစ်ကြောင်းဖော်ပြထားသည်။ ဤစစ်ပွဲမှာ ယခုခေတ် အီလက်ထရေနစ် စစ်ဆင်ရေးကို ရည်ညွှန်းထားသည်။ မည်သို့ ဆိုစေကာမူ ဤစစ်ပွဲကြီးတွင် လူသားအားလုံး၏ သုံးပုံတစ်ပုံမှာသေဆုံးကြမည်။ ကျန်ရှိသော လူသားတို့ သည် ရုပ်တုဆင်းတုကို ဆက်လက် ကိုးကွယ်ကြပြီး ဘုရားသခင်ကို ဆန့် ကျင်ရပ်တည်လျက် သူတို့၏ အပြစ်များမှ နောင်တရရန် ငြင်းဆန်နေကြ လိမ့်မည်။ ဤအချက်က နောက်ဆုံးသောကာလတွင် သူသို့မဟုတ် သူမ တို့၏ အပြစ်များနှင့်အတူ လူတိုင်းမည်မျှလောက် စိတ်မာကျော နေကြ မည်ကို ဖော်ပြသည်။
အခန်းငယ် (၁၇)ထို့အတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ ကို၄င်း၊ ကန်၊ မီး၊ဝှါကိန္တုကျောက်နှင့် ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲ တို့ကို၄င်း ငါ.... မြင်ရ၏။ မြင်းတို့၏ခေါင်းသည် ခြင်္သေ့ကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုး ထွက်ကြ၏။
တမန်တော်ရှင်ယောဟန် မြင်တွေ့ခဲ့သောအရာများမှာ ၂၁ရာစု၏ ကြောက်မက်ဖွယ် ပျက်စီးစွမ်းရှိသောလက်နက်များဖြစ်သည့် တင့်ကား များ၊ တိုက်လေယာဉ်များနှင့်အခြားခေတ်မီ လက်နက်များပင် ဖြစ်သည်။
အခန်းငယ် (၁၈-၁၉) သူတို့၏ခံတွင်းထဲက ထွက်သောကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့် လူသုံးစုတစ်စု သေ၏။ အကြောင်း မူကား သူတို့တန်ခိုးသည် ခံတွင်း၌၄င်း၊ အမြီး၌၄င်း တည်၏။အမြီးသည် ခေါင်းနှင့် ပြည့်စုံ၏။ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှင်းဆဲတတ် ကြ၏။
နောက်ဆုံးသောအချိန်၌ ခေတ်မီလက်နက်များဖြင့် တိုက်ခိုက်ကြ သော အလွန်ကြီးမားသည့် စစ်ပွဲကြီးများပေါ်လာလိမ့်မည်။ ယင်းကဲ့သို့ သောလက်နက်များကြောင့် ပေါ်ပေါက်လာမည့်ကန့်၊ မီးလျှံနှင့် မီးခိုးတည်း ဟူသော ကပ်ရောဂါဘေးကြီးကြောင့် သုံးပုံတစ်ပုံသော လူသားတို့ သေဆုံး ကုန်ကြလိမ့်မည်။ 
အခန်းငယ် (၂၀) ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသော လူတို့ သည် နတ်တို့ကို ၄င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တု တို့ကို၄င်းမ ကိုးကွယ်ဘဲနေခြင်းမှာ ကိုယ်လက်နှင့် လုပ်သောအရာကို နောင်တ မပါဘဲ နေကြ၏။
ဤကပ်ရောဂါဘေးများကျရောက်သော် ငြားလည်း စစ်ပွဲကြောင့် မသေဘဲ ကျန်ကြွင်းသူများသည် ရုပ်တု ဆင်းတုကို ပို၍ပင် ကိုးကွယ်ပြီး ဆက်လက်၍ ဦးညွှတ်လျက်ရှိကြသည်။ အဘယ့်ကြောင့် ဆိုသော် ဤလူ များသည် ဖျက်ဆီးရန် ချန်ထားသူများ ဖြစ်သည်။
အခန်းငယ် (၂၁) ကိုယ်ကျင့်သောအကျင့်တည်းဟူသော လူ့အ သက်ကိုသတ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ မတရားသောမေထုံ၌ မှီဝဲ ခြင်း၊သူ့ဥစ္စာကို ခိုးခြင်း၊ အမှုများကိုလည်း နောင်တမရဘဲ နေကြ၏။
ဤအရာများက နောက်ဆုံးသောကာလ၌ လူသားတို့သည် ဘုရား သခင် ရှေ့၌သူတို့၏အပြစ်များအတွက် နောင်တရကြလိမ့်မည် မဟုတ် ကြောင်း ကျွန်ုပ်တို့ကိုဖော်ပြနေပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ဤ အပြစ်သားများကိုတရားစီရင်လိမ့်မည်ဖြစ်သည်။သို့သောဖြောင့်မတ်သူများ ကိုမူ အသစ်ကောင်းချီး မင်္ဂလာနှင့်ပြည့်ဝသည့် အသစ်သောကမ္ဘာ၌ အ သက်ရှင်ခွင့် ပြုလိမ့်မည်။