HỌC KINH THÁNH
Câu hỏi thường gặp về Đức tin Cơ đốc
2-8. သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံခံယူခြင်းသည် အ ဘယ်အရာကိုဆိုလိုသနည်း။
2-10. ဆေးဆ၇ာဝန်များစစ်ဆေးချက်အရ ကျွန်ုပ်ကိစ္စ သည်အစာအိမ်ကင်ဆာဖြစ်သည်ဟုသိရှိသောအခါ ရက်များစွာဝမ်းနည်းခဲ့သည်။ တနေ့ ကျွန်ုပ်သူငယ်ချင်းတစ်ယောက် ကျွန်ုပ်ထံလာပြီး သူ၏ အသင်းတော်တွင် ကျင်းပသောနှိုးထမှုအစီအစဉ်သို့ တက်သောလူတိုင်းသည် ရောဂါမျိုးစုံမှကျန်းမာ ခြင်းရရှိခဲ့ကြသည်ဟုပြောခဲ့သည်။ ကျွန်ုပ်သည် ထိုအချိန်တွင် ဘုရားမဲ့ဝါဒီသမား တစ်ဦးဖြစ်ခဲ့သည်။ ကျွန်ုပ်အတွက် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အနာရော ဂါငြိမ်းစေခြင်းသည် အလွန်ကောင်းပြီး မှန်ကန်နေသည်။ နောက်ဆုံးသောဝတ်ပြု အစည်းအဝေးတစ်ခုတွင် လူတိုင်း သည်အမှုတော်ဆောင်များ၏လက်တင်ခြင်းခံ ယူရန် ရှေ့သို့သွားခဲ့ကြသည်။ သူသည်ကျွန်ုပ်အပေါ်လက်တင်ပြီးနောက် နား လည်၍မရသောစကားလုံးများပြောစေခဲ့ကာ သခင်ယေရှုခရစ်တော်၏တန်ခိုးကို ယုံကြည်သလားဟုမေးခဲ့သည်။ ကျွန်ုပ်စိတ်နှလုံးသားထဲတွင် ယုံကြည်ခြင်းအမှန် မရှိခဲ့သော်လည်း ကျွန်တော်စိတ်ဆိုးကာ ယုံကြည်သည်ဟုပြောခဲ့သည်။ ထိုအ ချိန်တွင် ကျွန်ုပ်အပေါ်လျှပ်စစ်စီးနေသလို ပူလောင်မှုကိုခံစားခဲ့ရသည်။ ကျွန်ုပ် ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရီတုန်ရီဖြစ်ခြင်းကိုခံစားခဲ့ရပြီး၊ ကျွန်တော်ခံစား သောကင်ဆာ ရောဂါပျောက်ကင်းမှုကိုခံစားခဲ့ရသည်။ ကျွန်တော်ဘုရားသခင်ကို ယုံကြည်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။ ထိုနောက် ကြီးမားသောဝမ်းမြောက်ပျော် ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်းသည် ကျွန်ုပ်နှလုံးသားထဲတွင်ရောက်ရှိလာခဲ့သည်။ ကျွန်တော် အသစ်သောအသက်တာဖြင့်လျှောက်လှမ်းခဲ့သည်။ သတင်းကောင်း ဝေငှဖြန့်ချီရန် ကျွန်တော် မိမိကိုယ်ကိုဆက်ကပ်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ် တော်သည်ဤအရာများကိုဖြစ်စေသည်ဟု ကျွန်တော်ယူဆသည်။ သန့်ရှင်းသော ဝိ ညာဉ်တော်သည် ကျွန်ုပ်ထဲတွင် ကိန်းဝပ်သည်ဟုလည်းယုံကြည်ခဲ့သည်။ ၄င်း ကို ဆရာ့အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းဟု ယူဆသလား။
Copyright © 2021 by The New Life Mission