• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出

关于基督教信仰的常见问题解答

话题3:启示录

3-6. ယေရုစလင်မြို့တော်သစ်ဆိုသည်မှာ မည်သည့်အရာနည်း။

ယေရုစလင်မြို့တော်သစ်ဆိုသည်မှာ ပထမအကြိမ်ချီဆောင်ခြင်း တွင်ပါဝင်ကြမည့်သန့်ရှင်းသူများအတွက် ဘုရားသခင်ပြင်ဆင်ထားသော ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင် တည်ရှိသည့်သန့်ရှင်းသောမြို့တော် ဖြစ်သည်။ ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေး ဤကမ္ဘာပေါ်၌ ကုန်ဆုံးသွား ပြီးနောက် ဘုရားသခင်သည် စာတန်ကိုအဆုံးမရှိသောတွင်းထဲ၌ နှစ်တစ် ထောင်ကြာ ချုပ်နှောင်ထားပြီး ပထမအကြိမ်ချီဆောင်ခြင်းတွင် ပါဝင်ကြ သောသန့်ရှင်းသူများအားသခင်ဘုရားနှင့်အတူ နှစ်တစ်ထောင်နိုင်ငံတော် ကို အုပ်စိုးရသောကောင်းချီးများကို အပ်နှင်းမည်ဖြစ်သည်။ ၄င်းအပြင် နှစ် တစ်ထောင်ကာလကုန်ဆုံးပြီးနောက်ပထမကမ္ဘာကို ပျောက်ကွယ်သွား အောင်လုပ်ပြီးနောက်ကောင်းကင်သစ်နှင့်မြေကြီးသစ်တည်းဟူသောလက် ဆောင်ကို သန့်ရှင်းသူများအား ပေးအပ်လိမ့်မည်။
ဤကောင်းချီးများကို ရရှိကြသော သန့်ရှင်းသူများမှာ ယေရှုခရစ် အားဖြင့်ပေးအပ်သောရေနှင့်ဝိညာဉ်ဆိုင်ရာ သန့်ရှင်းသော သတင်းကောင်း ကို ယုံကြည်ခြင်းဖြင့်သူတို့၏အပြစ်အားလုံးမှ အပြစ်ခွင့်လွှတ်ခြင်းကို ခံရ သောသူများဖြစ်ကြသည်။ သခင်ဘုရားသည် သန့်ရှင်းသုူတို့၏ သတို့သား ဖြစ်လာပြီးသန့်ရှင်းသူတို့ကသိုးသူငယ်၏သတို့သမီးဖြစ်လာကြကာ မင်္ဂလာ ဆောင်သတို့သား၏ ကာကွယ်မှုတည်းဟူသော ဂုဏ်ကျက်သရေတော်ဝတ် ရုံကို ဆင်မြန်းကာသခင်ဘုရား၏ ကြီးကျယ်ခန်းနားလှသော နိုင်ငံတော်၌ ကောင်းချီးများ၊ တန်ခိုးစွမ်းအင်များဖြင့် နေထိုင်ကြရလိမ့်မည်။
ဘုရားသခင်က သန့်ရှင်းသောမြို့တော်ကို ကောင်းကင်နှင့်မြေကြီး သစ်၌ ဤသန့်ရှင်းသူများအတွက် ပြင်ဆင်ထားခဲ့သည်။  ဤမြို့တော်မှာ အခြားမဟုတ်ယေရုစလင်မြို့တော်သစ်ပင်ဖြစ်သည်။ ဤအရာသည် ဘုရား သခင်၏သန့်ရှင်းသူများအတွက်သာပြင်ဆင်ထားခြင်းဖြစ်သည်။ ၄င်းအပြင် ဤအရာများသည် ဘုရားသခင်ကစင်္ကြဝဠာတစ်ခုလုံးကို မဖန်ဆင်းမီက ပင်ယေရှုခရစ်၌သန့်ရှင်းသူများအတွက်စီမံထားပြီးဖြစ်သည်။ ဘုရားသခင် ၏အံ့သြဖွယ်ရာတန်ခိုးတော်အားဖြင့် ခရစ်တော်၏ နှစ်တစ်ထောင်နိုင်ငံ တော်၌ နေထိုင်ရမည့်သူများသည်၊ သန့်ရှင်းသောမြို့တော်တည်ရှိရာ၊ ကောင်းကင်နှင့်မြေကြီးသစ်သို့ ရွှေပြောင်းရန်အရည်အချင်းပြည့်မီသူများ ဖြစ်ကြသည်။
ဤအချိန်အခါနှင့်အခြေအနေတွင်ဘုရားသခင်၏ ဗိမာန်တော်ထဲ၌ သန့်ရှင်းသူတို့သည် သခင်ဘုရားနှင့်အတူထာဝရနေထိုင်ကြရမည်။ အ ဘယ့်ကြောင့်ဆိုသော်ဘုရားသခင်သည် သူတို့နှင့်အတူရှိနေပြီး၊ ထိုနေရာ တွင်သေခြင်းမရှိတော့ ဝမ်းနည်းခြင်းမရှိတော့၊ ငြွေိုကးပူဆွေးရခြင်းမရှိ တော့ပေ။ဆင်းရဲဒုက္ခခံစားရခြင်းလည်း မရှိတော့ဘဲ ပထမကောင်းကင်နှင့် ပထမကမ္ဘာသည်ပြီးဆုံးလိမ့်မည်။ ထိုနောက် ဘုရားသခင်ကအရာအားလုံး ကို အသစ်ဖန်ဆင်းလိမ့်မည်။
ယေရှုစလင်သစ်၏ မြို့တော်သည်တောက်ပနေသည်၊ သူ၌ဘုရား သခင်၏ဂုဏ်ကျက်သရေတော်ရှိသည့်အတိုင်း၊ သူ၏ အလင်းရောင်တို့ သည် အဖိုးအလွန်ထိုက်သောကျောက်မြက်နှင့်တူ၏။ နဂါးသွဲကျောက်နှင့် တူ၏။သလင်းကျောက်ကဲ့သို့ ကြည်လင်၏။ထို့ကြောင့်ဘုရားသခင်၏ ဘုန်း တော်သည်မြို့တော်နှင့်မြို့တော်အတွင်း၌နေထိုင်ကြသောသူများနှင့် အတူ ရှိ၏။ မြို့တော်၌ကြီးမားသောမြင့်မားသောမြို့ရိုးများသည်၊ တံခါးပေါက်နှင့် အတူရှိကြ၏။တဖက်စီ၌တံခါးပေါက်စီရှိ၏၊မြို့ရိုးတံခါးပေါက်တို့ကိုကောင်း ကင်တမန်တစ်ဆယ့်နှစ်ပါးတို့ကစောင့်ရှောက်လျှက်ရှိ၏။ဣသရေလအမျိုး တစ်ဆယ့်နှစ်တို့၏ အမည်နာမများကိုလည်း တံခါးတစ်ဆယ့်နှစ်ပေါက် ၌ ရေးထိုးထားလျှက်ရှိ၏။မြို့ရိုးနံရံတို့သည် အုတ်မြတ်တစ်ဆယ့် နှစ်ထပ် ရှိ၏။ထိုမြို့ရိုးများပေါ်၌ သိုးသူငယ်၏တမန်တော် တစ်ဆယ့်နှစ်ပါးတို့အ မည်နာမများရေးထားလျှက်ရှိ၏။
မြို့တော်သည် ကြီးမားသောစတုရန်းလေထောင့်ပုံဖြင့် အကွက် ချထားသည်။ တဖက်တစ်ချကသည် ၁၂၀ဝ၀ဖာလုံရှည်များ၏။ ကီလိုမိတာ ၂၂၂၀ (၁၃၉၀မိုင်) နှင့်တူညီသည်။ မြို့ရိုးထုသည် ၁၄၄ကုဗပေရှိ၏ အနီး စပ်ဆုံးခန့်မှန်ချက်အရ ၇၂မီတာရှိ၏။ မြို့ရိုးသည် နဂါးဘွဲ့ကျောက်ဖြင့် တည်ဆောက်ထား၏၊ မြို့တော်သည်ရွှေစင်အစစ်ဖြစ်ပြီး ကြည်လင်သော ဖန်နှင့်တူသည်။ မြို့ရိုး၏အခြေခံအုတ်မြစ်တို့ကို အဖိုးထိုက်သော ကျောက် မြက်အမျိုးမျိုးတို့ဖြင့်တန်ဆာဆင်ထားသည်။ မြို့တော်၏တံခါးတစ်ဆယ့် နှစ်ပေါက်တို့သည် ပုလဲတစ်ပြားစီဖြင့် ပြုလုပ်တားသည်။
သခင်ဘုရားနှင့်သိုးသူငယ်တို့သည် မြို့တော်ထဲ၌ ရှိကြသော ကြောင့်အလင်းရောင်အတွက် နေ၏အလင်းသော်၄င်း လ၏အလင်းသော် ၄င်း၊မလိုအပ်ပေ။ ထို့အတူအသက်မြစ်ရေတည်းဟူသောမြစ်သည် ဘုရား သခင်နှင့်သိုးသူငယ်တို့၏ပလ္လင်တော်မှ စီးဆင်းလာ၏။ ကောင်းကင်နိုင် ငံတော်ကိုလည်း၊စိုစွတ်စေအရာအားလုံးကိုလည်း အသစ်ဖြစ်စေသည်။ မြစ် ၏တစ်ဖက်တချက်စီ၌  အသက်သစ်ပင်တို့ ပေါက်နေကြ၏။ အသီးတစ် ဆယ့်နှစ်မျိုးကိုသီးစေလျှက်၊ လတိုင်းအသီးသီးတတ်ကြ၏။ ထိုအပြင်သူတို့ ၏အရွက်တို့သည် လူမျိုးတို့၏အနာကို ငြိမ်းစေတတ်၏။ ဤနေရာတွင် နောက် တဖန်ကျိန်ခြင်းဘေးမရှိရ၊ ထာဝရကောင်းချီးများသာ တွေ့ရသည်။