• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出

关于基督教信仰的常见问题解答

话题3:启示录

3-8. ဘုရားသခင်၏ပလ္လင်တော်ရှေ့၌ရပ်နေကြသောအသက်ရှိသော သတ္တဝါ လေးပါးမှာမည်သူဖြစ်သနည်း။ (သို့မဟုတ်)မည်သည့်အရာများဖြစ်ကြသ နည်း။

ဗျာဒိတ်ကျမ်း (၄း၆-၉) တွင် အသက်ရှင်သောသတ္တဝါလေးပါးကို အောက်ပါအတိုင်းဖေါ်ပြထားပါသည်။ “ပလ္လင်တော်ရှေ့၌လည်း၊ ကျောက် သလင်းနှင့်တူသောဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၄င်း၊ ပတ်ဝန်း ကျင်၌၄င်း၊ မျက်စိနှင့်တကိုယ်လုံးပြည့်သောသတ္တဝါလေးပါးရှိ၏။ ပဌမ သတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ဒုတိယသတ္တဝါသည် နွားသူငယ်နှင့်တုူ၏။ တတိယသတ္တဝါသည်လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌ တစ်ပါး တပါးလျှင်အတောင်ခြောက်ခုစီရှိ၍၊အတွင်း၌မျက်စီနှင့်ပြည့်ကြ၏။ သူတို့ ကလည်းအန္တာတန်ခိုးနှင့် ပြည်စုံ၍ပစ္စုပ္ပန်အတိတ်၊ အနာဂတ်ကာလအ စဉ်ရှိတော်မူသော၊ ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့် ရှင်းတော်မူ၏။သန့်ရှင်းတော်မူ၏ဟုနေ့ညမပြတ်ငြိမ်၍ မနေဘဲပြောဆိုကြ ၏။ပလ္လင်တော်ပေါ်မှာထိုင်၍ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော သူ၏ဘုန်းကျက်သရေ၊ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည် ချီးမွမ်းကြ သောအခါ”ဘုရားသခင်၏ ပလ္လင်တော်၏ပတ်ဝန်ကျင်၌ရှိသော အသက်ရှင် သောသတ္တဝါလေးပါးတို့မှာ အသက်ကြီးသူ ၂၄ပါးနှင့်အတူတကွဖြစ်၏။ ထိုအသက်ကြီးသူတို့မှာ ဘုရားသခင်၏သစ္စာရှိသော ဝန်ကြီးများဖြစ်ပြီး သူ တို့သည်သူ၏အလိုတော်အတိုင်း အမြဲတစေအမှုတော်ထမ်းလျှက် သူ၏ အလိုတော်အတိုင်း အမြဲတစေအမှုတော်ထမ်းလျှက် သူ၏သန့်ရှင်းခြင်းနှင့် ဘုန်းတော်ကိုချီးမွမ်းကြ၏။ ဘုရားသခင် အလုပ်လုပ်သောအခါ ကိုယ်တော် တိုင်လုပ်လေ့မရှိပါ၊ သို့သော်သူသည် အမြဲတစေသူ၏အစေခံကျွန်းများမှ တဆင့်ဆောင်ရွက်လေ့ရှိသည်။ ဘုရားသခင်နှင့်အနီးကပ်ဆုံးသော ဝန်  ကြီးများဖြစ်ကြသော အသက်ရှင်သည့်သတ္တဝါလေးပါးသည်၊ သူ၏အလို တော်ကို အမြဲတစေထမ်းဆောင်နိုင်သော အရည်အချင်းရှိကြသည်။
အသက်ရှင်သောသတ္တဝါလေးပါး၌ မတူညီသော ပုံသဏ္ဍာန်ကိုယ် စီရှိကြ၏။ အသက်ရှင်သောထိုသတ္တဝါလေးပါးသည် ဘုရားသခင်ကို မတူ ညီသောကွဲပြားသောအစွမ်းများဖြင့်အစေခံကြကြောင်းဖေါ်ပြသည်။သူတို့၌ ကိုယ်အထဲနှင့် ကိုယ်တဝိုက်၌ ပျက်စီးများဖြင့်ပြည့်နေပြီး၊ အဓိပ္ပါယ်မှာ ဤ သက်ရှိသတ္တဝါလေးပါးတို့သည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အနီး ကပ်အဆက်မပြတ်အလေးဂရုပြု၍ ဆောင်ရွက်ကြသည်။ ထို့ကြောင့် အသက်ရှင်သော သတ္တဝါလေးပါးတို့သည် ဘုရားသခင်၏သစ္စာရှိသော ဝန်ကြီးများဖြစ်၍ အမြဲတစေသူ၏အလိုတော်အတိုင်း အမှူထမ်းနေကြသူ များဖြစ်သည်။
၄င်းအပြင် သတ္တဝါလေးပါးတို့သည် သူတို့၏သူတို့၏ဘုရားသခင် ၏ဂုဏ်တော်နှင့်သန့်ရှင်းခြင်းတို့ကိုချီးမွမ်းရာ၌ ဘုရားသခင် မည်သည့် အခါတွင်မျှ မအိပ်သကဲ့သို့ သူတို့ကလည်း အနားမယူဘဲ ချီးမွမ်းကြသည်။ သူတို့သည်ခမည်းတော်ဘုရား၏ သန့်ရှင်းခြင်းနှင့်ကျွန်ုပ်တို့၏ သခင်ယေရှု တည်းဟူသော ဘုရားသခင်နှင့်သိုးသူငယ်နှင့် သူ၏အနန္တတန်ခိုးတော်တို့ ကို ချီးမွမ်းလျက်ရှိကြသည်။ 
ဤနည်းဖြင့် အသက်ရှင်သော သတ္တဝါလေးပါးတို့သည် ဘုရား သခင်၏ ပလ္လင်တော်ရှေ့တွင်ရပ်လျှက် တာဝန်အရသက်သက်ဖြင့်မဟုတ် ဘဲ သူတို့၏ဖြူစင်သောနှလုံး ဘုရားသခင်ကို ချီးမွမ်းနေကြသည်။ အဘယ် ကြောင့်နည်း။ ယေရှုခရစ်တော်သည် ဘယ်အရာအတွက်ဘာတွေလုပ်ခဲ့ သနည်း။ အတိအကျပြောရလျှင် ခရစ်တော်သည်မိမိကိုယ်ကို မိမိအဆင့် နှိမ့်ချလျက် လူ့ဇာတိကိုပင်ခံယူကာဤကမ္ဘာလောကထဲ၌ မွေးဖွားရန် အတွက် အပျိုစင်မာရိ၏ ခန္ဓာကိုယ်၌ ပဋိသန္ဓေခံယူကာ ရှင်ယောဟန်ထံ၌ နှစ်ခြင်းခံယူခြင်းဖြင့်လူသားတို့၏အပြစ်အားလုံးကို သူ့အပေါ်ယူတင်ရင်း နှင့်၄င်းအပြစ်များကိုလက်ဝါးတိုင်သို့ယူဆောင်ပြီး ၄င်းအပေါ်၌ အသေခံခဲ့ သည်။ 
ဤနည်းဖြင့်လူသားအားလုံးကိုအပြစ်မှကယ်တင်ခဲ့သည်။ယခုအခါ သူသည် ဘုရားသခင်၏ပလ္လင်တော်ပေါ်၌ ထိုင်လျက်ရှိသည်။ ဤလှပသော သူ၏လုပ်ဆောင်ချက်များကြောင့် သူသည်ဖန်ဆင်းခံသတ္တဝါများအားလုံး ထံမှဂုဏ်တော်ချီးမွမ်းခြင်းကို ထာဝရမှအစဉ်ထာဝရအထိ ခံယူထိုက်ပေ သည်။ ထို့ကြောင့် အသက်ရှင်သောသတ္တဝါလေးပါးတို့သည် ဘုရားသခင် ကိုသာ၍မြင့်သောအမြင့်ကို သူ့အားပေးခြင်းဖြင့် ချီးမြှောက်ကြပြီး အသက် ကြီးသူနှစ်ဆယ့်လေးဦးတို့နှင့်အတူ သူတို့၏နက်ရှိုင်းသောနှလုံးသားဖြင့် ဘု ရားသခင်ကို ရိုးသားဖြူစင်စွာ ချီးမြှောက်ကြသည်။