• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出

关于基督教信仰的常见问题解答

话题4:读者的经常提问及解答

4-11. သခင်ယေရှုသည် ပစ္စုပ္ပန်၊ အတိတ်နှင့်အနာဂတ်အပြစ်များအားလုံးကို ပေးဆပ်တော်မူပြီဖြစ်သောကြောင့် လူတစ်ယောက်သည် စိတ်အလိုသို့ လိုက်၍အသက်ရှင်ကာ အပြစ်ဆက်လက်ပြုနိုင်မည်ဟု တွေးသလော။

မတွေးတောပေ။ 
ဒုတိယမွေးခြင်းခံသောသူများသည်လည်း အသက်ရှင်နေသရွေ့အပြစ်ကျူး လွန်ပါသည်။ သို့သော် သူတို့၏နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဥ် တော်ကိန်းဝပ်တော်မူပြီဖြစ်သောကြောင့် သူတို့သည် အပြစ်ကိုလိုလိုလား လားမပြုကြပေ။ သူတို့သည် ဒုတိယမွေးခြင်းခံရပြီးနောက် အပြစ်ပြုသည့် အချိန်တိုင်းမှ စိတ်မသာညည်းတွားကြသည်။ သူတို့သည် သေသည့်တိုင် အောင်အပြစ်ကျူးလွန်တတ်သောသူများဖြစ်ကြသည်ကိုလည်းကောင်း၊ အ ပြစ်တရားရှောင်လွှဲခြင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား-ရေ နှင့်ဝိညာဥ်တော်သတင်းကောင်း)အစေခံ နိုင်သောနည်းလမ်းဖြစ်သည်ကို လည်းကောင်းသိကြသည်။ အကျဥ်းချုပ်အားဖြင့်၊ သန့်ရှင်းသောဝိညာဥ် တော်သည် သူတို့အား လောကတပ်မက်မှုကိလေသာစိတ်မှဖယ်ရှားပေး၍ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်ရန် လမ်းပြတော်မူသည်။ 
တမန်တော်များခေတ်တွင် လူများသည် တမန်တော်များထံ ဤမေးခွန်း ကို မေးခဲ့ကြသည်။ တမန်တော်ရှင်ပေါလုက “ထိုသို့မှန်လျှင်၊ အဘယ်သို့ ပြောရမည်နည်း။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့်၍ နေရမည်လော။ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူတို့သည် ထို တရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။ယေရှုခရစ်၌ ဗတ္တိဇံကိုခံသော သူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူ သည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရ ကြသတည်း”(ရောမ ၆း၁-၄)။
“ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း၊ ငါတို့သည် ပညတ်တရားလက်၌ရှိသော ကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသ လော။သင်တို့သည် အပြစ်တရား၏ကျွန်ဖြစ်ဘူးသော်လည်း၊ ယခုတွင်ခံခဲ့ ပြီးသော ဩဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင် ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။သင်တို့သည် အပြစ်တရား၏ လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန် ဖြစ်ကြ၏”(ရောမ ၆း၁၅-၁၈)ဟုဖော်ပြထားသည်။ 
‌ရေနှင့်ဝိညာဥ်တော်အားဖြင့် အစစ်အမှန်ဖွေးဖွားခြင်းခံရသောသူများသည် အရင်ဘဝထက်အပြစ်မလုပ်နိုင်တော့ပေ။ သူတို့သည် နေ့တိုင်းသတင်း ကောင်းအတွက် ပျော်မွေ့နေ၍ ကမ္ဘာတစ်ဝှမ်းလုံးသို့ ဟောပြောနေကြ သည်။ တစ်နည်းအားဖြင့်၊ သူတို့သည် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ဘုရားသခင်၏နိုင်ငံတော်နှင့်‌ဖြောင်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာ ကြသည် (မဿဲ ၆း၃၃)။