Search

布道

ဘာသာရပ် ၁- အပြစ်တရား

[1-1] ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်တို့၏ အပြစ်များအကြောင်းကို အရင် သိရှိရမည် (ရှင်မာကုခရစ်ဝင် 7:8-9, 7:20-23)

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်တို့၏ အပြစ်များအကြောင်းကို အရင် သိရှိရမည် (ရှင်မာကုခရစ်ဝင် 7:8-9, 7:20-23)
(ရှင်မာကုခရစ်ဝင် 7:8-9)
“သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။”
 
(ရှင်မာကုခရစ်ဝင် 7:20-23)
‘တစ်ဖန် ကိုယ်တော်က “လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏” ဟု မိန့်တော်မူ၏။’
 
 
အရင်ဆုံး အပြစ်သည်အဘယ်နည်းဆိုတာကို အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ ဘုရားသခင်က သတ်မှတ်ထားသော အပြစ်များရှိပြီး လူသားများက သတ်မှတ်ထားသော အပြစ်များရှိပါသည်။ ဂရိဘာသာစကားတွင် အပြစ်ဆိုသောစကားလုံးမှာ ‘ပစ်မှတ်မှကျော်မတ်သည်’ ကိုဆိုလိုသည်။ ၎င်းကို မှန်ကန်စွာ မခံယူနိုင်ခြင်းဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကို မှန်ကန်စွာ မလိုက်နာပါက အပြစ်ဖြစ်သည်။ လူသားတို့သတ်မှတ်ထားသော အပြစ်များကို ဦးစွာကြည့်ကြပါစို့။ 
 
အပြစ်ဆိုသည်မှာ ဘာလဲ။
ဘုရားသခင်၏ အမိန့်တော်ကို မနာခံခြင်း ဖြစ်ပါသည်။
 
ကျွန်ုပ်တို့သည် သတ္တပ္ပစိတ်အရ အပြစ်ကို စီရင်ဆုံးဖြတ်ပါသည်။ တစ်နည်းဆိုရသော်၊ ၎င်းသည် ဘုရားသခင်၏ ပညတ်ချက်ကို ပြစ်မှားခြင်းမဟုတ်သော်လည်း လူတစ်ဦး၏ နောက်ခံနှင့် နှလုံးသား သြတ္တပ္ပစိတ်တို့အရ စီရင်ဆုံးဖြတ်ခြင်းဖြစ်သည်။
၎င်းသည် လူတစ်ဦးချင်းစီ၏ စီရင်ဆုံးဖြတ်မှုအပေါ် မူတည်ပါသည်။ ထို့ကြောင့် တူညီသောအပြုအမူတစ်ခုသည်ပင် တစ်ဦးချင်းစီ၏ စံနှုန်းပေါ်မူတည်၍ အပြစ်ဟု သတ်မှတ်နိုင်သလို မသတ်မှတ်နိုင်သည်လည်း ရှိပါသည်။ ထို့ကြောင့် ဘုရားသခင်သည် တရားစီရင်ခြင်း၏ စံနှုန်းအဖြစ် အသုံးပြုရန် ပညတ်တရား အပိုဒ် ၆၁၃ ကို ကျွန်ုပ်တို့အား ပေးအပ်ခဲ့ပါသည်။
အောက်ဖော်ပြပါပုံသည် လူသားတို့၏ အပြစ်များကို ဖော်ပြသည်။
 

ပြည်တွင်းဥပဒေ၊ တရားမဥပဒေ

လူသား၏ သတ္တပ္ပစိတ်

ဘုရားသခင်၏ ပညတ်တော်

 ကိုယ်ကျင့်တရားနှင့် လူမှုရေး စံချိန်စံညွှန်းများ

 

 
ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်အပေါ် စံနှုန်းများကို ဘယ်သောအခါမျှ မသတ်မှတ်သင့်ပေ။
ကျွန်ုပ်တို့အသိစိတ်များ၏အပြစ်များကို အပြစ်ဖြစ်သည်ဟု ဘု ရားသခင်သတ်မှတ်တော်မူသောအရာနှင့် ကိုက်ညီမှုမရှိပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် သတ္တပ္ပစိတ်၏အသံကို နားမထောင်ဘဲ ဘုရားသခင်၏ပညတ်တော်များအပေါ် အခြေခံ၍ အပြစ်၏စံနှုန်းကို သတ်မှတ်သင့်ပါသည်။
ကျွန်ုပ်တို့တစ်ဦးချင်းစီတွင် အပြစ်ဆိုသည်မှာ အဘယ်နည်းဟူသော ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြပါသည်။ အချို့က ၎င်းတို့၏ အားနည်းချက်ဟု ထင်မြင်ကြပြီး အချို့က လွဲမှားသော သဘောထားဟု ယူဆကြပါသည်။
ဥပမာအားဖြင့် ကိုရီးယားနိုင်ငံတွင် မိဘများ၏သင်္ချိုင်းဂူကို မြက်ဖြင့်ဖုံးအုပ်ခြင်း၊ မြက်ရိတ်ခြင်းနှင့် သေဆုံးသည်အထိ သင်္ချိုင်းဂူကို ကောင်းစွာပြုစုစောင့်ရှောက်ခြင်းတို့ကို သားသမီးများ၏တာဝန်အဖြစ် သတ်မှတ်ကြပါသည်။ သို့သော် ပါပူးအာနယူးဂီနီရှိ ရှေးဦးလူမျိုးစုတစ်စုတွင် သေဆုံးသွားသော မိဘများ၏ရုပ်အလောင်းကို မိသားစုဝင်များက ဝေမျှစားသုံးခြင်းဖြင့် သေဆုံးသွားသော မိဘများကို ဂုဏ်ပြုကြသည်ဟု ဆိုပါသည်။ (ရုပ်အလောင်းကို ချက်ပြုတ်၍ စားသုံးခြင်း ဟုတ်မဟုတ်ကိုမူ ကျွန်ုပ်မသိပါ။) ၎င်းသည် ရုပ်အလောင်းကို ပိုးမွှားများ စားသုံးခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်နိုင်ပါသည်။ ဤကဲ့သို့သော ဓလေ့ထုံးတမ်းများသည် အပြစ်နှင့်ပတ်သက်သော လူသားတို့၏အယူအဆများ အလွန်အမင်း ကွဲပြားနိုင်ကြောင်း ပြသနေပါသည်။ 
ကောင်းမွန်ခြင်းနှင့် အပြစ်ဆိုင်ရာ အယူအဆများသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော် ကျမ်းစာက ဘုရားသခင်၏အမိန့်တော်ကို မနာခံခြင်းသည် အပြစ်ဖြစ်သည်ဟု ဆိုထားပါသည်။ ‘“သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏” ဟု မိန့်တော်မူ၏။ တစ်ဖန် သူတို့အား “သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား”’ (ရှင်မာကုခရစ်ဝင် 7:8-9)။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြင်ပန်းသဏ္ဍာန်ကို ဂရုမစိုက်ပါ။ ကို သူသည် ကျွန်ုပ်တို့၏ နှလုံးသား၏ အလယ်ဗဟိုကို ကြည့်ရှုသည်။
 
 
မိမိကိုယ်ပိုင်စံနှုန်းသည် ဘုရားသခင့်ရှေ့မှောက်တွင် အပြစ်ဖြစ်ပါသည်
 
အပြစ်အကြီးဆုံးသည် အဘယ်နည်း။
၎င်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုခြင်း ဖြစ်ပါသည်။
 
ဘုရားသခင့်ရှေ့မှောက်တွင် အပြစ်သည် အဘယ်နည်းဆိုသည်ကို ကျွန်ုပ်ပြောပြပါမည်။ ၎င်းမှာ ကိုယ်တော်၏အလိုတော်အတိုင်း မနေထိုင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို မယုံကြည်ခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် ဘုရားသခင်၏ပညတ်တော်များကို ငြင်းပယ်ပြီး ရိုးရာအစဉ်အလာသွန်သင်ချက်များကို ပိုမိုအရေးပေးသော ဖာရိရှဲများကဲ့သို့ နေထိုင်ခြင်းသည် အပြစ်ဖြစ်သည်ဟု မိန့်တော်မူခဲ့ပါသည်။ ဖာရိရှဲတို့သည် လျှို့ဝှက်သောသူတို့ကို ယေရှု မှတ်တော်မူ၏။ 
“သင်သည် အဘယ်ဘုရားကို ယုံကြည်သလဲ။ သင်တို့သည် ငါ့ကို အမှန်တကယ် ကြောက်ရွံ့ရိုသေကြသလား။ သင်သည် ငါ့နာမကို ဝါကြွားသော်လည်း ငါ့ကို အမှန်အကန် ဂုဏ်ပြုသလား။” လူတို့သည် အပြင်ပန်းသဏ္ဍာန်ကိုသာ ကြည့်ပြီး ကိုယ်တော်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုကြပါသည်။ ထိုအရာသည် ကိုယ်တော့်ရှေ့မှောက်တွင် အပြစ်ဖြစ်ပါသည်။ အပြစ်အကြီးဆုံးမှာ ကိုယ်တော်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုခြင်း ဖြစ်ပါသည်။ သင်တို့သည် ဤအရာကို သိကြပါသလား။ ၎င်းသည် အပြစ်အားလုံးတွင် အကြီးဆုံးသော အပြစ်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အားနည်းချက်များသည် ချို့ယွင်းချက်များမျှသာဖြစ်ပြီး လွန်ကျူးခြင်းမျှသာဖြစ်သည်။ ကျွန်ုပ်တို့ ကျူးလွန်သော အမှားများနှင့် မပြည့်စုံမှုကြောင့် ဖြစ်ပေါ်လာသော မှားယွင်းမှုများသည် အခြေခံကျသော အပြစ်မဟုတ်ဘဲ အမှားများသာ ဖြစ်ပါသည်။ ဘုရားသခင်သည် အပြစ်နှင့် အမှားကို ခွဲခြားသတ်မှတ်တော်မူပါသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုသူသည် အပြစ်အနာအဆာမရှိသော်လည်း အပြစ်သားဖြစ်ပါသည်။ သူတို့သည် ဘုရားသခင်ရှေ့တော်၌ ကြီးစွာသော အပြစ်သားများဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ဖါရိရှဲ များကို ပြစ်တင်ဆုံးမတော်မူခြင်း ဖြစ်သည်။
ကမ္ဘာဦးကျမ်းမှ တရားဟောရာကျမ်းအထိ ကျမ်းငါးစောင်တွင် လုပ်ဆောင်သင့်သည့်အရာများနှင့် မလုပ်ဆောင်သင့်သည့်အရာများကို ပြောပြထားသော ပညတ်တော်များ ရှိပါသည်။ ထိုအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး၊ ထိုဘုရားသခင်၏ ပညတ်တော်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရာနှုန်းပြည့်မစောင့် ရှောက်နိုင်ကြသော်လည်း ကျွန်ုပ်တို့သည် ၎င်း တို့ကို ကိုယ်တော်၏ပညတ်တော်များအဖြစ် အသိအမှတ်ပြုသင့်ကြ သည်။ ကိုယ်တော်သည် အစကတည်းက ကျွန်ုပ်တို့အား ပညတ်တော်များကို ပေးအပ်ခဲ့ပြီး၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရှိသည့်အတိုင်း လက်ခံရမည် ဖြစ်ပါသည်။
“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏” (ရှင်ယောဟန်ခရစ်ဝင် 1:1)။ ယ်တော်က ‘ဘုရားသခင်က “အလင်းဖြစ်စေ” ဟု မိန့်တော်မူရာ အလင်းဖြစ်လေ၏’ (ကမ္ဘာဦးကျမ်း 1:3)။ ယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ပညတ်တော်ကို တည်ထောင်တော်မူခဲ့သည်။
“နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့်၊ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏” (ရှင်ယောဟန်ခရစ်ဝင် 1:1, 14)။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုယ်ကို ကျွန်ုပ်တို့အား မည်သို့ ဖော်ပြတော်မူသနည်း။ ကိုယ်တော်သည် ပညတ်တော်များမှတစ်ဆင့် ကိုယ်တော်ကိုယ်ကို ကျွန်ုပ်တို့အား ဖော်ပြတော်မူပါသည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ဖြစ်ပြီး ပညတ်တော်များမှတစ်ဆင့် ကိုယ်တော်ကိုယ်ကို ဖော်ပြတော်မူပါသည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျမ်းစာကို မည်သို့ ခေါ်ဆိုကြသနည်း။ ကျွန်ုပ်တို့သည် ၎င်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဟု ခေါ်ဆိုကြပါသည်။
ဤနေရာတွင် “သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏ ဟု မိန့်တော်မူ၏။” ကိုယ်တော်၏ ပညတ်တော်တွင် အပိုဒ်ပေါင်း ၆၁၃ ခု ရှိပါသည်။ ဤသို့ပြုလျက် ထိုသို့မပြုနှင့်၊ သင်၏မိဘစသည်တို့ကို ရိုသေလေးစားလော့၊ ဝတ်ပြုရာကျမ်းတွင် အမျိုးသမီးများသည် ဤသို့ပြုရမည်၊ အမျိုးသားများသည် ထိုသို့ပြုရမည်၊ တိရစ္ဆာန်တစ်ကောင် တွင်းထဲသို့ ကျသောအခါ မည်သို့ပြုလုပ်ရမည် စသည်တို့ ရေးသားထားပါသည်။ ဘုရားသခင်၏ ပညတ်တော်တွင် ထိုကဲ့သို့သော အပိုဒ် ၆၁၃ ခု ရှိပါသည်။
သို့သော် ၎င်းသည် လူ၏စကားမဟုတ်သောကြောင့် ကျွန်ုပ်တို့သည် ဆက်လက်စဉ်းစားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စကားကို နာခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပညတ်တော်အားလုံးကို မလိုက်နာနိုင်သော်လည်း အနည်းဆုံး ၎င်းကို အသိအမှတ်ပြုရမည်ဖြစ်သည်။ 
ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် မှန်ကန်မှုမရှိသော စကားတစ်ခွန်းမျှ ရှိပါသလား။ ဖာရိရှဲတို့သည် ဘုရားသခင်၏ ပညတ်တော်များကို စွန့်ပစ်ခဲ့ကြသည်။ သူတို့သည် ကိုယ်တော်၏ ပညတ်တော်များကို စွန့်ပစ်၍ လူတို့၏ ဓလေ့ထုံးစံကို စောင့်ရှောက်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် အသက်ကြီးသူတို့၏ စကားကို ပိုမိုအရေးပေးခဲ့ကြသည်။ သခင်ယေရှု ဖွားမြင်တော်မူသောအချိန်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ခဲ့သည်။ သခင်ယေရှုသည် လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသိအမှတ်မပြုခြင်းကို အလွန်အမင်း မုန်းတီးတော်မူခဲ့သည်။
ဘုရားသခင်သည် မိမိသည် သမ္မာတရားဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ကြောင်း ကိုယ်တော့်ရှေ့မှောက်တွင် ကျွန်ုပ်တို့၏ အပြစ်သည် အဘယ်အရာဖြစ်ကြောင်းကို သွန်သင်ရန်နှင့် ကိုယ်တော်၏ သန့်ရှင်းခြင်းကို ပြသရန်အတွက် ပညတ်တော် အပိုဒ်ပေါင်း ၆၁၃ ခုကို ကျွန်ုပ်တို့အား ပေးအပ်တော်မူခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော့်ရှေ့မှောက်တွင် အပြစ်သားများဖြစ်သောကြောင့် ကျွန်ုပ်တို့အပေါ် ထားရှိသော ကိုယ်တော်၏ မေတ္တာတော်ကြောင့် ဘုရားသခင် စေလွှတ်တော်မူသော သခင်ယေရှုကို ယုံကြည်၍ ယုံကြည်ခြင်းဖြင့် အသက်ရှင်ရမည်ဖြစ်ပါသည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်ကို စွန့်ပစ်သူ၊ မယုံကြည်သူသည် အပြစ်သားဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစောင့်ထိန်းနိုင်သူများသည်လည်း အပြစ်သားများဖြစ်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပစ်ပယ်ခြင်းသည် အကြီးမားဆုံးသော အပြစ်ဖြစ်သည်။ သူတို့သည် နောက်ဆုံးတွင် ငရဲသို့ သွားရမည့်သူများ ဖြစ်ကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်မယုံကြည်ခြင်းသည် ကိုယ်တော်ရှေ့တော်၌ အကြီးလေးဆုံးသောအပြစ် ဖြစ်သည်။
 
 

ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူသည့် အကြောင်းရင်း

 
ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူခဲ့သနည်း။
ကျွန်ုပ်တို့၏ အပြစ်နှင့် ထိုအပြစ်အတွက် အပြစ်ဒဏ်ကို သိမြင်နားလည်စေရန်ဖြစ်သည်။
 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူသည့် အကြောင်းရင်းက အဘယ်နည်း။ ကျွန်ုပ်တို့၏ အပြစ်ကို သိမြင်စေပြီး ကိုယ်တော်၏ ရင်ခွင်သို့ ပြန်လာစေရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်ကို သိမြင်ပြီး သခင်ယေရှုမှတစ်ဆင့် ရွေးနှုတ်ခြင်းကို ခံယူနိုင်စေရန် ပညတ်တော် အပိုဒ်ပေါင်း ၆၁၃ ခုကို ပေးအပ်တော်မူခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူသည့် အကြောင်းရင်း ဖြစ်ပါသည်။
ရောမဩဝါဒစာ 3:20 တွင် “အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏” ဟု ဖော်ပြထားသည်။ ထို ကြောင့် ကျွန်ုပ်တို့အပေါ် ပညတ်တော်ပေးအပ်တော်မူခြင်းအတွက် ဘုရားသခင်၏အကြံအစည်တော်မှာ ၎င်းအားဖြင့် အသက်ရှင်အောင် အတင်းအဓမ္မပြုရန် မ ဟုတ်သည်ကို ကျွန်ုပ်တို့ သိကြသည်။ 
ထို့ကြောင့် ကျွန်ုပ်တို့သည် ပညတ်တော်မှတစ်ဆင့် ရရှိသော အသိပညာက အဘယ်နည်း။ ၎င်းမှာ ကျွန်ုပ်တို့သည် ပညတ်တော်ကို အပြည့်အဝ နာခံရန် အလွန်အားနည်းကြောင်းနှင့် ကိုယ်တော့်ရှေ့မှောက်တွင် အပြစ်သားများဖြစ်ကြောင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော် အပိုဒ်ပေါင်း ၆၁၃ ခုမှ မည်သည့်အရာကို သိမြင်နားလည်လာကြပါသနည်း။ ကျွန်ုပ်တို့သည် မိမိတို့၏ အားနည်းချက်များနှင့် ကိုယ်တော်၏ ပညတ်တော်အတိုင်း မနေထိုင်နိုင်ကြောင်းကို သိမြင်နားလည်လာကြပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်သော ကျွန်ုပ်တို့သည် စွမ်းရည်မဲ့သော သတ္တဝါများဖြစ်ကြောင်းကို သိမြင်နားလည်လာကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့မှောက်တွင် အပြစ်သားများဖြစ်ကြောင်းကို သိမြင်နားလည်လာပြီး၊ ကိုယ်တော်၏ ပညတ်တော်အရ ကျွန်ုပ်တို့အားလုံး ငရဲသို့ သွားရမည်ဖြစ်ကြောင်းကို သိမြင်လာကြပါသည်။
ကျွန်ုပ်တို့၏ အပြစ်နှင့် စွမ်းရည်မဲ့မှုကို သိမြင်လာသောအခါ ကျွန်ုပ်တို့ မည်သို့ပြုလုပ်သင့်သနည်း။ ကျွန်ုပ်တို့သည် ပြည့်စုံသော သတ္တဝါဖြစ်အောင် ကြိုးစားကြပါသလား။ မဟုတ်ဘူး။ ကျွန်ုပ်တို့ ပြုလုပ်သင့်သည့်အရာမှာ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြောင်းကို ဝန်ခံပြီး၊ သခင်ယေရှုကို ယုံကြည်ကာ၊ ကိုယ်တော်၏ ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ကယ်တင်ခြင်းမှတစ်ဆင့် ရွေးနှုတ်ခြင်းကို ခံယူပြီး ကိုယ်တော်အား ကျေးဇူးတင်ရှိခြင်း ဖြစ်ပါသည်။ 
ကိုယ်တော်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူသည့် အကြောင်းရင်းမှာ ကျွန်ုပ်တို့၏ အပြစ်များနှင့် ထိုအပြစ်များအတွက် အပြစ်ဒဏ်များကို သိမြင်နားလည်စေရန်ဖြစ်ပြီး၊ သခင်ယေရှုမပါဘဲ ငရဲမှ ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ကြောင်းကို သိစေရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ပါက ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည် ဖြစ်ပါသည်။ ငါတို့ကို ကယ်တင်ခြင်းငှါ မောရှေ၏ ပညတ်တော်ကို ပေးတော်မူ၏။
ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြောင်း အပြည့်အဝ သိမြင်နားလည်စေရန်နှင့် ကျွန်ုပ်တို့၏ ဝိညာဉ်ကို အပြစ်မှ ကယ်တင်ရန်အတွက် မောရှေ၏ ပညတ်တော်ကို ပေးအပ်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား မောရှေ၏ ပညတ်တော်ကို ပေးအပ်တော်မူခဲ့ပြီး ကျွန်ုပ်တို့ကို ကယ်တင်ရန် သခင်ယေရှုကို စေလွှတ်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် မိမိ၏သားတော်ကို စေလွှတ်တော်မူ၍ ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏ အပြစ်များကို ဖြေရှင်းပေးတော်မူခဲ့ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရနိုင်ပါသည်။
ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို မျှော်လင့်ချက်မဲ့သော အပြစ်သားများဖြစ်ကြောင်း သိမြင်နားလည်ပြီး သခင်ယေရှုကို ယုံကြည်မှသာ အပြစ်မှ လွတ်မြောက်၍ ကိုယ်တော်၏ သားသမီးများဖြစ်လာကာ ဘုရားသခင်အား ဘုန်းတော်ထင်ရှားစေနိုင်ပါသည်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နားလည်ရမည်ဖြစ်သည်။ အရာခပ်သိမ်း၏ အစသည် ကိုယ်တော်မှ စတင်ပါသည်။ ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြင့် စတင်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်မှတစ်ဆင့် ရွေးနှုတ်ခြင်း၏ သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်မှတစ်ဆင့် တွေးတောဆင်ခြင်ပြီး ဆုံးဖြတ်ရမည်ဖြစ်သည်။ ဤသည်မှာ မှန်ကန်၍ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပါသည်။
 
 
လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဘာတွေလဲ
 
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ အဘယ်အရာလုပ်သင့်သနည်း
မိမိအပြစ်များကို ဝန်ခံ၍ ကျွန်ုပ်တို့အား ကယ်တင်ရန် ဘုရားသခင်ထံ ဆုတောင်းသင့်ကြသည်။
 
ယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် စတင်သင့်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အား ဖြင့် ဘုရားသခင်ကို ယုံကြည်သင့်ကြသည်။ မဟုတ်လျှင် ကျွန်ုပ်တို့ သည် မှားယွင်းခြင်းသို့ ကျွံကျကြလိမ့်မည်။ ထိုအရာသည် မှားယွင်း ၍ မမှန်ကန်သော ယုံကြည်ခြင်း ဖြစ်လိမ့်မည်။
ဖာရိရှဲများနှင့် ကျမ်းပြုဆရာများသည် သခင်ယေရှု၏ တပည့်တော်များက လက်မဆေးဘဲ မုန့်စားသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ကြည့်မြင်ခဲ့လျှင် သူတို့ကို အပြစ်တင်နိုင်မည် မဟုတ်ပါ။ နှုတ်ကပတ်တော်အရ ပြင်ပမှ လူ၏အထဲသို့ ဝင်သွားသည့်အရာ မည်သည်မဆို ဝမ်းထဲသို့သာ ဝင်သွားသည်ဖြစ်၍ စိတ်နှလုံးထဲသို့ မဝင်သောကြောင့် ထိုသူကို ညစ်ညမ်းစေနိုင်မည် မဟုတ်ဟု မိန့်တော်မူပါသည်။
ရှင်မာကုခရစ်ဝင် 7:20-23 တွင် ‘တစ်ဖန် ကိုယ်တော်က “လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏ ဟု မိန့်တော်မူ၏”’ ဟု ဖော်ပြထားသည်။ လူများသည် အပြစ်ဖြင့် မွေး ဖွားလာကြသောကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြသည်ဟု သခင်ယေရှုက မိန့်တော်မူခဲ့သည်။ 
ဤအရာသည် အဘယ်အရာကို ဆိုလိုသည်ကို သင်နားလည်သ ဘောပေါက်သလော။ ကျွန်ုပ်တို့အားလုံးသည် အာဒံ၏အမျိုးများဖြစ် ကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် မွေးဖွားလာ ကြသည်။ သို့သော်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို လက်ခံခြင်း သို့မဟုတ် မယုံကြည်သောကြောင့် အမှန်တရားကို ကျွန်ုပ်တို့ မမြင်နိုင်ပေ။ ထိုနောက် လူသားများ၏နှလုံး သား အတွင်း၌ အဘယ်အရာ ရှိသနည်း။
ရှင်မာကုခရစ်ဝင် အခန်းကြီး 7၊ အငယ် 21-22 ကို ကြည့်ကြပါစို့။ “အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။” ဤအရာအားလုံးသည် လူ့စိတ်နှလုံးမှ ထွက်လာပြီး ထိုသူနှင့် အခြားသူများကို ညစ်ညမ်းစေပါသည်။ 
ဆာလံကျမ်းတွင် ဤသို့ မှတ်တမ်းတင်ထားပါသည်။ “ကိုယ်တော်၏လက်ချောင်းတို့ဖြင့်ပြုတော်မူသော ကိုယ်တော်၏ကောင်းကင်ကိုလည်းကောင်း၊ ကိုယ်တော်တည်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ကြည့်ရှုဆင်ခြင်သောအခါ၊ လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုအောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုတော်မူရသနည်း” (ဆာလံကျမ်း 8:3-4)။
ဘုရားသခင်သည် ဘာကြောင့် ကျွန်ုပ်တို့ထံ လည်ပတ်တော်မူ သနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသောကြောင့် သွန်သင်ဆုံးမတော်မူပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူခဲ့ပြီး၊ ကျွန်ုပ်တို့ကို ချစ်တော်မူခဲ့ပြီး၊ အပြစ်သားများဖြစ်သော ကျွန်ုပ်တို့ကို သနားကြင်နာတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ဖျောက်ဖျက်တော်မူပြီး ကျွန်ုပ်တို့ကို ကိုယ်တော်၏လူမျိုးတော်အဖြစ် သတ်မှတ်တော်မူခဲ့ပါသည်။ “အကျွန်ုပ်တို့၏အရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာမြေတစ်ခွင်လုံး၌ ကြီးမြတ်လှပါ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းကျက်သရေကို ကောင်းကင်ပေါ်မှာ တည်စေတော်မူ၏” (ဆာလံကျမ်း 8:1)။ ဓမ္မဟောင်းကျမ်းတွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်သည် အပြစ်သား၏ ကယ်တင်ရှင်ဖြစ်တော်မူမည်ကို သိမြင်နားလည်ပြီး သီချင်းဆိုခဲ့ပါသည်။
ဓမ္မသစ်ကျမ်းတွင် တမန်တော်ပေါလုသည်လည်း ထိုနည်းတူ ပြောဆိုခဲ့ပါသည်။ ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်သော ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်လာနိုင်ခြင်းသည် အမှန်တကယ် အံ့သြဖွယ်ကောင်းသော အရာဖြစ်ပါသည်။ ထိုအရာသည် ကျွန်ုပ်တို့အတွက် ကိုယ်တော် ၏ဂရုဏာအားဖြင့်သာ ပြုလုပ်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ မေတ္တာတော်ပင် ဖြစ်ပါသည်။
ဘုရားသခင်၏ ပညတ်တရားတော်အတိုင်း နေထိုင်ရန် ကြိုးစားခြင်းသည် တစ်နည်းအားဖြင့် ဘုရားသခင်ကို စိန်ခေါ်ခြင်း ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ကျွန်ုပ်တို့၏ မသိနားမလည်မှုမှ ထွက်ပေါ်လာသော အတွေးလည်း ဖြစ်ပါသည်။ မောရှေ၏ ပညတ်တော်ကို စောင့်ထိန်းရန်နှင့် ဆုတောင်းရန် ကြိုးစားနေစဉ် ဘုရားသခင်၏ မေတ္တာတော်ပြင်ပတွင် နေထိုင်ခြင်းသည် မှန်ကန်သော အရာမဟုတ်ပါ။ မောရှေ၏ ပညတ်တော်မှတစ်ဆင့် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြောင်း သိမြင်နားလည်ပြီး ရေနှင့် သွေး (သန့်ရှင်းသောဝိညာဉ်တော်) ၏ ရွေးနှုတ်ခြင်းကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်ပါသည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်သည် ရှင်မာကုခရစ်ဝင် အခန်းကြီး 7၊ အငယ် 20-23 တွင် မှတ်တမ်းတင်ထားပါသည်။ “တစ်ဖန် ကိုယ်တော်က လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏ ဟု မိန့်တော်မူ၏။”
လူတစ်ယောက်မှ ထွက်လာသောအရာဟူမူကား၊ အတွင်း၌ရှိသောအပြစ်သည် လူကိုညစ်ညူးစေသည်ဟု ယေရှုမိန့်တော်မူ၏။ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးသော အစားအစာသည် လူကို မညစ်ညမ်းစေနိုင်ပါ။ ဖန်ဆင်း ခြင်းအားလုံး သည် သန့်ရှင်းသော်လည်း လူ့အတွင်းမှ ထွက်လာသော အရာများ၊ ၎င်းသည် အပြစ်များသာလျှင် ကျွန်ုပ်တို့ကို ညစ်ညမ်းစေသည်။ ကျွန်ုပ်တို့အားလုံးသည် အာဒံ၏ သားစဉ်မြေးဆက်များအဖြစ် မွေးဖွားလာကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သို့ မွေးဖွားလာကြသနည်း။ ကျွန်ုပ်တို့သည် အပြစ်တရား ၁၂ မျိုးနှင့်အတူ မွေးဖွားလာကြပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်မရှိဘဲ နေထိုင်နိုင်ပါမည်လား။ ကျွန်ုပ်တို့သည် အပြစ်နှင့်အတူ မွေးဖွားလာသောကြောင့် အပြစ်ကို ဆက်လက်ကျူးလွန်ကြမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပညတ်တော်ကို သိကြသောကြောင့် အပြစ်ကျူးလွန်ခြင်းကို ရပ် တန့်နိုင်ကြမည်လော။ ကျွန်ုပ်တို့သည် ပညတ်တော်များကို စောင့်ထိန်းပြီး နေထိုင်နိုင်ပါသလား။ မဟုတ်ပါ။
ကြိုးစားအားထုတ်လေ ပို၍ခက်ခဲလေ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အကန့်အသတ်ကို သိမြင်နားလည်ပြီး စွန့်လွှတ်ရမည် ဖြစ်ပါသည်။ ထို့နောက် ကျွန်ုပ်တို့သည် နှိမ့်ချသောစိတ်နှလုံးဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော သခင်ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော်ကို လက်ခံနိုင်မည် ဖြစ်ပါသည်။
မောရှေ၏ ပညတ်တော် အပိုဒ်ပေါင်း ၆၁၃ ခုသည် မှန်ကန်၍ တရားမျှတပါသည်။ သို့သော် လူသားသည် မိခင်ဝမ်းတွင်း၌ ပဋိသန္ဓေတည်သည့်အချိန်မှစ၍ အပြစ်သားဖြစ်ပါသည်။ ဘုရားသခင်၏ မောရှေ၏ ပညတ်တော်သည် မှန်ကန်သော်လည်း ကျွန်ုပ်တို့သည် မိမိဘာသာ ဘယ်သောအခါမှ ဖြောင့်မတ်မှုကို မရရှိနိုင်သော အပြစ်သားများအဖြစ် မွေးဖွားလာကြောင်း သိမြင်လာသောအခါ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို လိုအပ်ကြောင်းနှင့် ရေ၊ သွေး၊ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ရွေးနှုတ်တော်မူသော သခင်ယေရှု၏ ကယ်တင်ခြင်းကို လိုအပ်ကြောင်းကိုလည်း သိမြင်လာကြပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင် မဖြောင့်မတ်နိုင်ဘဲ ကျွန်ုပ်တို့၏အပြစ်အတွက် ငရဲသို့သွားရမည့်အကြောင်း ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို သိရှိလာသောအခါတွင်၊ ကျွန်ုပ်တို့သည် ယေရှု၏ရွေးနှုတ်ခြင်းအပေါ် အားကိုးရန်မှတပါး ရွေးချယ်စရာမရှိပေ။
ကျွန်ုပ်တို့သည် မိမိဘာသာ ဘုရားသခင့်ရှေ့မှောက်တွင် မှန်ကန်ခြင်း သို့မဟုတ် ကောင်းမွန်ခြင်း မရှိနိုင်ကြောင်းကို သိရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့မှောက်တွင် ငရဲသို့သာ သွားရမည့် အပြစ်သားများဖြစ်ကြောင်း ဝန်ခံပြီး “အိုဘုရားသခင်၊ ကျွန်ုပ်အား အပြစ်မှ ကယ်တင်တော်မူ၍ သနားကြင်နာတော်မူပါ” ဟု ဘုရားသခင်၏ ကရုဏာတော်ကို တောင်းခံသော ဆုတောင်းခြင်းကို ပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပါက ဘုရားသခင်သည် မုချဧကန် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို တွေ့ဆုံတော်မူမည် ဖြစ်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိနိုင်ပါသည်။
ကျွန်ုပ်တို့သည် ဒါဝိဒ်၏ ဆုတောင်းချက်ကို ဘုရားသခင်၏ ရေးသားထားသော နှုတ်ကပတ်တော်အဖြစ် ရှုမြင်လေ့ရှိကြပါသည်။ “သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏” (ဆာလံကျမ်း 51:4)။
ဒါဝိဒ်သည် သူသည် ငရဲသို့ပစ်ချခြင်းခံထိုက်သော ဆိုးညစ်သည့် အပြစ်အစုအပုံကြီး ဖြစ်ကြောင်း သိရှိသော်လည်း ဘုရားသခင့်ရှေ့မှောက်တွင် ဤအရာကို ဝန်ခံခဲ့ပါသည်။ “ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်သားဟု ခေါ်တော်မူလျှင် အပြစ်သားဖြစ်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်အား ဖြောင့်မတ်သူဟု ခေါ်တော်မူလျှင် ဖြောင့်မတ်သူဖြစ်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်အား ကယ်တင်တော်မူလျှင် ကယ်တင်ခြင်းခံရမည်ဖြစ်ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်အား ငရဲသို့ပို့တော်မူလျှင် ငရဲသို့ကျရောက်မည်ဖြစ်ပါသည်။”
ဤသည်မှာ မှန်ကန်သော ယုံကြည်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရသည့် နည်းလမ်း ဖြစ်ပါသည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို ယုံကြည်ရန် အသင့်ဖြစ်စေလိုပါက ကျွန်ုပ်တို့သည်လည်း ဤကဲ့သို့ ဖြစ်သင့်ပါသည်။
 
 

ကျွန်ုပ်တို့အပြစ်များသည် အဘယ်အရာဖြစ်သည်ကို တိကျစွာ သိသင့်ကြသည်

 
ကျွန်ုပ်တို့အားလုံးသည် အာဒံ၏အမျိုးများဖြစ် ကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် နှလုံးသားများ၌ တပ်မက်မှု များရှိကြသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား အဘယ်အရာကို ပြော ကြားတော်မူသနည်း။ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမပြုရန် ကျွန်ုပ်တို့အား မိန့်တော်မူသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် လူသတ်ခြင်းရှိသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သည့်အရာကို မိန့်တော်မူသနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့အား လူ့အသက်ကို မသတ်ရန် မိန့်တော်မူပါသည်။ ကျွန်ုပ်တို့အားလုံးသည် စိတ်နှလုံးထဲတွင် မိဘများကို ပုန်ကန်ကြသော်လည်း ကိုယ်တော်သည် မိဘများကို ရိုသေရန် မိန့်တော်မူပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်အားလုံးသည် မှန်ကန်၍ ကောင်းမွန်ကြောင်းနှင့် ကျွန်ုပ်တို့အားလုံး၏ စိတ်နှလုံးထဲတွင် အပြစ်ရှိကြောင်းကို သိမြင်နားလည်ရမည် ဖြစ်ပါသည်။
ဒါက မှန်သလား မမှန်ဘူးလား။ အဲဒါ လုံးဝမှန်တယ်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့မှောက်တွင် မည်သည့်အရာကို ပြုလုပ်သင့်ပါသနည်း။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အပြစ်အစုအပုံကြီးနှင့် မျှော်လင့်ချက်မဲ့သော အပြစ်သားများဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်ပါသည်။ မနေ့က ကောင်းမှုပြုခဲ့သောကြောင့် မနေ့က ဖြောင့်မတ်သူဖြစ်ပြီး၊ ယနေ့ အပြစ်ကျူးလွန်ခဲ့သောကြောင့် ယနေ့ အပြစ်သားဖြစ်သည်ဟု တွေးခြင်းသည် မှန်ကန်ခြင်း မရှိပါ။ ကျွန်ုပ်တို့သည် မွေးဖွားလာသည့်အချိန်မှစ၍ အပြစ်သားများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏ ရေနှင့် သွေးတော်အားဖြင့် ရွေးနှုတ်ခြင်းခံရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့သည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း စသည့် အပြုအမူများကြောင့် အပြစ်သားများ ဖြစ်လာခြင်း မဟုတ်ဘဲ၊ အပြစ်သားများအဖြစ် မွေးဖွားလာသောကြောင့် အပြစ်သားများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် အပြစ် ၁၂ မျိုးနှင့်အတူ မွေးဖွားလာခဲ့ကြပါသည်။ ဘုရားသခင်၏ အမြင်တွင် ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် မွေးဖွားလာသောကြောင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုဖြင့် ဘယ်သောအခါမှ ကောင်းမွန်လာနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် လူကောင်းအဖြစ် ဟန်ဆောင်မှု မပြုနိုင်ကြပေ။
လူသတ်ခြင်း၊ ခိုးယူခြင်း စသည့် အပြစ်များဖြင့် ပြည့်နှက်နေသော စိတ်နှလုံးဖြင့် မွေးဖွားလာကြပါသည်။ ထိုသို့ဖြစ်လျှင် ဤကဲ့သို့သော အပြစ်များကို အမှန်တကယ် မကျူးလွန်ခြင်းဖြင့် မည်သို့ ဖြောင့်မတ်လာနိုင်မည်နည်း။ ကျွန်ုပ်တို့သည် မိမိတို့ဘာသာ ဘုရားသခင့်ရှေ့မှောက်တွင် ဘယ်သောအခါမှ ဖြောင့်မတ်လာနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သည်ဟု ဆိုပါက လျှို့ဝှက်ခြင်းပင်ဖြစ်သည်။ သခင်ယေရှုသည် ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့ကို ‘ဟန်ဆောင်သော ဖာရိရှဲနှင့် ကျမ်းပြုဆရာများ’ ဟု ခေါ်တော်မူခဲ့ပါသည်။ လူသားသည် အပြစ်သားအဖြစ် မွေးဖွားလာပါသည်။ သူတို့သည် တစ်သက်တာလုံး ဘုရားသခင့်ရှေ့မှောက်တွင် အပြစ်ကျူးလွန်ကြပါသည်။
တစ်သက်လုံး ခိုက်ရန်ဖြစ်ပွားခြင်း မရှိခဲ့၊ လူတစ်ဦးတစ်ယောက်ကိုမျှ မရိုက်နှက်ခဲ့၊ အပ်တစ်ချောင်းကိုပင် မခိုးယူခဲ့ဟု ဆိုသူသည် လိမ်ညာနေခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် အပြစ်သားအဖြစ် မွေးဖွားလာသောကြောင့် ဖြစ်ပါသည်။ ထိုသူသည် မုသာ၊ အပြစ်ရှိသောသူ၊ လျှို့ဝှက်သောသူဖြစ်၏။ ဤသည်မှာ ဘုရားသခင်က သူတို့ကို မြင်တော်မူသည့် နည်းလမ်းဖြစ်ပါသည်။
သင်သည် မွေးရာပါ အပြစ်သားဖြစ်ပါသည်။ တစ်ကြိမ်တစ်ခါမျှ အပြစ်မကျူးလွန်ခဲ့သော်လည်း ငရဲသို့ သွားရမည်ဖြစ်ပါသည်။ သာမန်အားဖြင့် မောရှေ၏ ပညတ်တော်နှင့် ပညတ်တော်အများစုကို လိုက်နာခဲ့သော်လည်း သင်သည် ငရဲသို့သွားရမည့် ကံကြမ္မာရှိသော အပြစ်သားတစ်ဦး ဖြစ်နေဆဲပင် ဖြစ်ပါသည်။
ထို့ကြောင့် ထိုကဲ့သို့သော ကံကြမ္မာရှေ့မှောက်တွင် ကျွန်ုပ်တို့ မည်သို့ ပြုလုပ်သင့်ပါသနည်း။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကရုဏာတော်ကို တောင်းခံ၍ ကိုယ်တော်ကို အားကိုးလျက် အပြစ်မှ ကယ်တင်ခြင်းခံရန် လိုအပ်ပါသည်။ ကိုယ်တော် သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် အပ္ပါယ် ငရဲသို့ သွားရမည်သာ ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ကံကြမ္မာ ဖြစ်ပါသည်။
ဘုရားသခင်၏နှုတ်ကပတ်တော် လက်ခံသောသူများသာလျှင် သူတို့သည် အမှန်အကန် အပြစ်သားများဖြစ် ကြသည်ဟု ဝန်ခံကြ သည်။ ထို့အပြင် သူတို့သည် မိမိတို့သည် ဖြောင့်မတ်သူများဖြစ်ကြောင်းကိုလည်း သိရှိကြသည်။ ထို့ကြောင့် သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို အသိအမှတ်မပြုခြင်းနှင့် ကိုယ်တော်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုခြင်းသည် အပြစ်ဖြစ်ကြောင်း သိရှိကြပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို လက်ခံသူများသည် ယခင်က အပြစ်သားများဖြစ်ခဲ့သော်လည်း ယခုအခါ ဖြောင့်မတ်သူများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တစ်ဖန်မွေးဖွားကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ခံယူကြသည်။ သူတို့သည် မင်္ဂလာအရှိဆုံးသူများဖြစ်သည်။
 
 
ကျင့်များအားဖြင့် ရွေးနှုတ်ခြင်းခံရရန် ကြိုးစားသူ များသည် အပြစ်သားများဖြစ်ကြသေးသည်
 
သခင်ယေရှုကို ယုံကြည်ပြီးနောက် မည်သူများသည် အပြစ်သားများဖြစ်ကြ သေးသနည်း
အကျင့်များအားဖြင့် ရွေးနှုတ်ခြင်းခံရရန် ကြိုးစားသူများဖြစ်ကြသည်
 
ဂလာတိဩဝါဒစာ အခန်းကြီး 3၊ အငယ် 10 နှင့် 11 ကို ကြည့်ကြပါစို့။ ‘“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏” ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်။”’
မောရှေ၏ ပညတ်တော်ကျမ်း၌ ရေးထားသမျှသောအရာတို့ကို မပြုလုပ်သောသူတိုင်းသည် ကျိန်ခြင်းကိုခံရသည်ဟု ဖော်ပြထားပါသည်။ သခင်ယေရှုကို ယုံကြည်သော်လည်း မိမိတို့၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန် ကြိုးစားသူများသည် ကျိန်ခြင်းကိုခံရကြပါသည်။ မိမိတို့၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန် ကြိုးစားသူများသည် မည်သည့်နေရာတွင် ရှိကြပါသနည်း။ သူတို့သည် ဘုရားသခင်၏ ကျိန်ခြင်းအောက်တွင် ရှိကြပါသည်။ 
ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား မောရှေ၏ ပညတ်တော်ကို ပေးအပ်တော်မူခဲ့သနည်း။ ကျွန်ုပ်တို့၏ အပြစ်ကို သိမြင်စေရန် မောရှေ၏ ပညတ်တော်ကို ပေးအပ်တော်မူခဲ့ပါသည် (ရောမဩဝါဒစာ 3:20)။ ကျွန်ုပ်တို့သည် လုံးဝအပြစ်သားများဖြစ်ကြောင်းနှင့် ငရဲသို့သွားရမည့် ကံကြမ္မာရှိကြောင်းကို သိမြင်နားလည်စေရန် ဖြစ်ပါသည်။
ဘုရားသခင်၏ သားတော်ဖြစ်သော သခင်ယေရှု၏ ဗတ္တိဇံကို ယုံကြည်၍ ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသစ်တဖန်မွေးဖွားခြင်းကို ခံယူပါ။ ထိုသို့ပြုလျှင် အပြစ်မှ ကယ်တင်ခြင်းခံရ၍ ဖြောင့်မတ်သောသူ ဖြစ်လာပြီး ထာဝရအသက်ကို ရရှိကာ ကောင်းကင်နိုင်ငံတော်သို့ ဝင်စားရလိမ့်မည်။ သင်တို့၏ စိတ်နှလုံးထဲ၌ ယုံကြည်ခြင်းကို ထားရှိကြပါ။
 
 
လောက၌ မာနအကြီးဆုံးသော အပြစ်
 
လောက၌ မာနအကြီးဆုံးသော အပြစ်သည် အဘယ်နည်း။
မောရှေ၏ ပညတ်တော်အတိုင်း နေထိုင်ရန် ကြိုးစားခြင်း ဖြစ်သည်။
 
ဘုရားသခင်ကို ယုံကြည်ခြင်းထက် ပို၍အရေးကြီးသောအရာ မရှိပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာကို ယုံကြည်သောယုံကြည်ခြင်းကို ရှိခြင်းအားဖြင့် ကောင်းချီးမင်္ဂလာကို ခံစားရပါသည်။ ဘုရားသခင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောသူများကို ကယ်တင်ရန် ဆုံးဖြတ်တော်မူခဲ့ပါသည်။
သို့သော် ယနေ့ခေတ် ယုံကြည်သူများထဲတွင် ထိုအရှင်၏ မောရှေ၏ ပညတ်တော်အတိုင်း နေထိုင်ရန် ကြိုးစားသူများ အများအပြား ရှိနေပါသည်။ ခရစ်ယာန်အများစုသည် ထိုသို့ဖြစ်ကြပါသည်။ သူတို့သည် မောရှေ၏ ပညတ်တော်အတိုင်း နေထိုင်ရန် ကြိုးစားခြင်းသည် ချီးမွမ်းထိုက်သော်လည်း ၎င်းသည် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ကိုယ်တော်၏ မောရှေ၏ ပညတ်တော်အားဖြင့် အသက်ရှင်ရန် ကြိုးစားခြင်းသည် မည်သို့သောမိုက်မဲမှုဖြစ်သည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကြိုးစားလေလေ ပို၍ခက်ထန်လေလေ ဖြစ်သည်။ ကိုယ်တော်က “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏” (ရောမဩဝါဒစာ 10:17) ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရရန်အတွက် မောက်မာ မှုများကို ဖယ်ရှားရန် လိုအပ်ကြသည်။
 
 

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရရန် မိမိစံချိန်စံညွှန်း များကို ဖယ်ရှားရကြမည် ဖြစ်သည်

 
ကယ်တင်ခြင်းခံရရန် ကျွန်ုပ်တို့ မည်သို့ပြုလုပ်ရမည်နည်း။
ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင်စံနှုန်းများကို စွန့်လွှတ်ရမည်။
 
လူသားသည် မည်သို့ ကယ်တင်ခြင်းခံရနိုင်မည်နည်း။ သူသည် အပြစ်သားတစ်ဉီးဖြစ်သည်ဟု မိမိကိုယ်ကိုကိုယ် ဝန်ခံမှသာလျှင် ကယ်တင်ခြင်းခံရနိုင်သည်။ မှားယွင်းသော ယုံကြည်ခြင်းနှင့် ကြိုးပမ်းအားထုတ်မှုများကို မစွန့်လွှတ်နိုင်သောကြောင့် ကယ်တင်ခြင်းမခံရသော လူအများအပြား ရှိပါသည်။
ဘုရားသခင်သည် မောရှေ၏ ပညတ်တော်ကို စောင့်ထိန်းရန် ကြိုးစားသူသည် ကျိန်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူခဲ့ပါသည်။ သခင်ယေရှုကို ယုံကြည်ပြီး မောရှေ၏ ပညတ်တော်အတိုင်း နေထိုင်ရန် ကြိုးစားခြင်းဖြင့် တဖြည်းဖြည်း ဖြောင့်မတ်လာနိုင်သည်ဟု ယုံကြည်သူသည် ကျိန်ခြင်းခံရပါသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း မောရှေ၏ ပညတ်တော်အတိုင်း နေထိုင်မှသာ ကယ်တင်ခြင်းခံရနိုင်သည်ဟု ထင်မှတ်ကြပါသည်။
ချစ်လှစွာသော မိတ်ဆွေများခင်ဗျား၊ ကျွန်ုပ်တို့ အသက်ရှင်နေစဉ် ကျွန်ုပ်တို့၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်နိုင်ပါမည်လား။ ကျွန်ုပ်တို့သည် သခင် ယေရှု၏နှုတ်ကပတ်တော်ကို ယုံကြည်မှသာလျှင် ဖြောင့်မတ်သူများ ဖြစ်လာကြသည်။ သို့မှသာ ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းခံရကြ သည်။ သခင်ယေရှု၏ ဗတ္တိဇံတော်နှင့် အသွေးတော်၊ ထို့အပြင် သခင်ယေရှုသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ယုံကြည်မှသာ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရပါမည်။ 
ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ ဖြောင့်မတ်သောသူ ဖြစ်လာစေရန် ယုံကြည်ခြင်း၏ တရားကို ကြိုတင်ပြင်ဆင်ထားတော်မူခဲ့ပါသည်။ ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ကယ်တင်ခြင်းသည် လူ၏အကျင့်၌ မတည်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သော ယုံကြည်ခြင်း၌ တည်ပါသည်။ ထို့ပြင် ဘုရားသခင်သည် ထိုယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့ပါသည်။ ဘုရားသခင်သည် ထိုသို့ အစီအစဉ်ချမှတ်၍ ပြီးပြည့်စုံစေတော်မူခဲ့ပါသည်။
သခင်ယေရှုကို ယုံကြည်သောသူများသည် အဘယ်ကြောင့် ရွေးနှုတ်ခြင်းကို မခံရသနည်း။ သူတို့သည် ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ကယ်တင်ခြင်းအကြောင်း နှုတ်ကပတ်တော်ကို လက်မခံခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် သူတို့ကဲ့သို့ မပြည့်စုံသော ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သော ယုံကြည်ခြင်းဖြင့် ရွေးနှုတ်ခြင်းကို ခံရခဲ့ပါသည်။ 
“ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်” (ရှင်မဿဲခရစ်ဝင် 24:41)။ ချန်ထားခြင်းခံရသောသူသည် ရွေးနှုတ်ခြင်း မခံရသောသူ ဖြစ်ပါသည်။ အဘယ်ကြောင့် တစ်ယောက်ကို သိမ်းယူ၍ အခြားတစ်ယောက်ကို ချန်ထားရသနည်း။
ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ တစ်ယောက်သော သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြား၍ ယုံကြည်ခဲ့သောကြောင့် ဖြစ်ပါသည်။ မောရှေ၏ ပညတ်တော်ကို စောင့်ထိန်းရန် ကြိုးစားအားထုတ်ခဲ့သော အခြားတစ်ယောက်မှာ နောက်ဆုံးတွင် ငရဲသို့ ချပစ်ခြင်းခံရပါသည်။ သူသည် ဘုရားသခင်ထံသို့ တွားတက်ရန် ကြိုးစားခဲ့သော်လည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့က တံတားပေါ်သို့ တွားတက်လာသော ပိုးကောင်ကို ခါချလိုက်သကဲ့သို့ သူ့ကို ခါချပစ်တော်မူခဲ့ပါသည်။ လူသားသည် မောရှေ၏ ပညတ်တော်ကို စောင့်ထိန်းရန် ကြိုးစားရင်း ဘုရားသခင်ထံသို့ တက်တွားရန် ကြိုးစားပါက မုချဧကန် ငရဲသို့ ချပစ်ခြင်းခံရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ယုံကြည်သော ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရရမည် ဖြစ်ပါသည်။ 
‘“မောရှေ၏ ပညတ်တော်ကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏” ဟု ရေးထားသည်ဖြစ်၍ မောရှေ၏ ပညတ်တော်နှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်” ဖြစ်သောကြောင့် မောရှေ၏ ပညတ်တော်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏’ (ဂလာတိဩဝါဒစာ 3:10-11၊ ရောမဩဝါဒစာ 1:17)။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်ခြင်းသည် ဘုရားသခင့်ရှေ့မှောက်တွင် အပြစ်ဖြစ်ပါသည်။ ထို့အပြင် မိမိ၏ စံနှုန်းအရ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘေးဖယ်ထားခြင်းသည်လည်း အပြစ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ လူသားအားလုံးသည် အပြစ်သားအဖြစ် မွေးဖွားလာကြသောကြောင့် ကိုယ်တော်၏ မောရှေ၏ ပညတ်တော်အတိုင်း နေထိုင်နိုင်စွမ်း မရှိပါ။ ထို့ပြင် ကျွန်ုပ်တို့သည် တစ်သက်တာလုံး အပြစ်ကို ဆက်လက်ကျူးလွန်နေကြပါသည်။ ကျွန်ုပ်တို့သည် ဤနေရာတွင် အနည်းငယ်၊ ထိုနေရာတွင် အနည်းငယ်၊ သွားလေရာတိုင်း အပြစ်ကို ကျူးလွန်ကြပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ဇာတိပကတိသည် အပြစ်ကို မဖြစ်မနေ ကျူးလွန်မိမည်ဖြစ်ကြောင်း သိမြင်နားလည်ရမည် ဖြစ်ပါသည်။
လူသားသည် ကြီးမားသော မြေသြဇာပုံးကြီးနှင့် တူပါသည်။ ထိုပုံးကို သယ်ဆောင်သွားလာရန် ကြိုးစားပါက နောက်ဆုံးတွင် အထဲမှအရာများ ဖိတ်စင်ကျသွားပါလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုအရာနှင့် တူကြသည်။ ကျွန်ုပ်တို့သည် သွားသည့်နေရာတိုင်းတွင် အပြစ်ကို ဖြန့်ကျဲနေ ကြသည်။ သင်သည် ၎င်းကို ပုံဖော်နိုင်သလော။ 
သင်သည် သန့်ရှင်းသည်ဟု ဟန်ဆောင်နေသေးသလော။ မိမိကိုယ်ကို ရှင်းလင်းစွာ မြင်နိုင်ပါက သန့်ရှင်းလာရန် အချည်းနှီး ကြိုးပမ်းမှုကို စွန့်လွှတ်၍ သခင်ယေရှု၏ ရေနှင့် သွေးတော်ကို ယုံကြည်လာပါလိမ့်မည်။ 
ကျွန်ုပ်တို့သည် ခေါင်းမာမှုကို စွန့်လွှတ်၍ ဘုရားသခင့်ရှေ့မှောက်တွင် အပြစ်သားဖြစ်ကြောင်း ဝန်ခံရမည်။ ထို့နောက် ကိုယ်တော်၏ နှုတ်ကပတ်တော်ထံသို့ ပြန်လာပြီး ကိုယ်တော်သည် ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို မည်သို့ ကယ်တင်တော်မူခဲ့ကြောင်း ရှာဖွေတွေ့ရှိရမည်။
 
ဤဒေသနာကို အီးဘွတ်ခ် ပုံစံဖြင့်လည်း ရရှိနိုင်ပါသည်။ အောက်ပါစာအုပ်အဖုံးကို နှိပ်ပါ။
သင်သည် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အမှန်တကယ် အသစ်တဖန်မွေးဖွားခြင်း ခံယူခဲ့ပါပြီလား [ပြန်လည်ပြင်ဆင်ထုတ်ဝေခြင်း]