Search

关于基督教信仰的常见问题解答

话题2:圣灵

2-3. ကျွန်ုပ်မိဘများမင်္ဂလာမဆောင်မီ သူတို့သည် ဒုတိ ယမွေးခြင်းခံခဲ့သောခရစ်ယာန်များဖြစ်ကြသည်ဟု အခိုင်အမာပြောခဲ့ကြသည်။ ထိုပြင် ကျွန်တော်မွေးကတည်းကစပြီး ဘာသာတရားကိုင်းရှုင်းသောအသက် တာဖြင့်အသက်ရှင်ခဲ့သည်။ ကျွန်တော်မွေးဖွါးသည့်အချိန်ကစပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်တော်နှင့်အတူရှိခဲ့သည်ဟု ကျွန်တော်ယူဆခဲ့သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့်ပတ်သက်ပြီး ကျွန်တော့်မှာ သမ္မာကျမ်းစာ အသိပညာမရှိခဲ့သောကြောင့် ကျွန်တော်အလွန် စိတ်ရှုပ်ထွေး ခဲ့သည်။ လူတစ်ဦးသည်သန့်ရှင်းသောဝိညာဉ်တော်သည် ရေနှင့် ဝိညာဉ်တော်ဖြင့် ဒုတိယမွေးဖွါးခြင်းခံသောသူများအပေါ်၌သာသက် ရောက်ခဲ့ သလား။

ဤအကြောင်းသည်မှန်ကန်ပါသည်။ လူတိုင်းသည် သန့်ရှင်း သောဝိညာဉ်တော်ရရှိရန်အတွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့်အပြစ်လွတ်ခြင်းအခွင့်ရရှိရန်လိုအပ်လျက်ရှိသည်။ "ရေ"သည် ကယ် တင်ခြင်းပုံဆောင်ချက်ဖြစ်သည်(၁ပေ ၃:၂၁)ဟု သမ္မာကျမ်းစာထဲတွင်ဖော်ပြထား ပါသည်။ ဤနေရာတွင်ရေသည် ယောဟန်ထံမှရရှိသော သခင်ယေရှု၏ဗတ္တိဇံခံယူ ခြင်းဖြစ်သည်(မဿဲ ၃:၁၅)။
    ပထမနေဖြင့်၊ လူတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းအဓိပ္ပါယ်ကိုသိရှိနားလည်ခြင်းအားဖြင့် သူ၏အပြစ် အားလုံးလွတ်ငြိမ်းချမ်းသာခွင့်ရရှိရန်လိုအပ်သည်။ ဂလာတ ၃:၂၇ တွင် "ခရစ်တော်၌ ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏" ဟုဖော်ပြထားပါသည်။ ဤနေရာတွင် "ခရစ်တော်၌ဗတ္တိဇံခံယူ ခြင်း"သည် ကျွန်ုပ်တို့၏ဗတ္တိဇံခံယူခြင်းကို ရည်ညွှန်းလိုခြင်းမဟုတ်ပေ။ ယောဟန် အားဖြင့် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းရည်ရွယ်ချက်ကိုသိရှိနားလည်ခြင်းအား ဖြင့် အပြစ်လွတ်ခြင်းရရှိခြင်းကိုရည်ညွှန်းလိုခြင်းပင်ဖြစ်သည်။
    လူသားအားလုံးသည် အပြစ်ရှိသော ကိုယ်ခန္ဓာအားဖြင့် မွေးဖွါးလာခဲ့ကြ သည်။ ရောမ ၅:၁၂ တွင် "ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ် ယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတ ရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိကြသောကြောင့်သေခြင်းသို့ ရောက်ကြ၏"ဟုဖော်ပြထားပါသည်။ ဤလောကတွင်ရှိသောလူသားများအားလုံး သည် အပြစ်သားများအဖြစ်မွေးဖွါးကြပြီး အာဒံနှင့်ဧဝထံမှ အပြစ်တရားကိုအမွေ ဆက်ခံလာခဲ့ကြသည်။
    ထိုကြောင့်ဆာလံ ၅၁:၅ တွင် "အကျွန်ုပ်သည်မွေးစကပင် အပြစ်ပါလျက် ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ၏"ဟု ဖော်ပြထားပါသည်။ ဟေရှာယ ၁:၄ တွင်လည်း "ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကိုထမ်းရွက်သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန်သောသားသမီးဖြစ်ပါတကား" ဟု ဖော်ပြထားပါသည်။ လူတွေက မွေးစကတည်းက အပြစ်ပြုလျက်ရှိကြသည်။ ဤ ကမ္ဘာပေါ်တွင်ရှိသောလူသားအားလုံးများသည် သူတို့မိဘများထံမှအပြစ်ဆက်ခံ လာကြပြီး သူတို့သည်ဤလောကသို့အပြစ်သားများအဖြစ်မွေးဖွါးလာခဲ့ကြသည်။ တနည်းအားဖြင့် ကျွန်ုပ်တို့အသက်ရှင်နေသည့်အချိန်တွင် အပြစ်တရား၏အသီး များသီးခြင်းက ကျွန်ုပ်တို့ကိုချည်နှောင်လျက်ရှိသည်။
    ထိုအကြောင်းကြောင့် မိဘနှစ်ပါးစလုံးသည် ဒုတိယမွေးခြင်းခံရသော သူ များဖြစ်ကြသောကြောင့် သူတို့၏သားသမီးများသည်လည်း သန့်ရှင်းသောဝိညာဉ် တော်ရရှိသည်ဟုယုံကြည်ခြင်းသည် လွှဲမှားသောယုံကြည်ခြင်းဖြစ်သည်။ ဤကဲ့ သို့ ယုံကြည်ခြင်းရှိသောသူများသည် သူတို့အတွေးအခေါ်များက သန့်ရှင်းသော ဝိညာဉ်တော်ရရှိရန် တားဆီးပိတ်ပင်ခဲ့ပြီး ဤသို့သောယုံကြည်ခြင်းမျိုးအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းဘယ်တော့မှမရရှိနိုင်ပေ။
    ထိုကြောင့် ကျွန်ုပ်တို့အပေါ်ာသခင်ယေရှုပေးခဲ့သောရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို လူတိုင်းကယုံကြည်သင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ဘုရားသခင်ထံမှလာသောဆုကျေးဇူးတစ်ခုဖြစ်သောကြောင့် ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဘုရား သခင်၏တပါးတည်းသောသားတော် သခင်ယေရှုခရစ်တော်သည် လောကအပြစ် များ အားလုံးယူဆောင်သွားရန် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့သည်။ ထိုနောက် ကားတိုင်ပေါ်တွင် ပြစ်ဒဏ်ခံခဲ့ရပြီး ယုံကြည်သူအားလုံးကို သမ္မာတရားအားဖြင့် ဖြောင့်မတ်သောသူများဖြစ်စေခဲ့သည်။ ဤအရာသည် လူသားများအတွက် ဘုရား သခင်၏အကြံအစည်တော်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလိုတော်အတိုင်း ၄င်းကို ယုံကြည်သောသူများအပေါ်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းပေးခဲ့ သည်။
    ဤလောကတွင်ရှိသောလူသားအားလုံးသည် အပြစ်တရားနှင့်အတူ ဤ လောကသို့မွေးဖွါးခြင်းခံခဲ့ကြသည်။ ထိုကြောင့် သူတို့သည် အပြစ်လွတ်ခြင်းရရှိပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့်သန့်ရှင်းစင်ကြယ်ခြင်းရရှိခဲ့လျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြမည်ဖြစ်သည်။ ထိုကြောင့် ရေနှင့်ဝိ ညာဉ်တော်အားဖြင့်ဒုတိယမွေးဖွါးခြင်းခံသောအခါ ထိုသူအပေါ်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်နေသည်ကို မိတ်ဆွေမှတ်ထားကာ ယုံကြည်ရမည်ဖြစ် သည်။
    သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကြိုးပမ်းအားထုတ်ခြင်းအပေါ် မူတည်ပြီးမဆင်းသက်ခဲ့ပေ။ သို့သော် သူ၏ကိန်းဝပ်ခြင်းသည် ကတိတော်ထားရှိခဲ့ သော ဘုရားသခင်အပေါ်မူတည်သည်။ တနည်းအားဖြင့်၊ သူသည် လူတွေ၏ဆန္ဒ နှင့်ဝိညာဉ်ရေးရာအောင်မြင်မှုအပေါ်မူတည်ပြီး ကိန်းဝပ်ခြင်းမရှိပေ။ သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် ဘုရားသခင်၏အလိုတော်အတိုင်းယုံကြည် ခြင်းအားဖြင့် ရရှိနိုုင်သည်။
    ဘုရားသခင်၏အလိုတော်သည်သခင်ယေရှုသည်ယောဟန်၏ဗတ္တိဇံခံယူ ခြင်းနှင့်ကားတိုင်ပေါ်တွင်အသေခံခြင်းအားဖြင့်လူသားများအားလုံး၏အပြစ်များမှ ကယ်တင်ရန်အတွက် တပါးတည်းသောသားတော်ကိုဤလောကသို့စေလွှတ်ခြင်း ဖြစ်သည်။ ထိုသို့အားဖြင့် ယုံကြည်သူများ၏နှလုံးသားထဲတွင် သန့်ရှင်းသော ဝိညာဉ် တော်ကိန်းဝပ်လျက်ရှိသည်။ ဘုရားသခင်၏အလိုတော်နာခံခြင်းနှင့်ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအးဖြင့် အပြစ်မှလွတ်မြောက်ခြင်းရ ရှိသော ဖြောင့်မတ်သူများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကိုရရှိနိုင် သည်။
    ထိုကြောင့် မိဘနှစ်ပါးတို့၏ယုံကြည်ခြင်းအားဖြင့် သူတို့၏သားသမီးများ သန့်ရှင်းသောဝိညာဉ်တော်ရရှိသည်ဟုယုံကြည်ခြင်းသည် မှားယွင်းသော၊ ဖရိုဖ ရဲဖြစ်သောယုံကြည်ခြင်းဖြစ်သည်။ ဤယုံကြည်ခြင်းသည် ဘုရားသခင်၏အလို တော်ကိုဘေးချိတ်ထားကာ သူ၏ဆန္ဒအလျောက်သန့်ရှင်းသောဝိညာဉ်တော်ရရှိ ရန် ကြိုးစားခြင်းပင်ဖြစ်သည်။ လူတစ်ယောက်သည်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိလိုလျှင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းက လွှဲပြီး အခြား သောနည်းလမ်းတစ်ခုမျှမရှိတော့ပေ။