Search

关于基督教信仰的常见问题解答

话题3:启示录

3-7. သားရဲ၏အမှတ်တံဆိပ်ဆိုသည်မှာ မည်သည့်အရာနည်း။

ဘေးဒဏ်ကြီးကာလအတွင်း၌ အန္တီခရစ်သည် လူတိုင်းထိုသူ၏ ကိန်းချုပ်မူအောက်ကွင်ထားရှိရန်အတွက်၊သူ၏အမှတ်တံဆိပ်ကို သူတို့၏ ညာဖက်လက်မောင်းတွင်သော်၄င်း၊နဖူးတွင်သော်၄င်း၊ အတင်းဓမ္မရေးထိုး စေလိမ့်မည်။ ဤအမှတ်တံဆိပ်သည် သားရဲ၏အမှတ်ဖြစ်သည်။ အန္တီခ ရစ်သည် လူတို့အားသူ၏အမှတ်တံဆိပ်ကို လက်ခံရန်တောင်းဆိုလိမ့်မည်။ ဤနည်းဖြင့်သူသည် လူတိုင်းကိုသူ၏အစေခံများအဖြစ် ပြောင်းလဲစေနိုင် မည်ဖြစ်သည်။ သူသည်သူ၏နိုင်ငံရေးစီမံကိန်းများကို ဆက်လက်လုပ် ဆောင်မှာ ဖြစ်ပြီးလူတို့ကိုသူ၏အရှိန်အဝါ သြဇာခံအပြစ်အသုံးပြုမည် ဖြစ်သည်။ အကယ်၍လူတို့၌ သားရဲပိုင်ဆိုင်သော အမှတ်တံဆိပ်မရှိပါက၊ သူသည်ထိုသူတို့အား မည်သည့်အရာကိုမဆိုရောင်းခြင်းဝယ်ခြင်းမှ တား ဆီးလိမ့်မည်။ အမှတ်တံဆိပ်သည် သားရဲ၏အမည်သို့မဟုတ် သူ၏ဂဏန်း ဖြစ်သည်။ ဤကမ္ဘာသို့သားရဲပေါ်လာသောအခါ၊ ဤလူတို့သည် သူ၏နာ မည်သို့မဟုတ်ဂဏန်းဖြင့်ပြုလုပ်ထားသော အမှတ်တံဆိပ်ကို အတင်း အကြပ်လက်ခံခိုင်းလိမ့်မည်။
အမှတ်စဉ်ရေတွက်သည့်အခါ သားရဲ၏အမှတ်သည်၊ ၆၆၆ဖြစ် သည်။ ဤသည်မှာသားရဲသားတည်းဟူသောအန္တီခရစ်သည် သူကိုယ်သူ ဘုရားအဖြစ်ကြေငြာလိမ့်မည်၊တနည်းအားဖြင့်ပြောရလျှင်၊ ဤအရာက  မောက်မာသော လူသားတို့၏ဘုရားဖြစ်ရန် ကြိုပမ်း မူကို ဖေါ်ပြသည်။ ထို့ ကြောင့်ဤအမှတ်တံဆိပ်ကို မိမိတို့၏ညာဖက်လက်မောင်း သို့မဟုတ်နဖူး ၌ လက်ခံထားသောမှန်သမျှသည်၊သားရဲတည်းဟူသော အန္တီခရစ်ကိုဘုရား ကဲ့သို့ ကိုးကွယ်လျှက် အလုပ်အကျွေးပြုရလိမ့်မည်။
ကမ္ဘာမြေကြီးသည်အလွန်ကြီးမားသော အခက်အခဲများကို တံပိုးခု နှစ်လက်၏ကပ်ရောဂါဘေးများမှရရှိရင်ဆိုင်ရသောအခါစာတန်ကအာဏာ အပ်နှင်းထားသောအန္တီခရစ်သည် ကမ္ဘာတစ်ခုလုံးကို သူ၏အုပ်စိုးမူ အောက်သို့ကျရောက်စေရန်ကြီးမားသော အင်းအားကို  ယူဆောင်လာလိမ့် မည်။ သူ၏သေလောက်သော ဒဏ်ရာများကို သူဖာသာသူကုသပြီး၊ မိုး ပေါ်မှမီးကျစေသကဲ့သို့သော နိမိတ်လက္ခဏာအံ့သြဖွယ်ရာများကို ပြသ ခြင်းဖြင့်သူသည် တကမ္ဘာလုံးရှိလူများကို သူနောက်လိုက်ဖြစ်စေလိမ်မည်။ ဒုက္ခရောက်သည့်အခါ သူရဲကောင်းပေါ်လာတတ်သကဲ့သို့၊စာတန်ထံမှ သူ ၏တန်ခိုးစွမ်အင်းများကို ရရှိထားသောသူတည်းဟူသောအန္တီခရစ်သည်၊ ကမ္ဘာကြီးရင်ဆိုင်နေရသော ခက်ခဲသောပြသနာများကို ကြီးမားသည့်အခွင့် အာဏာဖြင့်ဖြေရှင်းပေးလိမ့်မည်။ ဤသို့ဖြင့် သူသည်ကမ္ဘာပေါ်မှ လူများ၏ ဘုရားကဲ့သို့ အလွန်ရိုသေလေးစားစွာခြင်းကို ခံရလိမ့်မည်။
ထို့ကြောင့်အန္တီခရစ်သည်သူ၏နောက်ဆုံးလုပ်ငန်းကို မြေကြီးထဲမှ ထွက်လာသောအခြားသားရဲတစ်ကောင်၏အကူအညီဖြင့် ဆောင်ရွက်လိမ့် မည်။ ဒုတိယသားရဲသည် ပထမသားရဲတည်းဟူသော အန္တီခရစ်၏နောက်၌ ရုပ်တုတစ်ခုကိုလူတို့အားအတင်းအကြပ် ပြုလုပ်စေမည်။ စာတန်၏တန်ခိုး ဖြင့်ထိုသားရဲ၏ရုပ်တုကိုအသက်ရှင်စေပြီး စကားပြောစေသည်။ ထို့နောက် သားရဲရုပ်တုကို မကိုးကွယ်သူမှန်သမျှကို သတ်ဖြတ်ပစ်လိမ့်မည်။ သူသည် လူတိုင်းက သူ၏အမှတ်တံဆိပ်ကို သူတို့၏ညာဖက်လက်မောင်း၌သော် လည်းကောင်း၊ နဖူး၌သော်လည်းကောင်း၊ ရိုက်နှိပ်စေမည်။ ထို့အပြင်သူ၏ အမှတ်အသားကိုလက်မခံသောသူတို့အား မည်သည့်အရာကို မဆိုရောင်း ခြင်း (သို့မဟုတ်) ဝယ်ခြင်း မပြုလုပ်ရန်တားမြစ်လိမ့်မည်။
သားရဲ၏အမှတ်တံဆိပ်ကို လက်ခံခြင်းဆိုသည်မှာ သူ့အားအရှုံး ပေးပြီးသူ၏အစေခံကျွန်ဖြစ်လာခြင်းကို ဆိုလိုသည်။ အမှတ်တံဆိပ်ကို လက်ခံရန်ကိုယ်ခန္ဓာအကျပ်ကိုင်မှုမပြုပါ။သို့သော်ကိုယ်တိုင်ကိုယ်ကျသော် လည်းကောင်း၊ ကျိုးကြောင်းဆင်ခြင် ပြီး ဆုံးဖြဟ်ခြင်းဖြစ်သည်။ သို့သော် ဤအမှတ်တံဆိပ်ကို လက်ခံခြင်းမပြုလျှင် မည်သူတစ်ဦးတစ်ယောက်မျှ ရောင်းခြင်း၊ ဝယ်ခြင်းမပြုလုပ်နိုင် (သို့မဟုတ်) အသက်ပင်ရှင်ခွင့်မရှိ၊ ဤကမ္ဘာပေါ်ရှိလူများတို့တွင်ဘုရားသခင်၏အပြစ်မှခွင့်လွှတ်ခြင်းကို လက် ခံရရှိ၊မရှိသောသူသည်သားရဲ၏နံဘေးတွင် ရပ်နေရလိမ့်မည်။ ထို့နောက်အ ဆုံးတွင် သူ့ထံအညံ့ခံကြရမည်။
သားရဲကိုအရှုံးပေးသောသူနှင့်သူ၏အမှတ်တံဆိပ်ကို လက်ခံသော သူသည် မကောင်းဆိုးဝါးသတ္တဝါနှင့်အတူ ကန့်နှင့်ငရဲ မီးလောင်းကျွမ်း ရာမီးအိုင်ထဲသို့ပစ်ချခံရမည်။ဒုတိယအကြိမ်မွေးဖွားခြင်း မခံရသေးသော သာမာန်ခရစ်ယာန်တို့သည် နောက်ဆုံးသောကာလ၌ စာတန်ထံလက် နက်ချအရှုံးပေးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှလုံးသားထဲ တွင်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းမရှိသောကြောင့် ဖြစ်သည်။ သားရဲ၏အမှတ်တံဆိပ်ကို သူတို့၏ညာလက်နှင့် (သို့မဟုတ်) နဖူးတွင် သူတို့လက်ခံကြပြီးသူတို့ဘုရားအဖြစ်ကိုးကွယ်ကြလိမ့်မည်။ ထိုအချိန်တွင် အပြစ်မှခွင့်လွှတ်ခြင်းခံရသောသူနှင့် သူတို့၏နှလုံးသားထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ရှိနေသူများသာလျှင်သားရဲ၏တောင်းဆိုချက်ကို ငြင်းဆန် ခုခံနိုင်ကြမည်ဖြစ်ပြီး သူတို့၏ယုံကြည်ချက်ဖြင့် ဆန့်ကျင်တိုက်ခိုက်ပြီး အန္တီခရစ်ကို အောင်နိုင်ကြမည်ဖြစ်ပါသည်။