Search

דרשות

ဘာသာရပ် ၄ - နေ့စဉ်အပြစ်များဖြေရှင်းခြင်း

[4-1] ကြွယ်ဝသောအပြစ်ဖြေခြင်း၏ ဧဝံဂေလိတရား (ရှင်ယောဟန်ခရစ်ဝင် 13:1-17)

ကြွယ်ဝသောအပြစ်ဖြေခြင်း၏ ဧဝံဂေလိတရား (ရှင်ယောဟန်ခရစ်ဝင် 13:1-17)
(ရှင်ယောဟန်ခရစ်ဝင် 13:1-17)
‘ပသခါပွဲတော်မတိုင်မီ၌ ယေရှုသည် ဤလောကမှထွက်ခွာပြီး ခမည်းတော်ထံသို့သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၍ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူလျက် အဆုံးတိုင်အောင်ချစ်တော်မူ၏။ ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။ ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့် ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။ ထို့နောက် ဇလုံ၌ရေထည့်၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါဖြင့် သုတ်တော်မူ၏။ ဤသို့ဖြင့် ရှိမုန်ပေတရုထံရောက်တော်မူသောအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လော” ဟု လျှောက်လေ၏။ ယေရှုကလည်း “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်” ဟု ပြန်၍မိန့်တော်မူလျှင် ပေတရုက “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်” ဟု လျှောက်လေ၏။ ယေရှုကလည်း “သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်” ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါ ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ” ဟု လျှောက်လေ၏။ ယေရှုကလည်း “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးမဟုတ်” ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် မိမိကို မည်သူအပ်နှံမည်ကိုသိတော်မူသောကြောင့် “သင်တို့အားလုံးစင်ကြယ်သည်မဟုတ်” ဟု မိန့်တော်မူခြင်းဖြစ်၏။ ထိုသို့ သူတို့၏ခြေကိုဆေးပြီးသောအခါ ကိုယ်တော်သည် ဝတ်ရုံတော်ကိုပြန်ဝတ်၍ တစ်ဖန်ထိုင်တော်မူပြီးလျှင် တပည့်တော်တို့အားမြွက်ဆိုတော်မူသည်မှာ “သင်တို့၌ ငါပြုခဲ့သောအရာကို နားလည်ကြသလော။ သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ ထိုသို့ခေါ်ကြသည်မှာ လျောက်ပတ်ပေ၏။ ထို့ကြောင့် သခင်ဘုရားလည်းဖြစ်၍ ဆရာလည်းဖြစ်သောငါသည် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကိုဆေးကြရမည်။ သင်တို့၌ ငါပြုသကဲ့သို့ သင်တို့သည်လည်းပြုကြရန် စံနမူနာကို ငါပြခဲ့၏။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။ ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။”’
 
 
ပသခါပွဲတော်မတိုင်မီနေ့တွင် ယေရှုသည် ပေတရု၏ခြေကို အဘယ်ကြောင့် ဆေးကြောပေးခဲ့သနည်း။ သူ၏ခြေကို ဆေးကြောပေးနေစဉ် ယေရှုက “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ ရှိမုန်ပေတရုသည် ယေရှု၏ တပည့်တော်များထဲတွင် အကောင်းဆုံးဖြစ်သည်။ သူသည် ယေရှုကို ဘုရားသခင်၏သားတော်ဟု ယုံကြည်ခဲ့ပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေခံခဲ့သည်။ ထို့အပြင် ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့ပြီး ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်း ဧကန်အမှန် ရှိခဲ့ပါသည်။ ပေတရုသည် ယေရှုကို ခရစ်တော်ဟု ယုံကြည်သည်ဟု ဝန်ခံသောအခါ၊ ထိုဝန်ခံခြင်းသည် သူက ယေရှုအား မိမိကို အပြစ်အားလုံးမှ ကယ်တင်မည့် ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းကို ဆိုလိုပါသည်။
 
ယေရှုသည် ကားတိုင်တင်သတ်ခြင်းမခံရမီ တပည့်တော်များ၏ခြေကို အဘယ်ကြောင့် ဆေးကြောပေးခဲ့သနည်း။
အကြောင်းမှာ သူသည် တပည့်တော်များအား ပြီးပြည့်စုံသော ကယ်တင်ခြင်းကို နားလည်စေလိုသောကြောင့် ဖြစ်သည်။
 
ကိုယ်တော်သည် ပေတရု၏ခြေကို အဘယ်ကြောင့် ဆေးကြောပေးခဲ့သနည်း။ ယေရှုသည် ပေတရုသည် မကြာမီ မိမိကို သုံးကြိမ်တိုင်အောင် ငြင်းပယ်မည်ဖြစ်ကြောင်းနှင့် သူသည် အနာဂတ်တွင် အပြစ်များစွာ ကျူးလွန်မည်ဖြစ်ကြောင်းကို သိတော်မူခဲ့သည်။ 
အကယ်၍ ယေရှု ကောင်းကင်ဘုံသို့ တက်ကြွသွားပြီးနောက် ပေတရု၏စိတ်နှလုံးထဲတွင် အပြစ်တစ်စုံတစ်ရာ ကျန်ရှိနေခဲ့ပါက သူသည် ယေရှုနှင့် စည်းလုံးနိုင်မည် မဟုတ်ပေ။ သို့သော် ယေရှုသည် မိမိတပည့်တော်များ၏ အားနည်းချက်များ အားလုံးကို သိတော်မူခဲ့ပြီး သူတို့၏အပြစ်များသည် ကိုယ်တော်နှင့် တပည့်တော်များကြား ဝင်ရောက်လာစေရန် အလိုတော်မရှိခဲ့ပေ။ ထို့ကြောင့် ကိုယ်တော်သည် တပည့်တော်များအား သူတို့၏အပြစ်ဒုစရိုက်အားလုံးသည် ဆေးကြောပြီးဖြစ်ကြောင်း သင်ကြားပေးရန် လိုအပ်ခဲ့သည်။ ထိုအကြောင်းကြောင့် သူသည် သူ၏တပည့်တော်များ၏ ခြေကို ဆေးကြောခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် အသေခံ၍ သူတို့ထံမှ ထွက်ခွာသွားမည့်အချိန်မတိုင်မီ မိမိ၏ဗတ္တိဇံ၏ဧဝံဂေလိတရားနှင့် သူတို့၏ တစ်သက်တာလုံး ကျူးလွန်ခဲ့သော အပြစ်အားလုံး လုံးဝဖယ်ရှားခြင်းခံရသည်ကို သေချာစွာ နားလည်နိုင်စေရန် ပြုလုပ်ခဲ့သည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး 13 သည် ယေရှုက မိမိတပည့်တော်များ၌ ပြီးစီးစေခဲ့သော ပြီးပြည့်စုံသောကယ်တင်ခြင်းအကြောင်းကို ဖော်ပြထားသည်။ ယေရှုသည် သူတို့၏ခြေကို ဆေးကြောပေးနေစဉ် လူအပေါင်းတို့၏ အပြစ်အားလုံးကို ဆေးကြောနိုင်သော ဗတ္တိဇံ၏ဧဝံဂေလိတရား၏ ဉာဏ်ပညာအကြောင်းကို သူတို့အား မိန့်ကြားတော်မူခဲ့သည်။
“နောင်အခါတွင် စာတန်၏လှည့်ဖြားခြင်းကို မခံကြနှင့်။ ငါသည် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူခြင်းဖြင့် သင်တို့၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့ပြီး ကားတိုင်ပေါ်တွင် ထိုအပြစ်များအတွက် တရားစီရင်ခြင်းကို ခံယူမည်။ ထို့နောက် ငါသည် သေခြင်းမှ ထမြောက်ခြင်းဖြင့် သင်တို့အားလုံးအတွက် အသစ်တဖန်မွေးဖွားခြင်း၏ ကယ်တင်ခြင်းကို ပြီးပြည့်စုံစေမည်။ သင်တို့၏အနာဂတ်အပြစ်များကို ငါဆေးကြောပြီးသားဖြစ်ကြောင်း သင်ကြားပေးရန်၊ အပြစ်ကိုဖယ်ရှားပေးသော မူလဧဝံဂေလိတရားကို သင်ကြားပေးရန် ငါသည် ကားတိုင်တင်မခံရမီ သင်တို့၏ခြေကို ဆေးကြောပေးခြင်းဖြစ်သည်။ ဤသည်မှာ အသစ်တဖန်မွေးဖွားခြင်း ဧဝံဂေလိတရား၏ လျှို့ဝှက်ချက်ဖြစ်သည်။ သင်တို့အားလုံး ဤသို့ယုံကြည်သင့်သည်။”
ကျွန်ုပ်တို့အားလုံးသည် ယေရှုက တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့သည့် အကြောင်းရင်းကို နားလည်ရမည်ဖြစ်ပြီး၊ ကိုယ်တော်က “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်” ဟု မိန့်တော်မူခဲ့သည့် အကြောင်းကိုလည်း သိရှိရမည် ဖြစ်သည်။ ထိုသို့မှသာ ကျွန်ုပ်တို့သည် အသစ်တဖန်မွေးဖွားခြင်း၏ ဧဝံဂေလိတရားကို ယုံကြည်နိုင်ပြီး မိမိကိုယ်တိုင် အမှန်တကယ် အသစ်တဖန် မွေးဖွားနိုင်မည် ဖြစ်သည်။
 
 
သူသည် ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး 13 တွင် မိန့်တော်မူခဲ့သည်
 
ကျူးလွန်မှုဆိုသည်မှာ အဘယ်နည်း။
၎င်းတို့သည် ကျွန်ုပ်တို့ အားနည်းသောကြောင့် နေ့စဉ်ကျူးလွန်သော အပြစ်များဖြစ်သည်။
 
ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံတော်မမူမီ တပည့်တော်များနှင့်အတူ ပသခါပွဲတော်ကို ကျင်းပခဲ့ပြီး၊ မိမိလက်တော်ဖြင့် တပည့်တော်များ၏ခြေကို ဆေးကြောပေးကာ၊ အပြစ်ကို လုံးဝဖယ်ရှားပေးသော ဧဝံဂေလိတရားကို သူတို့အား သေချာစွာ ယုံကြည်စေခဲ့သည်။
‘ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့် ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။ ထို့နောက် ဇလုံ၌ရေထည့်၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါဖြင့် သုတ်တော်မူ၏။ ဤသို့ဖြင့် ရှိမုန်ပေတရုထံရောက်တော်မူသောအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လော” ဟု လျှောက်လေ၏။ ယေရှုကလည်း “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်” ဟု ပြန်၍မိန့်တော်မူလျှင်’ (ရှင်ယောဟန်ခရစ်ဝင် 13:3-7)။
ယေရှုသည် တပည့်တော်များအား ဗတ္တိဇံ၏ဧဝံဂေလိတရားနှင့် ဗတ္တိဇံရေမှတစ်ဆင့် အပြစ်ဖြေရာအကြောင်းကို သွန်သင်ပေးတော်မူခဲ့သည်။
ထိုအချိန်တွင်ပေတရုသည် သခင် ယေရှုအပေါ် သစ္စာရှိ၍ သခင်ယေရှုသည် သူ၏ခြေများကို ဘာ ကြောင့်ဆေးကြောပေးတော်မူခဲ့သည့်အကြောင်းကို နားလည်သ ဘောမ ပေါက်နိုင်ခဲ့ပေ။ ယေရှု သူ့အား မိန့်တော်မူပြီးနောက်၊ သူသည် ယေရှုကို ယုံကြည်သည့် နည်းလမ်း ပြောင်းလဲသွားခဲ့သည်။ ယေရှုသည် သူ့အား အပြစ်ကို ဖယ်ရှားပေးသော ဗတ္တိဇံရေအကြောင်း ဧဝံဂေလိတရားကို သွန်သင်လိုတော်မူခဲ့ခြင်း ဖြစ်သည်။ 
ယေရှုသည် ပေတရု၏ အနာဂတ်အပြစ်အားလုံးကြောင့်၊ အထူးသဖြင့် ဇာတိပကတိနှင့်ဆိုင်သော အပြစ်များကြောင့် ပေတရုသည် မိမိထံသို့ မလာနိုင်မည်ကို စိုးရိမ်တော်မူခဲ့သည်။ ယေရှုသည် မာရ်နတ်သည် တပည့်တော်များ၏ ယုံကြည်ခြင်းကို မခိုးယူနိုင်စေရန် သူတို့၏ခြေကို ဆေးကြောပေးတော်မူခဲ့သည်။ နောက်ပိုင်းတွင် ပေတရုသည် ထိုအကြောင်းရင်းကို နားလည်သဘောပေါက်ခဲ့သည်။
ယေရှုသည် မိမိ၏ဗတ္တိဇံရေနှင့် အသွေးတော်ကို ယုံကြည်သော မည်သူမဆို မိမိ၏အပြစ်များမှ ထာဝရ ရွေးနှုတ်ခြင်းခံရနိုင်စေရန် လမ်းကို ပြင်ဆင်ပေးခဲ့သည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး 13 တွင် ကိုယ်တော်သည် တပည့်တော်များ၏ခြေကို ဆေးကြောပေးနေစဉ် မိန့်တော်မူခဲ့သော စကားများကို မှတ်တမ်းတင်ထားသည်။ ထိုစကားများသည် အသစ်တဖန်မွေးဖွားသူများသာ အမှန်တကယ် နားလည်နိုင်သော အလွန်အရေးကြီးသော စကားများ ဖြစ်သည်။
ယေရှုသည် ပသခါပွဲတော်မတိုင်မီ တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့သည့် အကြောင်းရင်းမှာ သူတို့၏တစ်သက်တာလုံး ကျူးလွန်ခဲ့သော အပြစ်အားလုံးကို ဆေးကြောပြီးဖြစ်ကြောင်း သူတို့ သဘောပေါက်နားလည်စေရန် ဖြစ်သည်။ ယေရှုက “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ ပေတရုအား မိန့်တော်မူခဲ့သော ဤစကားများသည် အသစ်တဖန်မွေးဖွားခြင်း၏ သမ္မာတရားကို ဆောင်ယူထားသည်။ 
ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏အပြစ်ဒုစရိုက်အားလုံးကို ဆေးကြောပေးခဲ့သော ယေရှု၏ဗတ္တိဇံကို သိရှိပြီး ယုံကြည်သင့်သည်။ ယော်ဒန်မြစ်တွင် ယေရှုခံယူခဲ့သော ဗတ္တိဇံသည် လက်တင်ခြင်းဖြင့် အပြစ်အားလုံး ‘လွှဲပြောင်း’ ခြင်း၏ ဧဝံဂေလိတရား ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ယေရှု၏စကားတော်များကို ယုံကြည်သင့်သည်။ ယေရှုသည် ဗတ္တိဇံအားဖြင့် လောကီသားအပေါင်းတို့၏ အပြစ်အားလုံးကို ယူဆောင်ခဲ့ပြီး၊ တရားစီရင်ခြင်းခံ၍ ကားတိုင်တင်ခြင်းခံခြင်းအားဖြင့် အပြစ်ဖယ်ရှားခြင်းကို အပြီးအပိုင် ပြုလုပ်ခဲ့သည်။ လူသားများ၏အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူရန် သခင် ယေရှုသည် ဗတ္တိဇံ ခံယူတော်မူခဲ့သည်။
 
 

တစ်သက်တာလုံး၏ အပြစ်အားလုံး ဖယ်ရှားခြင်းသည် ယေရှု၏ ဗတ္တိဇံနှင့် အဖိုးထိုက်သောအသွေးတော်အားဖြင့် ဖြစ်ပါသည်

 
ဖြောင့်မတ်သောသူများအပေါ် မာရ်နတ်၏ ‘ထောင်ချောက်’ ဆိုသည်မှာ အဘယ်နည်း။
မာရ်နတ်သည် ဖြောင့်မတ်သောသူများကို တဖန် အပြစ်သားများ ဖြစ်စေရန် လှည့်ဖြားရန် ကြိုးစားသည်။
 
ယေရှုသည် မိမိကားတိုင်တင်ခြင်းခံပြီး၊ ရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံသို့ တက်ကြွသွားပြီးနောက် မာရ်နတ်နှင့် မမှန်သောယုံကြည်ခြင်းကို ဖြန့်ဖြူးသူများက လာ၍ တပည့်တော်များကို လှည့်ဖြားရန် ကြိုးစားကြမည်ကို ကောင်းစွာ သိတော်မူခဲ့သည်။ ပေတရု၏ “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်” ဟူသော သက်သေခံချက်အရ သူသည် ယေရှုကို ယုံကြည်ခဲ့ကြောင်း ကျွန်ုပ်တို့ မြင်နိုင်သည်။ သို့သော် ယေရှုသည် ပေတရုအား အပြစ်ဖျက်ဆီးခြင်း၏ ဧဝံဂေလိတရားကို စိတ်ထဲတွင် မှတ်မိစေရန် နောက်တစ်ကြိမ် သတိပေးလိုခဲ့သည်။ ထိုဧဝံဂေလိတရားသည် ယေရှု၏ဗတ္တိဇံဖြစ်ပြီး၊ ထိုဗတ္တိဇံအားဖြင့် ကိုယ်တော်သည် လောကီသားအပေါင်းတို့၏ အပြစ်အားလုံးကို ဖယ်ရှားတော်မူခဲ့သည်။ ကိုယ်တော်သည် ထိုဧဝံဂေလိတရားကို ပေတရုနှင့် တပည့်တော်များအား ထို့အပြင် နောင်လာမည့် ကျွန်ုပ်တို့အားလည်း နောက်တစ်ကြိမ် သွန်သင်ပေးလိုခဲ့သည်။ “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်။”
ယေရှု၏တပည့်တော်များ အပြစ်ကျူးလွန်သည့်အခါတိုင်း၊ မာရ်နတ်သည် သူတို့အား သွေးဆောင်၍ ပြစ်တင်ရှုတ်ချလျက် “ကြည့်လေ! သင်တို့သည် အပြစ်များကို ဆက်လက်ကျူးလွန်နေသေးလျှင် သင်တို့သည် အပြစ်မရှိဟု မည်သို့ပြောနိုင်မည်နည်း။ သင်တို့သည် ကယ်တင်ခြင်းမခံရသေးပါ။ သင်တို့သည် အပြစ်သားသက်သက်သာ ဖြစ်သည်” ဟု ပြောဆိုလိမ့်မည်။ ယေရှုသည် ဤအရာကို တားဆီးရန်အတွက် သူ၏ဗတ္တိဇံအပေါ် သူတို့၏ယုံကြည်ခြင်းသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ၏ တစ်သက်တာလုံးရှိ အပြစ်အားလုံးကို ဆေးကြောပြီးဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။
“ငါက ဗတ္တိဇံခံခဲ့တယ် ဆိုတာ သင်တို့အားလုံးသိကြတယ်။ ငါက ယောဒန်မြစ်၌ ဗတ္တိဇံခံခဲ့သည့်အကြောင်းမှာ လူသားများ၏ဗီဇအပြစ် များအပါအဝင် သင်တို့၏တစ်သက်စာအပြစ်များအားလုံးဆေးကြော ရန် ဖြစ်တယ်။ ငါက ဘာကြောင့် ဗတ္တိဇံခံခဲ့သည်ကို ယခု သင်နား လည်သဘောပေါက်နိုင်သလော။ ငါက ဘာကြောင့် ကားစင်တင်ခံ၍ ကားတိုင်ပေါ်တွင် အသေခံခဲ့သည်ကို သင်သိနိုင်သလော။” ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးရင်း မိမိ၏ဗတ္တိဇံအားဖြင့် သူတို့၏ နေ့စဉ်အပြစ်အားလုံးကို ဆေးကြောပေးခဲ့ကြောင်းနှင့် ကားတိုင်ပေါ်တွင် သူတို့အတွက် တရားစီရင်ခြင်းကို ခံယူတော်မူမည်ဖြစ်ကြောင်း ပြသခဲ့သည်။ 
ယခုအခါ သင်တို့နှင့် ကျွန်ုပ်သည် ယေရှု၏ ဗတ္တိဇံနှင့် အဖိုးထိုက်သောအသွေးတော်၏ ဧဝံဂေလိတရား၊ တနည်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံး ဖယ်ရှားခြင်းခံရပြီဟူသော ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးမှ ရွေးနှုတ်ခြင်းခံရပြီး ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့အတွက် ဗတ္တိဇံခံယူခဲ့ပြီး ကားတိုင်တင်ခြင်းခံခဲ့သည်။ ကိုယ်တော်သည် မိမိ၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ဆေးကြောပေးခဲ့သည်။ အပြစ်ဖြေရာဧဝံဂေလိတရားကို သိရှိယုံကြည်သောသူ၊ သမ္မာတရားကို ယုံကြည်သောသူ မည်သူမဆို သူ၏အပြစ်အားလုံးမှ ရွေးနှုတ်ခြင်းခံရသည်။ 
ထို့နောက် ကယ်တင်ခြင်းခံရပြီးနောက် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ တစ်ဦးတစ်ယောက်သည် နေ့စဉ် မိမိ၏အပြစ်များကို ဝန်ချတော်မူရမည်ဖြစ်ပြီး၊ အပြစ်အားလုံးအတွက် အပြစ်ဖြေရာဧဝံဂေလိတရားဖြစ်သော ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော်၏ ကယ်တင်ခြင်းကို ယုံကြည်ရမည်။ တစ်ဦးတစ်ယောက်သည် ယေရှုသည် မိမိ၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် အပြစ်အားလုံးကို ယူဆောင်သွားခဲ့သည်ဟူသော ဧဝံဂေလိတရားကို မိမိ၏စိတ်နှလုံးထဲသို့ လက်ခံရမည်။
သင်သည် တဖန်အပြစ်ကျူးလွန်သည့်အတွက်ကြောင့် အပြစ်သားတစ်ဦး ပြန်ဖြစ်သွားမည်လော။ မဖြစ်နိုင်ပါ။ ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ယူဆောင်သွားခဲ့ကြောင်း သိရှိထားသည့်အတွက် ကျွန်ုပ်တို့သည် မည်သို့ အပြစ်သားများ ပြန်ဖြစ်နိုင်မည်နည်း။ သခင်ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်မှာ ကျွန်ုပ်တို့အပြစ်များ အားလုံးအတွက် အပြစ်ဖြေရာဧဝံဂေလိတရား ဖြစ်သည်။ အပြစ်များကို ဖယ်ရှားသော ဧဝံဂေလိတရားဟူသော ဤမူလသတင်းကောင်းကို ယုံကြည်သူအားလုံးသည် ‘ဖြောင့်မတ်သူတစ်ဉီး’ အဖြစ် ခြွင်းချက်မရှိ အသစ်တဖန်မွေးဖွားခြင်းခံရကြသည်။
 
 

ဖြောင့်မတ်သူများသည် နောက်တဖန် အပြစ်သားများ ဘယ်တော့မှ ဖြစ်မလာနိုင်ပေ

 
အဘယ်ကြောင့် ဖြောင့်မတ်သောသူတို့သည် နောက်တဖန် အပြစ်သားများ ဘယ်သောအခါမှ မဖြစ်နိုင်တော့သနည်း။
အကြောင်းမှာ ယေရှုသည် သူတို့၏ တစ်သက်တာလုံး၏ အပြစ်အားလုံးအတွက် အပြစ်ဖြေပြီးဖြစ်သောကြောင့် ဖြစ်သည်။
 
အပြစ်ကို လုံးဝဖယ်ရှားသော ဧဝံဂေလိတရားဖြစ်သည့် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ ဧဝံဂေလိတရားကို ယုံကြည်သော်လည်း နေ့စဉ်အပြစ်ကျူးလွန်နေသောကြောင့် မိမိကိုယ်ကို အပြစ်သားတစ်ဦးကဲ့သို့ ခံစားနေရဆဲဖြစ်လျှင် ယေရှု ဗတ္တိဇံခံယူခဲ့သော ယော်ဒန်မြစ်သို့ သွားရမည်။ သင်သည် အပြစ်၏ ဆေးကြောခြင်းခံရပြီးနောက် တဖန်အပြစ်သားဖြစ်လာပါက ယေရှုခရစ်တော်သည် ဗတ္တိဇံကို တဖန် ခံယူရန် လိုအပ်ပါသလား။ ယေရှု၏ ဗတ္တိဇံဧဝံဂေလိတရားအားဖြင့် အပြစ်ဖယ်ရှားခြင်းခံရကြောင်း ယုံကြည်ခြင်းရှိရမည်။ ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို တစ်ကြိမ်တည်းဖြင့် ထာဝရအတွက် ဆေးကြောပေးခဲ့ကြောင်း သတိရရမည်ဖြစ်သည်။ သခင် ယေရှုခရစ်တော်သည် သင်၏ကယ်တင်ရှင်အဖြစ် မယိမ်းယိုင်သော ယုံကြည်ခြင်း သင်ရှိရမည် ဖြစ်သည်။
သခင်ယေရှုကို သင်၏ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းမှာ သင်သည် တစ်သက်လုံးအပြစ်များအားလုံးကို ယူဆောင် သွားတော် မူခဲ့သော သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်း ဖြစ်သည်။ ယေရှု၏ဗတ္တိဇံ၊ ကားတိုင်၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပါက မည်သည့်အပြစ်ကို ကျူးလွန်သည်ဖြစ်စေ နောက်တဖန် အပြစ်သားဖြစ်လာနိုင်တော့မည် မဟုတ်ပါ။ သင်သည် ယုံကြည်ခြင်းအားဖြင့် သင့်တစ်သက်တာလုံး၏ အပြစ်အားလုံးမှ ရွေးနှုတ်ခြင်းခံရပြီး ဖြစ်သည်။
ယေရှုခရစ်တော်သည် အနာဂတ်၏အပြစ်များကိုလည်း ဆေးကြောပေးခဲ့ပြီး ကျွန်ုပ်တို့၏ အားနည်းချက်များကြောင့် ကျူးလွန်မိသော အပြစ်များကိုပင် ဆေးကြောပေးခဲ့ပါသည်။ ထို့အပြင် ယေရှုသည် မိမိ၏ဗတ္တိဇံ၏ အရေးပါမှုကို အလေးထားဖော်ပြရန် လိုအပ်သောကြောင့် အပြစ်ကို ဖယ်ရှားသော ဧဝံဂေလိတရား၊ တနည်းအားဖြင့် မိမိ၏ဗတ္တိဇံကို သရုပ်ဖော်ရန် တပည့်တော်များ၏ ခြေကို ရေဖြင့် ဆေးကြောခဲ့သည်။ ယေရှုခရစ်တော်သည် ကမ္ဘာ၏အပြစ်အားလုံးအတွက် ကြွယ်ဝသောအပြစ်ဖြေခြင်းဆိုင်ရာ ဘုရားသခင်၏ကတိတော်ကို ပြည့်စုံစေရန်နှင့် လူသားအားလုံးကို ကယ်တင်ရန် ဗတ္တိဇံခံယူခြင်း ကားတိုင်တင်ခြင်းခံခြင်း ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ တက်ကြွခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် တပည့်တော်များသည် သူတို့၏သေဆုံးချိန်အထိ အပြစ်ကို ဖယ်ရှားပေးသော ဧဝံဂေလိတရားဖြစ်သည့် ယေရှု၏ဗတ္တိဇံ ကားတိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ဧဝံဂေလိတရားကို ဟောပြောနိုင်ခဲ့ကြသည်။
 
 
ပေတရု၏ကိုယ်ခန္ဓာအားနည်းချက်
 
ပေတရုသည် ယေရှုကို အဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်း။
အကြောင်းမှာ သူသည် အားနည်းနေသောကြောင့် ဖြစ်သည်။
 
ကျမ်းစာတွင် ဖော်ပြထားသည်မှာ ပေတရုသည် ယဇ်ပုရောဟိတ်မင်း ကယာဖ၏ အစေအပါးများက ယေရှု၏နောက်လိုက်တစ်ဦးဖြစ်ကြောင်း စွပ်စွဲသောအခါ သူသည် နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ပြီး “ထိုလူကိုငါမသိ” ဟု ပြောဆိုခဲ့သည်။ ထို့နောက် သူသည် တတိယအကြိမ်တွင် ကျိန်ဆဲ၍ သစ္စာဆိုခဲ့သည်။
ဤနေရာတွင် ကျမ်းပိုဒ်ကို ဖတ်ကြည့်ကြပါစို့။ ရှင်မဿဲခရစ်ဝင် 26:69 မှ၊ ‘ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်” ဟု ဆို၏။ သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ” ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။ ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်” ဟု ဆို၏။ ပေတရုကလည်း “ထိုလူကိုငါမသိ” ဟု တစ်ဖန်ကျိန်တွယ်လျက် ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီးတွင်ရပ်နေသောသူတို့သည် ပေတရုထံသို့ ချဉ်းကပ်လာ၍ “အမှန်စင်စစ် သင်သည်လည်း ထိုသူတို့အထဲမှတစ်ယောက်ဖြစ်သည်။ အကြောင်းမူကား သင်၏ပြောဆိုပုံသည် သင့်ကို သိသာထင်ရှားစေသည်” ဟု ဆိုကြ၏။ ပေတရုကလည်း “ထိုသူကိုငါမသိ” ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏’ (ရှင်မဿဲခရစ်ဝင် 26:69-75)။
ပေတရုသည် ယေရှုကို အမှန်တကယ် ယုံကြည်ခဲ့ပြီး သစ္စာရှိစွာ နောက်လိုက်ခဲ့သည်။ သူသည် ယေရှုကို “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်” ဟု ယုံကြည်ခဲ့သည်။ သို့သော် ယေရှုကို ကယာဖ၏ တရားရုံးသို့ ခေါ်ဆောင်သွားသောအခါ၊ ယေရှုနှင့် ဆက်စပ်နေရန် အန္တရာယ်ရှိလာသောအခါ၊ သူသည် ယေရှုကို ငြင်းဆို၍ ကျိန်ဆဲခဲ့သည်။
ပေတရုသည် သူက ယေရှုကို ငြင်းဆိုမည်ဟု မသိခဲ့ပါ။ သို့သော် ယေရှုက သိတော်မူခဲ့သည်။ ယေရှုသည် ပေတရု၏ အားနည်းချက်ကို အပြည့်အဝ သိတော်မူခဲ့သည်။ ထို့ကြောင့် ယေရှုသည် ပေတရု၏ ခြေကိုဆေးကြောပေး၍ ရှင်ယောဟန်ခရစ်ဝင် 13 တွင် ရေးသားထားသည့်အတိုင်း ကယ်တင်ခြင်း၏ ဧဝံဂေလိတရားကို သင်ကြားပေးခဲ့သည်။ “သင်သည် အနာဂတ်တွင် အပြစ်ကျူးလွန်လိမ့်မည်၊ သို့သော် ငါသည် သင်၏ အနာဂတ်အပြစ်အားလုံးကို ဆေးကြောပေးပြီးဖြစ်သည်။”
ပေတရုသည် သူ၏အသက်အန္တရာယ်ရှိနေချိန်တွင် အမှန်ပင် ယေရှုကို ငြင်းဆိုခဲ့သည်၊ သို့သော် ဤသို့ပြုလုပ်စေသည်မှာ သူ၏ဇာတိပကတိ၏ အားနည်းချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိ၏တပည့်တော်များအား သူတို့၏အနာဂတ်ဒုစရိုက်အားလုံးမှ ကယ်တင်ပြီးဖြစ်ကြောင်း သင်ကြားပေးရန် ယေရှုသည် သူတို့၏ခြေကို ကြိုတင်၍ ဆေးကြောပေးခဲ့သည်။
“ငါသည် သင်တို့၏ အနာဂတ်အပြစ်အားလုံးမှလည်း သင်တို့ကို ကယ်တင်ပြီးဖြစ်သည်။ ငါသည် ဗတ္တိဇံခံယူ၍ သင်တို့၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့သောကြောင့် ကားစင်တင်ခြင်းခံရမည်ဖြစ်ပြီး၊ သင်တို့အားလုံးအတွက် စစ်မှန်သောကယ်တင်ရှင် ဖြစ်လာရန် ထိုအပြစ်အားလုံးကို ပေးဆပ်မည်။ ငါသည် သင်တို့၏ဘုရားသခင်၊ သင်တို့၏ကယ်တင်ရှင် ဖြစ်သည်။ ငါသည် သင်တို့၏အပြစ်အားလုံးအတွက် အပြည့်အဝပေးဆပ်မည်ဖြစ်ပြီး၊ ငါ၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် သင်တို့၏သိုးထိန်း ဖြစ်လာမည်။ ငါသည် သင်တို့၏ကယ်တင်ခြင်း၏ သိုးထိန်း ဖြစ်သည်။”
ဤသမ္မာတရားကို သူတို့၏စိတ်နှလုံးထဲတွင် ခိုင်မြဲစွာ စိုက်ပျိုးရန် ယေရှုသည် ပသခါပွဲမတိုင်မီ သူတို့၏ခြေကို ဆေးကြောပေးခဲ့သည်။ ဤသည်မှာ ဧဝံဂေလိတရား၏ သမ္မာတရားဖြစ်သည်။
ဒုတိယမွေးဖွားခြင်းခံရပြီးနောက် ကျွန်ုပ်တို့ ကိုယ်ကာယသည် အားနည်းသောကြောင့် ကျွန်ုပ်တို့သည် တဖန်အ ပြစ်ကျူးလွန်နိုင်ကြ သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်သင့်ပါ၊ သို့သော် ပေတရုသည် မရည်ရွယ်ဘဲ ကျူးလွန်မိသောအပြစ်ကြောင့် ပြင်းထန်သောပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အမှန်တကယ်မရည်ရွယ်ဘဲ အပြစ်ကျူးလွန်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဇာတိပကတိ၌ နေထိုင်ကြသောကြောင့် ကျွန်ုပ်တို့၏အပြစ်များက ကျွန်ုပ်တို့ကို ပျက်စီးခြင်းသို့ ဦးဆောင်သွားပါသည်။ ကျွန်ုပ်တို့သည် ဤလောကီလောက၌ နေထိုင်နေသရွေ့ ဇာတိပကတိသည် အပြစ်ကျူးလွန်လိမ့်မည်၊ သို့သော် ယေရှုသည် ထိုအပြစ်အားလုံးကို သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ သူ၏အသွေးတော်ဖြင့် ဖယ်ရှားပေးခဲ့ပြီးဖြစ်သည်။
သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ မငြင်းဆိုကြသော်လည်း ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာဖြင့်အသက်ရှင်ကြ သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင် သောအပြစ်ကို ဆက်လက်ကျူးလွန်နေကြသည်။ဤသည်မှာ ကျွန်ုပ်တို့သည် ဇာတိပကတိမှ မွေးဖွားလာသောကြောင့် ဖြစ်သည်။
သို့သော် ယေရှုသည် ကျွန်ုပ်တို့သည် ဇာတိပကတိ၌ အပြစ်သားများဖြစ်ကြောင်း ကောင်းစွာသိတော်မူခဲ့သည်။ ယေရှုသည် သူ၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ပေးဆပ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင် ဖြစ်လာခဲ့သည်။ သူသည် သူ၏ကယ်တင်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ လွတ်မြောက်စေခဲ့သည်။
ဧဝံဂေလိကျမ်း လေးကျမ်းစလုံးသည် ဗတ္တိဇံဆရာယောဟန်က ယေရှုအား ဗတ္တိဇံပေးခြင်းဖြင့် စတင်သည်။ သူ၏လူ့ဘဝ၏ ရည်ရွယ်ချက်မှာ အသစ်တဖန်မွေးဖွားခြင်း၏ ဧဝံဂေလိတရား၊ ကယ်တင်ခြင်း၏ ဧဝံဂေလိတရားကို ပြည့်စုံစေရန် ဖြစ်သည်။
 
ကျွန်ုပ်တို့သည် ဇာတိပကတိ၌ မည်မျှကြာအောင် အပြစ်ကျူးလွန်ကြသနည်း။
ကျွန်ုပ်တို့သည် သေဆုံးသည့်နေ့အထိ တစ်သက်လုံး အပြစ်ကျူးလွန်ကြသည်။
 
ပေတရုသည် ကြက်တွန်သံမကြားမီ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ်ဘဲ သုံးကြိမ်တိုင်တိုင် ယေရှုကို ငြင်းဆိုခဲ့သောအခါ သူ၏စိတ်နှလုံး မည်မျှကျိုးပဲ့ခဲ့မည်နည်း။ သူ မည်မျှရှက်ကြောက်ခဲ့မည်နည်း။ သူသည် ယေရှုရှေ့တွင် သူ့ကို ဘယ်သောအခါမှ သစ္စာမဖောက်ဟု သစ္စာဆိုခဲ့သည်။ သူသည် သူ၏ဇာတိပကတိ အားနည်းချက်ကြောင့် အပြစ်ကျူးလွန်ခဲ့သော်လည်း၊ သူ၏အားနည်းချက်ကြောင့် ယေရှုကို တစ်ကြိမ်သာမက သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သောအခါ မည်မျှစိတ်ဆင်းရဲခဲ့မည်နည်း။ သူသည် ယေရှုကို တဖန်ပြန်ကြည့်သောအခါ မည်မျှအရှက်ရခဲ့မည်နည်း။
သို့သော် ယေရှုသည် ဤအရာအားလုံးနှင့် ထို့ထက်ပို၍ သိတော်မူခဲ့သည်။ ထို့ကြောင့် သူက “သင်သည် တဖန်အပြစ်ကျူးလွန်မည်ကို ငါသိသည်။ သို့ သို့သော် သင်၏အပြစ်များက သင့်ကို ထိမိ၍လဲစေပြီး အပြစ်သားအဖြစ်သို့ ပြန်လည်ရောက်ရှိစေခြင်း မဖြစ်စေရန်နှင့် သင်သည် ငါ့ထံသို့ ပြန်လာရန် မဖြစ်နိုင်ဟု မဖြစ်စေရန် ထိုအပြစ်အားလုံးကို ငါ၏ဗတ္တိဇံဖြင့် ယူဆောင်သွားပြီးဖြစ်သည်။ ငါသည် ဗတ္တိဇံခံယူ၍ အပြစ်အားလုံးအတွက် တရားစီရင်ခြင်းကိုခံခြင်းအားဖြင့် သင့်အတွက် ပြည့်စုံသောကယ်တင်ရှင် ဖြစ်လာခဲ့သည်။ ငါသည် သင်၏ဘုရားသခင်၊ သင်၏သိုးထိန်း ဖြစ်လာခဲ့သည်။ အပြစ်ကို ဖယ်ရှားသော ဧဝံဂေလိတရားကို ယုံကြည်ပါ။ သင်သည် ဇာတိပကတိ၏အပြစ်များကို ကျူးလွန်သော်လည်း ငါသည် သင့်ကို ဆက်လက်ချစ်မြတ်နိုးနေမည်။ ငါသည် သင်၏ဒုစရိုက်အားလုံးကို ဆေးကြောပေးခဲ့ပြီးသား ဖြစ်သည်။ အပြစ်အားလုံးကို ဖယ်ရှားသော ကယ်တင်ခြင်း၏ ဧဝံဂေလိတရားသည် ထာဝရတည်ပါသည်။ သင့်အပေါ် ငါ၏ချစ်ခြင်းမေတ္တာသည်လည်း ထာဝရဖြစ်သည်။”
ယေရှုသည် ပေတရုနှင့် တပည့်တော်များအား “သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်” ဟု မိန့်တော်မူခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင် 13 တွင် ဤဧဝံဂေလိတရားကို ဖော်ပြရသည့် အကြောင်းရင်းမှာ လူတို့သည် ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် အသစ်တဖန်မွေးဖွားခြင်းခံရန် အရေးကြီးသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာကို ယုံကြည်ပါသလား။
အပိုဒ် 9-10 တွင်၊ ‘ထိုအခါ ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ” ဟု လျှောက်လေ၏။ ယေရှုကလည်း “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။”’
ချစ်မိတ်ဆွေတို့၊ သင်တို့သည် အနာဂတ်တွင် ‘ဇာတိပကတိ၏’ အပြစ်များကို ကျူးလွန်ကြမည်လော၊ မကျူးလွန်ကြမည်လော။ သင်တို့သည် ဧကန်အမှန် အပြစ်ကျူးလွန်ကြလိမ့်မည်။ သို့သော် ယေရှုက သူသည် အနာဂတ်၏အပြစ်များကိုပင် ဆေးကြောပေးခဲ့ပြီးဖြစ်ကြောင်း၊ သူ၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် ငါတို့၏ဇာတိပကတိ၏ ဒုစရိုက်အားလုံးကို ဆေးကြောပေးခဲ့ပြီးဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထို့ပြင် သူသည် ကားစင်တင်ခြင်းမခံရမီ သူ၏တပည့်တော်များအား အပြစ်ဖြေခြင်း၏ ဧဝံဂေလိတရားနှင့် သမ္မာတရားစကားကို ရှင်းလင်းစွာ မိန့်ကြားခဲ့သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အားနည်းချက်အားလုံးနှင့်အတူ ဇာတိပကတိ၌ နေထိုင်နေကြသောကြောင့် အပြစ်ကျူးလွန်မိခြင်းမှ မရှောင်ကွင်းနိုင်ပါ။ ယေရှုသည် ဗတ္တိဇံအားဖြင့် ဤလောက၏ အပြစ်အားလုံးကို ဆေးကြောခဲ့သည်။ သူသည် ကျွန်ုပ်တို့၏ဦးခေါင်းနှင့် ကိုယ်ခန္ဓာကိုသာမက ကျွန်ုပ်တို့၏ခြေကိုပါ တနည်းအားဖြင့် ကျွန်ုပ်တို့၏အနာဂတ်အပြစ်အားလုံးကိုလည်း ဆေးကြောပေးခဲ့သည်။ ဤသည်မှာ အသစ်တဖန်မွေးဖွားခြင်း၏ ဧဝံဂေလိတရား၊ ယေရှု၏ဗတ္တိဇံ ဖြစ်သည်။
ယေရှုသည် ဗတ္တိဇံခံယူပြီးနောက် ဗတ္တိဇံဆရာယောဟန်က ဤသို့ သက်သေခံခဲ့သည်။ “လောက၏အပြစ်ကို ယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ကို ကြည့်လော့” (ရှင်ယောဟန်ခရစ်ဝင် 1:29)။ ကျွန်ုပ်တို့သည် ယေရှု ဗတ္တိဇံခံယူသောအခါ လောက၏အပြစ်အားလုံးသည် ကိုယ်တော်ထံသို့ လွှဲပြောင်းခြင်းခံရ၍ ဆေးကြောခံရပြီးဖြစ်ကြောင်း ယုံကြည်သင့်ပါသည်။
ဤလောက၌ နေထိုင်နေစဉ် လူသားများသည် အပြစ်ကျူးလွန်မိခြင်းမှ မလွတ်ကင်းနိုင်ပါ။ ကျွန်ုပ်တို့သည် ထိုအချက်ကို နောက်ဆုံးအမှန်တရားအဖြစ် လက်ခံရမည်။ ကျွန်ုပ်တို့၏ဇာတိပကတိ အားနည်းချက်များ ပေါ်လာသည့်အခါတိုင်း ယေရှုသည် ဗတ္တိဇံဧဝံဂေလိတရားအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးနှင့် လောက၏အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပြီး ၎င်းတို့အတွက် ယေရှု၏အသွေးတော်ဖြင့် ပေးဆပ်ခဲ့ကြောင်း ကျွန်ုပ်တို့ကိုယ်ကို သတိပေးရမည်။ ကျွန်ုပ်တို့သည် စိတ်နှလုံး၏အနက်ဆုံးအရပ်မှ ကိုယ်တော်အား ကျေးဇူးတင်ရမည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်ကြောင်း ဝန်ခံကြပါစို့။ ထာဝရဘုရားကို ချီးမွမ်းကြပါစို့။
ဤလောကရှိ လူတိုင်းသည် ဇာတိပကတိဖြင့် အပြစ်ကျူးလွန်ကြသည်။ လူတို့သည် သူတို့၏တစ်သက်တာ ဇာတိပကတိ၏အပြစ်များကြောင့် သေဆုံးကြသည်။ လူတို့သည် သူတို့၏ဇာတိပကတိဖြင့် အပြစ်ကို အဆက်မပြတ် ကျူးလွန်ကြသည်။
 
 
လူတို့၏စိတ်နှလုံးထဲရှိ မကောင်းသောအကြံအစည်များ
 
ဘာက လူကို ညစ်ညမ်းစေသလဲ။
အမျိုးမျိုးသော အပြစ်များနှင့် မကောင်းသောအကြံအစည်များ
 
ယေရှုသည် ရှင်မဿဲခရစ်ဝင် 15:19-20 တွင် ဤသို့မိန့်တော်မူသည်။ ‘အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။ ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်” ဟု မိန့်တော်မူ၏။’ လူ၏စိတ်နှလုံးထဲရှိ အမျိုးမျိုးသောအပြစ်များက လူကို ညစ်ညမ်းစေသောကြောင့် ထိုအရာသည် ညစ်ညမ်းပါသည်။
 
 
လူတစ်ဉီးသည် မိမိဆိုးသောသဘာဝကို အသိအမှတ် ပြုရမည်
 
လူသားအားလုံး၏နှလုံးသား၌ အဘယ်အရာရှိသနည်း
အပြစ်ဆယ့်နှစ်မျိုးရှိသည် (ရှင်မာကုခရစ်ဝင် 7:21-23)
 
ကျွန်ုပ်တို့သည် “ထိုအပြစ် 12 မျိုးသည် လူတို့၏စိတ်နှလုံးထဲတွင် ရှိသည်။ ထိုအပြစ်အားလုံးသည် ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ရှိသည်။ ကျမ်းစာတွင် ရေးသားထားသော အပြစ် 12 မျိုးသည် ကျွန်ုပ်၏အထဲတွင် ရှိသည်” ဟု ပြောနိုင်ရမည်။ ကျွန်ုပ်တို့သည် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းမခံရမီ ကျွန်ုပ်တို့၏စိတ်နှလုံးထဲရှိ အပြစ်များကို အသိအမှတ်ပြုရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ လုံးဝအပြစ်သားများဖြစ်ကြောင်း ဝန်ခံရမည်။ သို့သော် ကျွန်ုပ်တို့သည် ထိုသို့ မကြာခဏ မပြုလုပ်ကြပါ။ ကျွန်ုပ်တို့အများစုသည် “ယခင်က ထိုအတွေးများ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် မရှိခဲ့ပါ၊ ခဏတာမျှသာ လမ်းလွဲသွားခြင်း ဖြစ်ပါသည်” ဟု ပြောကာ ကျွန်ုပ်တို့၏အပြစ်များအတွက် ဆင်ခြေပေးကြသည်။ 
သို့သော် ယေရှုသည် လူသားများအကြောင်း မည်သို့မိန့်တော်မူခဲ့သနည်း။ လူ၏စိတ်နှလုံးထဲမှ ထွက်လာသောအရာသည် သူတို့ကို ‘ညစ်ညမ်းစေသည်’ ဟု ကိုယ်တော်သည် ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ လူတို့၏အထဲ၌ မကောင်းသောအကြံအစည်များ ရှိကြောင်း ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြောပြခဲ့သည်။ သင် မည်သို့ ထင်မြင်ပါသနည်း။ သင်သည် ကောင်းသောသူ ဖြစ်ပါသလား၊ ဆိုးသောသူ ဖြစ်ပါသလား။ လူတိုင်း၌ မကောင်းသောအကြံအစည်များ ရှိကြောင်း သင်သိပါသလား။ ဟုတ်ပါသည်၊ လူတိုင်း၏အတွေးများသည် ဆိုးသွမ်း ကြသည်။ 
ရှေးအခါက ဆိုးလ်မြို့ရှိ ဆမ်ဖုန်းဌေးဝယ်ကုန်တိုက် အဆောက်အဦးသည် ရုတ်တရက် ပြိုကျခဲ့သည်။ မိမိတို့၏ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရသော မိသားစုများသည် နက်ရှိုင်းသောဝမ်းနည်းကြေကွဲမှုဖြင့် ရှိနေခဲ့ကြသည်။ သို့သော် လူအများအပြားသည် ထိုဝမ်းနည်းဖွယ်ရာ ပြဇာတ်ကို ကြည့်ရှုခံစားရန် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။
အချို့က ‘ဘယ်နှစ်ယောက် သေဆုံးသွားသလဲ။ 200 လား။ မဟုတ်ဘူး၊ အဲဒါက အရေအတွက် အရမ်းနည်းတယ်။ 300 လား။ ဖြစ်နိုင်တယ်။ အနည်းဆုံးလူတစ် ထောင်သေလျှင် ပို၍စိတ်ဝင်စားစရာ၊ အံ့မခန်း ဖြစ်လိမ့်မည်’ ဟု တွေးခဲ့ကြသည်။ လူများ၏နှလုံးသားများသည် ထိုသို့ ဆိုးညစ်နိုင်သည်။ ကျွန်ုပ်တို့ ဒါကို လက်ခံရမည်။ သေဆုံးသွားသူများအပေါ် မည်မျှ လေးစားမှုကင်းမဲ့သည့် အပြုအမူ ဖြစ်သနည်း။ မိသားစုများအတွက် မည်မျှ စိတ်ဓာတ်ကျစရာ ဖြစ်သနည်း။ အချို့တို့ သည် ငွေကြေးပျက်စီးခဲ့ကြသည်။
ထင်ရှားစွာပင် ကြည့်ရှုသူအချို့သည် သနားကြင်နာမှု သိပ်မရှိကြပါ။ ‘ပိုများများ သေဆုံးရင် ပိုစိတ်ဝင်စားစရာ ကောင်းမှာပဲ။ ပို၍မြင်တွေ့စရာဖြစ်လိမ့်မည်။ လူများဖြင့် ပြည့်နှက်နေသော ဘေ့စ်ဘောကွင်းတွင် ထိုကဲ့သို့သောအဖြစ်အပျက် ဖြစ်ပွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ထောင်နဲ့ချီသောလူတွေ အပျက်အစီးအောက်မှာ မြုပ်သွားမှာပေါ့၊ ဟုတ်လား။ အိုး၊ ဟုတ်တယ်။ ဒီထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းမှာ အသေအချာပဲ။’ သေချာပေါက် အချို့သောသူများသည် ဤကဲ့သို့သော အတွေးမျိုး ရှိခဲ့ကြမည်။
ကျွန်ုပ်တို့သည် လူတို့သည် တစ်ခါတစ်ရံ မည်မျှ ဆိုးသွမ်းနိုင်ကြောင်း သိကြပါသည်။ မုချဆိုသလို၊ သူတို့သည် ထိုကဲ့သို့သော ယုတ်မာသောအတွေးများကို အသံထွက်၍ ပြောဆိုကြလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် မတော်တဆ ဖြစ်ပျက်မှုများမြင်တွေ့သောအခါ ကျွန်ုပ်တို့လျှာများကို နှိပ်၍ သနားခြင်းဂရုဏာကို ပြသနိုင်ကြသော်လည်း နှလုံးသားများတွင် တိတ်ဆိတ်စွာ ထိုအရာကို ပို၍ခမ်းနားလာစေရန် တမ်းတကြသည်။ သူတို့သည် မိမိတို့၏အကျိုးစီးပွားနှင့် မဆန့်ကျင်သရွေ့ လူထောင်ပေါင်းများစွာ သေဆုံးသည့် ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးများကို မြင်လိုကြပါသည်။ ဤသည်မှာ လူတို့၏စိတ်နှလုံး လုပ်ဆောင်ပုံ ဖြစ်ပါသည်။ ကျွန်ုပ်တို့အများစုသည် အသစ်တဖန်မွေးဖွားခြင်းမခံရမီ ဤကဲ့သို့ ဖြစ်ကြပါသည်။
 
 
လူတိုင်း၏နှလုံးသားထဲရှိ လူသတ်မှု
 
ကျွန်ုပ်တို့ အဘယ်ကြောင့် အပြစ်ကျူးလွန်ကြသနည်း။
ကျွန်ုပ်တို့၏နှလုံးသားထဲတွင် မကောင်းသောအကြံအစည်များ ရှိသောကြောင့်ဖြစ်သည်။
 
ဘုရားသခင်သည် လူတိုင်း၏နှလုံးသားထဲတွင် လူသတ်မှုရှိကြောင်း ကျွန်ုပ်တို့အား ပြောပြခဲ့သည်။ သို့သော် လူအများက ထိုအချက်ကို ငြင်းဆိုကြလိမ့်မည်။ “ဘယ်လိုလုပ် အဲဒီလိုပြောနိုင်ရတာလဲ။ ကျွန်ုပ်ရဲ့နှလုံးသားထဲမှာ လူသတ်ဖို့အကြံအစည် တစ်ခုမှ မရှိပါဘူး။ ဘယ်လို အဲဒီလိုတောင် တွေးနိုင်ရတာလဲ။” သူတို့သည် သူတို့၏နှလုံးသားထဲတွင် လူသတ်မှုရှိကြောင်းကို ဘယ်တော့မှ ဝန်ခံကြမည် မဟုတ်ပါ။ သူတို့က လူသတ်သမားများသည် မတူညီသော မျိုးရိုးဗီဇမှ ဆင်းသက်လာသည်ဟု ထင်မှတ်ကြသည်။
“လွန်ခဲ့သောရက်ပိုင်းက သတင်းမှာပါတဲ့ အစုလိုက်အပြုံလိုက် လူသတ်သမား၊ မြေအောက်ခန်းမှာ လူတွေကို သတ်ပြီး မီးရှို့ခဲ့တဲ့ လူအုပ်စုတွေဟာ သူတို့ရဲ့နှလုံးသားထဲမှာ လူသတ်မှုကို စွဲကိုင်ထားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က မတူညီတဲ့ မျိုးရိုးဗီဇကနေ ဆင်းသက်လာတာ။ ကျွန်တော်ဟာ သူတို့နဲ့ ဘယ်တော့မှ တူနိုင်မှာ မဟုတ်ပါဘူး။ သူတို့ဟာ လိမ်လည်လှည့်ဖြားသူတွေပါ။ လူသတ်သမားတွေပါ။” သူတို့ဟာ ဒေါသထွက်ပြီး အော်ဟစ်ကြပါတယ်။ “မကောင်းမှုမျိုးစေ့ကနေ မွေးဖွားလာသူတွေဟာ ဒီကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားသင့်ပါတယ်။ သူတို့အားလုံးဟာ သေဒဏ် ချမှတ်ခံရသင့်ပါတယ်။”
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ လူသတ်မှုအတွေးသည် ထိုဒေါသထွက်နေသောသူများ၏ နှလုံးသားထဲတွင်လည်း အစုလိုက်အပြုံလိုက် လူသတ်သမားများနှင့် လူသတ်သမားများ၏ နှလုံးသားထဲတွင်ကဲ့သို့ပင် ရှိနေပါသည်။ ဘုရားသခင်က လူအားလုံး၏နှလုံးသားထဲတွင် လူသတ်မှုရှိကြောင်း ကျွန်ုပ်တို့အား ပြောပြထားသည်။ ကျွန်ုပ်တို့ကို အကုန်သိမြင်နေသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ လက်ခံရမည်။ ကျွန်ုပ်တို့သည် “ကျွန်ုပ်သည် နှလုံးသားထဲတွင် လူသတ်မှုရှိသော အပြစ်သားတစ်ဦး ဖြစ်ပါသည်” ဟု ဝန်ခံရမည်။
လူသားအားလုံး၏နှလုံးသားများ၌ ဆိုးသောအတွေးများအပါအဝင် လူ့အသက်သတ်ခြင်းများရှိကြသည်ဟု ဘုရားသခင်မိန့်တော်မူသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံ ကြပါစို့။ မျိုးဆက်သစ်များသည် ပို၍ ဆိုးသွမ်းလာကြသောကြောင့် လူတစ်ဉီး၏အကာအကွယ်တပ်ဆင်မှု အမျိုးအစား အားလုံးမှာ လူ့အ သက်သတ်ခြင်းအတွက် တန်ဆာပလာများဖြစ်လာခဲ့သည်။ ဤသည်မှာ ကျွန်ုပ်တို့၏စိတ်နှလုံးထဲရှိ လူသတ်မှု၏ ရလဒ်ဖြစ်သည်။ ဒေါသ သို့မဟုတ် ကြောက်ရွံ့မှုကြောင့် လူသတ်မှုကို ကျူးလွန်နိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် အမှန်တကယ် အခြားသူတစ်ဦးကို သတ်ဖြတ်လိမ့်မည်ဟု ပြောနေခြင်း မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ထိုကဲ့သို့သော အတွေးများ ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
လူတို့သည် မကောင်းသောတွေးတောကြံစည်မှုများဖြင့် မွေးဖွားလာကြသောကြောင့် ကျွန်ုပ်တို့အားလုံး၏ နှလုံးသားထဲတွင် ထိုတွေးတောကြံစည်မှုများ ရှိကြသည်။ အချို့သောသူများသည် အမှန်တကယ် လူသတ်မှုကို ကျူးလွန်ကြသည် ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် လူသတ်သမားအဖြစ် မွေးဖွားလာကြ၍ မဟုတ်ဘဲ ကျွန်ုပ်တို့အားလုံးသည် လူသတ်သမားဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့၏နှလုံးသားထဲတွင် မကောင်းသောအတွေးများနှင့် လူသတ်မှု ရှိကြောင်း ပြောပြထားသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ မည်သူမည်ဝါကမျှ ဤသမ္မာတရား နှင့် မလွှဲနိုင်ကြပေ။
ထိုကြောင့် ကျွန်ုပ်တို့လိုက်လျှောက် ရမည့်မှန်ကန်သောလမ်း မှာဘုရားသခင်၏နှုတ်ကပတ်တော်ကိုလက်ခံ၍ နာခံခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် နှလုံးသားများ၌ ဆိုးသောအတွေးများရှိကြသော ကြောင့် ကျွန်ုပ်တို့သည် ဤလောက၌ အပြစ်ကျူးလွန်ကြသည်။
 
 
ကျွန်ုပ်တို့၏နှလုံးသားထဲရှိ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း
 
ဘုရားသခင်သည် လူတိုင်း၏နှလုံးသားထဲတွင် အိမ်ထောင်ရေးဖောက်ပြန်မှု ရှိသည်ဟု မိန့်တော်မူပါသည်။ သင် သဘောတူပါသလား။ သင့်နှလုံးသားထဲတွင် အိမ်ထောင်ရေးဖောက်ပြန်မှု ရှိကြောင်း ဝန်ခံပါသလား။ ဟုတ်ပါသည်၊ လူတိုင်း၏နှလုံးသားထဲတွင် အိမ်ထောင်ရေးဖောက်ပြန်မှု ရှိပါသည်။
ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ ပြစ်မှုများသည် ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းတွင် ထွန်းကားနေပါသည်။ ၎င်းသည် သမိုင်းတစ်လျှောက် ကာလတိုင်းတွင် ငွေရှာရန် အသေအချာဆုံး နည်းလမ်းများထဲမှ တစ်ခု ဖြစ်ပါသည်။ အခြားသော စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးကျဆင်းမှုကြောင့် အခက်အခဲများ ကြုံတွေ့နိုင်သော်လည်း၊ ဤဆိုးညစ်သော စီးပွားရေးလုပ်ငန်းများမှာ လူတိုင်း၏နှလုံးသားထဲတွင် အိမ်ထောင်ရေးဖောက်ပြန်မှု စွဲကပ်နေသောကြောင့် ထိုမျှလောက် ဒုက္ခမရောက်ကြပါ။
 
 
အပြစ်သားများ၏ အသီးသည် အပြစ်ဖြစ်သည်
 
လူသားတစ်ဦးကို မည်သည်နှင့် နှိုင်းယှဉ်နိုင်သနည်း။
အပြစ်၏အသီးကို သီးသော အပင်
 
ပန်းသီးပင်က ပန်းသီးသီးသလို၊ သစ်တော်သီးပင်က သစ်တော်သီးသီးသလို၊ စွန်ပလွံပင်က စွန်ပလွံသီးသီးသလို၊ သရက်ပင်က သရက်သီးသီးသလို၊ ကျွန်ုပ်တို့သည်လည်း နှလုံးသားထဲတွင် အပြစ် 12 မျိုးဖြင့် မွေးဖွားလာသူများဖြစ်သည့်အတွက် အပြစ်၏အသီးကို သီးကြပါသည်။ 
ယေရှုက လူ၏နှလုံးသားထဲမှ ထွက်လာသောအရာသည် သူတို့ကို ညစ်ညမ်းစေသည်ဟု မိန့်တော်မူပါသည်။ သင် သဘောတူပါသလား။ ကျွန်ုပ်တို့သည် ယေရှု၏စကားတော်ကိုသာ သဘောတူ၍ “မှန်ပါသည်၊ ကျွန်ုပ်တို့သည် အပြစ်သားများ၊ မကောင်းမှုပြုသူများ၏ အမျိုးအနွယ် ဖြစ်ပါသည်။ မှန်ပါသည်၊ သခင်၊ ကိုယ်တော် မှန်ကန်ပါသည်” ဟု ပြောဆိုနိုင်ပါသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် မိမိတို့၏ဆိုးညစ်မှုကို အသိအမှတ်ပြုရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့တော်၌ မိမိတို့ကိုယ်ကို အမှန်တရားကို အသိအမှတ်ပြုရမည်။
ယေရှုခရစ်တော်သည် ဘုရားသခင်၏အလိုတော်ကို နာခံသကဲ့သို့၊ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံ၍ ကိုယ်တော်ကို နာခံရမည်။ ဤသည်မှာ ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဤအရာများသည် ဘုရားသခင်ထံမှ ဆုကျေးဇူးများ ဖြစ်ကြသည်။
ကျွန်ုပ်၏နိုင်ငံသည် လှပသောရာသီ လေးပါးဖြင့် ကောင်းချီးပေးခြင်းခံရပါသည်။ ရာသီများ ပြောင်းလဲသွားသည်နှင့်အမျှ အပင်အမျိုးမျိုးတို့သည် သူတို့၏အသီးများကို သီးကြပါသည်။ ထိုနည်းတူစွာ၊ ကျွန်ုပ်တို့၏နှလုံးသားထဲရှိ အပြစ် ၁၂ မျိုးသည် ကျွန်ုပ်တို့အပေါ် လွှမ်းမိုးထား၍ အစဉ်မပြတ် အပြစ်သို့ ဦးဆောင်နေပါသည်။ ယနေ့တွင် လူသတ်မှုသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို စွဲကိုင်နိုင်ပြီး၊ မနက်ဖြန်တွင် အိမ်ထောင်ရေးဖောက်ပြန်မှု ဖြစ်နိုင်ပါသည်။
ထို့နောက် နောက်တစ်နေ့တွင် မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ စဉ်းလဲခြင်း စသည်တို့ ဖြစ်ပေါ်လာပါသည်။ ကျွန်ုပ်တို့သည် တစ်နှစ်ပတ်လုံး၊ လတိုင်း၊ နေ့တိုင်း၊ နာရီတိုင်း အပြစ်ကျူးလွန်နေကြပါသည်။ တစ်စုံတစ်ခုသော အပြစ်မျိုးကို မကျူးလွန်ဘဲ ကုန်လွန်သွားသောနေ့ မရှိပါ။ အပြစ်မကျူးလွန်ရန် ကျွန်ုပ်တို့ အစဉ်သစ္စာဆိုနေကြသော်လည်း၊ ဤသို့သော သဘာဝဖြင့် မွေးဖွားလာသောကြောင့် အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြပါ။ 
ပန်းသီးပင်သည် မလိုချင်သောကြောင့် ပန်းသီးများမသီးရန် ငြင်းဆိုခဲ့သည်ကို သင်မြင်တွေ့ခဲ့ဖူးသလော။ “ငါ ပန်းသီးမသီးချင်ဘူး။” ထိုအပင်က အသီးမသီးရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ပန်းသီးမသီးဘဲ နေနိုင်မှာလား။ နွေဦးပေါက်တွင် ပန်းပွင့်များ ပွင့်လာမည်၊ နွေရာသီတွင် ပန်းသီးများ ကြီးထွားရင့်မှည့်လာမည်၊ ဆောင်းဦးပေါက်တွင် အသီးများကို ဆွတ်ခူးစားသုံးရန် အသင့်ဖြစ်နေမည်။
ထိုအရာသည် သဘာဝ၏စီမံခန့်ခွဲမှုဖြစ်ပြီး၊ အပြစ်သား၏ဘဝသည်လည်း သဘာဝ၏စီမံခန့်ခွဲမှုကို လိုက်နာရမည်ဖြစ်သည်။ အပြစ်သားသည် အပြစ်၏အသီးကို မသီးဘဲ မနေနိုင်ပါ။
 
 

‘သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်’ သည် ကျွန်ုပ်တို့၏ အပြစ်များကို အပြစ်ဖြေရန်အတွက် ဖြစ်ခဲ့ပါသည်

 
အပြစ်ဖြေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုပါသနည်း။
ယေရှု၏ဗတ္တိဇံ (လက်များတင်ခြင်း) နှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းအားဖြင့် အပြစ်၏အခကို ပေးဆပ်ခြင်းကို ဆိုလိုသည်။
 
အပြစ်သားများ၊ မကောင်းမှုပြုသူများ၏သားသမီးများသည် ဘုရားသခင်ရှေ့တော်၌ မိမိတို့၏အပြစ်များကို မည်သို့အပြစ်ဖြေ၍ ပျော်ရွှင်စွာ အသက်ရှင်နိုင်ကြောင်း သိရှိရန် ကျမ်းစာပိုဒ်တစ်ပိုဒ်ကို ဖတ်ကြည့်ကြပါစို့။ ဤသည်မှာ အပြစ်အတွက် အပြစ်ဖြေခြင်း၏ ဧဝံဂေလိတရားဖြစ်ပါသည်။ 
ဝတ်ပြုရာကျမ်း အခန်းကြီး 4 တွင် ဖော်ပြထားသည်မှာ၊ “သာမန်လူထဲမှတစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍ သူကျူးလွန်မိသောအပြစ်ကို သူသိလာလျှင် သူကျူးလွန်မိသောအပြစ်အတွက် အပြစ်အနာအဆာကင်းသည့် ဆိတ်သငယ်အမတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ သူသည် မိမိလက်ကို အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်ရမည်။ မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ အပြစ်ဖြေရာယဇ်ကောင်ကို သတ်ရမည်။ ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။ အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်” (ဝတ်ပြုရာကျမ်း 4:27-31)။
ဓမ္မဟောင်းကျမ်းခေတ်တွင် လူများသည် အပြစ်များအတွက် မည်သို့ဖြင့် အပြစ်ဖြေခဲ့ကြသနည်း။ သူတို့သည် အပြစ်ဖြေရာယဇ် ကောင်၏ဉီးခေါင်းပေါ်တွင် ရှေ့ဉီးစွာ လက်တင်ခဲ့ကြ၍ သူတို့အပြစ် များကို လွှဲပြောင်းခဲ့ကြသည်။
ဝတ်ပြုရာကျမ်းတွင် ရေးသားထားသည်။ ‘သင်သည် အစ္စရေးအမျိုးသားတို့အား “သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။ သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူမည်”’ (ဝတ်ပြုရာကျမ်း 1:2-4)။
ဘုရားသခင်သည် သူတို့အား ဣသရေလ၏အပြစ်များကို ဖြေလွှတ်ရန် အသုံးပြုမည့် အပြစ်ဖြေရာယဇ်ကို ပြင်ဆင်စေတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်သည် သူတို့အား အပြစ်ဖြေရာယဇ်ကောင်၏ ခေါင်းပေါ်တွင် ‘လက်တင်ရန်’ မိန့်မှာတော်မူခဲ့သည်။ ဤသည်မှာ အပြစ်များကို လွှဲပြောင်းရန်အတွက် ဖြစ်သည်။ သန့်ရှင်းသောတဲတော်၏ ဝင်းအတွင်း၌ မီးရှို့ရာယဇ်ပလ္လင် ရှိခဲ့သည်။ ၎င်းသည် ဟောပြောစင်ထက် အနည်းငယ်ကြီးသော သေတ္တာဖြစ်ပြီး ထောင့်လေးထောင့်တွင် ဦးချိုများ ရှိသည်။ ဣသရေလလူမျိုးတို့သည် အပြစ်ဖြေရာယဇ်ကောင်၏ ခေါင်းပေါ်သို့ သူတို့၏အပြစ်များကို လွှဲပြောင်း၍ ထိုယဇ်ကောင်၏အသားကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် မီးရှို့ခြင်းဖြင့် သူတို့၏အပြစ်များကို အပြစ်ဖြေခဲ့ကြသည်။
ဘုရားသခင်သည် ဝတ်ပြုရာကျမ်းတွင် လူတို့အား “ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။” သူတို့သည် အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်တွင် လက်တင်သောအခါ သူတို့၏အပြစ်များသည် ထိုယဇ်ကောင်အပေါ်သို့ လွှဲပြောင်းခြင်းခံရပြီး၊ ထို့နောက် အပြစ်သားများသည် အပြစ်ဖြေရာယဇ်ကောင်၏လည်ပင်းကို ဖြတ်၍ သတ်ကြသည်။ ထို့နောက် ယဇ်ပုရောဟိတ်များသည် ထိုယဇ်ကောင်၏သွေးကို မီးရှို့ရာယဇ်ပလ္လင်၏ ဦးချိုများပေါ်တွင် သုတ်လိမ်းကြသည်။
ထိုနောက် အပြစ်ဖြေရာယဇ်၏ကိုယ်ခန္ဓာကို အတွင်းကလီစာများမှ သန့်ရှင်းစေ၍ ၎င်း၏အသားကို အပိုင်းပိုင်းဖြတ်ကာ မီးရှို့ရာယဇ် ပလ္လင်ပေါ်တွင် မီးရှို့ခဲ့ရကြသည်။ ထို့နောက် အသား၏ချိုမြိန်သောရနံ့သည် သူတို့၏အပြစ်ဖြေလွှတ်ခြင်းအတွက် ဘုရားသခင်ထံ ပူဇော်ခြင်းခံရသည်။ ဤသည်မှာ သူတို့၏နေ့စဉ်အပြစ်များကို ဖြေလွှတ်သည့်နည်းလမ်း ဖြစ်ခဲ့သည်။
ထို့နောက် တစ်နှစ်ပတ်လုံး ကျူးလွန်ခဲ့သော အပြစ်များအတွက် အပြစ်ဖြေလွှတ်ခြင်းယဇ် ရှိခဲ့ပါသည်။ ယဇ်ပုရောဟိတ်မင်းသည် ဣသရေလလူမျိုးတစ်ရပ်လုံးကို ကိုယ်စားပြု၍ အပြစ်ဖြေရာယဇ်ကောင်အပေါ် လက်တင်ခြင်းပြုပြီး ထိုသွေးကို ကရုဏာတော်ပလ္လင်၏ အရှေ့ဘက်တွင် ခုနစ်ကြိမ်တိုင်အောင် ဖျန်းရသည့်အချက်က နေ့စဉ်အပြစ်အတွက် ပြုလုပ်သော အပြစ်ဖြေလွှတ်ခြင်းယဇ်နှင့် ကွဲပြားခြားနားခဲ့ပါသည်။ ထို့အပြင် နှစ်စဉ်သတ္တမလ၏ ဆယ်ရက်မြောက်နေ့တွင် ဣသရေလလူမျိုးတို့၏ ရှေ့မှောက်၌ အသက်ရှင်နေသောဆိတ်၏ ဦးခေါင်းပေါ်တွင် လက်တင်သည့် အခမ်းအနား ပြုလုပ်ခဲ့ပါသည် (ဝတ်ပြုရာကျမ်း 16:5-27)။
 
ဓမ္မဟောင်းကျမ်းစာ၏ အပြစ်ဖြေရာယဇ်ကောင်ကို ပုံဆောင်သော ပုဂ္ဂိုလ်သည် မည်သူဖြစ်သနည်း။
ယေရှုခရစ်တော်
 
ယခု ဓမ္မသစ်ကျမ်းတွင် ယဇ်ပူဇော်ခြင်းစနစ် မည်သို့ပြောင်းလဲသွားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ထာဝရပညတ်တော်သည် နှစ်များကြာလာသည့်တိုင် မည်သို့တည်မြဲနေသည်ကိုလည်းကောင်း လေ့လာကြည့်ကြပါစို့။
သခင်ယေရှုသည် အဘယ်ကြောင့် ကားတိုင်ပေါ်တွင် အသေခံရန် လိုအပ်ခဲ့ပါသနည်း။ ဘုရားသခင်သည် မိမိ၏သားတော်အား ကားတိုင်ပေါ်တွင် အသေခံစေရန် ဘုရားသခင်သည် ဤလောကတွင် မည်သည့်အမှားကို ပြုမိခဲ့သနည်း။ မည်သူက သူ့အား ကားတိုင်ပေါ်တွင် အသေခံစေရန် အတင်းအကျပ်ပြုခဲ့သနည်း။ ကမ္ဘာပေါ်ရှိ အပြစ်သားအားလုံး၊ တနည်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်ထဲသို့ ကျရောက်သွားသောအခါ၊ ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်ရန် ဤလောကသို့ ကြွလာခဲ့သည်။
သူသည် ယော်ဒန်မြစ်တွင် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့ပြီး လူသားအားလုံးကိုယ်စား ကားတိုင်ပေါ်တွင် အပြစ်အားလုံးအတွက် အပြစ်ဒဏ်ကို ခံယူခဲ့သည်။ သခင်ယေရှု ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းခြင်းသည် ဓမ္မဟောင်းကျမ်းမှ အပြစ်ဖြေရာယဇ်နှင့် တူညီခဲ့ပါသည်။ အပြစ်ဖြေရာယဇ်ကောင်အပေါ် လက်တင်၍ အသွေးသွန်းခြင်း ဖြစ်ပါသည်။
ဤအရာမှာ ဓမ္မဟောင်းကျမ်း၌ ပြုခဲ့သောနည်းလမ်း ဖြစ်သည်။ အပြစ်သားသည် အပြစ်ဖြေရာယဇ်ကောင်အပေါ် လက်တင်၍ မိမိ၏အပြစ်များကို ဝန်ချတော်မူလျက် “အိုထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကျူးလွန်ခဲ့ပါပြီ။ အကျွန်ုပ်သည် လူသတ်ခြင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်းတို့ကို ပြုမိခဲ့ပါသည်” ဟု ပြောဆိုခဲ့သည်။ ထိုနောက် သူ၏အပြစ်များသည် အပြစ်ဖြေရာ ယဇ်ကောင်ပေါ်သို့ လွှဲပြောင်းခဲ့ သည်။
အပြစ်သားသည် အပြစ်ဖြေရာယဇ်ကောင်၏ လည်ပင်းကိုဖြတ်၍ ဘုရားသခင့်ရှေ့တော်၌ ပူဇော်သကဲ့သို့ပင်၊ ယေရှုသည်လည်း ကျွန်ုပ်တို့၏ အပြစ်အားလုံးအတွက် အပြစ်ဖြေရန် ထိုနည်းအတိုင်း ပူဇော်ခြင်းခံခဲ့ရသည်။ ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်ရန်နှင့် မိမိ၏ယဇ်ပူဇော်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို အပြစ်ဖြေရန် ဗတ္တိဇံခံယူခဲ့ပြီး ကားတိုင်ပေါ်တွင် သွေးသွန်းခဲ့သည်။
အမှန်တကယ်တွင် ယေရှုသည် ကျွန်ုပ်တို့ကြောင့် အသေခံခဲ့ရခြင်းဖြစ်သည်။ စဉ်းစားကြည့်လျှင် လူအပေါင်းတို့၏ အပြစ်အားလုံးအတွက် အပြစ်အနာအဆာကင်းသော တိရစ္ဆာန်များကို ယဇ်အဖြစ် ပူဇော်ခြင်း၏ အဓိပ္ပာယ်သည် အဘယ်နည်း။ ထိုတိရစ္ဆာန်အားလုံးသည် အပြစ်ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သိခဲ့ကြပါသလား။ တိရစ္ဆာန်များသည် အပြစ်ကို မသိကြပါ။ ၎င်းတို့သည် လူသားအားလုံး၏ အပြစ်များကို ဖယ်ရှားပေးနိုင်စွမ်း မရှိခဲ့ကြပါ။
ထိုတိရစ္ဆာန်များသည် အပြစ်အနာအဆာ လုံးဝကင်းစင်သကဲ့သို့ ယေရှုသည်လည်း အပြစ်လုံးဝမရှိပါ။ ကိုယ်တော်သည် သန့်ရှင်းသောဘုရားသခင်၊ ဘုရားသခင်၏သားတော်ဖြစ်ပြီး အပြစ်ကို တစ်ခါမျှ မကျူးလွန်ခဲ့ပါ။ ထို့ကြောင့် ကိုယ်တော်သည် အသက် 30 အရွယ်တွင် ယော်ဒန်မြစ်၌ ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ယူဆောင်သွားခဲ့သည်။
ထိုအရာသည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ဖယ်ရှားပစ်ရန်အတွက် ဖြစ်ခဲ့ပြီး၊ ကိုယ်တော်သည် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပစ်ခဲ့သော အပြစ်များကြောင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့ရပါသည်။ ၎င်းသည် လူသားအားလုံး၏ အပြစ်များကို ဆေးကြောပေးသော ကိုယ်တော်၏ ကယ်တင်ခြင်းအမှုတော်ဖြစ်ခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး 3 တွင် မှတ်တမ်းတင်ထားပါသည်။
 
 
အပြစ်ဖြေခြင်း၏ ဧဝံဂေလိတရား၏ အစ
 
ယေရှုသည် အဘယ်ကြောင့် ယော်ဒန်မြစ်တွင် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့သနည်း။
ဖြောင့်မတ်ခြင်းအမှုအရာရှိသမျှကို ပြည့်စုံစေရန်
 
ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး 3 တွင် မှတ်တမ်းတင်ထားပါသည်။ ‘ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏။ သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော” ဟု ဆို၏။ ယေရှုကလည်း “ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏” ဟု မိန့်တော်မူ၏’ (ရှင်မဿဲခရစ်ဝင် 3:13-15)။
ကျွန်ုပ်တို့သည် ယေရှု အသက် 30 အရွယ်တွင် ဗတ္တိဇံခံယူခဲ့သည့် အကြောင်းရင်းကို သိရှိနားလည်ရန် လိုအပ်ပါသည်။ ယေရှုသည် လူသားအားလုံး၏ အပြစ်များကို အပြစ်ဖြေရန်နှင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအလုံးစုံကို ပြည့်စုံစေရန် ဗတ္တိဇံခံယူခဲ့ခြင်း ဖြစ်ပါသည်။ လူအပေါင်းတို့ကို သူတို့၏အပြစ်များမှ ကယ်တင်ရန်အတွက် အပြစ်အနာအဆာကင်းစင်သော တစ်ပါးတည်းသောသူ ယေရှုခရစ်တော်သည် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့သည်။
ထို့ကြောင့် ကိုယ်တော်သည် လောက၏အပြစ်များကို ယူဆောင်သွားပြီး လူသားအားလုံး၏ အပြစ်များကို အပြစ်ဖြေရန် မိမိကိုယ်ကို ပူဇော်ခဲ့သည်။ အပြစ်မှ ကယ်တင်ခြင်းခံရရန် ကျွန်ုပ်တို့အားလုံးသည် သမ္မာတရားကို သိရှိပြီး ယုံကြည်သင့်ပါသည်။ ကိုယ်တော်၏ကယ်တင် ခြင်းကို ယုံကြည်၍ကယ်တင်ခြင်းခံရခြင်းမှာကျွန်ုပ်တို့ပေါ်တွင်မူတည်သည်။
သခင်ယေရှု၏ ဗတ္တိဇံအဓိပ္ပါယ်မှာ အဘယ်နည်း။ ဓမ္မဟောင်းကျမ်းမှ လက်တင်ခြင်းနှင့် အဓိပ္ပာယ်တူညီပါသည်။ ဓမ္မဟောင်းကျမ်းတွင် လက်တင်ခြင်းအားဖြင့် လူအပေါင်းတို့၏ အပြစ်များသည် အပြစ်ဖြေရာယဇ်ကောင်၏ ဦးခေါင်းပေါ်သို့ လွှဲပြောင်းခြင်းခံခဲ့ရသည်။ ထိုနည်းတူစွာ ဓမ္မသစ်ကျမ်းတွင် ယေရှုသည် မိမိကိုယ်ကို အပြစ်ဖြေရာယဇ်အဖြစ် ဆက်ကပ်ပြီး ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းအားဖြင့် လောက၏အပြစ်အားလုံးကို ဖယ်ရှားပစ်ခဲ့သည်။
ဗတ္တိဇံဆရာယောဟန်သည် လူသားအားလုံးတွင် အကြီးမြတ်ဆုံးသောသူဖြစ်ပြီး၊ ဘုရားသခင် ခန့်အပ်ထားသော လူသားမျိုးနွယ်၏ ကိုယ်စားလှယ်ဖြစ်ခဲ့ပါသည်။ လူသားမျိုးနွယ်၏ ကိုယ်စားလှယ်နှင့် လူအပေါင်းတို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ် သူသည် ယေရှု၏အပေါ်သို့ လက်တင်၍ လောက၏အပြစ်အားလုံးကို ကိုယ်တော်အပေါ်သို့ လွှဲပြောင်းပေးခဲ့ပါသည်။ ‘ဗတ္တိဇံ’ ဆိုသည်မှာ ‘လွှဲပြောင်းပေးခြင်း မြုပ်နှံခြင်း နှင့် ဆေးကြောခြင်း’ ဟု အဓိပ္ပာယ်ရပါသည်။
ယေရှုသည် ဤလောကသို့ အဘယ်ကြောင့် ကြွလာပြီး ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့ကြောင်း သင်သိပါသလား။ သင်သည် ယေရှု၏ ဗတ္တိဇံခံယူခြင်း၏ အဓိပ္ပာယ်ကို သိရှိလျက် ကိုယ်တော်ကို ယုံကြည်ပါသလား။ ယေရှု၏ ဗတ္တိဇံခံယူခြင်းသည် ကျွန်ုပ်တို့၏ အပြစ်အားလုံး၊ တနည်းအားဖြင့် ဆိုးညစ်သောသူတို့၏ သားသမီးများဖြစ်သော ကျွန်ုပ်တို့က တစ်သက်တာလုံး ဇာတိပကတိအားဖြင့် ကျူးလွန်သော အပြစ်များကို ဖယ်ရှားရန်အတွက် ဖြစ်ခဲ့ပါသည်။ ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်အားလုံးအတွက် အပြစ်ဖြေခြင်း၏ မူလဧဝံဂေလိတရားကို ပြည့်စုံစေရန် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့ခြင်း ဖြစ်သည်။
ရှင်မဿဲခရစ်ဝင် 3:13-17 တွင် ‘ထိုအခါ’ ဖြင့် အစပြုကြောင်း မှတ်တမ်းတင်ထားပါသည်။ ဤသည်မှာ သခင်ယေရှု ဗတ္တိဇံခံယူတော်မူသောအချိန်မှစ၍ လောကအပြစ်များအားလုံးကို သခင်ယေရှုအပေါ်သို့ လွှဲပြောင်းသည့် အချိန်ကို ရည်ညွှန်းသည်။
‘ထိုအခါ’ သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်အားလုံးကို ခံယူတော်မူပြီး၊ သုံးနှစ်အကြာတွင် ကားတိုင်ပေါ်၌ အသေခံတော်မူကာ၊ သုံးရက်အကြာတွင် ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ သခင်ယေရှုသည် လောက၏အပြစ်အားလုံးကို ဆေးကြောရန် တစ်ကြိမ်တည်းဖြင့် ဗတ္တိဇံခံယူတော်မူပြီး၊ တစ်ကြိမ်တည်းဖြင့် ကားတိုင်ပေါ်၌ အသေခံတော်မူကာ၊ တစ်ကြိမ်တည်းဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ဘုရားသခင့်ရှေ့တော်၌ အပြစ်မှ ရွေးနှုတ်ခြင်းခံလိုသော လူအပေါင်းတို့အတွက် တစ်ကြိမ်တည်းဖြင့် လူအားလုံးကို ကယ်တင်တော်မူခဲ့သည်။
ယေရှုသည် အဘယ်ကြောင့် ဗတ္တိဇံခံယူရန် လိုအပ်ခဲ့သနည်း။ အဘယ်ကြောင့် ယေရှုသည် ဆူးဦးရစ်သရဖူကို ဆောင်း၍ သာမန်ရာဇဝတ်သားတစ်ဦးကဲ့သို့ ပိလတ်မင်း၏ တရားရုံးတွင် တရားစီရင်ခြင်းခံရန် လိုအပ်ခဲ့သနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် သံရိုက်ခြင်းခံရပြီး သွေးထွက်သံယိုဖြင့် အသေခံရန် လိုအပ်ခဲ့သနည်း။ ထိုအကြောင်းအရာအားလုံး၏ အကြောင်းရင်းမှာ ကိုယ်တော်သည် မိမိ၏ဗတ္တိဇံခံယူခြင်းအားဖြင့် လောက၏အပြစ်အားလုံး၊ တနည်းအားဖြင့် သင်တို့နှင့်ကျွန်ုပ်၏ အပြစ်များကို မိမိအပေါ်သို့ ယူဆောင်သွားခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ အပြစ်များကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံရန် လိုအပ်ခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီးဖြစ်ကြောင်း ကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်ပြီး ကိုယ်တော်အား ကျေးဇူးတင်ရမည်။ ယေရှု၏ ဗတ္တိဇံခံယူခြင်း၊ ကိုယ်တော်၏ ကားတိုင်တော်နှင့် ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းဟူ၍ ရှိမည်မဟုတ်ပေ။
ယေရှုသည် လောက၏အပြစ်အားလုံးကို ယူဆောင်သွားရန် ယောဟန်ထံမှ ဗတ္တိဇံခံယူသောအခါ၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ယူဆောင်သွားခဲ့ပြီး၊ ထို့ကြောင့် ကိုယ်တော်၏ ကယ်တင်ခြင်းဧဝံဂေလိတရားကို ယုံကြည်သော ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။ ‘သို့သော် သခင်ယေရှုသည် မူလအပြစ်ကိုသာ ယူဆောင်သွားခဲ့သည် မဟုတ်လား’ ဟု ထင်မြင်သူများ ရှိကြသည်။ သို့သော် ၎င်းတို့သည် မှားယွင်းနေကြသည်။
ယေရှုသည် ဗတ္တိဇံခံယူသောအခါ လောက၏အပြစ်အားလုံးကို တစ်ကြိမ်တည်းဖြင့် အပြီးအပိုင် ထာဝရဖယ်ရှားပစ်ခဲ့ကြောင်း သမ္မာကျမ်းစာတွင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။ ဗီဇအပြစ်အပါအဝင် ကျွန်ုပ်တို့အပြစ်များအား လုံးသည် ဆေးကြောခြင်းခံရသည်။ ရှင်မဿဲခရစ်ဝင် 3:15 တွင် “အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏” ဟု ရေးသားထားသည်။ ဖြောင့်မတ်ခြင်းအလုံးစုံကို ပြည့်စုံစေခြင်းဆိုသည်မှာ အပြစ်အားလုံးသည် ချွင်းချက်မရှိ ကျွန်ုပ်တို့ထံမှ ယူဆောင်သွားခြင်းခံရပြီဟု အဓိပ္ပာယ်ရသည်။
ယေရှုသည် ကျွန်ုပ်တို့၏ တစ်သက်တာလုံး ကျူးလွန်သော အပြစ်များကိုလည်း ဆေးကြောပေးခဲ့ပါသလား။ ဟုတ်ပါသည်၊ ဆေးကြောပေးတော်မူခဲ့ပါသည်။ ထိုအထောက်အထားကို ဝတ်ပြုရာကျမ်းတွင် ဦးစွာ ရှာဖွေကြည့်ကြပါစို့။ ၎င်းသည် ယဇ်ပုရောဟိတ်မင်းနှင့် အပြစ်ဖြေရာနေ့၏ ယဇ်ပူဇော်ခြင်းအကြောင်းကို ပြောပြထားသည်။
 
 
အစ္စရေးလူမျိုးအားလုံး နှစ်စဉ်ကျူးလွန်ခဲ့သော အပြစ်များအတွက် ယဇ်ပူဇော်ခြင်း
 
ဣသရေလအမျိုးသားတို့သည် ဤလောက၏ အပြစ်ဖြေရာယဇ်ကောင်အားဖြင့် သန့်ရှင်းခြင်းကို အမြဲတမ်း ထိန်းသိမ်းနိုင်ခဲ့ပါသလား။
လုံးဝမဖြစ်နိုင်ပါ
 
“အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။ ဆိတ်သငယ်နှစ်ကောင်ကိုလည်းယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။ အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။ အာရုန်သည် ထာဝရဘုရားအဖို့ မဲကျသောဆိတ်သငယ်ကို ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေလွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်” (ဝတ်ပြုရာကျမ်း 16:6-10)။ ဤနေရာတွင် အာရုန်သည် ဣသရေလအမျိုးသားတို့၏ တစ်နှစ်တာ အပြစ်များကို ဖြေရှင်းရန် တဲတော်တံခါးဝ၌ ဆိတ်နှစ်ကောင်ကို ယူဆောင်လာခဲ့သည်။
“အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။” အပြစ်ဖြေရန်အတွက် အပြစ်လွှဲခံသိုးတစ်ကောင် လိုအပ်ခဲ့ပါသည်။
ဤနှင့်ဆန့်ကျင်စွာ၊ နေ့စဉ်အပြစ်များအတွက် အပြစ်ဖြေရာယဇ်မှာ အပြစ်ကျူးလွန်သူက ယဇ်ကောင်၏ ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်၍ မိမိ၏အပြစ်များကို လွှဲပြောင်းသော ယဇ်ဖြစ်ခဲ့ပါသည်။ သို့သော် ဣသရေလအမျိုးသားတို့၏ တစ်နှစ်တာအပြစ်များအတွက်မူ ယဇ်ပုရောဟိတ်မင်းသည် လူအပေါင်းတို့၏ ကိုယ်စား နှစ်စဉ် သတ္တမလ၏ ဆယ်ရက်မြောက်နေ့တွင် တစ်နှစ်တာအပြစ်များကို အပြစ်ဖြေရာယဇ်ကောင်အပေါ်သို့ လွှဲပြောင်းခဲ့ပါသည်။
ဝတ်ပြုရာကျမ်း 16:29-31 တွင် ဤသို့ရေးသားထားသည်၊ “သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့၏အပြစ်ရှိသမျှမှ စင်ကြယ်ကြမည့်အကြောင်း ထိုနေ့၌ ယဇ်ပုရောဟိတ်သည် သင်တို့စင်ကြယ်စေရန် သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးမည်။ ထိုနေ့သည် သင်တို့အဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏ ဝိညာဉ်ကို နှိမ့်ချရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏” (ဝတ်ပြုရာကျမ်း 16:29-31)။
ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးတို့သည် နေ့စဉ်အပြစ်များကို အပြစ်ဖြေရန် အပြစ်ဖြေရာယဇ်ကို ယူဆောင်လာပြီး၊ ထိုယဇ်ကောင်၏ဦးခေါင်းပေါ်သို့ မိမိတို့၏အပြစ်များကို လွှဲပြောင်းကာ “အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဤကဲ့သို့သော အပြစ်များကို ကျူးလွန်မိပါပြီ” ဟု ဝန်ချတော်မူခဲ့ကြသည်။ ထို့နောက် သူသည် အပြစ်ဖြေရာယဇ်၏လည်ပင်းကို ဖြတ်၍၊ သွေးကို ယဇ်ပုရောဟိတ်အား ပေးအပ်ပြီး၊ ယခုအခါ မိမိ၏အပြစ်များမှ လွတ်မြောက်ပြီဟူသော ယုံကြည်ချက်ဖြင့် အိမ်သို့ ပြန်သွားခဲ့ကြသည်။ အပြစ်ဖြေရာ ယဇ်ကောင်သည် အပြစ်သားအတွက် အသေခံပြီး ဒုစရိုက်အပြစ်သည် သူ့ခေါင်းပေါ်တွင် ရှိနေသည်။ အပြစ်ဖြေရာယဇ်သည် အပြစ်ကျူးလွန်သူ၏ကိုယ်စား အသတ်ခံရခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် အပြစ်ဖြေရာယဇ်သည် ဆိတ်၊ နွားငယ်၊ နွားထီး စသည်တို့ဖြစ်နိုင်ပြီး၊ ဘုရားသခင် ခွဲခြားသတ်မှတ်ထားသော အပြစ်အနာအဆာကင်း၍ သန့်စင်သော တိရစ္ဆာန်များ ဖြစ်ရမည်။
အပြစ်ကျူးလွန်သူသည် မိမိ၏အပြစ်များအတွက် သေဆုံးရမည့်အစား၊ ဘုရားသခင်သည် မိမိ၏အဆုံးမရှိသော ကရုဏာတော်ဖြင့် တိရစ္ဆာန်တစ်ကောင်၏အသက်ကို အစားထိုး ပူဇော်ခွင့်ပြုတော်မူခဲ့သည်။
ဓမ္မဟောင်းကျမ်း၌ ဤနည်းလမ်းအားဖြင့် အပြစ်သားများသည် အပြစ်ဖြေရာယဇ်ပူဇော်သက္ကာအားဖြင့် အပြစ်များအတွက် အပြစ် ဖြေရာယဇ်ပြုနိုင်ခဲ့ကြသည်။ အပြစ်သားတစ်ဉီး၏အပြစ်များကို လက်များတင်ခြင်းအားဖြင့် အပြစ်ပူ ဇော်သက္ကာပြုသောယဇ်ကောင် ပေါ်သို့ လွှဲပြောင်းခဲ့၍ ၎င်း၏အသွေးကို အပြစ်သား၏အပြစ်များဖြေ လွှတ်ရန်အတွက် ယဇ်ပရောဟိတ်ထံ ပေးအပ်ခဲ့သည်။
သို့သော် နေ့စဉ်အပြစ်များကို အပြစ်ဖြေရန် မဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်မင်းအား ဣသရေလလူမျိုးအားလုံး၏ကိုယ်စား နှစ်စဉ် သတ္တမလ၏ ဆယ်ရက်မြောက်နေ့တွင် တစ်နှစ်တာအပြစ်များကို ဖြေရှင်းခွင့်ပြုတော်မူခဲ့သည်။
ထို့နောက် အပြစ်ဖြေရာနေ့ကြီးတွင် ယဇ်ပုရောဟိတ်မင်း၏ အခန်းကဏ္ဍက အဘယ်နည်း။ ပထမဦးစွာ၊ ယဇ်ပုရောဟိတ်မင်း အာရုန်သည် အပြစ်ဖြေရာယဇ်အပေါ် လက်တင်၍ လူတို့၏အပြစ်များကို ဝန်ချတော်မူသည်။ “အိုထာဝရဘုရား၊ ဣသရေလအမျိုးသားတို့သည် ဤကဲ့သို့သော အပြစ်များကို ကျူးလွန်ခဲ့ကြပါသည်။ လူသတ်မှု၊ သူ့မယားကိုပြစ်မှားမှု၊ မတရားသင့်မှု၊ ခိုးမှု၊ မမှန်သောသက်သေခံမှု၊ ဘုရားကို ပြစ်မှားပြောဆိုမှု...”
ထိုနောက် သူသည် အပြစ်ဖြေရာယဇ်ကောင်၏လည်ပင်းကို ဖြတ်၍အသွေးကို ယူကာ တဲတော်အတွင်းရှိ ကရုဏာတော်ပလ္လင်ပေါ်တွင် ခုနစ်ကြိမ် ပက်ဖြန်းခဲ့သည်။ (သမ္မာကျမ်းစာတွင် 7 နံပါတ်မှာ ပြည့်စုံသောနံပါတ်အဖြစ် ယူဆရသည်။)
ဣသရေလအမျိုးသားအားလုံး၏ကိုယ်စား နှစ်စဉ်လူတို့၏အပြစ်များကို အပြစ်ဖြေရာယဇ်ကောင်၏ဦးခေါင်းပေါ်သို့ လွှဲပြောင်းပေးရန်မှာ သူ၏တာဝန်ဖြစ်ပြီး၊ အပြစ်ဖြေရာယဇ်သည် သူတို့၏ကိုယ်စား ယဇ်ပူဇော်ခြင်းခံရပါသည်။
ဘုရားသခင်သည် တရားမျှတသောကြောင့် လူအပေါင်းတို့ကို သူတို့၏အပြစ်များမှ ကယ်တင်ရန် လူတို့၏ကိုယ်စား အပြစ်ဖြေရာယဇ်ကောင်ကို သေစေရန် ခွင့်ပြုတော်မူခဲ့သည်။ ဘုရားသခင်သည် အမှန်တကယ် ကရုဏာထားတော်မူသောကြောင့် လူတို့၏အသက်အစား ယဇ်ကောင်၏အသက်ကို ပူဇော်ခွင့်ပြုတော်မူခဲ့သည်။ ထို့နောက် ယဇ်ပုရောဟိတ်မင်းသည် ကရုဏာတော်ပလ္လင်၏ အရှေ့ဘက်သို့ သွေးကိုဖျန်း၍၊ သတ္တမလ၏ ဆယ်ရက်မြောက်နေ့ဖြစ်သော အပြစ်ဖြေရာနေ့တွင် လွန်ခဲ့သောတစ်နှစ်တာကာလအတွင်း ဣသရေလအမျိုးသားတို့၏ အပြစ်အားလုံးကို ဖြေရှင်းပေးခဲ့သည်။
 
ဓမ္မဟောင်းကျမ်းအရ မည်သူသည် အပြစ်ဖြေရာ သိုးသငယ်ဖြစ်တော်မူသနည်း
အပြစ်အနာအဆာကင်းသော ယေရှု
 
ယဇ်ပုရောဟိတ်မင်းသည် ဣသရေလအမျိုးသားတို့အတွက် အပြစ်ဖြေရာနေ့တွင် ဆိတ်နှစ်ကောင်ကို ပူဇော်ရမည်ဖြစ်သည်။ ထိုဆိတ်နှစ်ကောင်အနက် တစ်ကောင်ကို ‘နှင်ထုတ်ရန်’ ဟူသောအဓိပ္ပာယ်ရှိသော အပြစ်လွှဲခံဆိတ်ဟု ခေါ်သည်။ ထိုနည်းတူစွာ ဓမ္မသစ်ကျမ်း၏ အပြစ်လွှဲခံဆိတ်မှာ ယေရှုခရစ်တော်ဖြစ်သည်။ “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏” (ရှင်ယောဟန်ခရစ်ဝင် 3:16)။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ယဇ်ကောင်သိုးသငယ်အဖြစ် ငါတို့အား ပေးသနားတော်မူခဲ့သည်။ လူသားအားလုံးအတွက် ယဇ်ကောင်သိုးသငယ်အဖြစ်၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူပြီး ကမ္ဘာ့ကယ်တင်ရှင်၊ မေရှိယအဖြစ် ဖြစ်လာခဲ့သည်။ မေရှိယဆိုသည်မှာ ‘ကယ်တင်ရှင်’ ဟု အဓိပ္ပာယ်ရပြီး၊ ယေရှုခရစ်တော်ဆိုသည်မှာ ‘ငါတို့ကို ကယ်တင်ရန် ကြွလာသောဘုရင်’ ဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် ဓမ္မဟောင်းကျမ်းထဲတွင် ဣသရေလအမျိုးသားတို့၏ တစ်နှစ်တာအပြစ်များကို အပြစ်ဖြေရာနေ့၌ အပြစ်ဖြေခဲ့သကဲ့သို့၊ ယေရှုခရစ်တော်သည် လွန်ခဲ့သောနှစ်ပေါင်း 2000 ခန့်က ဤလောကသို့ကြွလာ၍ ဗတ္တိဇံခံယူပြီး ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလျက် အသက်ပေးတော်မူခြင်းအားဖြင့် ငါတို့၏အပြစ်အားလုံးအတွက် အပြစ်ဖြေခြင်းဧဝံဂေလိတရားကို ပြီးပြည့်စုံစေတော်မူခဲ့သည်။
ဤအချက်တွင် ဝတ်ပြုရာကျမ်းမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ကြည့်ကြပါစို့။ “အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။ ဆိတ်သငယ်သည် သူတို့၏အပြစ်ရှိသမျှကို လူသူကင်းဝေးရာအရပ်သို့ ယူဆောင်သွားမည်။ တာဝန်ရှိသူသည် ဆိတ်သငယ်ကို တောကန္တာရထဲသို့ လွှတ်လိုက်ရမည်” (ဝတ်ပြုရာကျမ်း 16:21-22)။
ဝတ်ပြုရာကျမ်း အခန်းကြီး ၁၆ တွင် ဖော်ပြထားသည့်အတိုင်း လူအပေါင်းတို့၏ အပြစ်များကို ဆိတ်၏ဦးခေါင်းပေါ်သို့ တင်ထားကြောင်း ရေးသားထားသည်။ ‘သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့’ ဆိုသည်မှာ သူတို့၏စိတ်နှလုံးဖြင့် ကျူးလွန်ခဲ့သော အပြစ်အားလုံး၊ သူတို့၏ဇာတိပကတိဖြင့် ကျူးလွန်ခဲ့သော အပြစ်အားလုံးကို ဆိုလိုသည်။ ထို့ ထို့ပြင် ‘သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့’ ကို လက်တင်ခြင်းအားဖြင့် အပြစ်ဖြေရာယဇ်ကောင်၏ ဦးခေါင်းပေါ်သို့ တင်ခဲ့သည်။
 
 
ဘုရားသခင်၏ မောရှေ၏ပညတ်တော်အားဖြင့် ငါတို့သည် မိမိတို့၏အပြစ်အားလုံးကို စစ်မှန်သောအသိပညာဖြင့် သိရှိရမည်
 
ဘုရားသခင်သည် အဘယ်ကြောင့် ငါတို့အား မောရှေ၏ပညတ်တော်ကို ပေးတော်မူခဲ့သနည်း။
ငါတို့အား အပြစ်နှင့်ပတ်သက်သော အသိပညာကို ပေးရန်အတွက်
 
ဘုရားသခင်၏ ပညတ်တော်နှင့် အမိန့်တော်များသည် အချက် ၆၁၃ ချက်ဖြင့် ဖွဲ့စည်းထားပါသည်။ အမှန်တကယ် ငါတို့သည် ထိုအရာကို စဉ်းစားကြည့်လျှင်၊ ကိုယ်တော်မပြုရဟု မိန့်မှာထားသည့်အရာများကို ပြုမိခဲ့ပြီး ပြုရမည်ဟု မိန့်မှာထားသည့်အရာများကို မပြုခဲ့ကြပေ။
ထို့ကြောင့် ငါတို့သည် အပြစ်သားများဖြစ်ကြသည်။ ထို့ပြင် ငါတို့သည် မိမိတို့၏အပြစ်များကို သိမြင်နိုင်စေရန် ဘုရားသခင်သည် ထိုမောရှေ၏ပညတ်တော်ကို ပေးတော်မူခဲ့ကြောင်း သမ္မာကျမ်းစာတွင် ရေးသားထားသည် (ရောမဩဝါဒစာ 3:20)။ ဆိုလိုသည်မှာ ငါတို့သည် အပြစ်သားများဖြစ်ကြောင်း သင်ကြားပေးရန် ကိုယ်တော်သည် မောရှေ၏ပညတ်တော်ကို ပေးတော်မူခဲ့ခြင်းဖြစ်သည်။ ငါတို့သည် ထိုပညတ်တော်များကို လိုက်နာနိုင်သောကြောင့် ပေးတော်မူခြင်းမဟုတ်ဘဲ၊ ငါတို့၏အပြစ်များကို သိစေရန်အတွက် ပေးတော်မူခြင်းဖြစ်သည်။
ကိုယ်တော်သည် ငါတို့ စောင့်ထိန်းရန်အတွက် မောရှေ၏ပညတ်တော်နှင့် အမိန့်တော်များကို ပေးတော်မူခြင်း မဟုတ်ပါ။ ခွေးတစ်ကောင် သည် လူသားတစ်ဉီးကဲ့ သို့အသက်ရှင်ရန် သင်မမြော်လင့်နိုင်ပေ။ ထိုနည်းတူစွာ ငါတို့သည် ဘုရားသခင်၏ မောရှေ၏ပညတ်တော်အတိုင်း နေထိုင်နိုင်မည်မဟုတ်ဘဲ၊ ကိုယ်တော်၏ မောရှေ၏ပညတ်တော်နှင့် အမိန့်တော်များမှတစ်ဆင့်သာ ငါတို့၏အပြစ်များကို သိမြင်နားလည်နိုင်မည်ဖြစ်သည်။
ဘုရားသခင်သည် ငါတို့အား မောရှေ၏ပညတ်တော်ကို ပေးတော်မူခဲ့သည့်အကြောင်းမှာ ငါတို့သည် မိမိတို့ကိုယ်ကို အပြစ်၏အစုအပုံကြီးဖြစ်ကြောင်း မသိမြင်နားလည်နိုင်သောကြောင့်ဖြစ်သည်။ “သင်သည် လူ့အသက်သတ်သူ၊မတရားမေထုံပြုသောသူ၊ဆိုးသောသူ ဖြစ်တယ်။” သခင်ဘုရားသည် ငါတို့အား လူ့အသက်ကို မသတ်ရဟု မိန့်မှာတော်မူသော်လည်း၊ ငါတို့သည် စိတ်နှလုံးထဲတွင် သတ်ဖြတ်နေကြပြီး တစ်ခါတစ်ရံတွင် လက်တွေ့၌ပင် လူသတ်မှုကို ကျူးလွန်ကြသည်။
သို့သော် မောရှေ၏ပညတ်တော်တွင် လူ့အသက်ကို မသတ်ရဟု ရေးသားထားသောကြောင့် ငါတို့သည် လူသတ်သမားများဖြစ်ကြောင်း သိရှိလာပြီး “အော်၊ ငါမှားယွင်းခဲ့ပါသည်။ ငါမပြုသင့်သည့်အရာကို ပြုမိသောကြောင့် ငါသည် အပြစ်သားဖြစ်သည်။ ငါသည် အပြစ်ကျူးလွန်ခဲ့ပါပြီ” ဟု ပြောဆိုကြသည်။
ထို့ကြောင့် ဣသရေလအမျိုးသားတို့ကို အပြစ်မှ ကယ်တင်ရန်အတွက် ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင် အာရုန်အား အပြစ်ဖြေရာယဇ်ကို ပူဇော်ခွင့်ပြုတော်မူခဲ့ပြီး၊ တစ်နှစ်လျှင်တစ်ကြိမ် လူတို့ကိုယ်စား အပြစ်ဖြေပေးသည့်တာဝန်ကို ယူဆောင်ခဲ့သူမှာ အာရုန်ပင်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းတွင် အပြစ်ဖြေရာနေ့၌ အပြစ်ဖြေရာယဇ်နှစ်ကောင်ကို ဘုရားသခင်ထံ ပူဇော်ရမည်ဖြစ်သည်။ တစ်ကောင်ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ပြီး အခြားတစ်ကောင်ကို ဣသရေလအမျိုးသားတို့၏ တစ်နှစ်တာအပြစ်များကို လက်တင်ခြင်းဖြင့် ယူဆောင်သွားစေလျက် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။ သင့်လျော်သောသူတစ်ဦး၏လက်ဖြင့် ဆိတ်ကို တောကန္တာရထဲသို့ မလွှတ်လိုက်မီ ယဇ်ပုရောဟိတ်မင်းသည် အသက်ရှင်သောဆိတ်၏ဦးခေါင်းပေါ်တွင် လက်တင်၍ ဣသရေလ၏အပြစ်များကို ဝန်ချတော်မူသည်။ “သခင်ဘုရား၊ လူတို့သည် လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်ခြင်း၊ ခိုးယူခြင်း၊ ရုပ်တုကိုးကွယ်ခြင်းတို့ကို ပြုကြပါပြီ... ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ခဲ့ကြပါပြီ။”
တောကန္တာရသည် သဲနှင့် သဲကန္တာရဖြစ်သော နယ်မြေဖြစ်သည်။ အပြစ်လွှဲခံဆိတ်ကို အဆုံးမရှိသော တောကန္တာရထဲသို့ လွှတ်လိုက်ပြီး သေဆုံးသွားခဲ့သည်။ ထိုဆိတ်ကို လွှတ်လိုက်၍ ထွက်သွားစေသောအခါ ဣသရေလလူမျိုးတို့သည် ၎င်းအဝေးသို့ ပျောက်ကွယ်သွားသည်အထိ ကြည့်နေကြပြီး သူတို့၏အပြစ်များသည် အပြစ်လွှဲခံဆိတ်နှင့်အတူ ပျောက်ကွယ်သွားပြီဟု ယုံကြည်ခဲ့ကြသည်။ လူတို့သည် စိတ်ငြိမ်သက်မှုကို ရရှိခဲ့ကြပြီး အပြစ်လွှဲခံဆိတ်သည် ဣသရေလအမျိုးသားအားလုံး၏ နှစ်စဉ်အပြစ်များအတွက် တောကန္တာရထဲတွင် သေဆုံးသွားခဲ့သည်။
ထို့ပြင် ဘုရားသခင်သည် ဘုရားသခင်၏သိုးသငယ်တော်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငါတို့၏အပြစ်အားလုံးကို ဖြေရှင်းပေးတော်မူခဲ့သည်။ ငါတို့၏အပြစ်အားလုံးသည် ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ ကိုယ်တော်၏အသွေးတော်အားဖြင့် လုံးဝဆေးကြောခြင်းခံခဲ့ရသည်။
ယေရှုသည် ဘုရားသခင်ဖြစ်ပြီး ငါတို့၏ကယ်တင်ရှင်ဖြစ်သည်။ ကိုယ်တော်သည် လူသားအားလုံးကို အပြစ်မှကယ်တင်ရန် ကြွလာသော ဘုရားသခင်၏သားတော်ဖြစ်ပြီး၊ ငါတို့ကို မိမိပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင်လည်းဖြစ်သည်။ ကိုယ်တော်သည် ငါတို့ကို အပြစ်မှကယ်တင်ရန် ဤလောကသို့ ဆင်းသက်ကြွလာတော်မူခဲ့သည်။
ငါတို့၏ဇာတိပကတိဖြင့် နေ့စဉ်ကျူးလွန်သော အပြစ်များသာမက၊ အနာဂတ်တွင်ဖြစ်မည့် အပြစ်အားလုံး၊ ငါတို့၏စိတ်နှလုံးနှင့် ဇာတိပကတိ၏ အပြစ်အားလုံးသည်လည်း ယေရှုထံသို့ လွှဲပြောင်းခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကိုယ်တော်သည် လောကီသားအပေါင်းတို့၏ အပြစ်အားလုံးအတွက် ပြည့်စုံသောအပြစ်ဖြေခြင်းတည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားအားလုံးကို ပြည့်စုံစေရန် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံကို ခံယူရန် လိုအပ်ခဲ့သည်။
ယေရှုသည် ကားစင်တင်သတ်ခြင်းမခံရမီ သုံးနှစ်အလိုတွင် မိမိ၏အများပြည်သူဆိုင်ရာအမှုတော်ကို စတင်သောအခါ၊ ယော်ဒန်မြစ်တွင် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းအားဖြင့် လောက၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့သည်။ ငါတို့၏အပြစ်အားလုံးအတွက် အပြစ်ဖြေခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းသည် ကိုယ်တော်၏ဗတ္တိဇံဖြင့် စတင်ခဲ့သည်။
ယော်ဒန်မြစ်တွင် ခါးလယ်ခန့်နက်သောနေရာ၌ ဗတ္တိဇံဆရာယောဟန်သည် ယေရှု၏ဦးခေါင်းပေါ်တွင် မိမိ၏လက်များကို တင်၍ ရေထဲသို့ နှစ်မြှုပ်ပေးခဲ့သည်။ ဤဗတ္တိဇံသည် ဓမ္မဟောင်းကျမ်းမှ လက်တင်ခြင်းနှင့် တူညီပြီး အပြစ်အားလုံးကို လွှဲပြောင်းပေးသည့် တူညီသောအကျိုးသက်ရောက်မှုရှိခဲ့သည်။ 
ရေထဲသို့ နှစ်မြှုပ်ခြင်းသည် သေခြင်းကို ဆိုလိုပြီး၊ ရေထဲမှ ပြန်ထွက်လာခြင်းသည် ရှင်ပြန်ထမြောက်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းအားဖြင့် ယေရှုသည် အပြစ်အားလုံးကို ယူဆောင်သွားခြင်း၊ ကားစင်တင်သတ်ခြင်းခံရခြင်း၊ နှင့် ရှင်ပြန်ထမြောက်ခြင်းဟူသော သုံးခုစလုံးကို ပြည့်စုံစေခဲ့ပြီး ဖော်ပြခဲ့သည်။
သခင်‌ယေရှုသည် ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်တော်မူခဲ့ သည်ဟူသောစကားများကို ကျွန်ုပ်တို့နာခံမှသာလျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရနိုင်ကြသ်ည။ ဘုရားသခင်သည် ယေရှုအားဖြင့် ငါတို့ကို ကယ်တင်ရန် ဆုံးဖြတ်တော်မူခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းတွင် ပြုတော်မူခဲ့သော ပဋိညာဉ်တော်သည် ဤနည်းဖြင့် ပြည့်စုံခဲ့သည်။ ထို့နောက် ယေရှုသည် ငါတို့၏အပြစ်အားလုံးကို မိမိဦးခေါင်းပေါ်တွင် တင်ဆောင်လျက် ကားတိုင်ဆီသို့ လျှောက်သွားတော်မူခဲ့သည်။
 
ယေရှုသည် ငါတို့၏အပြစ်အားလုံးကို ဖျက်ပေးပြီးနောက် ငါတို့အတွက် မည်သည့်အလုပ် ကျန်ရှိနေပါသနည်း။
ကျွန်ုပ်တို့လုပ်ရမည့်အရာများအားလုံးမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ယုံကြည် ခြင်း ဖြစ်သည်။
 
ရှင်ယောဟန်ခရစ်ဝင် 1:29 တွင် ‘နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။’ ဗတ္တိဇံဆရာယောဟန်က ‘“ကြည့်လော့” ဟု “ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။”’ လူသားအားလုံး၏အပြစ်များသည် ယေရှုသည် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူသောအခါ ကိုယ်တော်ထံသို့ လွှဲပြောင်းခြင်းခံခဲ့ရသည်။ ၎င်းကို ယုံကြည်ပါ။ ထိုအခါ သင်တို့သည် သင်တို့၏အပြစ်အားလုံးအတွက် အပြစ်ဖြေခြင်း၏ကောင်းချီးမင်္ဂလာကို ရရှိလိမ့်မည်။
ငါတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် ယုံကြည်ခြင်းရှိရမည်။ ငါတို့သည် မိမိတို့၏အတွေးအခေါ်များနှင့် ခေါင်းမာမှုများကို စွန့်လွှတ်ပြီး၊ ယေရှုသည် လောက၏အပြစ်အားလုံးကို ဖယ်ရှားခဲ့သည်ဟူသော သမ္မာတရားကို ယုံကြည်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ရေးသားထားသော နှုတ်ကပတ်တော်များကို နာခံလိုက်လျှောက်ရမည်။
ယေရှုသည် လောက၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့သည်ဟု ပြောဆိုခြင်းနှင့် ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဖြေရှင်းခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ပြည့်စုံစေခဲ့သည်ဟု ပြောဆိုခြင်းသည် လုံးဝတူညီသည်။ ထို့အပြင် ‘လက်တင်ခြင်း’ နှင့် ‘ဗတ္တိဇံ’ တို့သည်လည်း အတူတူပင်ဖြစ်သည်။
‘အားလုံး’၊ ‘အရာခပ်သိမ်း’ သို့မဟုတ် ‘တစ်ခုလုံး’ ဟု ပြောသည်ဖြစ်စေ ၎င်း၏အဓိပ္ပါယ်မှာ တူညီသည်။ ဓမ္မဟောင်းကျမ်းထဲရှိ ‘လက်တင်ခြင်း’ ဟူသော စကားလုံး၏အဓိပ္ပါယ်သည် ဓမ္မသစ်ကျမ်းတွင် ‘ဗတ္တိဇံ’ ဟူသော စကားလုံးကို အစားထိုးအသုံးပြုထားခြင်းမှလွဲ၍ တူညီစွာ ထိန်းသိမ်းထားသည်။
ဤအရာသည် ယေရှုသည် ငါတို့၏အပြစ်အားလုံးကို ဖြေရှင်းရန်အတွက် ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင် တရားစီရင်ခြင်းခံခဲ့ရသည်ဟူသော ရိုးရှင်းသောသမ္မာတရားသို့ သက်ရောက်သည်။ ထို့ပြင် ငါတို့သည် ဤမူလဧဝံဂေလိတရားကို ယုံကြည်သောအခါ ကယ်တင်ခြင်းခံရသည်။ 
ယေရှုသည် ‘ဤလောက၏အပြစ်’ (ရှင်ယောဟန်ခရစ်ဝင် 1:29) ကို ဖယ်ရှားပေးခဲ့သည်ဟု ပြောသောအခါ လောက၏အပြစ်ဆိုသည်မှာ မည်သည်ကို ဆိုလိုပါသနည်း။ ငါတို့မွေးရာပါအပြစ်အားလုံးနှင့် ငါတို့၏စိတ်နှလုံးထဲရှိ မကောင်းသောတွေးတောကြံစည်မှုများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်း၊ မိုက်မဲခြင်းတို့ကို ဆိုလိုပါသည်။ ဤသည်မှာ ဇာတိပကတိနှင့် စိတ်နှလုံးထဲရှိ ဆိုးညစ်သောအပြစ်များနှင့် ပြစ်မှားမှုအားလုံးကို ဆိုလိုခြင်းဖြစ်သည်။
“အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏” (ရောမဩဝါဒစာ 6:23)။ “သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ” (ဟေဗြဲဩဝါဒစာ 9:22)။ ဤကျမ်းပိုဒ်တွင် ဖော်ပြထားသည့်အတိုင်း အပြစ်အားလုံးအတွက် အပြစ်၏အဖိုးအခကို မုချပေးဆပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်တော်သည် လူသားအားလုံးကို အပြစ်မှကယ်တင်ရန်အတွက် မိမိ၏အသက်ကို စွန့်လွှတ်ခဲ့ပြီး ငါတို့အတွက် အပြစ်၏အခကို တစ်ကြိမ်တည်းဖြင့် ပေးဆပ်ခဲ့သည်။
ထို့ကြောင့် ငါတို့ပြုလုပ်ရမည့်အရာမှာ ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်၊ မူလဧဝံဂေလိတရား၊ ထို့အပြင် ငါတို့၏ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှု၏တည်ရှိခြင်းကို ယုံကြည်ရုံဖြင့် အပြစ်အားလုံးမှ လွတ်မြောက်နိုင်ပါသည်။
 
 
နက်ဖြန်အတွက် အပြစ်ဖြေခြင်း
 
ငါတို့သည် မိမိတို့၏အပြစ်များအတွက် ယဇ်ပူဇော်ခြင်းအမှုကို ပြုလုပ်ရန် လိုအပ်သေးပါသလား။
နောက်တစ်ဖန် မလိုအပ်တော့ပါ
 
ယနေ့၊ မနေ့က၊ တနေ့က အပြစ်များသည် ‘ဤလောက၏အပြစ်’ တွင် ပါဝင်သကဲ့သို့ နက်ဖြန်နှင့် သန်ဘက်ခါ၏အပြစ်များ၊ ထို့အပြင် ငါတို့သေဆုံးသည့်နေ့အထိ ကျူးလွန်မည့်အပြစ်များသည်လည်း ‘ဤလောက၏အပြစ်’ တွင် ပါဝင်ပါသည်။ လူသားများ၏ မွေးဖွားခြင်းမှ သေဆုံးခြင်းအထိ အပြစ်များအားလုံးသည် ‘ဤလောက၏အပြစ်’ ၏ အစိတ်အပိုင်းဖြစ်ပြီး၊ လောက၏အပြစ်သည် ယေရှု၏ဗတ္တိဇံအားဖြင့် ကိုယ်တော်ထံသို့ လွှဲပြောင်းခြင်းခံခဲ့ရသည်။ ထို့ကြောင့် ငါတို့သေဆုံးသည့်နေ့အထိ ကျူးလွန်မည့်အပြစ်အားလုံးသည် ငါတို့ထံမှ ယခုပင် ဖယ်ရှားခြင်းခံရပြီးဖြစ်သည်။
ထို့ကြောင့် ငါတို့သည် ဤမူလဧဝံဂေလိတရား၊ ဘုရားသခင်၏ရေးသားထားသော နှုတ်ကပတ်တော်ကိုသာ ယုံကြည်ပြီး နာခံလိုက်လျှောက်မှသာ ကယ်တင်ခြင်းခံရနိုင်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရရန်အတွက် မိမိအတွေးအခေါ်များကို ဘေးချိတ် ထားရ ကြမည် ဖြစ်သည်။ သင်တို့က “ကိုယ်တော်သည် မကျူးလွန်ရသေးသော အပြစ်များကို မည်သို့ယူဆောင်သွားနိုင်မည်နည်း” ဟု မေးကောင်းမေးနိုင်ပါသည်။ ထိုအခါ ငါကလည်း သင်တို့အား “ငါတို့သည် အပြစ်ကျူးလွန်သည့်အခါတိုင်း ယေရှုသည် ဤလောကသို့ ပြန်လာပြီး အကြိမ်ကြိမ်အခါခါ အသွေးတော်သွန်းလောင်းရမည်လော” ဟု ပြန်လည်မေးမြန်းလိုပါသည်။
တဖန်ဖွားမြင်ခြင်း၏ဧဝံဂေလိတရားထဲတွင် အပြစ်အတွက် အပြစ်ဖြေခြင်းဥပဒေ ရှိပါသည်။ “သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ” (ဟေဗြဲဩဝါဒစာ 9:22)။ ဓမ္မဟောင်းကျမ်းခေတ်တွင် တစ်စုံတစ်ယောက်သည် မိမိ၏အပြစ်များမှ ရွေးနှုတ်ခြင်းခံလိုလျှင် အပြစ်ဖြေရာယဇ်ပေါ်သို့ လက်တင်၍ မိမိ၏အပြစ်များကို လွှဲပြောင်းပေးရပြီး၊ ထိုအပြစ်ဖြေရာယဇ်သည် သူ၏အပြစ်များအတွက် သေဆုံးရသည်။
ထိုနည်းတူစွာ ဘုရားသခင်၏သားတော်သည် လူသားများအား လုံးကို ကယ်တင်တော်မူရန်အတွက် ဤလောကသို့ ကြွဆင်းတော်မူ ခဲ့သည်။ ကိုယ်တော်သည် အပြစ်များအားလုံးကို ယူဆောင်သွား တော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့၍ အပြစ်များ၏ပြစ်ကြွေးများပေးဆပ် ပေးတော်မူရန် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ “အမှုပြီးပြီ” ဟု ပြော၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ ကိုယ်တော်သည် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထ မြောက်တော်မူခဲ့၍ ယခုတွင် ဘုရားသခင်၏လက်ျာတော်ဘက်၌ စိုးစံတော်မူသည်။ ထိုကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ထာဝရ ကယ်တင်ရှင် ဖြစ်လာတော်မူခဲ့သည်။
ငါတို့၏အပြစ်များမှ လုံးဝလွတ်မြောက်ရန်အတွက် ငါတို့သည် မိမိတို့၏အမြဲတမ်းစွဲလမ်းနေသော အတွေးအခေါ်များအားလုံးကို စွန့်ပစ်ရမည်ဖြစ်ပြီး နေ့စဉ်အပြစ်များအတွက် နေ့စဉ်အပြစ်ဖြေခြင်းခံယူရမည်ဟူသော ဘာသာရေးယုံကြည်ချက်ကိုလည်း စွန့်လွှတ်ရမည်။ လူသားမျိုးနွယ်၏အပြစ်များကို ဖြေရှင်းရန်အတွက် တစ်ခါတည်းဖြင့် ယဇ်ပူဇော်ခြင်းကို ပြုလုပ်ရန် လိုအပ်ခဲ့သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လောက၏အပြစ်အားလုံးကို မိမိ၏သားတော်အပေါ်သို့ ဗတ္တိဇံအားဖြင့် လွှဲပြောင်းပေးခဲ့ပြီး ငါတို့အတွက် ကားတိုင်ပေါ်တွင် လက်ဝါးကပ်တိုင်တင်ခြင်းခံစေခဲ့သည်။ ထို့နောက် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် ငါတို့၏ကယ်တင်ခြင်းသည် ပြီးပြည့်စုံခဲ့သည်။
“အကယ်စင်စစ် သူသည် ငါတို့၏အနာရောဂါများကို ယူဆောင်သွား၏။ ငါတို့၏ဒုက္ခဝေဒနာများကို ထမ်းသွား၏။ ငါတို့မူကား သူ့အား ဘုရားသခင်၏ဒဏ်ခတ်ခြင်းကိုခံရသောသူ၊ ရိုက်နှက်ခြင်းကိုခံရသောသူ၊ နှိပ်စက်ခြင်းကိုခံရသောသူဟု ထင်မှတ်ကြ၏။ သူသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် ထိုးဖောက်ခြင်းခံရ၏။ ငါတို့၏ဒုစရိုက်များအတွက် ချိုးဖဲ့ခြေမွှခြင်းခံရ၏။” ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး 53 တွင် လောကရှိလူသားအားလုံး၏ ကျူးလွန်မှုများနှင့် ဒုစရိုက်အပြစ်အားလုံးသည် ယေရှုခရစ်တော်အပေါ်သို့ လွှဲပြောင်းခြင်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။
ဓမ္မသစ်ကျမ်း၊ ဧဖက်ဩဝါဒစာ အခန်းကြီး 1 အငယ် 4 တွင် “ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး။” ဤသည်မှာ၊ ဘုရားသခင်သည် ကမ္ဘာမဖန်ဆင်းမီကပင် ငါတို့ကို ကိုယ်တော်၌ ရွေးချယ်တော်မူခဲ့ကြောင်း ပြောပြနေခြင်းဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကိုပင် မဖန်ဆင်းရသေးမီ ငါတို့ကို ခရစ်တော်၌ အပြစ်အနာအဆာကင်းသော ဖြောင့်မတ်သူများ၊ တနည်းအားဖြင့် ဘုရားသခင်၏လူမျိုးတော်ဖြစ်စေရန် ရွေးချယ်တော်မူခဲ့သည်။ ငါတို့သည် ယခင်က မည်သို့ပင်တွေးထင်ခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏နှုတ်ကပတ်တော်၊ တနည်းအားဖြင့် ရေနှင့်အသွေးတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှုတ်ကပတ်တော်များကို ယုံကြည်၍ နာခံလိုက်လျှောက်သင့်ပေသည်။
ဘုရားသခင်သည် သိုးသငယ်တော်ဖြစ်သော ယေရှုခရစ်သည် လောက၏အပြစ်များကို ယူဆောင်သွားပြီး လူသားအားလုံးအတွက် အပြစ်ဖြေခြင်းပြုခဲ့ကြောင်း မိန့်တော်မူခဲ့သည်။ ဟေဗြဲဩဝါဒစာ အခန်းကြီး 10 တွင် “မောရှေ၏ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ” (ဟေဗြဲဩဝါဒစာ 10:1)။
ဤနေရာတွင် နှစ်စဉ်နှစ်တိုင်း တူညီသောယဇ်များကို အဆက်မပြတ်ပူဇော်ခြင်းသည် ငါတို့ကို စုံလင်စေနိုင်မည်မဟုတ်ဟု ဖော်ပြထားသည်။ မောရှေ၏ပညတ်တရားသည် နောင်လာလတ္တံ့သော ကောင်းသောအရာများ၏ အရိပ်အရောင်မျှသာဖြစ်ပြီး၊ စစ်မှန်သောအရာ၏ ပုံသဏ္ဍာန်အစစ်အမှန် မဟုတ်ပါ။ ကြွလာတော်မူမည့် မေရှိယဖြစ်သော ယေရှုခရစ်သည် ဗတ္တိဇံခံယူခြင်းနှင့် ငါတို့၏အပြစ်အားလုံးအတွက် အပြစ်ဖြေရန် ကားတိုင်ပေါ်တွင် အသက်တော်စွန့်ခြင်းအားဖြင့် (ဣသရေလလူမျိုး၏ နှစ်စဉ်အပြစ်များကို တစ်ကြိမ်တည်းဖြင့် အပြီးအပိုင်အပြစ်ဖြေသကဲ့သို့) ငါတို့ကို တစ်ကြိမ်တည်းဖြင့် အပြီးအပိုင် စုံလင်စေတော်မူခဲ့သည်။
ထို့ကြောင့် ယေရှုသည် ဟေဗြဲဩဝါဒစာ အခန်းကြီး 10 တွင် မိန့်တော်မူသည်မှာ၊ ‘ထို့နောက် “ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏” ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏။ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။ ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။ သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက် မိမိ၏ရန်သူတို့သည် မိမိခြေတင်ခုံအဖြစ်ချထားခြင်းခံရသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် တစ်ခုတည်းသောပူဇော်သက္ကာအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူတို့အား ထာဝစဉ်စုံလင်စေတော်မူ၏။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ငါတို့အားသက်သေခံ၍ “ထာဝရဘုရားက ‘ထိုနေ့ရက်များနောက်တွင် သူတို့နှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်’ဟု မိန့်တော်မူ၏” ဟူ၍ မြွက်ဆိုပြီးနောက် တစ်ဖန် “ငါသည် သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကို လုံးဝသတိရတော့မည်မဟုတ်” ဟု မြွက်ဆိုတော်မူ၏။ ထိုသို့ အပြစ်ခွင့်လွှတ်ခြင်း (အပြစ်ကို ဖယ်ရှားပေးပြီး) ကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ’ (ဟေဗြဲဩဝါဒစာ 10:9-18)။ 
ထို့ပြင် ယေရှုသည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ သူ၏အသွေးတော်အားဖြင့် လောက၏အပြစ်အားလုံးမှ ငါတို့ကို ကယ်တင်တော်မူခဲ့ကြောင်း ငါတို့ယုံကြည်ပါသည်။
 
 
ငါတို့၏စိတ်နှလုံးနှင့် စိတ်ဉာဏ်ထဲတွင် ထုထွင်းထားသော ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသစ်တဖန်မွေးဖွားခြင်း၏ ကယ်တင်ခြင်း
 
ငါတို့သည် အပြစ်မကျူးလွန်တော့သောကြောင့် ဖြောင့်မတ်သူများ ဖြစ်ကြပါသလား။
မရှိပါ။ ယေရှုသည် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားပြီး ငါတို့သည် ကိုယ်တော်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သူများ ဖြစ်ကြပါသည်။
 
သင်တို့အားလုံး ကိုယ်တော်၏ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ယုံကြည်ကြပါသလား။ ―အာမင်― ယေရှုခရစ်တော်ကိုယ်တိုင် ငါတို့ကို ကယ်တင်ရန် ဗတ္တိဇံခံယူခဲ့ပြီး ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခဲ့ကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် နာခံလိုက်လျှောက်ကြပါသလား။ ငါတို့သည် အသစ်တဖန်မွေးဖွားရန် နာခံလိုက်လျှောက်ရမည်။ ယေရှုခရစ်တော်သည် အပြစ်ကို လုံးဝဖယ်ရှားသော ဧဝံဂေလိတရားအားဖြင့် ငါတို့၏အပြစ်အားလုံးနှင့် လောက၏အပြစ်အားလုံးကို ဆေးကြောပေးခဲ့ကြောင်း ယုံကြည်သောအခါ ငါတို့သည် ကယ်တင်ခြင်းခံရနိုင်ပါသည်။ 
ငါတို့သည် ဘုရားသခင်က မောရှေအား ပေးအပ်တော်မူသော ပညတ်တရားကို နာခံခြင်းအားဖြင့် လုံးဝ စုံလင်ခြင်းသို့ မရောက်နိုင်သော်လည်း၊ ယေရှုခရစ်တော်၏အမှုတော်များကို ယုံကြည်ခြင်းအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်ပါသည်။ ယေရှုခရစ်တော်သည် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူခြင်းအားဖြင့် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့ပြီး၊ ကားတိုင်ပေါ်တွင် ငါတို့၏အပြစ်အားလုံးအတွက် တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ခံခဲ့ရပါသည်။ ဤဧဝံဂေလိတရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခြင်းအားဖြင့် ငါတို့သည် အပြစ်အားလုံးမှ ရွေးနှုတ်ခြင်းခံရပြီး ဖြောင့်မတ်သူများ ဖြစ်လာနိုင်ပါသည်။ သင်တို့ ဤအရာကို ယုံကြည်ကြပါသလား။
ယေရှု၏ဗတ္တိဇံ၊ ကားတိုင်တင်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် လူသားမျိုးနွယ်၏အပြစ်အားလုံးကို ဖယ်ရှားရန်အတွက်ဖြစ်ပြီး၊ ဘုရားသခင်၏အကန့်အသတ်မရှိသော မေတ္တာတော်အပေါ် အခြေခံသော ကယ်တင်ခြင်းဥပဒေ ဖြစ်ပါသည်။ ဘုရားသခင်သည် ငါတို့ကို ရှိသည့်အတိုင်း ချစ်တော်မူပြီး တရားမျှတတော်မူသောကြောင့် ငါတို့ကို ဦးစွာ ဖြောင့်မတ်စေတော်မူခဲ့သည်။ ယေရှုသည် မိမိ၏ဗတ္တိဇံအားဖြင့် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားခြင်းဖြင့် ငါတို့ကို ဖြောင့်မတ်စေတော်မူခဲ့သည်။
ငါတို့၏အပြစ်အားလုံးကို ဆေးကြောရန်အတွက် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော် ယေရှုကို ငါတို့အတွက် ဤလောကသို့ စေလွှတ်တော်မူခဲ့သည်။ ဘုရားသခင်သည် ယေရှု၏ဗတ္တိဇံအားဖြင့် လောက၏အပြစ်အားလုံးကို ဖယ်ရှားပြီး၊ ငါတို့၏အပြစ်အားလုံးအတွက် တရားစီရင်ခြင်းကို မိမိ၏သားတော်အပေါ်သို့ လွှဲပြောင်းပေးခဲ့သည်။ ဘုရားသခင်သည် ရေနှင့်အသွေးတော်၏ကယ်တင်ခြင်း၊ တနည်းအားဖြင့် ဘုရားသခင်၏အာဂါပေမေတ္တာတော်အားဖြင့် ငါတို့ကို မိမိ၏ဖြောင့်မတ်သောသားသမီးများ ဖြစ်စေတော်မူခဲ့သည်။
ဟေဗြဲဩဝါဒစာ 10:16 တွင် ‘“ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်” ဟု မိန့်တော်မူ၏ ဟူ၍ မြွက်ဆိုပြီးနောက်’ ဟု ဖော်ပြထားသည်။
ငါတို့၏စိတ်နှလုံးနှင့် စိတ်ဉာဏ်ထဲတွင် ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ အပြစ်သားများလော သို့မဟုတ် ဖြောင့်မတ်သူများလော။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်လျှင် ငါတို့သည် ဖြောင့်မတ်သူများ ဖြစ်လာကြသည်။ ယေရှုခရစ်တော်သည် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားပြီး ထိုအပြစ်များအတွက် တရားစီရင်ခြင်းခံခဲ့ရသည်။ ယေရှုခရစ်တော်သည် ငါတို့၏ကယ်တင်ရှင် ဖြစ်တော်မူသည်။ ငါတို့က “နေ့စဉ်အပြစ်ကျူးလွန်နေသောကြောင့် ငါတို့သည် မည်သို့ ဖြောင့်မတ်နိုင်မည်နည်း။ ငါတို့သည် အမှန်ပင် အပြစ်သားများ ဖြစ်ကြသည်” ဟု တွေးကောင်းတွေးနိုင်သည်။ သို့သော် ခရစ်တော်ယေရှုသည် ခမည်းတော်၏စကားကို နာခံသကဲ့သို့ ငါတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သောအခါ ဖြောင့်မတ်သူများ ဖြစ်လာကြသည်။
မှန်ပါသည်။ ယခင်ကပြောခဲ့သည့်အတိုင်း ငါတို့သည် ဒုတိယမွေးဖွားခြင်းမခံရသေးမီ အချိန်တွင် စိတ်နှလုံးထဲ၌ အပြစ်ရှိခဲ့ပါသည်။ သို့သော် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားကို လက်ခံပြီးနောက် ငါတို့သည် အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရခဲ့ကြသည်။ ဧဝံဂေလိတရားကို မသိရှိသေးချိန်တွင် ငါတို့သည် အပြစ်သားများ ဖြစ်ခဲ့ကြသည်။ သို့သော် ယေရှု၏ကယ်တင်ခြင်းကို ယုံကြည်သောအခါ ငါတို့သည် ဖြောင့်မတ်သူများ ဖြစ်လာခဲ့ပြီး၊ ဘုရားသခင်၏ဖြောင့်မတ်သောသားသမီးများ ဖြစ်လာခဲ့ကြသည်။ ဤသည်မှာ တမန်တော်ပေါလု ပြောခဲ့သော ဖြောင့်မတ်သူဖြစ်လာခြင်း၏ယုံကြည်ခြင်း ဖြစ်သည်။ ငါတို့၏အပြစ်ကို ဖယ်ရှားသော ဧဝံဂေလိတရားကို ယုံကြည်ခြင်းသည် ငါတို့ကို ‘ဖြောင့်မတ်သူများ’ ဖြစ်စေခဲ့သည်။
တမန်တော်ပေါလုသည်လည်းကောင်း၊ အာဗြဟံသည်လည်းကောင်း၊ ယုံကြည်ခြင်း၏ဘိုးဘေးများသည်လည်းကောင်း မိမိတို့၏အကျင့်အားဖြင့် ဖြောင့်မတ်သူများ ဖြစ်လာခြင်း မဟုတ်ဘဲ၊ ယုံကြည်ခြင်းရှိ၍ ဘုရားသခင်၏နှုတ်ကပတ်တော်၊ တနည်းအားဖြင့် ဘုရားသခင်၏ကောင်းချီးပေးသောစကားတော်များကို နာခံခြင်းအားဖြင့် ဖြောင့်မတ်သူများ ဖြစ်လာခဲ့ကြသည်။ 
ဟေဗြဲဩဝါဒစာ 10:18 တွင် “ထိုသို့ အပြစ်ခွင့်လွှတ်ခြင်း (အပြစ်ကို ဖယ်ရှားပေးပြီး) ကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ” ဟု ရေးသားထားသည့်အတိုင်း၊ ဘုရားသခင်သည် ငါတို့သည် မိမိတို့၏အပြစ်အတွက် သေဆုံးရန် မလိုအပ်စေရန် ငါတို့ကို ကယ်တင်တော်မူခဲ့သည်။ သင်တို့ ဤအရာကို ယုံကြည်ကြပါသလား။ ―အာမင်―
ဖိလိပ္ပိသြဝါဒစာ 2 တွင်၊ “ခရစ်တော်ယေရှု၌ရှိသော ထိုစိတ်သဘောမျိုးကို သင်တို့၌လည်းရှိစေကြလော့။ ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ မိမိအသရေကိုစွန့်၍ အစေအပါး၏အသွင်သဏ္ဌာန်ကိုဆောင်ကာ လူတို့နှင့်တူညီသောသဏ္ဌာန်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ကိုယ်တော်သည် လူကဲ့သို့သောပုံပန်းသဏ္ဌာန်၌ ပေါ်ထွန်းတော်မူ၍ မိမိကိုယ်ကိုနှိမ့်ချကာ လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းဟူသည့် အသေခံခြင်းတိုင်အောင် နာခံတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်တော်မူ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးအပ်တော်မူ၏။ ဤသည်ကား အထက်ကောင်းကင်အရပ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိရှိသမျှတို့သည် ယေရှု၏နာမတော်၌ ဒူးထောက်၍ နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း” (ဖိလိပ္ပိသြဝါဒစာ 2:5-11)။
ယေရှုခရစ်တော်သည် လောကသို့ ယုံကြည်ခြင်းတရားကို ဟောပြောသောအခါ မိမိအတွက် မည်သည့်ကြီးမြတ်သော ဂုဏ်သတင်းကိုမျှ မဖော်ပြခဲ့ပါ။ ထို့အစား၊ ကိုယ်တော်သည် အစေခံ၏သဏ္ဌာန်ကို ယူဆောင်၍ လူသားကဲ့သို့သော အသွင်သဏ္ဌာန်ဖြင့် ကြွလာတော်မူခဲ့သည်။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်ရန်အတွက် မိမိကိုယ်ကို နှိမ့်ချ၍ သေခြင်းတိုင်အောင် နာခံတော်မူခဲ့သည်။
ထို့ကြောင့် ငါတို့သည် ယေရှုကို “ကိုယ်တော်သည် ငါတို့၏ဘုရားသခင်၊ ကယ်တင်ရှင်နှင့် ရှင်ဘုရင်ဖြစ်တော်မူသည်” ဟု ချီးမွမ်းကြသည်။ ငါတို့သည် ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေ၍ ယေရှုကို ချီးမွမ်းရသည့်အကြောင်းမှာ ယေရှုသည် ခမည်းတော်၏အလိုတော်ကို အဆုံးတိုင်အောင် နာခံတော်မူခဲ့သောကြောင့်ဖြစ်သည်။ အကယ်၍ ကိုယ်တော်သည် နာခံတော်မမူခဲ့လျှင် ငါတို့သည် ယခုအခါ ဘုရားသခင်၏သားတော်ကို ဘုန်းတော်ထင်ရှားစေမည် မဟုတ်ပေ။ သို့သော် ဘုရားသခင်၏သားတော်သည် သေခြင်းတိုင်အောင် ခမည်းတော်၏အလိုတော်ကို နာခံတော်မူခဲ့သောကြောင့် ဖန်ဆင်းခြင်းခံရသမျှနှင့် ဤမြေကြီးပေါ်ရှိ လူအပေါင်းတို့သည် ကိုယ်တော်ကို ဘုန်းတော်ထင်ရှားစေကြ၍ ထာဝရကာလပတ်လုံး ထိုသို့ပြုကြလိမ့်မည်။
ယေရှုခရစ်တော်သည် လောက၏အပြစ်များကို ယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ် ဖြစ်လာခဲ့ပြီး၊ ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် အပြစ်များကို ဖယ်ရှားခဲ့ကြောင်း ရေးသားထားပါသည်။ ကိုယ်တော်သည် လောက၏အပြစ်များကို ယူဆောင်သွားခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း 2000 ခန့် ရှိပြီဖြစ်သည်။ ထို့ပြင် သင်တို့နှင့်ကျွန်ုပ်တို့သည် မွေးဖွားသည့်အချိန်မှစ၍ ဤလောကတွင် နေထိုင်လာခဲ့ကြသောကြောင့် ငါတို့၏အပြစ်အားလုံးသည်လည်း လောက၏အပြစ်များထဲတွင် ပါဝင်နေပါသည်။
 
မနက်ဖြန် အပြစ်ကျူးလွန်လျှင် အပြစ်သားဖြစ်သွားမည်လား။
မဟုတ်ပါ။ သခင်ယေရှုသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၏ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ငါတို့သည် အပြစ်သားများ မဟုတ်ကြပါ။
 
မူလအပြစ်နှင့် တစ်သက်တာအပြစ်ကို မခွဲခြားလျှင်လည်း ငါတို့သည် မွေးဖွားလာသည့်အချိန်မှစ၍ အပြစ်ကို မကျူးလွန်ခဲ့ကြပါသလား။
ယေရှုသည် ငါတို့မွေးဖွားသည့်နေ့မှစ၍ သေဆုံးသည့်နေ့အထိ အပြစ်ကျူးလွန်မည်ကို သိတော်မူပြီး ငါတို့၏အပြစ်အားလုံးကို ကြိုတင်၍ ဖယ်ရှားပေးတော်မူခဲ့သည်။ ယခု နားလည်သဘောပေါက်ကြပြီလား။ အကယ်၍ ငါတို့သည် အသက် 70 အထိ အသက်ရှင်မည်ဆိုပါက ငါတို့၏အပြစ်များသည် ဒမ်ပ်ကား အစီး 100 ကျော်ကို ပြည့်လျှံစေနိုင်လောက်အောင် များပြားပါလိမ့်မည်။ သို့သော် ယေရှုသည် မိမိ၏ဗတ္တိဇံဖြင့် အပြစ်အားလုံးကို တစ်ကြိမ်တည်းဖြင့် လူအားလုံးအတွက် ဖယ်ရှားပေးခဲ့ပြီး၊ ကားတိုင်ပေါ်တွင် ငါတို့၏အပြစ်များအတွက် တရားစီရင်ခြင်းကို ခံတော်မူခဲ့သည်။
ယေ ရှုသည် မူလအပြစ်ကိုသာ ဖယ်ရှားခဲ့သည်ဆိုပါက ငါတို့အားလုံး သေဆုံး၍ ငရဲသို့ သွားရလိမ့်မည်။ ယေရှုသည် ငါတို့၏အပြစ်အားလုံးကို ဖယ်ရှားနိုင်ခဲ့မည် မဟုတ်ဟု ငါတို့ထင်မြင်သော်လည်း၊ ယေရှုသည် ငါတို့၏အပြစ်အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဟူသော အချက်သည် မည်သည့်အခါမျှ ပြောင်းလဲ၍ မရနိုင်ပါ။ 
ဤလောကတွင် ငါတို့သည် မည်မျှအပြစ်ကျူးလွန်နိုင်သနည်း။ ငါတို့ကျူးလွန်သော အပြစ်အားလုံးသည် လောက၏အပြစ်အားလုံးတွင် ပါဝင်နေပါသည်။
ယေရှုသည် ယောဟန်အား မိမိကို ဗတ္တိဇံပေးရန် မိန့်တော်မူသောအခါ ထိုအရာသည် အတိအကျ ကိုယ်တော်ဆိုလိုသည့်အရာ ဖြစ်သည်။ ယေရှုသည် ငါတို့၏အပြစ်အားလုံးကို ဖယ်ရှားခဲ့ကြောင်း မိမိကိုယ်တိုင် သက်သေခံခဲ့သည်။ ဘုရားသခင်သည် ယေရှု၏ရှေ့တွင် မိမိ၏အစေခံကို စေလွှတ်၍ ထိုသူအား ယေရှုကို ဗတ္တိဇံပေးစေခဲ့သည်။ ထို့ကြောင့် ယေရှုသည် လူသားအားလုံး၏ကိုယ်စားလှယ်ဖြစ်သော ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းဖြင့်၊ ထိုသူ၏ရှေ့တွင် ဦးညွှတ်၍ ဗတ္တိဇံခံယူခြင်းဖြင့်၊ လူသားအားလုံး၏ အပြစ်အားလုံးကို ဖယ်ရှားပေးခဲ့သည်။
အသက် 20 မှ 30 အထိ၊ 30 မှ 40 အထိ စသည်ဖြင့် ကျူးလွန်ခဲ့သော အပြစ်များအားလုံး၊ ကျွန်ုပ်တို့၏သားသမီးများ၏အပြစ်များပင်လျှင် လောက၏အပြစ်များထဲတွင် ပါဝင်ခဲ့ပြီး၊ သခင်ယေရှုသည် မိမိ၏ဗတ္တိဇံအားဖြင့် ထိုအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။
ဤလောကတွင် အပြစ်ရှိသေးသည်ဟု မည်သူက ပြောနိုင်မည်နည်း။ ယေရှုခရစ်တော်သည် လောက၏အပြစ်အားလုံးကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။ ငါတို့အားလုံးသည် ယေရှုက ငါတို့၏အပြစ်အားလုံးကို ဖြေရှင်းရန် ဗတ္တိဇံခံယူခြင်းနှင့် အဖိုးထိုက်တန်သော အသွေးတော်သွန်းခြင်းကို ပြုတော်မူခဲ့သည်ကို သံသယအနည်းငယ်မျှမရှိဘဲ စိတ်နှလုံးထဲမှ ယုံကြည်သောအခါ ကယ်တင်ခြင်းခံရနိုင်ပါသည်။
လူအများစုသည် မိမိတို့၏ဘဝသည် အရာခပ်သိမ်းဖြစ်သကဲ့သို့ မိမိတို့၏ဘဝအကြောင်းကို ပြောဆိုကြပြီး၊ မိမိတို့၏အတွေးများဖြင့် စွဲလန်းနေကာ အဖြစ်အပျက်များစွာဖြင့် ပြည့်နှက်နေသော ဘဝများဖြင့် နေထိုင်ကြသည်။ သို့သော် ထို့ထက်ပို၍ ခက်ခဲသော ဘဝများကို ဖြတ်သန်းခဲ့ရသူများလည်း အများအပြားရှိပါသည်။ ကျွန်ုပ်အပါအဝင် လူအများအပြားသည် အဖြစ်အပျက်များစွာဖြင့် ပြည့်နှက်နေသော ဘဝများကို ရင်ဆိုင်ခဲ့ရပါသည်။ အပြစ်အားလုံးကို လုံးဝဖယ်ရှားပေးတော်မူသော ဧဝံဂေလိတရား၊ ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်၏ ဧဝံဂေလိတရားကို သင်တို့ မည်သို့ နားမလည်နိုင် သို့မဟုတ် လက်မခံဘဲ နေနိုင်ပါမည်နည်း။
 
 
အပြစ်သားများ၏ ကယ်တင်ခြင်းသည် ပြီးပြည့်စုံခဲ့ပြီ
 
ယေရှုသည် ပေတရု၏ခြေကို အဘယ်ကြောင့် ဆေးကြောပေးခဲ့သနည်း။
ယေရှုဘုရားသည် ဗတ္တိဇံအားဖြင့် ပေတရု၏အနာဂတ်အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပြီးဖြစ်ကြောင်း အချက်ကို ပေတရုအား ခိုင်မာသောယုံကြည်ခြင်း ရှိစေလိုသောကြောင့် ဖြစ်သည်။
 
ရှင်ယောဟန်ခရစ်ဝင် 19 ကို ဖတ်ကြည့်ကြပါစို့။ ‘ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်သွားတော်မူ၏။ (ထိုအရပ်ကို ဟေဗြဲဘာသာစကားအားဖြင့် ဂေါလဂေါသဟုခေါ်သည်။) သူတို့သည် ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ဦးတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ယေရှုကိုအလယ်၌ထား၍ ထိုသူနှစ်ဦးတို့ကို ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ၌ထားကြ၏။ ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု” ဟု ရေးထား၏။ ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသောအရပ်သည် မြို့နှင့်နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးထားသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် ၎င်းကိုဖတ်ကြ၏’ (ရှင်ယောဟန်ခရစ်ဝင် 19:17-20)။
ချစ်မိတ်ဆွေတို့၊ ယေရှုခရစ်တော်သည် လောက၏အပြစ်အားလုံးကို ယူဆောင်တော်မူခဲ့ပြီး ပိလတ်မင်း၏တရားရုံးတွင် လက်ဝါးကပ်တိုင်တင်သတ်ဖြတ်ခြင်းခံရန် အပြစ်စီရင်ခြင်း ခံခဲ့ရပါသည်။ ယခု ဤအဖြစ်အပျက်အကြောင်းကို အတူတကွ စဉ်းစားကြည့်ကြပါစို့။
အငယ် 28 မှစ၍ “ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်။” ယေရှုသည် ကျမ်းစာချက်ကို ပြည့်စုံစေရန် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။
‘ထိုအရပ်၌ ဝိုင်ချဉ်အပြည့်ရှိသော အိုးတစ်လုံးကိုထားရှိသည်ဖြစ်၍ လူတို့သည် ဝိုင်ချဉ်ဝနေသောရေမြှုပ်ကို ဟုဿုပ်ရိုးတံအဖျား၌တပ်လျက် နှုတ်ခမ်းတော်နားသို့ကပ်ပေးကြ၏။ ထိုသို့ ဝိုင်ချဉ်ကိုခံယူပြီးသောအခါ ယေရှုသည် “အမှုပြီးပြီ” ဟု မိန့်တော်မူလျက် ဦးခေါင်းတော်ငိုက်စိုက်ကျကာ အသက်ကိုစွန့်တော်မူ၏’ (ရှင်ယောဟန်ခရစ်ဝင် 19:29-30)။
ထို့နောက် သုံးရက်အကြာတွင် ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။
ဗတ္တိဇံဆရာယောဟန်၏ ယေရှုအား ဗတ္တိဇံပေးခြင်းနှင့် ယေရှု၏ လက်ဝါးကပ်တိုင်ပေါ်တွင် သေခြင်းတို့သည် ခွဲခြား၍မရနိုင်သော ဆက်နွယ်မှုရှိပြီး၊ တစ်ခုမရှိလျှင် အခြားတစ်ခုသည် တည်ရှိရန် အကြောင်းမရှိပါ။ ထို့ကြောင့် အပြစ်ကို ဖျက်ဆီးသော ဧဝံဂေလိတရားဖြင့် ငါတို့ကို ကယ်တင်တော်မူသော သခင်ယေရှုအား ချီးမွမ်းကြပါစို့။
လူသားတို့၏ဇာတိပကတိသည် အစဉ်အမြဲ ဇာတိပကတိ၏လိုအပ်ချက်များကို လိုက်နာတတ်ပြီး၊ ငါတို့သည် ဇာတိပကတိဖြင့် အပြစ်မကျူးလွန်ဘဲ မနေနိုင်ပါ။ ယေရှုခရစ်တော်သည် ငါတို့အား ဇာတိပကတိ၏အပြစ်များမှ ကယ်တင်ရန် မိမိ၏ဗတ္တိဇံနှင့် အသွေးတော်ကို ပေးသနားတော်မူခဲ့သည်။ ကိုယ်တော်သည် မိမိ၏ဧဝံဂေလိတရားဖြင့် ငါတို့၏ဇာတိပကတိ၏အပြစ်များမှ ငါတို့ကို ကယ်တင်တော်မူခဲ့သည်။
အပြစ်မှ ဖယ်ရှားခြင်းခံရသူများသည် ဗက်လင်မြို့တွင် ဖွားမြင်တော်မူ၍ ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူတော်မူပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူ၍ သုံးရက်အကြာတွင် ရှင်ပြန်ထမြောက်တော်မူသော ယေရှုကို ယုံကြည်ခြင်းအားဖြင့် မည်သည့်အချိန်တွင်မဆို ကောင်းကင်နိုင်ငံတော်သို့ ဝင်စားနိုင်ပါသည်။ ထို့ကြောင့် ငါတို့သည် သခင်ကို ချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲ ဘုန်းပြုပါ၏။
ရှင်ယောဟန်ခရစ်ဝင်၏နောက်ဆုံးအခန်းတွင် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဂါလိလဲပြည်သို့ ကြွတော်မူခဲ့သည်။ ကိုယ်တော်သည် ပေတရုထံသို့သွား၍ “ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော” ဟု မေးတော်မူရာ၊ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏” ဟု ပြန်လျှောက်လေ၏။ ထိုအခါ ယေရှုက “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
ပေတရုသည် ယေရှု၏ဗတ္တိဇံနှင့် ကိုယ်တော်၏အဖိုးထိုက်တန်သော အသွေးတော်၏ဧဝံဂေလိတရား၊ တနည်းအားဖြင့် အပြစ်ကို လုံးဝဖယ်ရှားသော ဧဝံဂေလိတရားကို အပြည့်အဝ သဘောပေါက်လာခဲ့ပါသည်။ ယခုအခါ သူသည် အပြစ်ကို လုံးဝဖယ်ရှားသော ရေနှင့်သွေး၏ဧဝံဂေလိတရားကို ယုံကြည်လာခဲ့ပြီး၊ ယေရှုသည် အဘယ်ကြောင့် သူ၏ခြေကို ဆေးကြောပေးခဲ့သည်ကို သဘောပေါက်လာသောကြောင့် ယေရှုအပေါ် သူ၏ယုံကြည်ခြင်းသည် ပို၍ခိုင်မာလာခဲ့ပါသည်။
ရှင်ယောဟန်ခရစ်ဝင် 21:15 ကို ထပ်မံဖတ်ကြည့်ကြပါစို့။ ‘ထိုသူတို့သည် နံနက်စာစားပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား “ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော” ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။ ယေရှုက “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။’ ပေတရုသည် ကိုယ်တော်၏တပည့်ဖြစ်သောကြောင့်၊ လုံးဝကယ်တင်ခြင်းခံရပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ဖြောင့်မတ်ပြီး စုံလင်သော အစေခံဖြစ်လာသောကြောင့် ကိုယ်တော်သည် မိမိ၏သိုးသငယ်များကို ပေတရုအား ယုံကြည်စွာ အပ်နှံနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပေတရုသည် နေ့စဉ်ကျူးလွန်သော အပြစ်များကြောင့် အပြစ်သားဖြစ်သွားခဲ့လျှင်၊ ယေရှုသည် သူ့အား အပြစ်ဖြေရှင်းခြင်း၏ဧဝံဂေလိတရားကို ဟောပြောရန် မိန့်မှာတော်မူမည် မဟုတ်ခဲ့ပါ။ အကြောင်းမှာ သူနှင့်တကွ အခြားသောတပည့်တော်များသည် နေ့စဉ်ဇာတိပကတိအားဖြင့် အပြစ်မကျူးလွန်ဘဲ မနေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယေရှု၏တပည့်တော်များသည် ကိုယ်တော်၏ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်ပေါ်တွင် သွန်းလောင်းခဲ့သော အဖိုးထိုက်တန်သော အသွေးတော် တနည်းအားဖြင့် အပြစ်ဖြေရှင်းခြင်း၏ဧဝံဂေလိတရားကို ယုံကြည်ခဲ့ကြသောကြောင့် အပြစ်အားလုံးကို ဖျက်ဆီးပစ်သော ဧဝံဂေလိတရားကို ဟောပြောရန် မိန့်မှာတော်မူခဲ့ပါသည်။
 
 
“ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”
 
သင်သည် နောက်တစ်ဖန် အပြစ်ကျူးလွန်သောအခါ ‘အပြစ်သား’ ဖြစ်ပြန်မည်လော။
မဖြစ်ပါ။ ယေရှုသည် သင်၏အနာဂတ်အပြစ်အားလုံးကို ယော်ဒန်မြစ်၌ ယူဆောင်သွားပြီးဖြစ်သည်။
 
ယေရှုက ပေတရုအား မိန့်တော်မူသော စကားများကို စဉ်းစားကြည့်ကြပါစို့။ “ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော” “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏။” သူ၏ချစ်ခြင်းမေတ္တာဝန်ခံချက်သည် မှန်ကန်ပါသည်။ ၎င်းသည် အပြစ်အားလုံးအတွက် အပြစ်ဖြေရှင်းခြင်း၏ ဧဝံဂေလိတရားကို ယုံကြည်ခြင်းမှ ပေါ်ထွက်လာသော စစ်မှန်သောချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။
ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောခြင်းအားဖြင့် ပေတရုနှင့် အခြားတပည့်တော်များ၏အပြစ်များကို လုံးဝဆေးကြောပေးသော ဧဝံဂေလိတရားကို သင်ကြားပေးတော်မမူခဲ့လျှင် ပေတရုသည် ထိုကဲ့သို့ ချစ်ခြင်းမေတ္တာကို ဝန်ခံနိုင်မည် မဟုတ်ပါ။ 
ထို့အစား ယေရှုသည် သူတို့ထံသို့လာ၍ မေးတော်မူခဲ့လျှင် “ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော။” ပေတရုသည် ဤသို့ပြောဆိုခဲ့မည် ဖြစ်သည်။ “သခင်၊ အကျွန်ုပ်သည် မပြည့်စုံသူနှင့် အပြစ်သားဖြစ်ပါသည်။ အကျွန်ုပ်သည် ကိုယ်တော်ကို ဤထက်ပို၍ မချစ်နိုင်သော အပြစ်သားဖြစ်ပါသည်။ ကျေးဇူးပြု၍ အကျွန်ုပ်ထံမှ ထွက်ခွာသွားပါ။” ထို့နောက် ပေတရုသည် ထွက်ပြေး၍ ယေရှုထံမှ ပုန်းအောင်းနေခဲ့မည် ဖြစ်သည်။
သို့သော် ပေတရု၏အဖြေကို စဉ်းစားကြည့်ကြပါစို့။ သူသည် အပြစ်ကို လုံးဝဖယ်ရှားသော ဧဝံဂေလိတရား၊ ယေရှု၏ဗတ္တိဇံနှင့် လူသားအားလုံးကို ကယ်တင်တော်မူသော ကိုယ်တော်၏အဖိုးထိုက်တန်သော အသွေးတော်နှင့် စပ်လျဉ်း၍ ကောင်းချီးမင်္ဂလာ ခံစားရရှိခဲ့ပါသည်။
ထို့ကြောင့် သူက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏” ဟု ပြောခဲ့သည်။ ဤချစ်ခြင်းမေတ္တာဝန်ခံချက်သည် ယေရှုသည် အပြစ်များကို လုံးဝဆေးကြောပေးခဲ့သည်ဟူသော ဧဝံဂေလိတရားကို ယုံကြည်သော ယုံကြည်ခြင်းမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ပေတရုသည် အပြစ်များကို ဖယ်ရှားသော စစ်မှန်သောဧဝံဂေလိတရားကို ယုံကြည်ခဲ့သည်။ ဆိုလိုသည်မှာ၊ သူသည် ယေရှုသည် လူသားတို့၏ မပြည့်စုံမှုများနှင့် ခန္ဓာကိုယ်၏အားနည်းချက်များကြောင့် မလွှဲမရှောင်သာ ကျူးလွန်မိသော ကမ္ဘာ့အပြစ်အားလုံးကို၊ အနာဂတ်အပြစ်များပင်လျှင် လုံးဝဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း ယုံကြည်ခဲ့သည်။
ပေတရုသည် အပြစ်များကို လုံးဝဖယ်ရှားပေးသော ဧဝံဂေလိတရားကို ခိုင်မာစွာ ယုံကြည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင်၏သိုးသငယ်တော် ဖြစ်သည်ဟု ယုံကြည်သောကြောင့် သခင်ဘုရားအား တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေဆိုနိုင်ခဲ့သည်။ ယေရှု၏ကယ်တင်ခြင်းသည် အပြစ်များကို လုံးဝသုတ်သင်ပယ်ဖျက်ပေးသော ဧဝံဂေလိတရားမှ လာသောကြောင့် ပေတရုသည်လည်း နေ့စဉ်ဘဝ၏ အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရခဲ့သည်။ ပေတရုသည် ကမ္ဘာ့အပြစ်အားလုံး လုံးဝဆေးကြောခံရပြီးဖြစ်သည်ဟူသော ဧဝံဂေလိတရားမှတစ်ဆင့် ကယ်တင်ခြင်းကို ယုံကြည်ခဲ့သည်။
သင်သည်လည်း ပေတရုကဲ့သို့ပင် ဖြစ်ပါသလား။ အပြစ်ကို လုံးဝဖယ်ရှားသော ဧဝံဂေလိတရားဖြင့်၊ ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားတော်မူသော ယေရှုကို ချစ်၍ ယုံကြည်နိုင်ပါသလား။ သင်သည် ကိုယ်တော်ကို မယုံကြည်ဘဲ မချစ်ဘဲ မည်သို့ နေနိုင်ပါမည်နည်း။ အခြားနည်းလမ်း မရှိပါ။
အကယ်၍ ယေရှုသည် အတိတ်နှင့် ပစ္စုပ္ပန်အပြစ်များကိုသာ ဖယ်ရှားပေးပြီး အနာဂတ်အပြစ်များကို ငါတို့အား ချန်ထားခဲ့လျှင် ငါတို့သည် ယခုကဲ့သို့ ယေရှုကို ချီးမွမ်းနိုင်မည် မဟုတ်ပါ။ ထို့အပြင် ငါတို့အားလုံးသည် ငရဲသို့ သွားရမည်မှာ သေချာပါသည်။ ထို့ကြောင့် ငါတို့အားလုံးသည် အပြစ်ကို ဖယ်ရှားပေးသော ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရပြီဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။
ဇာတိပကတိသည် အမြဲတမ်း အပြစ်ကျူးလွန်လွယ်ပြီး ငါတို့သည် အစဉ်မပြတ် အပြစ်ကျူးလွန်ကြသည်။ ထို့ကြောင့် ငါတို့သည် ယေရှုက ငါတို့အား ပေးအပ်တော်မူသော ကြွယ်ဝသော အပြစ်ဆေးကြောခြင်း၏ ဧဝံဂေလိတရား၊ တနည်းအားဖြင့် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရပြီဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။
အကယ်၍ ငါတို့သည် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်တည်းဟူသော အပြစ်ကို လုံးဝဆေးကြောခြင်း၏ ဧဝံဂေလိတရားကို မယုံကြည်ခဲ့လျှင် မည်သူမျှ သူတို့၏တစ်သက်တာအပြစ်များမှ ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပါ။ ထိုပြင် ကျွန်ုပ်တို့သည် အပြစ်ဝန်ခတောင်းပန်ခြင်း နှင့် အချိန်တိုင်းနောင်တရခြင်းအားဖြင့် တစ်ဘဝလုံးအပြစ်များအား လုံးရွေးနှုတ်ခြင်းခံရကြလျှင် ကျွန်ုပ်တို့သည် အလွန်ပျင်းရိလွန်းသည့်အတွက်ကြောင့် ဖြောင့်မတ်သူအဖြစ် နေထိုင်ရန် မတတ်နိုင်ကြဘဲ နှလုံးသားများ၌ အပြစ်အမြဲတမ်းရှိနေလိမ့်မည်။
ထိုသို့ဖြစ်လျှင် ကျွန်ုပ် တို့သည် အပြစ်သားပြန်ဖြစ်လာကြာကာ သခင်ယေရှုကို မချစ်နိုင် သို့မဟုတ် ကိုယ်တော်ကို နီးကပ်စွာ ချဉ်းကပ်နိုင်ကြမည် မဟုတ်ပေ။ ထိုနာက် ကျွန်ုပ်တို့သည် သခင်ယေ ရှု၏ကယ်တင်ခြင်းကို ယုံကြည်၍ ဘဝအဆုံးထိတိုင်‌အောင် ကိုယ် တော့်ကို လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။
သို့သော် ယေရှုသည် ငါတို့အား အပြစ်ကို လုံးဝသုတ်သင်ပယ်ဖျက်ခြင်း၏ ဧဝံဂေလိတရားကို ပေးသနားတော်မူ၍ ယုံကြည်သူများကို ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် စုံလင်သော ကယ်တင်ရှင်ဖြစ်လာတော်မူ၍ ငါတို့သည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်စေရန် ငါတို့၏နေ့စဉ်ဘဝတွင် ကျူးလွန်မိသော ဒုစရိုက်အပြစ်အားလုံးကို ဆေးကြောပေးတော်မူခဲ့သည်။
ထို့ကြောင့် ငါတို့ယုံကြည်သူများသည် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရား၊ ယေရှု၏ဗတ္တိဇံနှင့် အဖိုးထိုက်တန်သော အသွေးတော်၏ ဧဝံဂေလိတရားကို မချစ်မြတ်နိုးဘဲ မနေနိုင်ပါ။ ယုံကြည်သူအားလုံးသည် ယေရှုက ငါတို့အား ပေးအပ်တော်မူသော အပြစ်ဖယ်ရှားသည့် ဧဝံဂေလိတရားမှတစ်ဆင့် ယေရှုကို ထာဝရချစ်မြတ်နိုးနိုင်ပြီး ကယ်တင်ခြင်းမေတ္တာ၏ အကျဉ်းသားများ ဖြစ်လာနိုင်ပါသည်။
ချစ်လှစွာသော သူတို့။ အကယ်၍ ယေရှုသည် အပြစ်အနည်းငယ်ကိုမျှ ကျန်ရစ်စေခဲ့လျှင် သင်သည် ယေရှုကို ယုံကြည်နိုင်မည် မဟုတ်သလို အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားအတွက် သက်သေခံသူတစ်ဦးလည်း ဖြစ်လာနိုင်မည် မဟုတ်ပါ။ သင်တို့သည် ဘုရားသခင်၏အစေခံအဖြစ် အမှုတော်ဆောင်နိုင်မည် မဟုတ်ခဲ့ပါ။
သို့သော် အပြစ်ကို လုံးဝဖယ်ရှားသော ဧဝံဂေလိတရားကို ယုံကြည်လျှင် ကမ္ဘာ့အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရနိုင်ပါသည်။ ယေရှု၏စကားတော်အတိုင်း အပြစ်ကို လုံးဝဆေးကြောပေးသော စစ်မှန်သည့် ဧဝံဂေလိတရားကို သဘောပေါက်လာလျှင် ကမ္ဘာ့အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရနိုင်ပါသည်။
 
 
“ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”
 
မည်သည့်အရာက ငါတို့အား အခြားအရာအားလုံးထက် ယေရှုကို ပို၍ချစ်စေသနည်း။
ကိုယ်တော်၏ဗတ္တိဇံမှတစ်ဆင့် ငါတို့အပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာတော်သည် ငါတို့၏အပြစ်အားလုံးကို၊ အနာဂတ်အပြစ်အားလုံးကိုပင် ဆေးကြောပေးခဲ့သည်။
 
ဘုရားသခင်သည် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားကို အပြည့်အဝယုံကြည်သော အစေခံများအား သိုးများကို အပ်နှံတော်မူခဲ့သည်။ ယေရှုသည် သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ “ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော။” ပေတရုသည် အကြိမ်တိုင်း ဖြေကြားခဲ့သည်။ “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏။” ယခု ပေတရု၏အဖြေကို စဉ်းစားကြည့်ကြပါစို့။ ဤအရာသည် သူ၏ဆန္ဒ၏ ဖော်ပြချက်မဟုတ်ဘဲ အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားအပေါ် ယုံကြည်ခြင်းဖြစ်ကြောင်း ငါတို့ သိနိုင်ပါသည်။
ငါတို့သည် တစ်စုံတစ်ယောက်ကို ချစ်သောအခါ၊ ထိုချစ်ခြင်းသည် ငါတို့၏ဆန္ဒမှ ဖြစ်ပေါ်လာလျှင် ငါတို့အားနည်းသောအခါ ယိမ်းယိုင်နိုင်ပါသည်။ သို့သော် ထိုချစ်ခြင်းသည် ကိုယ်တော်၏မေတ္တာတော်၏ခွန်အားပေါ်တွင် မူတည်နေလျှင် ထာဝရတည်မြဲနေမည် ဖြစ်သည်။ ဘုရားသခင်၏မေတ္တာတော်၊ တနည်းအားဖြင့် ငါတို့၏အပြစ်အားလုံးအတွက် ကြွယ်ဝသောအပြစ်ဖြေရှင်းခြင်း၊ ယေရှု၏ဗတ္တိဇံရေနှင့် ဝိညာဉ်တော်၏ ကယ်တင်ခြင်းသည် ထိုကဲ့သို့ ဖြစ်သည်။
ငါတို့၏အပြစ်များကို ဖယ်ရှားပေးသော ဧဝံဂေလိတရားအပေါ် ငါတို့၏ယုံကြည်ခြင်းသည် ငါတို့အပေါ် သခင်၏မေတ္တာတော်၏ အခြေခံဖြစ်သင့်ပါသည်။ အကယ်၍ ငါတို့သည် ငါတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ကြိုးပမ်းအားထုတ်မှုကိုသာ အခြေခံ၍ သခင်ကို ချစ်ခဲ့လျှင် ငါတို့သည် နေ့စဉ်ထိမိလဲကျ၍ နောက်ဆုံးတွင် အပြစ်ကြောင့် မိမိကိုယ်ကို မုန်းတီးလာမည် ဖြစ်သည်။ သို့သော် ယေရှုသည် ငါတို့၏အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပါသည်။ မူလအပြစ်၊ အတိတ်က နေ့စဉ်အပြစ်များ၊ နက်ဖြန်၏အပြစ်များ၊ တစ်သက်တာလုံး၏ အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပါသည်။ ကိုယ်တော်သည် ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကယ်တင်ခြင်းမှ ဖယ်ထုတ်ထားခဲ့ခြင်း မရှိပါ။
ဤအရာအားလုံးသည် မှန်ကန်ပါသည်။ အကယ်၍ ငါတို့၏ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းသည် ငါတို့၏ဆန္ဒပေါ်တွင် မူတည်နေလျှင် ငါတို့သည် ယုံကြည်ခြင်း၌ ပျက်ကွက်လိမ့်မည်။ သို့သော် ငါတို့၏ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းသည် ယေရှုက ငါတို့အား ပေးအပ်တော်မူသော အပြစ်ကို လုံးဝဖယ်ရှားသော ဧဝံဂေလိတရားပေါ်တွင် မူတည်နေသောကြောင့် ငါတို့သည် ဘုရားသခင်၏သားသမီးများ၊ ဖြောင့်မတ်သောသူများ ဖြစ်နေပြီ ဖြစ်သည်။ ငါတို့သည် ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ကယ်တင်ခြင်းကို ယုံကြည်သောကြောင့် အပြစ်ကင်းစင်သူများ ဖြစ်ကြသည်။
ငါတို့၏ကယ်တင်ခြင်းသည် ငါတို့ကိုယ်ကို ယုံကြည်ခြင်းမှ မဟုတ်ဘဲ ဘုရားသခင်၏မေတ္တာတော်၊ အပြစ်ကို ဖယ်ရှားသော ဧဝံဂေလိတရားကြောင့် စစ်မှန်သောကယ်တင်ခြင်း၏ တရားဥပဒေအရ ဖြစ်ပေါ်လာသောကြောင့် လက်တွေ့လောကတွင် မည်မျှပင် မပြည့်စုံသော်လည်းကောင်း အားနည်းသော်လည်းကောင်း ငါတို့သည် ဖြောင့်မတ်သောသူများ ဖြစ်ကြသည်။ ငါတို့သည် ကောင်းကင်နိုင်ငံတော်သို့ သွားကြမည်ဖြစ်ပြီး နောက်ဆုံးတွင် ထာဝရကာလပတ်လုံး ဘုရားသခင်ကို ချီးမွမ်းကြမည် ဖြစ်သည်။ သင်သည် ဤအရာကို ယုံကြည်ပါသလား။
ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:10 တွင် “ငါတို့သည် ဘုရားသခင်ကိုချစ်ခဲ့သည်မဟုတ်။ ဘုရားသခင်ကသာ ငါတို့ကိုချစ်တော်မူ၍ ငါတို့၏အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာအဖြစ် မိမိ၏သားတော်ကို စေလွှတ်တော်မူ၏။” သခင်ယေရှုသည် ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ ကို ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရား၊ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့ ကို ယုံကြည်သင့်ကြသည်။
ဘုရားသခင်သည် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားအားဖြင့် ငါတို့ကို ကယ်တင်တော်မမူခဲ့လျှင် ငါတို့သည် မည်မျှပင် နေ့ညမပြတ် ကြိုးစား၍ ယုံကြည်သော်လည်း ကယ်တင်ခြင်းခံရမည် မဟုတ်ပါ။ သို့သော် ယေရှုသည် ငါတို့၏စိတ်နှလုံးနှင့် ကိုယ်ခန္ဓာဖြင့် ကျူးလွန်ခဲ့သော အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပါသည်။ 
ငါတို့သည် ဘုရားသခင်ကို ယုံကြည်၍ ဖြောင့်မတ်သောသူ ဖြစ်လာရန်အတွက် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားဖြစ်သည့် ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို စိတ်ချယုံကြည်ရမည်။ ကမ္ဘာ့အပြစ်အားလုံးမှ ဆေးကြောခြင်းခံရသော ဧဝံဂေလိတရားသည် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ခြင်း ဖြစ်သည်။ အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားသည် စစ်မှန်သောယုံကြည်ခြင်း၊ ကယ်တင်ခြင်း၏ စစ်မှန်သောအခြေခံ၊ ဘုရားသခင်၏ဧဝံဂေလိတရား၏ သော့ချက် ဖြစ်သည်။
 
 
ငါတို့သည် မိမိကိုယ်ပိုင်ဆန္ဒမှ ထွက်ပေါ်လာသော ယုံကြည်ခြင်းကို စွန့်လွှတ်ရမည်
 
စစ်မှန်သော ယုံကြည်ခြင်းသည် မည်သည့်နေရာမှ လာသနည်း။
၎င်းသည် ငါတို့၏ လက်ရှိနှင့် အနာဂတ်အပြစ်အားလုံးကို ဆေးကြောပေးပြီးသော သခင်၏မေတ္တာတော်မှ လာသည်။
 
မိမိ၏ကိုယ်ပိုင်ဆန္ဒမှ ဖြစ်ပေါ်လာသော ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းမေတ္တာသည် စစ်မှန်သောချစ်ခြင်းမေတ္တာ သို့မဟုတ် စစ်မှန်သောယုံကြည်ခြင်း မဟုတ်ပါ။ ဤလောကတွင် ကောင်းသောစေတနာဖြင့် ယေရှုကို ဦးစွာယုံကြည်ပြီးနောက် မိမိတို့၏စိတ်နှလုံးထဲရှိ အပြစ်ကြောင့် နောက်ပိုင်းတွင် ၎င်းတို့၏ယုံကြည်ခြင်းကို လုံးဝစွန့်လွှတ်သူ အများအပြား ရှိကြသည်။
သို့သော် ယေရှုသည် လောက၏အပြစ်အားလုံးကို ဆေးကြောပေးခဲ့ကြောင်း ငါတို့ သိရှိရမည်။ အရေးမကြီးသော ဒုစရိုက်များသာမက မသိနားမလည်ခြင်းကြောင့် ကျူးလွန်မိသော ကြီးမားသောအပြစ်များကိုပါ ဆေးကြောပေးခဲ့သည်။
ထို့ပြင် ရှင်ယောဟန်ခရစ်ဝင် 13 တွင် ယေရှုသည် လက်ဝါးကပ်တိုင်တင်မခံရမီ တပည့်တော်များကို စုရုံးစေခဲ့သည်။ ၎င်းသည် မိမိ၏ကယ်တင်ခြင်းသည် မည်မျှကျယ်ပြန့်ကြောင်း တပည့်တော်များအား သင်ကြားပေးရန်အတွက် ဖြစ်သည်။ တပည့်တော်များနှင့်အတူ ညစာစားနေစဉ် ကိုယ်တော်သည် ထ၍ သူတို့၏ခြေကို ဆေးကြောပေးခြင်းဖြင့် ကိုယ်တော်၏ကယ်တင်ခြင်း၏ သမ္မာတရားကို ပုံဖော်ပြသခဲ့သည်။ ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးခြင်းဖြင့် သင်ကြားပေးခဲ့သော အပြစ်ကို လုံးဝဆေးကြောပေးသည့် ဧဝံဂေလိတရားကို ငါတို့အားလုံး သိရှိယုံကြည်သင့်ပါသည်။
သို့သော် ပေတရုသည် ပထမတွင် ယေရှုက သူ၏ခြေကို မဆေးကြောပေးရန် ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်။” ဤသည်မှာ သူ၏ကိုယ်ပိုင်ဆန္ဒမှ ဖြစ်ပေါ်လာသော ယုံကြည်ခြင်း၏ ဖော်ပြချက် ဖြစ်သည်။ သို့သော် ယေရှုက သူ့အား “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်။” 
ယခုအခါ ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဧဝံဂေလိတရားဖြင့် ငါတို့သည် ယေရှု၏စကားတော်ကို နားလည်နိုင်ပါသည်။ ၎င်းသည် သမ္မာတရားစကား၊ ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဧဝံဂေလိတရား၊ အပြစ်ကို ဖယ်ရှားပြီး အပြစ်သားသည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူ ဖြစ်လာခြင်း ဖြစ်သည်။
ပေတရုသည် တပည့်တော်များနှင့်အတူ ငါးမျှားခြင်းထွက်ခဲ့သည်။ သူတို့သည် ယေရှုနှင့် မတွေ့ဆုံမီက ပြုလုပ်ခဲ့သကဲ့သို့ ငါးဖမ်းနေကြသည်။ ထိုအခါ ယေရှုသည် သူတို့ရှေ့မှောက်တွင် ပေါ်လာ၍ သူတို့ကို ခေါ်လိုက်သည်။ ယေရှုသည် သူတို့အတွက် နံနက်စာ ပြင်ဆင်ထားခဲ့ပြီး၊ သူတို့ နံနက်စာစားနေစဉ် ပေတရုသည် ယေရှု ယခင်က ပြောခဲ့သော စကားများ၏ အဓိပ္ပါယ်ကို သဘောပေါက်လာခဲ့သည်။ “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်။” ပေတရုသည် နောက်ဆုံးတွင် ယေရှုက ယခင်က သူ၏ခြေကို ဆေးကြောပေးခဲ့ခြင်း၏ စစ်မှန်သောအဓိပ္ပါယ်ကို သဘောပေါက်ခဲ့သည်။
“သခင်သည် ကျွန်ုပ်၏အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပါသည်။ ကျွန်ုပ်အားနည်းသောကြောင့် ကျူးလွန်ခဲ့သော အပြစ်အားလုံးနှင့် နောင်တွင်လည်း ကျူးလွန်မည့် အပြစ်များကိုပါ အားလုံး ဆေးကြောပေးခဲ့ပါသည်။” ထို့ကြောင့် ပေတရုသည် သူ၏ကိုယ်ပိုင်ဆန္ဒဖြင့် ယုံကြည်ခဲ့သော ယုံကြည်ခြင်းကို စွန့်လွှတ်၍ အပြစ်အားလုံးကို ဖယ်ရှားပေးသော ဧဝံဂေလိတရား တနည်းအားဖြင့် ယေရှု၏ဗတ္တိဇံနှင့် အဖိုးထိုက်တန်သော အသွေးတော်ကို ယုံကြည်လာစပြုခဲ့သည်။
နံနက်စာစားပြီးနောက် ယေရှုက ပေတရုအား “ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော” ဟု မေးတော်မူသည်။ ယခုအခါ ယေရှု၏မေတ္တာတော်ကို ယုံကြည်ခြင်းဖြင့် ခွန်အားဖြည့်တင်းထားသော ပေတရုသည် ဝန်ခံခဲ့သည်။ “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏။” ပေတရုသည် ယေရှုက “နောင်အခါသဘောပေါက်လိမ့်မည်” ဟု ပြောခဲ့သောအရာ၏ အဓိပ္ပါယ်ကို သဘောပေါက်ခဲ့သောကြောင့် ထိုသို့ပြောနိုင်ခဲ့ခြင်း ဖြစ်သည်။ ပေတရုသည် သူ၏စစ်မှန်သော ယုံကြည်ခြင်း၊ တနည်းအားဖြင့် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်အပေါ် ယုံကြည်ခြင်း အပြစ်ကို ဖယ်ရှားသော ဧဝံဂေလိတရားကို ဝန်ခံနိုင်ခဲ့သည်။
 
 
ထိုနောက် သူသည် ဘုရားသခင်၏စစ်မှန်သောအစေခံ တစ်ဉီးဖြစ်လာခဲ့သည်
 
ထို့ကြောင့် ထိုနောက်ပိုင်းတွင် ပေတရုနှင့် အခြားသောတပည့်တော်များသည် သူတို့၏နေ့ရက်များ ကုန်ဆုံးသည်အထိ ဧဝံဂေလိတရားကို ဟောပြောခဲ့ကြသည်။ ခရစ် ယာန်များကို ညှာတာမှုမရှိညှဉ်းပန်းနှိပ်စက်သူ ပေါလုပင်လျှင် ရောမ အင်ပါယာ၏ ခက်ခဲသောနေ့များတွင် ဧဝံဂေလိတရားကို သက်သေ ခံခဲ့သည်။
 
သင်သည် ဘုရားသခင်၏စစ်မှန်သောအစေခံ မည်သို့ဖြစ်လာနိုင်သနည်း။
အကျွန်ုပ်၏အပြစ်အားလုံးအတွက် ကိုယ်တော်၏ထာဝရအပြစ်ဖြေရှင်းခြင်းကို ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။
 
သခင်ယေရှု၏တပည့်တော်ဆယ့်နှစ်ပါးအကြား၊ ယုဒသည် သခင်ယေရှုကို ရောင်းချခဲ့၍ မိမိကိုယ်ကိုကိုယ် သစ်တိုင်ပေါ်တွင် ဆွဲချိတ်ထားသည်။ ၎င်းမှာ မိမိနေရာတွင်ရှိခဲ့သော တမန်တော် ရှင် ပေါလု ဖြစ်သည်။ တပည့်တော်များသည် သူတို့အကြားမှ မဿိကို ရွေးခဲ့ကြသော်လည်း ဘုရားသခင် ရွေးကောက်တော်မူခဲ့သောသူမှာ ပေါလုဖြစ်သောကြောင့် ပေါလုသည် သခင်ယေရှု၏တမန်တော်ဖြစ် လာခဲ့၍ အခြားတပည့်တော်များနှင့်အတူ အပြစ်များကို လုံးဝဖယ်ရှားပေးသော ဧဝံဂေလိတရားကို ဟောပြောခဲ့သည်။
ယေရှု၏တပည့်တော်အများစုသည် အသက်စွန့်သူများအဖြစ် သေဆုံးခဲ့ကြသည်။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသည့် အခြေအနေတွင်ပင် သူတို့သည် မူလဧဝံဂေလိတရားကို ဆက်လက်ဟောပြောခဲ့ကြသည်။ 
“ယေရှုခရစ်တော်သည် ဗတ္တိဇံနှင့် အဖိုးထိုက်တန်သော အသွေးတော်၏ ဧဝံဂေလိတရား၊ တနည်းအားဖြင့် အပြစ်ကို လုံးဝပယ်ဖျက်ပေးသော ဧဝံဂေလိတရားအားဖြင့် သင်တို့၏ဇာတိပကတိရှိ အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပါသည်။ ယေရှုသည် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူခြင်းအားဖြင့် သင်တို့၏အပြစ်ကို ဖယ်ရှားပြီး လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့ကိုယ်စား တရားစီရင်ခြင်းကို ဖယ်ရှားခဲ့ပါသည်။ ယေရှု၏ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်၏ အဖိုးထိုက်တန်သော အသွေးတော်၏ ဧဝံဂေလိတရားကို ယုံကြည်၍ ကယ်တင်ခြင်းခံကြပါ။” 
ဧဝံဂေလိတရားကို ကြားနာ၍ ယုံကြည်ခြင်းအားဖြင့် အမှန်ပင် လူအများ ကယ်တင်ခြင်းခံခဲ့ရကြသည်။ ထိုအရာသည် ယေရှု၏ဗတ္တိဇံ၊ အဖိုးထိုက်တန်သော အသွေးတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဧဝံဂေလိတရားကို ယုံကြည်ခြင်း၏ တန်ခိုးတော် ဖြစ်ပါသည်။
တပည့်တော်များသည် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်သတင်းကောင်းကို ပြောခဲ့ကြ၍ “သခင်ယေရှုခရစ်သည် ဘုရားနှင့်ကယ်တင်ရှင်ဖြစ်တော်မူ သည်” ဟု ပြောကြသည်။ သူတို့သည်ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်သတင်း ကောင်းကို သက်သေခံခဲ့ကြသောကြောင့်သင်နှင့်ကျွန်ုပ်တော်တို့ သည်ယခုတွင်သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်သတင်း ကောင်း တို့အား ကယ်တင်ခြင်းအဖြစ် ကြားနာခဲ့ကြ၍ အပြစ်မှ ကယ်တင် ခြင်းခံရကြသည်။ ဘုရားသခင်၏ထာဝရမေတ္တာတော်နှင့် သခင်ယေ ရှု၏ပြည့်စုံသောကယ်တင်ခြင်းကြောင့် ကျွန်ုပ်တို့အားလုံးသည် သ ခင်ယေရှု၏တပည့် တော်များ ဖြစ်လာခဲ့ကြသည်။
သင်တို့အားလုံး ယုံကြည်ကြပါသလား။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုအလွန်ချစ်တော်မူသောကြောင့် ကိုယ်တော်သည် ကျွန်ုပ် တို့အား ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်သတင်းကောင်း၊ တနည်းအားဖြင့် အပြစ်ကို လုံးဝပယ်ဖျက်ပေးသော ဧဝံဂေလိတရားကို ပေးသနားတော်မူခဲ့ပြီး ငါတို့သည် သခင်ယေရှုခရစ်၏ ဖြောင့်မတ်သောတပည့်တော်များ ဖြစ်လာခဲ့ကြသည်။ သခင်ယေရှုခရစ်သည် အပြစ်ကို လုံးဝဆေးကြောပေးသော စစ်မှန်သည့် ဧဝံဂေလိတရားကို သင်ကြားပေးရန် တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့သည်။
ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့ခြင်းမှာ ကမ္ဘာပေါ်ရှိ အပြစ်အားလုံး ငါတို့တစ်သက်တာလုံး ကျူးလွန်ခဲ့သော အပြစ်အားလုံးသည် ယေရှု ဗတ္တိဇံခံယူခဲ့ချိန်နှင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းခဲ့ချိန်၌ လုံးဝဆေးကြောခံခဲ့ရပြီးဖြစ်ကြောင်းကို တပည့်တော်များနှင့် ငါတို့အား သင်ကြားပေးရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် သခင်ယေရှုခရစ်၏မေတ္တာတော်နှင့် အပြစ်ကို လုံးဝပယ်ဖျက်ပေးသော ဧဝံဂေလိတရားအတွက် ကျေးဇူးတင်လျက်ရှိကြပါသည်။
သခင်ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးရင်း အကြောင်းအရာနှစ်ခုကို သင်ကြားပေးခဲ့ပါသည်။ ပထမတစ်ခုမှာ ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း တပည့်တော်များကို သင်ကြားပေးခြင်းဖြစ်သည်။ “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်။” ဤသည်မှာ အပြစ်ကိုပယ်ဖျက်ပေးသော ဧဝံဂေလိတရား၊ တနည်းအားဖြင့် သခင်ယေရှု၏ဗတ္တိဇံနှင့် အဖိုးထိုက်တန်သော အသွေးတော်အားဖြင့် ငါတို့၏အပြစ်အားလုံး ဆေးကြောခံရပြီးဖြစ်ကြောင်းကို သင်ကြားပေးရန်အတွက် ဖြစ်သည်။
ဒုတိယသွန်သင်ချက်မှာ သခင်ယေရှုသည် အပြစ်သားများကို ကယ်တင်တော်မူရန်နှင့်သူတို့ကို ဖြောင့်မတ်သူ များဖြစ်စေတော်မူ ရန် မိမိကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၍ ကျွန်ုပ်တို့ ဒုတိယမွေးဖွားခြင်း ဖြောင့်မတ်သူများများသည် အပြစ်ကို လုံးဝပယ်ဖျက်ပေးသော ဧဝံဂေလိတရား ဟောပြောခြင်းအားဖြင့် သူတစ်ပါးကို အစေခံသင့်ကြသောကြောင့် ဖြစ်သည်။ ဦးစွာရောက်ရှိလာသော ငါတို့သည် နောက်မှရောက်လာသူများကို အစေခံခြင်းသည် မှန်ကန်သောအရာ ဖြစ်ပါသည်။
ပသခါပွဲတော်မတိုင်မီနေ့တွင် သခင်ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့သည့် အကြောင်းရင်းနှစ်ခုသည် ရှင်းလင်းပြီး ယနေ့တိုင်အောင် အသင်းတော်အတွင်း၌ တည်ရှိနေဆဲဖြစ်သည်။
တပည့်တော်သည် သူ၏ဆရာထက် မည်သည့်အခါမျှ မမြင့်နိုင်ပါ။ ထိုကြောင့် ကျွန်ုပ်တို့သည် လောကသားများထံ သတင်းကောင်း ဟောပြောကြ၍ ကျွန်ုပ်တို့သည် သခင်ယေရှုကို အစေခံခြင်းအဖြစ် ၎င်းကို အစေခံကြသည်။ ထို့အပြင် ဦးစွာကယ်တင်ခြင်းခံရသော ငါတို့သည် ငါတို့နောက်မှလာမည့်သူများကို အစေခံသင့်သည်။ ဤအရာကို သင်ကြားပေးရန် သခင်ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့သည်။ ထို့အပြင် ပေတရု၏ခြေကို ဆေးကြောပေးခြင်းအားဖြင့် ငါတို့သည် မာရ်နတ်၏လှည့်ဖြားခြင်းကို နောက်တစ်ဖန် မခံရစေရန် ကိုယ်တော်သည် ငါတို့အတွက် ပြည့်စုံသောကယ်တင်ရှင် ဖြစ်ကြောင်းကို ပြသခဲ့သည်။
သင်တို့သည် အပြစ်ကို လုံးဝပယ်ဖျက်ပေးသော ဧဝံဂေလိတရား၊ ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရနိုင်ပါသည်။ သခင်ယေရှုသည် ဗတ္တိဇံ၊ လက်ဝါးကပ်တိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့၏အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပြီး၊ ကိုယ်တော်၏ဧဝံဂေလိတရားကို ယုံကြည်သူသာလျှင် လောကီ၏အပြစ်မှ ထာဝရကယ်တင်ခြင်းခံရနိုင်ပါသည်။
 
 
ငါတို့၏နေ့စဉ်ဘဝရှိ အပြစ်အားလုံးကို ဆေးကြောပေးသော ဧဝံဂေလိတရားကို ယုံကြည်သည့် ယုံကြည်ခြင်း
 
ငါတို့သည် အပြစ်ကို လုံးဝပယ်ဖျက်ပေးသော ဧဝံဂေလိတရား၊ ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် မာရ်နတ်၏လှည့်ဖြားခြင်းများကို ဖြတ်တောက်နိုင်သည်။ လူတို့သည် မာရ်နတ်၏လှည့်ဖြားခြင်းကို လွယ်ကူစွာခံရတတ်ပြီး မာရ်နတ်သည် ငါတို့၏နားထဲတွင် အစဉ်မပြတ် တီးတိုးပြောဆိုနေသည်။ လူတို့၏အသားဇာတိသည် လောကတွင် အပြစ်ကျူးလွန်ကြောင်း သိလျက်နှင့် သူတို့သည် အပြစ်ကင်းစင်စွာ မည်သို့နေနိုင်မည်နည်း။ လူအားလုံးသည် အပြစ်သားများ ဖြစ်ကြသည်။
ငါတို့သည် အဖြေကို သိပါသည်။ “သခင်ယေရှုသည် မိမိ၏ဗတ္တိဇံဖြင့် ငါတို့၏ကိုယ်ခန္ဓာ၏အပြစ်အားလုံးကို လုံးဝပယ်ဖျက်ပေးခဲ့ကြောင်း သိလျက်နှင့် ယုံကြည်သူတစ်ဦးသည် မည်သို့ အပြစ်နှင့်အတူ ရှိနေနိုင်မည်နည်း။ သခင်ယေရှုသည် အပြစ်၏အခအားလုံးကို ပေးဆပ်ခဲ့ပြီးဖြစ်သောကြောင့် ငါတို့ပေးဆပ်ရန် မည်သည့်အပြစ် ကျန်ရှိနေပါသနည်း။” 
အကယ်၍ ငါတို့သည် ရေနှင့်အသွေးတော်၏ ဧဝံဂေလိတရားကို မယုံကြည်ပါက မာရ်နတ်၏စကားများသည် ကျိုးကြောင်းဆီလျော်သကဲ့သို့ ထင်ရပါသည်။ သို့သော် ဧဝံဂေလိတရားကို ငါတို့ဘက်တွင် ထားရှိပါက ဘုရားသခင်၏နှုတ်ကပတ်တော်၏သမ္မာတရားအပေါ် မယိမ်းမယိုင်သော ယုံကြည်ခြင်းကို ရရှိနိုင်ပါသည်။
ထို့ကြောင့် ငါတို့သည် ရေနှင့်အသွေးတော်ဖြင့် ပြန်လည်မွေးဖွားခြင်း၏ ဧဝံဂေလိတရားကို ယုံကြည်ရမည်။ စစ်မှန်သောယုံကြည်ခြင်းသည် သခင်ယေရှု၏ဗတ္တိဇံ၊ လက်ဝါးကပ်တိုင်၏အဖိုးထိုက်တန်သော အသွေးတော်၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း၏ ဧဝံဂေလိတရားကို ယုံကြည်ခြင်းဖြစ်သည်။
တဲတော်ပုံစံဓာတ်ပုံကို မြင်ဖူးပါသလား။ ၎င်းသည် အိမ်ငယ်လေးတစ်လုံးဖြစ်သည်။ အိမ်သည် အပိုင်းနှစ်ပိုင်းခွဲထားပြီး၊ အပြင်ဘက်သည် သန့်ရှင်းရာဌာန ဖြစ်ပြီး အတွင်းဘက်သည် ကရုဏာတော်ပလ္လင် ရှိသော အသန့်ရှင်းဆုံးဌာန ဖြစ်သည်။
တဲတော်၏ပြင်ဝင်းတွင် တိုင်စုစုပေါင်း 60 ရှိပြီး၊ သန့်ရှင်းရာဌာနတွင် သစ်သားပြားပေါင်း 48 ချပ် ရှိပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အဓိပ္ပာယ်ကို နားလည်ရန် တဲတော်၏ပုံကို စိတ်ထဲတွင် မြင်ယောင်ကြည့်ရန် လိုအပ်ပါသည်။
 
 
တဲတော်ဝင်းတံခါးကို ဘာဖြင့် ပြုလုပ်ထားသနည်း
 
တဲတော်ဝင်းတံခါးကို ဘာဖြင့် ပြုလုပ်ထားသနည်း။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည်တို့ဖြင့် ရက်လုပ်ထားသော ကုလားကာ။
 
တဲတော်ဝင်း၏တံခါးကို ထွက်မြောက်ရာကျမ်း 27:16 တွင် ဖော်ပြထားသည်မှာ၊ “ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။” တဲတော်ဝင်းတံခါးတွင် အသုံးပြုသော ပစ္စည်းများမှာ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် သေးသွယ်သော ပိတ်ချောထည်တို့ ဖြစ်ပါသည်။ ၎င်းတို့ကို ရှုပ်ထွေးစွာ ရက်လုပ်ထားသဖြင့် အလွန်လှပတင့်တယ်ပါသည်။
ဘုရားသခင်သည် မောရှေအား အပြာရောင် ခရမ်းရောင် အနီရောင် အထည်များဖြင့် အရောင်စုံသော တံခါးကို ရက်လုပ်ပြီး မည်သူမဆို ထိုတံခါးကို လွယ်ကူစွာ ရှာတွေ့နိုင်စေရန် မောရှေအား မိန့်မှာတော်မူခဲ့သည်။ ထို့နောက် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည်တို့ဖြင့် ရက်လုပ်ထားသော တံခါးကို တိုင်လေးတိုင်တွင် ဆွဲထားခဲ့သည်။
ဤအရာလေးမျိုးသည် ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်ကို သင်္ကေတပြုထားခြင်းဖြစ်သည်။ ထိုအစီအစဉ်အားဖြင့် ဘုရားသခင်သည် မိမိ၏သားတော်ကို ယုံကြည်သူအပေါင်းတို့ကို၎င်း၊ သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်သူတို့ကို၎င်း၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ယုံကြည်သူတို့ကို၎င်း ကယ်တင်တော်မူမည်ဖြစ်သည်။ 
သန့်ရှင်းသော တဲတော်ကို တည်ဆောက်ရာတွင် အသုံးပြုသော ပစ္စည်းတစ်ခုစီတိုင်းသည် သီးခြားအဓိပ္ပာယ်ရှိပြီး ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သခင်ယေရှုမှတစ်ဆင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏အစီအစဉ်များကို ကိုယ်စားပြုသည်။
ယခု၊ သန့်ရှင်းသော တဲတော်ဝင်း၏တံခါးအတွက် မည်မျှသောပစ္စည်းအမျိုးအစားများ အသုံးပြုခဲ့သနည်း။ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည် တို့ဖြစ်သည်။ ဤအရာလေးမျိုးသည် အသစ်တဖန်မွေးဖွားခြင်း၏ ဧဝံဂေလိတရားကို ယုံကြည်ခြင်းကို ခိုင်မာစေရာတွင် အလွန်အရေးကြီးပါသည်။ အကယ်၍ ၎င်းတို့သည် အရေးမကြီးပါက ဤအချက်အလက်များကို ဤမျှအသေးစိတ်ကျကျ ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားမည် မဟုတ်ပါ။
တဲတော်နှင့် တဲတော်ဝင်း၏တံခါးအတွက် အသုံးပြုသော ပစ္စည်းအားလုံးသည် ကယ်တင်ခြင်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သောကြောင့် ၎င်းတို့ကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည်တို့ဖြင့် ပြုလုပ်ရမည်ဖြစ်သည်။ ဤကယ်တင်ခြင်းသည် ငါတို့၏နေ့စဉ်အပြစ်များ၊ မူလအပြစ်များနှင့် အနာဂတ်အပြစ်များ အားလုံးကို ဆေးကြောပေးခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ဤအရာများကို မောရှေအား ဖော်ပြ၍ သူ့အား မှာကြားသည့်အတိုင်း တိကျစွာ လုပ်ဆောင်ရန် မိန့်မှာတော်မူခဲ့သည်။
 
 
ဘုရားသခင်၏ဧဝံဂေလိတရားထဲတွင် အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့သည် မည်သည့်အဓိပ္ပာယ်ရှိသနည်း
 
တဲတော်အတွက် အသုံးပြုသော ပစ္စည်းအားလုံးသည် မည်သည့်အရာကို သင်္ကေတပြုသနည်း။
သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်မှတစ်ဆင့် ရရှိသော ကယ်တင်ခြင်း
 
တဲတော်အတွင်းတွင် သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးဌာနကြား ကာဆီးထားသော ကုလားကာတွင် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည်တို့ကို ထပ်မံအသုံးပြုခဲ့သည်။ တဲတော်အတွင်း ဝတ်ပြုသော ယဇ်ပုရောဟိတ်မင်း၏အဝတ်တန်ဆာတွင်လည်း အလားတူပစ္စည်းများကို အသုံးပြုခဲ့သည်။ 
အပြာရောင်ချည်သည် သခင်ယေရှု၏ဗတ္တိဇံကို သင်္ကေတပြုသည်။ ရှင်ပေတရုဩဝါဒစာပထမစောင် 3:21 တွင် “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။” လောကီ၏အပြစ်အားလုံးကို ယူဆောင်တော်မူသော သခင်ယေရှု၏ဗတ္တိဇံသည် အပြစ်ဖြေရာ၏ကယ်တင်ခြင်း၏ မူလပုံစံဖြစ်ကြောင်း ဤကျမ်းပိုဒ်တွင် ပေတရုက သက်သေခံအတည်ပြုခဲ့သည်။ ငါတို့၏အပြစ်အားလုံး၊ လောကီ၏အပြစ်အားလုံးသည် သခင်ယေရှု၏ဗတ္တိဇံတွင် ကိုယ်တော်အပေါ်သို့ လွှဲပြောင်းခြင်းခံခဲ့ရသည်။ ထို့ကြောင့် သခင်ယေရှု၏ဗတ္တိဇံကို ကိုယ်စားပြုသော အပြာရောင်ချည်သည် ကယ်တင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်၏ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါသည်။ 
အနီရောင်ချည်သည် သခင်ယေရှု၏အသွေးတော်ကို သင်္ကေတပြုပြီး ခရမ်းရောင်ချည်သည် မင်းဆက်၊ တနည်းအားဖြင့် ဘုရင်နှင့် ဘုရားသခင်အဖြစ် သခင်ယေရှု၏အဆင့်အတန်းကို သင်္ကေတပြုသည်။ ထို့ကြောင့် ဤချည်အရောင်သုံးမျိုးသည် သခင်ယေရှုနှင့် ကိုယ်တော်၏ကယ်တင်ခြင်းကို ယုံကြည်ခြင်းအတွက် လိုအပ်ပါသည်။
ယဇ်ပုရောဟိတ်မင်းဝတ်ဆင်သော လှပသောအဝတ်ကို ဧဖုဒ်ဟုခေါ်ပြီး ဧဖုဒ်၏ဝတ်ရုံသည် အပြာရောင်သက်သက်ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းသည် ရွှေစင်ပြားပါသော ခေါင်းပေါင်းကို ဆောင်းပြီး၊ ထိုရွှေပြားပေါ်တွင် ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ ဟူသော စာသားထွင်းထုထားသည်။ ထို့ပြင် ထိုရွှေပြားကို အပြာရောင်ကြိုးဖြင့် ခေါင်းပေါင်းတွင် တွဲချိတ်ထားသည်။
 
 
အပြာရောင်ချည်က သင်္ကေတပြုသော အမှန်တရား
 
အပြာရောင်ချည်သည် မည်သည့်အရာကို သင်္ကေတပြုသနည်း။
သခင်ယေရှု၏ဗတ္တိဇံ
 
ကျမ်းစာထဲတွင် အပြာရောင်ချည်၏ အဓိပ္ပာယ်ကို ကျွန်ုပ်ရှာဖွေခဲ့ပါသည်။ အပြာရောင်နှင့်ပတ်သက်၍ ကျမ်းစာက မည်သို့ဖော်ပြထားပါသနည်း။ အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့အနက် အပြာရောင်ချည်၏အဓိပ္ပာယ်ကို ငါတို့နားလည်ရန် လိုအပ်ပါသည်။
အပြာရောင်ချည်သည် သခင်ယေရှု၏ဗတ္တိဇံကို ဆိုလိုပါသည်။ သခင်ယေရှုခရစ်တော်သည် လောကီ၏အပြစ်အားလုံးကို ယူဆောင်ရန်အတွက် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံကို ခံယူတော်မူခဲ့သည် (ရှင်မဿဲခရစ်ဝင် 3:15)။
သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် လောကီ၏အပြစ်အားလုံးကို ဖယ်ရှားပေးတော်မမူခဲ့လျှင် ငါတို့သည် ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်းခြင်းမရှိနိုင်ခဲ့ပါ။ ထို့ကြောင့် သခင်ယေရှုခရစ်တော်သည် လောကီ၏အပြစ်အားလုံးကို ဖယ်ရှားရန်အတွက် ဤလောကသို့ ကြွလာ၍ ယော်ဒန်မြစ်တွင် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံကို ခံယူတော်မူရန် လိုအပ်ခဲ့ပါသည်။
သန့်ရှင်းသော တဲတော်ဝင်း၏တံခါးတွင် အပြာရောင်ချည် ရှိရန်လိုအပ်ခဲ့သည့် အကြောင်းရင်းမှာ သခင်ယေရှု၏ဗတ္တိဇံမရှိဘဲ ငါတို့သည် သန့်ရှင်းစင်ကြယ်ခြင်းသို့ မရောက်နိုင်သောကြောင့် ဖြစ်သည်။
အနီရောင်ချည်သည် သခင်ယေရှု၏သေခြင်းကို ဆိုလိုသည်။ ခရမ်းရောင်ချည်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုပြီး၊ ထို့ကြောင့် ယေရှု၏ အဆင့်အတန်းဖြစ်သော “မင်္ဂလာရှိတော်မူ၍ တစ်ပါးတည်းအုပ်စိုးတော်မူသောအရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်” (တိမောသေဩဝါဒစာပထမစောင် 6:15) ကို ညွှန်ပြသည်။
အနီရောင်ချည်သည် လူသားအားလုံးအတွက် အပြစ်၏အခကို ပေးဆပ်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းခဲ့သော ခရစ်တော်၏အသွေးတော်ကို ဆိုလိုသည်။ ယေရှုခရစ်သည် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားကို ပြီးပြည့်စုံစေရန် လက်ဝါးကပ်တိုင်ပေါ်တွင် မိမိကိုယ်ကို စတေးခံတော်မမူမီ ဗတ္တိဇံဖြင့် လူသားမျိုးနွယ်တစ်ခုလုံး၏ အပြစ်အားလုံးကို မိမိအပေါ်သို့ ယူဆောင်ရန် လူ့ဇာတိကိုယ်ခန္ဓာကို ဤလောကသို့ ကြွလာခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံသည် ဓမ္မဟောင်းကျမ်း၏ သန့်ရှင်းသောတဲတော်အတွက် အသုံးပြုသောချည်များ၏အရောင်များမှတစ်ဆင့် ပရောဖက်ပြုထားသော အပြစ်ဆေးကြောခြင်း၏စစ်မှန်သောဧဝံဂေလိတရားဖြစ်သည်။
တဲတော်၏တိုင် များကို အကာရှသစ်သားဖြင့်ပြုလုပ်၍ ကြေးဝါခြေစွပ်များထားကာ ကြေးဝါ စွပ်များကို ငွေကြိုးများဖြင့် ဖုံးအုပ်ထားခဲ့သည်။
အပြစ်၏အခသည် သေခြင်းဖြစ်သောကြောင့် အပြစ်ရှိသူအားလုံးသည် အပြစ်အတွက် တရားစီရင်ခြင်းခံရမည် ဖြစ်ခဲ့သည်။ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို ခံယူ၍ ဒုတိယမွေးဖွားခြင်းခံရရန်အတွက် ဦးစွာ မိမိ၏အပြစ်အတွက် တရားစီရင်ခြင်းခံရမည်ဖြစ်ကြောင်းကို လက်ခံအသိအမှတ်ပြုရမည်။
ထို့ကြောင့် ဓမ္မဟောင်းကျမ်း၏ သန့်ရှင်းသောတဲတော်တွင် အပြာရောင်ချည်ဖြင့် သင်္ကေတပြုထားသော ဓမ္မသစ်ကျမ်းပါ သခင်ယေရှု၏ဗတ္တိဇံသည် ငါတို့၏အပြစ်အားလုံးကို ကိုယ်စားခံယူတော်မူခဲ့သည်။ သခင်ယေရှုသည် ငါတို့၏အပြစ်များကို ကားတိုင်သို့ယူဆောင်သွား၍ အသွေးတော်သွန်းလောင်းခြင်းနှင့် ထိုအပြစ်များအတွက် တရားစီရင်ခြင်းခံခဲ့သည်။ ဤနည်းအားဖြင့် သခင်ယေရှုသည် ငါတို့၏အပြစ်ကို ဖယ်ရှားသော ဧဝံဂေလိတရားကို ယုံကြည်သူအပေါင်းတို့ကို ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဘုရင်တကာတို့၏ဘုရင်နှင့် သန့်ရှင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
ချစ်လှစွာသောသူတို့၊ သခင်ယေရှု၏ဗတ္တိဇံသည် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားခြင်းအားဖြင့် ငါတို့ကို ကယ်တင်တော်မူသော သခင်ယေရှု၏ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်ဖြစ်တော်မူသော သခင်ယေရှုသည် လူ့ဇာတိအဖြစ်ဖြင့် ဤလောကသို့ ကြွဆင်းလာခဲ့သည်။ ကိုယ်တော်သည် လောကီ၏အပြစ်အားလုံးကို ယူဆောင်ရန် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ငါတို့အစား တရားစီရင်ခြင်းကို ခံယူရန် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းခံခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံသည် ကိုယ်တော်သည် လူသားအားလုံးအတွက် စစ်မှန်သောကယ်တင်ရှင်ဖြစ်လာခဲ့ကြောင်းကို သံသယဖြစ်စရာမလိုဘဲ ငါတို့အား ပြောပြနေပါသည်။ 
သန့်ရှင်းသောတဲတော်၏တံခါးတွင် အသုံးပြုထားသော အရောင်များတွင်လည်း ငါတို့သည် ဤအရာကို မြင်တွေ့နိုင်ပါသည်။ ပိတ်ချောထည်ကို အသုံးပြုထားခြင်းသည် ကိုယ်တော်သည် လောကီ၏အပြစ်အားလုံးမှ ချွင်းချက်မရှိ ငါတို့အားလုံးကို ကယ်တင်တော်မူခဲ့ကြောင်းကို ဆိုလိုပါသည်။ 
တံခါးအထည်ကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ထိုးထွင်းချုပ်လုပ်ထားခြင်းသည် ဘုရားသခင်၏ကယ်တင်ခြင်းသမ္မာတရားကို ငါတို့အား ရှင်းလင်းစွာ ပြောပြရန်ဖြစ်သည်။ ဤသည်မှာ အပြစ်ဖြေရာကယ်တင်ခြင်းအတွက် အလွန်အရေးကြီးဆုံးသောအရာဖြစ်သည်။
တဲတော်တံခါးတွင် အသုံးပြုထားသော ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်သည် အစီအစဉ်မရှိဘဲ အပြစ်သားများဖြစ်သော ငါတို့ကို ကယ်တင်တော်မမူခဲ့ကြောင်း သိနိုင်ပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏ သေချာစွာစီစဉ်ထားသော အစီအစဉ်အတိုင်း ဗတ္တိဇံခံယူပြီး ကားတိုင်ပေါ်တွင် အရိုက်ခံပြီးနောက် လူသားမျိုးနွယ်၏ကယ်တင်ခြင်းကို ပြီးမြောက်စေရန် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ သခင်ယေရှုသည် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရား၏ပစ္စည်းများဖြစ်သော အပြာရောင်ချည် ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့ဖြင့် မိမိ၏ကယ်တင်ခြင်းကို ယုံကြည်သူအပေါင်းတို့ကို ကယ်တင်တော်မူခဲ့သည်။
 
 
ဓမ္မဟောင်းကျမ်း၏ကြေးနီအင်တုံမှာ ဓမ္မသစ်ကျမ်း၏ ဗတ္တိဇံ၏အရိပ် ဖြစ်သည်
 
ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရာဌာနသို့ မဝင်မီ သူတို့၏လက်နှင့်ခြေတို့ကို အဘယ်ကြောင့် ဆေးကြောရသနည်း။
သူတို့သည် ဘုရားရှေ့တော်၌ အပြစ်မရှိဘဲ ရပ်တည်ရကြမည် ဖြစ်သောကြောင့် ဖြစ်သည်
 
ရေအင်တုံကိုလည်း ကြေးဝါဖြင့် ပြုလုပ်ခဲ့သည်။ ကြေးဝါသည် ယေရှုက ငါတို့အတွက် ခံတော်မူသော တရားစီရင်ခြင်းကို ကိုယ်စားပြုသည်။ ရေအင်တုံသည် ငါတို့၏ဒုစရိုက်အပြစ်အားလုံး ဆေးကြောခံရပြီးဖြစ်ကြောင်း ဖော်ပြသော ဧဝံဂေလိတရား၏နှုတ်ကပတ်တော်ကို သင်္ကေတပြုသည်။
ဤသည်မှာ ငါတို့၏အပြစ်များ မည်သို့ဆေးကြောခံရကြောင်းကို ပြသနေခြင်းဖြစ်သည်။ ဤသည်မှာ သခင်ယေရှု၏ဗတ္တိဇံနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် လောကီ၏အပြစ်အားလုံးကို ဆေးကြောနိုင်သည်ဟူသော သမ္မာတရား၏အရိပ်ဖြစ်သည်။ 
မီးရှို့ရာယဇ်ပလ္လင်သည် တရားစီရင်ခြင်းကို ကိုယ်စားပြုသည်။ အပြာရောင်ဖြစ်သော သခင်ယေရှု၏ရေသည် အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားဖြစ်ပြီး၊ ဗတ္တိဇံဆရာယောဟန်မှ သခင်ယေရှုအား ပေးသောဗတ္တိဇံဖြစ်သည် (ရှင်မဿဲခရစ်ဝင် 3:15၊ ရှင်ယောဟန်ဩဝါဒစာပထမစောင် 5:5-10)။ ဤသည်မှာ အပြစ်ဖြေရာကယ်တင်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်း၏ဧဝံဂေလိတရားအတွက် သက်သေခံသောနှုတ်ကပတ်တော်ဖြစ်သည်။
ရှင်ယောဟန်ဩဝါဒစာပထမစောင် 5 တွင် ဤသို့ရေးသားထားသည်၊ “လောကကိုအောင်နိုင်သော အောင်ပွဲမှာ ငါတို့၏ယုံကြည်ခြင်းပင်ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။” ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည် မိမိအထဲ၌ ရေ၊ အသွေးနှင့် သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံချက်ရှိကြောင်းကိုလည်း ကိုယ်တော်က ငါတို့အား ပြောပြထားသည်။
ဘုရားသခင်သည် ငါတို့အား အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်စေ၍ သန့်ရှင်းသောတဲတော်ထဲသို့ ဝင်နိုင်ရန် ခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် ယခုအခါ ငါတို့သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် ပြုစုပျိုးထောင်ခြင်းခံရ၍၊ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို ခံစားရကာ ဖြောင့်မတ်သောသူ၏ဘဝဖြင့် အသက်ရှင်နိုင်ကြသည်။ ဘုရားသခင်၏လူမျိုးတော်ဖြစ်လာခြင်းဆိုသည်မှာ အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို ယုံကြည်၍ ကယ်တင်ခြင်းခံရပြီး တဲတော်အတွင်း၌ အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုသည်။
ယနေ့ခေတ်တွင် လူအများစုသည် သန့်ရှင်းသောတဲတော်တံခါးရှိ အပြာရောင်ချည် ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့၏ အဓိပ္ပာယ်ကို မစဉ်းစားဘဲ ယုံကြည်ရုံမျှဖြင့် လုံလောက်သည်ဟု ပြောကြသည်။ ဤအရာများကို မသိဘဲ သခင်ယေရှုကို ယုံကြည်ပါက ထိုသူ၏စိတ်နှလုံးထဲတွင် အပြစ်ရှိနေဆဲဖြစ်သောကြောင့် ထိုယုံကြည်ခြင်းသည် စစ်မှန်သောယုံကြည်ခြင်း မဖြစ်နိုင်ပါ။ အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရား၊ ရေ၊ အသွေးနှင့် သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် အသစ်တဖန်မွေးဖွားခြင်းခံရသည်ဟူသော သမ္မာတရားကို မယုံကြည်သောကြောင့် စိတ်နှလုံးထဲတွင် အပြစ်ရှိနေဆဲဖြစ်ပါလိမ့်မည်။
သင်မသိသလောက်ဖြစ်သော တစ်စုံတစ်ဦးကို အကဲဖြတ်ပေးရန် တောင်းဆိုခြင်းခံရပြီး နားထောင်သူကို စိတ်ကျေနပ်စေရန် “ဟုတ်ကဲ့၊ ကျွန်တော်/ကျွန်မ ဒီလူကို ယုံကြည်ပါတယ်။ သူ့ကို တစ်ခါမှ မတွေ့ဖူးပေမယ့် ဒါပေမဲ့ သူ့ကို ယုံကြည်ပါတယ်” ဟု ပြောဆိုသည်ဟု ယူဆကြည့်ပါ။ နားထောင်သူသည် ထိုစကားကို ကြားရသည့်အတွက် ဝမ်းသာမည်ဟု သင်ထင်ပါသလား။ အချို့သောသူများ ဝမ်းသာကောင်း ဝမ်းသာနိုင်ပါသည်။ သို့သော် ဤသည်မှာ ဘုရားသခင်က ငါတို့ထံမှ လိုချင်သော ယုံကြည်ခြင်းမျိုး မဟုတ်ပါ။
ဘုရားသခင်သည် ငါတို့အား အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားဖြစ်သည့် အပြာရောင် (ဗတ္တိဇံ)၊ ခရမ်းရောင် (ဘုရင်အာဏာ)၊ အနီရောင် (အသွေးတော်) တို့မှတစ်ဆင့် သခင်ယေရှု၏ကယ်တင်ခြင်းဧဝံဂေလိတရားကို ယုံကြည်စေလိုတော်မူသည်။ ငါတို့သည် သခင်ယေရှုကို မယုံကြည်မီ သခင်ယေရှုသည် ငါတို့အား အပြစ်အားလုံးမှ မည်သို့ကယ်တင်တော်မူခဲ့ကြောင်းကို သိရှိရန် လိုအပ်ပါသည်။
ငါတို့သည် သခင်ယေရှုကို ယုံကြည်သောအခါ၊ ကိုယ်တော်သည် ရေ (သခင်ယေရှု၏ဗတ္တိဇံ)၊ အသွေး (ကိုယ်တော်၏အသေခံခြင်း) နှင့် သန့်ရှင်းသောဝိညာဉ်တော် (သခင်ယေရှုသည် ဘုရားသခင်ဖြစ်တော်မူခြင်း) တို့မှတစ်ဆင့် ငါတို့အား အပြစ်အားလုံးမှ မည်သို့ကယ်တင်တော်မူခဲ့ကြောင်းကို သိရှိသင့်ပါသည်။
ဤသမ္မာတရားကို အမှန်တကယ်နားလည်သောအခါ ငါတို့သည် စစ်မှန်သောယုံကြည်ခြင်းကို တွေ့ကြုံခံစားနိုင်ပြီး ပြည့်စုံသောယုံကြည်ခြင်းကို ပိုင်ဆိုင်နိုင်ပါသည်။ ဤသမ္မာတရားကို မသိရှိပါက ငါတို့၏ယုံကြည်ခြင်းသည် ဘယ်သောအခါမှ ပြည့်စုံနိုင်မည်မဟုတ်ပါ။ စစ်မှန်သောယုံကြည်ခြင်းကို သခင်ယေရှု၏ကယ်တင်ခြင်း၏သက်သေ၊ အပြစ်ကိုဖယ်ရှားသောဧဝံဂေလိတရား၊ သခင်ယေရှုသည် လူသားမျိုးနွယ်၏စစ်မှန်သောကယ်တင်ရှင်ဖြစ်ကြောင်း သိမြင်နားလည်ခြင်းမှတစ်ဆင့်သာ ရရှိနိုင်ပါသည်။
ထို့ကြောင့် သခင်ယေရှုကို ပြက်ရယ်ပြုသော ယုံကြည်ခြင်းသည် မည်သို့ဖြစ်မည်နည်း။ ကြည့်ကြပါစို့။
 
 
သခင်ယေရှုကို ပြက်ရယ်ပြုသော ယုံကြည်ခြင်း
 
ယုံကြည်ခြင်းအတွက် အလိုအပ်ဆုံးအရာသည် အဘယ်နည်း။
သခင်ယေရှု၏ဗတ္တိဇံအကြောင်း တိကျသောဗဟုသုတ
 
သခင်ယေရှုကို နိုင်ထက်စီးနင်း ယုံကြည်ခြင်းမှာ ကိုယ်တော်ကို လှောင်ပြောင်ခြင်းဖြစ်သည်ကို သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ သင်သည် “ငါက ထိုအရာကို ယုံကြည်ရန်ခက်ခဲသော်လည်း ကိုယ်တော်သည် ဘုရားနှင့်ဘုရားသခင်၏သားတော်ဖြစ်သောကြောင့် ယုံကြည်ရမည်” ဟု ထင်လျှင် သင်သည် သခင်ယေရှုကို လှောင်ပြောင်ခြင်း ဖြစ်သည်။ သင်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်၊ အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို ယုံကြည်ရမည်။
အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားကို မသိဘဲ သခင်ယေရှုကို ယုံကြည်ခြင်းသည် သခင်ယေရှုကို လုံးဝမယုံကြည်ခြင်းထက် ပိုဆိုးပါသည်။ သခင်ယေရှု၏အသွေးတော်ကိုသာ ယုံကြည်ပြီး ဧဝံဂေလိတရားကို ဟောပြောခြင်းသည် သမ္မာတရားကို မသိဘဲ အချည်းနှီး ကြိုးစားအားထုတ်နေခြင်းဖြစ်သည်။ 
သခင်ယေရှုသည် မည်သူမဆို မိမိအား စိတ်ထင်သလို သို့မဟုတ် အကြောင်းပြချက်မရှိဘဲ ယုံကြည်စေလိုတော်မမူပါ။ ကိုယ်တော်သည် ငါတို့အား အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို သိရှိခြင်းမှတစ်ဆင့် မိမိအား ယုံကြည်စေလိုတော်မူသည်။
ငါတို့သည် သခင်ယေရှုကို ယုံကြည်သောအခါ၊ အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားသည် သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ဖြစ်ကြောင်း သိရှိပါသည်။ ငါတို့သည် သခင်ယေရှုကို ယုံကြည်သောအခါ၊ ကိုယ်တော်၏နှုတ်ကပတ်တော်မှတစ်ဆင့် အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို နားလည်ရမည်ဖြစ်ပြီး၊ ကိုယ်တော်သည် ငါတို့၏အပြစ်အားလုံးကို မည်သို့ဆေးကြောတော်မူခဲ့ကြောင်းကို တိကျစွာ သိရှိရမည်ဖြစ်သည်။ 
ငါတို့သည် သန့်ရှင်းသောတဲတော်၏တံခါးပေါ်ရှိ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်များက မည်သည်ကို သင်္ကေတပြုကြောင်းကိုလည်း သိရှိရမည်။ ထိုအခါမှသာ ငါတို့သည် ထာဝရတည်မြဲမည့် စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
 
 
အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်တို့၏ အနှစ်သာရဖြစ်တော်မူသော သခင်ယေရှုကို မယုံကြည်ဘဲ မည်သည့်နည်းနှင့်မျှ အသစ်တဖန်မွေးဖွားခြင်းကို မခံနိုင်ပါ
 
ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရာဌာနသို့ မဝင်မီ မည်သည့်အရာကို ပြုလုပ်ခဲ့ကြသနည်း။
သူတို့သည် မိမိလက်များနှင့်ခြေများကို ကြေးနီအင်တုံ မှရေများဖြင့် ဆေးကြောခဲ့ကြသည်။
 
ငါတို့၏သခင်ယေရှုသည် ငါတို့ကို ကယ်တင်တော်မူခဲ့သည်။ သခင်ဘုရားသည် ငါတို့ကို မည်မျှပြည့်စုံစွာ ကယ်တင်တော်မူခဲ့ကြောင်းကို မြင်သောအခါ ငါတို့သည် သခင်ဘုရားကို မချီးမွမ်းဘဲ မနေနိုင်ပါ။ ငါတို့သည် သန့်ရှင်းသောတဲတော်ကို ကြည့်ရှုသင့်ပါသည်။ သခင်ဘုရားသည် တဲတော်၏ အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့မှတစ်ဆင့် အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားစကားများကို ငါတို့အား ပေးသနားတော်မူ၍ ထိုစကားများဖြင့် ငါတို့ကို ကယ်တင်တော်မူခဲ့သည်။ ငါတို့သည် သခင်ဘုရားကို ကျေးဇူးတင်၍ ချီးမွမ်းပါ၏။
အပြစ်ရှိသူများသည် သန့်ရှင်းရာဌာနသို့ ဝင်ရောက်၍မရပါ။ အပြစ်ရှိသူတစ်ဦးသည် သန့်ရှင်းရာဌာနသို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။ ဤအ ရာသည် လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့သောသူသည် ဝင်ရောက်ခဲ့လျှင် ထိုနေရာ၌ပင် ချက်ချင်းသေဒဏ်ခံရလိမ့်မည်။ ဤသည်မှာ ကောင်းကြီးမင်္ဂလာမဟုတ်ဘဲ ကျိန်ခြင်းအမင်္ဂလာဖြစ်လိမ့်မည်။ အပြစ်ရှိသူသည် သန့်ရှင်းရာဌာနသို့ ဝင်ရောက်၍မရသကဲ့သို့ အသက်ရှင်ရန်လည်း မမျှော်လင့်နိုင်ပါ။
ငါတို့၏သခင်ဘုရားသည် သန့်ရှင်းသောတဲတော်၏တံခါးတွင် ဝှက်ထားသောလျှို့ဝှက်ချက်မှတစ်ဆင့် ငါတို့ကို ကယ်တင်တော်မူခဲ့သည်။ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည်တို့ဖြင့် ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် ဤအရာများမှတစ်ဆင့် မိမိ၏ကယ်တင်ခြင်း၏လျှို့ဝှက်ချက်ကို ငါတို့အား ဖော်ပြတော်မူခဲ့သည်။
သင်နှင့်ကျွန်ုပ်တို့သည် ထိုနည်းဖြင့် ကယ်တင်ခြင်းခံရပါသလား။ အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့၏စကားများကို မယုံကြည်ပါက အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားမှတစ်ဆင့် ကယ်တင်ခြင်းရရှိနိုင်မည်မဟုတ်ပါ။ အပြာရောင်သည် ဘုရားသခင်ကို မဆိုလိုပါ၊ ၎င်းသည် သခင်ယေရှု၏ဗတ္တိဇံကို ဆိုလိုပါသည်။ ၎င်းသည် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားသော သခင်ယေရှု၏ဗတ္တိဇံကို ဆိုလိုပါသည်။
အပြာရောင်ချည်ကို မယုံကြည်ဘဲ မီးရှို့ရာယဇ်ပလ္လင်အထိ ဝင်ရောက်နိုင်ပါသည်။ သို့သော် ဘုရားသခင်ကိန်းဝပ်တော်မူရာ သန့်ရှင်းရာဌာနသို့ ဝင်ရောက်၍မရပါ။ 
ထို့ကြောင့် ငါတို့သည် သန့်ရှင်းသောတဲတော်၏တံခါးသို့ မဝင်မီ အပြာရောင်ချည် (သခင်ယေရှု၏ဗတ္တိဇံ)၊ အနီရောင်ချည် (ကားတိုင်ပေါ်တွင် သွန်းသောအသွေးတော်)နှင့် ခရမ်းရောင်ချည် (သခင်ယေရှုသည် ဘုရားသခင်ဖြစ်တော်မူ၍ ဘုရားသခင်၏သားတော်ဖြစ်တော်မူခြင်း) တို့ကို ယုံကြည်ရမည်။ ငါတို့သည် ယုံကြည်သောအခါသာလျှင် ဘုရားသခင်၏လက်ခံခြင်းကိုခံရ၍ အသန့်ရှင်းဆုံးဌာန၏ကုလားကာကို ဖြတ်သန်း၍ ဝင်ရောက်နိုင်မည်ဖြစ်သည်။
အချို့သောသူများသည် တဲတော်၏ပြင်ပဝင်းထဲသို့ ဝင်ရောက်ပြီး မိမိတို့သည် အတွင်းသို့ရောက်နေပြီဟု ထင်မှတ်ကြသည်။ သို့သော် ဤသည်မှာ ကယ်တင်ခြင်းမဟုတ်ပါ။ ကယ်တင်ခြင်းကိုရရှိရန် မည်မျှအထိ သွားရမည်နည်း။ အသန့်ရှင်းဆုံးဌာနသို့ ဝင်ရောက်နိုင်ရမည်ဖြစ်သည်။
အသန့်ရှင်းဆုံးဌာနသို့ ဝင်ရောက်ရန် ငါတို့သည် ကြေးဝါအင်တုံကို ဖြတ်သန်းရမည်။ ကြေးဝါအင်တုံသည် သခင်ယေရှု၏ဗတ္တိဇံကို ကိုယ်စားပြု၍၊ ငါတို့သည် သခင်ယေရှု၏ဗတ္တိဇံဖြင့် ငါတို့၏နေ့စဉ်အပြစ်အားလုံးကို ဆေးကြောပြီး သန့်စင်ခြင်းခံရကာ သန့်ရှင်းရာဌာနသို့ ဝင်ရောက်ရမည်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းတွင် ယဇ်ပုရောဟိတ်များသည် ဗိမာန်တော်သို့ မဝင်မီ မိမိတို့၏ကိုယ်ခန္ဓာကို ဆေးကြောရန် လိုအပ်ခဲ့ပြီး၊ ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးခြင်းဖြင့် တစ်သက်တာလုံး၏အပြစ်အားလုံးကို ဆေးကြောခြင်းကို သင်္ကေတပြုခဲ့သည်။
ဘုရားသခင်၏ပညတ်တော်က “အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏” (ရောမဩဝါဒစာ 6:23)။ ဘုရားသခင်သည် လူသား၏အပြစ်ကို ချွင်းချက်မရှိ တရားစီရင်တော်မူသော်လည်း၊ ထိုအပြစ်ကို သားတော်ထံသို့ လွှဲပြောင်းပေး၍ သားတော်အား အစားထိုးတရားစီရင်တော်မူခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏မေတ္တာတော်၊ ကိုယ်တော်၏ကယ်တင်ခြင်းပင်ဖြစ်သည်။ စစ်မှန်သောကယ်တင်ခြင်းကို အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရား၊ သခင်ယေရှု၏ဗတ္တိဇံ၊ အသွေးတော်၊ အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကို ယုံကြည်သောအခါ၌သာ ရရှိနိုင်ပါသည်။
 
 
အသစ်တဖန်မွေးဖွားရန်အတွက် ရေးသားထားသော ဘုရားသခင်၏နှုတ်ကပတ်တော်၊ တနည်းအားဖြင့် အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို မထီမဲ့မြင်မပြုရပါ
 
ငါတို့ပြုနိုင်သော တစ်ခုတည်းသောအရာသည် အဘယ်နည်း။
ထိုအရာမှာ ရေးသားထားသော ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြစ်သည်။
 
ကျွန်ုပ်သည် အခြားသူများကို ဘယ်သောအခါမျှ မထီမဲ့မြင်မပြုပါ။ ကျွန်ုပ်မသိသောအရာအကြောင်း တစ်စုံတစ်ယောက်က ပြောပြသောအခါ၊ ကျွန်ုပ်သည် သူတို့အား သင်ကြားပေးပါရန် တောင်းဆိုပါသည်။ သို့သော် တဲတော်၏အဓိပ္ပာယ်အကြောင်း ပတ်ဝန်းကျင်ရှိလူများအား မေးမြန်းကြည့်သောအခါ၊ မည်သူမျှ ကျွန်ုပ်အား ပြောပြမပေးခဲ့ပါ။
ဒါဆို ကျွန်ုပ် ဘာလုပ်နိုင်မလဲ။ ကျွန်ုပ်သည် သမ္မာကျမ်းစာသို့ ပြန်သွားရမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် သန့်ရှင်းသောတဲတော်အကြောင်း မည်သည့်နေရာ၌ ဖော်ပြထားသနည်း။ ထွက်မြောက်ရာကျမ်းတွင် အသေးစိတ်ဖော်ပြထားသည်။ တစ်စုံတစ်ယောက်သည် ဤကျမ်းကို သေချာစွာဖတ်ရှုပါက၊ ရေးသားထားသော ဘုရားသခင်၏နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းသောတဲတော်၏အဓိပ္ပာယ်ကို နားလည်နိုင်မည်ဖြစ်သည်။
ချစ်မိတ်ဆွေတို့၊ သင်တို့သည် သခင်ယေရှုကို မျက်စိမှိတ်၍ ယုံကြည်ရုံဖြင့် ကယ်တင်ခြင်းခံရမည်မဟုတ်ပါ။ ဘုရားကျောင်းသို့ ပုံမှန်တက်ရောက်ရုံမျှဖြင့် အသစ်တဖန်မွေးဖွားခြင်းခံရမည်မဟုတ်ပါ။ သခင်ယေရှုသည် နိကောဒင်အား မည်သို့မိန့်တော်မူခဲ့ကြောင်း ငါတို့သိကြပါသည်။ ‘ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်။” ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ဆရာဖြစ်လျက်နှင့် ဤအရာများကို နားမလည်သလော”’ (ရှင်ယောဟန်ခရစ်ဝင် 3:5၊ 10)။
သခင်ယေရှုကို ယုံကြည်သူအားလုံးသည် အပြာရောင်ချည် (ယေရှု ဗတ္တိဇံခံယူသောအခါ လောကီသားအားလုံး၏အပြစ်များ ကိုယ်တော်ထံသို့ လွှဲပြောင်းခြင်းခံရခြင်း)၊ အနီရောင်ချည် (ငါတို့၏အပြစ်အားလုံးအတွက် သခင်ယေရှု အသေခံတော်မူခြင်း)နှင့် ခရမ်းရောင်ချည် (သခင်ယေရှုသည် ကယ်တင်ရှင်၊ ဘုရားသခင်နှင့် ဘုရားသခင်၏သားတော်ဖြစ်တော်မူခြင်း) တို့ကို ယုံကြည်ရမည်။
ငါတို့သည် သခင်ယေရှုသည် လောကီသားအပြစ်ရှိသူအားလုံး၏ ကယ်တင်ရှင်ဖြစ်တော်မူကြောင်းကို ယုံကြည်ရမည်။ ဤယုံကြည်ခြင်းမရှိဘဲ၊ မည်သူမျှ အသစ်တဖန်မွေးဖွားခြင်းကို မခံရနိုင်သကဲ့သို့ ဘုရားသခင်၏နိုင်ငံတော်၏ သန့်ရှင်းရာဌာနသို့လည်း ဝင်ရောက်နိုင်မည်မဟုတ်ပါ။ ထိုယုံကြည်ခြင်းမရှိဘဲ ဤလောကတွင် သစ္စာရှိစွာ အသက်ရှင်နိုင်မည်မဟုတ်ပါ။
သခင်ယေရှုကို ယုံကြည်ရုံမျှဖြင့် အသစ်တဖန်မွေးဖွားခြင်းခံရနိုင်မည်ဆိုလျှင် အလွန်လွယ်ကူလိမ့်မည်မဟုတ်လား။ —ဟုတ်ပါသည်။— “♫သင်သည် ကယ်တင်ခြင်းခံရပြီ။ ကျွန်ုပ်သည် ကယ်တင်ခြင်းခံရပြီ။ ငါတို့အားလုံး ကယ်တင်ခြင်းခံရပြီ။♫” အဲဒါ တကယ်ကောင်းပါတယ်။ သို့သော် အမှန်တကယ် ‘အသစ်တဖန်မွေးဖွားခြင်း’ မခံရဘဲ သခင်ယေရှုကို ယုံကြည်သူ အများအပြားရှိနေပါသည်။
သမ္မာကျမ်းစာ၏သမ္မာတရားကို သိရှိပြီး သခင်ယေရှုကို ယုံကြည်ရမည်။ တဲတော်သို့ဝင်၍ ယုံကြည်ခြင်းလောကတွင် ဘုရားသခင်နှင့်အတူရှိနေရန် သမ္မာကျမ်းစာထဲရှိ အပြာရောင်ချည် ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့၏ အဓိပ္ပာယ် တနည်းအားဖြင့် အပြစ်ကိုဖယ်ရှားသော ဧဝံဂေလိတရားကို သိရှိရမည်။ ယုံကြည်ခြင်းတဲတော်အတွင်း၌ ကောင်းကင်နိုင်ငံတော်သို့ သွားရမည့်အချိန်ရောက်သည်အထိ ငါတို့သည် ပျော်ရွှင်စွာ နေထိုင်နိုင်သည်။ သခင်ယေရှုကို မှန်ကန်သောနည်းလမ်းဖြင့် ယုံကြည်နည်းကို သိရှိရန် အရေးကြီးပါသည်။
 
 
မူလဧဝံဂေလိတရားသည် အပြာရောင်ချည်ဖြင့် သန့်ရှင်းခြင်းကို ဖြစ်ပေါ်စေသည်
 
ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော အခြေအနေသည် အဘယ်နည်း။
သခင်ယေရှု၏ဗတ္တိဇံ
 
တစ်ခါတစ်ရံ တစ်စုံတစ်ယောက်သည် မှားယွင်းခြင်းမရှိဘဲ ပြည့်စုံစွာ နေထိုင်နိုင်သည်ဟု ထင်မြင်တတ်သည်။ သို့သော် သူသည် တစ်စုံတစ်ခုကို ပြုလုပ်ရန်ကြိုးစားသောအခါ မကြာမီ သူ၏အားနည်းချက်များကို တွေ့ရှိလာလိမ့်မည်။ လူသားသည် အလွန်မပြည့်စုံလွန်းသဖြင့် အပြစ်ကျူးလွန်မိခြင်းမှ မရှောင်ကြဉ်နိုင်ပါ။ သို့သော်လည်း သခင်ယေရှုသည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့ဖြင့် ဆိုလိုသော အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားဖြင့် ငါတို့ကို ကယ်တင်တော်မူသောကြောင့် ငါတို့သည် သန့်ရှင်းခြင်းခံရ၍ ဘုရားသခင်၏သန့်ရှင်းရာဌာနသို့ ဝင်ရောက်နိုင်သည်။
ဘုရားသခင်သည် အပြာရောင်ချည် ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့ဖြင့် ငါတို့ကို ကယ်တင်တော်မမူခဲ့လျှင်၊ ငါတို့သည် မိမိတို့ဘာသာ သန့်ရှင်းရာဌာနသို့ ဘယ်သောအခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကား အဘယ်နည်း။ ဇာတိပကတိဖြင့် ပြည့်ဝစွာ နေထိုင်သူများသာ ဝင်ရောက်နိုင်မည်ဆိုပါက၊ အရည်အချင်းပြည့်မီသူ တစ်ယောက်မျှ ရှိမည်မဟုတ်ပါ။ ဧဝံဂေလိတရားမပါဘဲ သခင်ယေရှုကို ယုံကြည်ပါက၊ စိတ်နှလုံးထဲ၌ အပြစ်များကိုသာ ပိုမိုပေါင်းထည့်နေခြင်းဖြစ်သည်။
သခင်ယေရှုသည် သေချာစွာ စီစဉ်ထားသော ကယ်တင်ခြင်း၊ တနည်းအားဖြင့် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်နှင့် ပိတ်ချောထည်တို့၏ ကယ်တင်ခြင်းဖြင့် ငါတို့ကို ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ငါတို့၏အပြစ်အားလုံးကို ဆေးကြောတော်မူခဲ့သည်။ သင်သည် ဤအရာကို ယုံကြည်ပါသလား။ ―ဟုတ်ပါသည်။― သင်တို့သည် သင်တို့၏ အပြစ်ဆေးကြောခြင်း၏ဧဝံဂေလိတရား၏သမ္မာတရားကို စိတ်နှလုံးထဲ၌ ထားရှိပြီး သက်သေခံနေပါသလား။ ―ဟုတ်ပါသည်။― 
သင်သည် ဧဝံဂေလိတရားကို သက်သေခံသောအခါမှသာ ‘ထာဝရဘုရားအဖို့ သန့်ရှင်းခြင်း’ ဟု ရေးထားသော နဖူးစည်းကို ဝတ်ဆင်နိုင်ပြီး ‘တော်ဝင်ယဇ်ပုရောဟိတ်မျိုး’ (ရှင်ပေတရုဩဝါဒစာပထမစောင် 2:9) ထဲသို့ ပါဝင်နိုင်မည်ဖြစ်သည်။ ထိုအခါမှသာ သင်သည် လူတို့ရှေ့မှောက်တွင် ရပ်၍ မိမိသည် ယဇ်ပုရောဟိတ်မင်းကဲ့သို့ အမှုဆောင်သော ဘုရားသခင်၏အစေခံဖြစ်ကြောင်း ပြောဆိုနိုင်မည်ဖြစ်သည်။
ယဇ်ပုရောဟိတ်မင်း၏ ဦးထုပ်တွင် ရွှေပြားရှိပြီး ထိုရွှေပြားကို အပြာရောင်ကြိုးဖြင့် တွဲချိတ်ထားသည်။ အဘယ်ကြောင့် အပြာရောင်ဖြစ်သနည်း။ သခင်ယေရှုသည် ငါတို့၏အပြစ်များကို ဆေးကြောပေးသော ဧဝံဂေလိတရားအားဖြင့် ငါတို့ကို ကယ်တင်တော်မူခဲ့ပြီး၊ ဗတ္တိဇံ (ဓမ္မဟောင်းကျမ်းတွင် လက်တင်ခြင်း၊ ဓမ္မသစ်ကျမ်းတွင် ဗတ္တိဇံ) အားဖြင့် ငါတို့၏အပြစ်အားလုံးကို ဖယ်ရှား၍ အပြစ်မရှိသောသူများ ဖြစ်စေတော်မူခဲ့သောကြောင့်ဖြစ်သည်။
ငါတို့သည် သခင်ယေရှုကို မည်မျှပင် ကြိုးစားယုံကြည်သော်လည်း၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့၏ လျှို့ဝှက်စကားများမပါဘဲ ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ ဟု ထွင်းထုထားသော ပြားကို ရရှိနိုင်မည်မဟုတ်ပါ။
ငါတို့သည် မည်သို့ ဖြောင့်မတ်သောသူများ ဖြစ်လာသနည်း။ ရှင်မဿဲခရစ်ဝင် 3:15 တွင် “အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏။” သခင်ယေရှုသည် ဗတ္တိဇံခံယူ၍ လောကီသားအပြစ်အားလုံးမှ ငါတို့ကို ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူ၍ ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားတော်မူသောကြောင့် ယုံကြည်သူများဖြစ်သော ငါတို့သည် ဖြောင့်မတ်သောသူများ ဖြစ်လာကြသည်။ 
သခင်ယေရှု၏ ဗတ္တိဇံမရှိခဲ့လျှင် ငါတို့သည် အပြစ်မရှိဟု မည်သို့ပြောနိုင်မည်နည်း။ ငါတို့သည် သခင်ယေရှုကို ယုံကြည်သော်လည်း၊ သခင်ယေရှု လက်ဝါးကပ်တိုင်တင်ခံရခြင်းကို တွေးတောကာ အော်ဟစ်ငိုကြွေးသော်လည်း၊ ဤလောကရှိ မျက်ရည်အားလုံးသည် ငါတို့၏အပြစ်အားလုံးကို ဆေးကြောပစ်နိုင်မည်မဟုတ်ပါ။ မဟုတ်ပါ။ ငါတို့သည် မည်မျှပင် ငိုကြွေး၍ နောင်တရသော်လည်း၊ ငါတို့၏အပြစ်များသည် ငါတို့အထဲ၌ ကျန်ရှိနေဦးမည်သာဖြစ်သည်။
‘ထာဝရဘုရား၌သန့်ရှင်းခြင်း’။ ကိုယ်တော်သည် မိမိ၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် ငါတို့၏အပြစ်အားလုံးကို ယူဆောင်သွားသောကြောင့်၊ ဘုရားသခင်သည် အပြစ်သားများဖြစ်သော ငါတို့၏အပြစ်အားလုံးကို အပြစ်ကင်းစင်သော သခင်ယေရှုထံသို့ လွှဲပြောင်းခွင့်ပြုတော်မူသောကြောင့်၊ ကယ်တင်ခြင်း၏နှုတ်ကပတ်တော်သည် သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသောကြောင့်၊ ငါတို့သည် မိမိတို့၏အားနည်းချက်များရှိသော်လည်း ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူများ ဖြစ်လာကြသည်။
ထို့ကြောင့် ယခုအခါ ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ ရပ်နိုင်ပါသည်။ ယခုအခါ ငါတို့သည် ဖြောင့်မတ်သောသူများအဖြစ် အသက်ရှင်၍ လောကီသားတို့အား ဧဝံဂေလိတရားကို ဟောပြောနိုင်ပါသည်။ “♪အို၊ ကျွန်ုပ်သည် ကယ်တင်ခြင်းခံရပါပြီ။ သင်သည် ကယ်တင်ခြင်းခံရပါပြီ။ ငါတို့အားလုံး ကယ်တင်ခြင်းခံရပါပြီ။♪” ငါတို့သည် ဘုရားသခင်၏အစီအစဉ်တော်အတိုင်း ကယ်တင်ခြင်းခံရပါပြီ။
သင်၏နှလုံးသား၌ အပြစ်ဖြေခြင်းဧဝံဂေလိနှုတ်ကပတ်တော် မရှိလျှင် သင်သည် မည်မျှ ကြိုးစားစေကာမူ ကယ်တင်ခြင်း မရှိပေ။ ထိုအရာသည်မမျှတသောအချစ်နှင့်ပတ်သက်၍ ကိုးရီးယား လူသိများ သီချင်းတစ်ပိုဒ်နှင့်တူသည်။ “♫အို၊ သူမကို တွေ့သည့်အခါတိုင်း၊ သူမအနီးသို့ ရောက်သည့်အခါတိုင်း အကြောင်းမဲ့ ကျွန်ုပ်၏နှလုံးသည် မြန်မြန်ခုန်နေပါသည်။ ကျွန်ုပ်သည် အချစ်ရူးနေပါပြီ။♫” ကျွန်တော်၏နှလုံးသားခုန်နှုတ် လျှင်မြန်သော်လည်း သူမ၏နှလုံးမခုန်ပေ။ ကျွန်တော်၏အချစ်သည် ဘယ်သောအခါမှ ပြန်မလာခဲ့ပေ။
လူတို့သည် ကယ်တင်ခြင်းသည် လူအများအပြားထံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည်ဟု ထင်မြင်လေ့ရှိကြသည်။ သူတို့က “အဘယ်ကြောင့် ဗတ္တိဇံ၏ဧဝံဂေလိတရားမှတစ်ဆင့်သာ ကယ်တင်ခြင်းရောက်လာရမည်နည်း” ဟု မေးကြသည်။ သို့သော် သခင်ယေရှု၏ဗတ္တိဇံဧဝံဂေလိတရားမပါလျှင် ပြည့်စုံသောကယ်တင်ခြင်း မရှိနိုင်ပေ။ ၎င်းသည် ငါတို့၏အပြစ်အားလုံးမှ လုံးဝသန့်စင်စေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သောကြောင့် ဘုရားသခင့်ရှေ့တော်၌ ငါတို့ ဖြောင့်မတ်သောသူဖြစ်လာနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
 
 
သခင်ယေရှု ငါတို့အား ပေးတော်မူသော အပြာရောင်ချည်၏ ကယ်တင်ခြင်းသည် အဘယ်နည်း
 
မည်သည့်အရာက ငါတို့ကို ဖြောင့်မတ်သောသူများ ဖြစ်စေသနည်း။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့၏ ဧဝံဂေလိတရား
 
အပြာရောင်ချည်၊ ခရမ်းရောင်ချည်နှင့် အနီရောင်ချည်တို့၏ ဧဝံဂေလိတရားမှတစ်ဆင့် ရရှိသော ကယ်တင်ခြင်းသည် လူသားအားလုံးအတွက် ဘုရားသခင်၏ ဆုကျေးဇူးတော်ဖြစ်သည်။ ဤဆုကျေးဇူးက ကျွန်ုပ်တို့အား သန့်ရှင်းသောတဲတော် သို့ ဝင်ခွင့်နှင့် ငြိမ်ချမ်းစွာ အသက်ရှင်ရသောအခွင့်ကို ပေးခဲ့သည်။ ၎င်းသည် ငါတို့ကို ဖြောင့်မတ်သောသူများ ဖြစ်စေခဲ့သည်။ ၎င်းသည် ငါတို့ကို ဖြောင့်မတ်သောသူများ ဖြစ်စေခဲ့ပြီး သန့်ရှင်းသောနှုတ်ကပတ်တော်ဖြင့် လေ့ကျင့်သင်ယူနိုင်ရန် အသင်းတော်အတွင်း၌ အသက်ရှင်နေထိုင်နိုင်စေခဲ့သည်။
ငါတို့သည် ဆုတောင်းရန် ဘုရားသခင့်ထံတော်သို့ သွားသောအခါတိုင်း၊ ဧဝံဂေလိတရားသည် ကိုယ်တော်၏မေတ္တာတော်ဖြင့် ငါတို့ကို ကောင်းချီးပေးသည်။ ဤအကြောင်းကြောင့် ကယ်တင်ခြင်းသည် ငါတို့အတွက် အလွန်အဖိုးတန်လှပေသည်။ သခင်ယေရှုသည် ငါတို့အား ‘ကျောက်ပေါ်တွင်’ အိမ်ဆောက်ရန် မိန့်မှာတော်မူသည်။ ထိုကျောက်ဆောင်သည် သခင်ယေရှု၏ဗတ္တိဇံဖြစ်သည်။ ငါတို့အားလုံးသည် ကယ်တင်ခြင်းခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏သားသမီးများအဖြစ် ကျေးဇူးတော်၌ အသက်ရှင်ကာ၊ ထို့နောက် ကောင်းကင်ဘုံသို့သွား၍ ထာဝရအသက်ရှင်ကြလိမ့်မည်။
ချစ်လှစွာသော မိတ်ဆွေတို့၊ အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကြောင့် ငါတို့သည် ယုံကြည်ခြင်းဖြင့် သန့်ရှင်းသောတဲတော်ထဲသို့ ဝင်ရောက်နိုင်ကြသည်။ ငါတို့၏အပြစ်အားလုံး ဆေးကြောခြင်း (သခင်ယေရှု၏ဗတ္တိဇံ) နှင့် လက်ဝါးကပ်တိုင်ပေါ်တွင် တရားစီရင်ခြင်းကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြပြီ။
ငါတို့၏အပြစ်အားလုံးအတွက် ကြွယ်ဝသောအပြစ်ဖြေခြင်း၊ သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်သည် ငါတို့၏အပြစ်အားလုံးကို ဆေးကြောပစ်သော ဧဝံဂေလိတရားဖြစ်သည်။ သင်သည် ဤအရာကို ယုံကြည်ပါသလား။ စစ်မှန်သောဧဝံဂေလိတရားသည် ငါတို့၏အပြစ်အားလုံးကို လုံးဝဆေးကြောပစ်သော ကောင်းကင်ဘုံမှ အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားဖြစ်သည်။
ငါတို့သည် အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် အသစ်တဖန်မွေးဖွားခြင်းခံရကြပြီ။ သခင်ယေရှုသည် ငါတို့အား အပြစ်ဖြေရာကယ်တင်ခြင်း၏ဧဝံဂေလိတရားကို ပေးသနားတော်မူခဲ့ပြီး၊ ထိုဧဝံဂေလိတရားသည် ငါတို့၏နေ့စဉ်အပြစ်အားလုံးနှင့် အနာဂတ်အပြစ်အားလုံးကို ဆေးကြောပေးခဲ့ပါသည်။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဟာလေလုယ! ထာဝရဘုရားကို ကျေးဇူးတင်ပါ၏။ 
ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ဧဝံဂေလိတရား (ရေနှင့်အသွေးတော်၏ဧဝံဂေလိတရား) သည် သခင်ယေရှုခရစ်တော် မိန့်မြွက်တော်မူသော စစ်မှန်သောဧဝံဂေလိတရားဖြစ်သည်။ ဤစာအုပ်သည် သခင်ယေရှု၏ဧဝံဂေလိတရား၊ ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ဧဝံဂေလိတရားကို ဖော်ပြရန် ရေးသားထားခြင်းဖြစ်သည်။ 
လူအများသည် ပြည့်စုံသောသမ္မာတရားကို မသိဘဲ သခင်ယေရှုကို ယုံကြည်ကြသောကြောင့် ခရစ်ယာန်ဘာသာရေးအတွေးအခေါ် (ခေါ်ဆိုလေ့ရှိသော အတွေးခေါ်ပညာရပ်ဆိုင်ရာ ဘာသာရေးအတွေးအခေါ်) လောကတွင်သာ လှုပ်ရှားနေကြပြီး၊ အတိုချုပ်ဆိုရလျှင် သူတို့သည် ဘာသာရေးအယူလွဲနှင့် ရှုပ်ထွေးမှုများထဲတွင် နေထိုင်နေကြသည်။ ထို့ကြောင့် ငါတို့သည် နောက်ကြောင်းပြန်၍ စစ်မှန်သောဧဝံဂေလိတရားကို ယုံကြည်သင့်သည်။ ယခုအချိန်သည် နောက်မကျသေးပါ။
ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် အသစ်တဖန်မွေးဖွားခြင်း၏ဧဝံဂေလိတရားအကြောင်း မေးခွန်းများရှိသူများအတွက် ဒုတိယစာအုပ်တွင် ပိုမိုအသေးစိတ် ရှင်းပြလိုပါသည်။ 
 
ဤဒေသနာကို အီးဘွတ်ခ် ပုံစံဖြင့်လည်း ရရှိနိုင်ပါသည်။ အောက်ပါစာအုပ်အဖုံးကို နှိပ်ပါ။
သင်သည် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အမှန်တကယ် အသစ်တဖန်မွေးဖွားခြင်း ခံယူခဲ့ပါပြီလား [ပြန်လည်ပြင်ဆင်ထုတ်ဝေခြင်း]