Search

مسیحی ایمان اُتے عام سوالنامہ

مضمون 1: پانی تے رُوح نال نویں سریوں جمنا

1-9. စစ်မှန်ကောင်း သတင်းကောင်းဆိုသည်မှာ အဘယ်နည်း

စစ်မှန်သောသတင်းကောင်းဆိုသည်မှာထိုသတင်းပောင်းကို ယုံ ကြည်သည်နှင့် တပြိုင်နက်တည်း ကျွန်ုပ်တို့ကိုအပြစ်မှ လုံးဝလွတ်မြောက် ရန် စွမ်းဆောင်နိုင် သည့်အရာကို ခေါ်သည်။
ဘုရားသခင်၏သတင်းကောင်းမှာ “မိမိအပြစ်ကြွေးကို မပေးဆပ် နိုင်သော အပြစ်သားများအတွက် ယေရှုခရစ်က ကိုယ်စားဆပ်ပေးခြင်း” ဖြစ်သည်။ဤသတင်းကောင်းကို ဒိုင်နမိုက် သတင်းကောင်းဟုခေါ်ရခြင်းမှာ ကျွန်ုပ်တို့အပြစ်များအတွက်သေခြင်းကို ရင်ဆိုင်ပြီးငရဲသို့ သွားရမည့် အချိန်၊တရားစီရင်ခြင်းကိုခံရမည့်အချိန်တွင်ဘုရားရှင်၏သား’တော်ကြွလာ ပြီးကျွန်ုပ်တို့အပြစ်များကိုပယ်ဖျက်ရန်အတွက်အပြစ်ဖြေရာယဇ်ကောင်းအ ပြစ်ကို ခံယူသွား သောကြောင့်ဖြစ်သည်။
သူသည် ဤလောကသို့ကြွလာပြီး ယော်ဒန်မြစ်တွင် ဗတ္တိဇံခံကာ ကျွန်ုပ်တို့အပြစ်များကို ယူဆောင်လျက် ထာဝရအတွက် ဆေးကြောခဲ့ သည်။
သူသည်ယော်ဒန်မြစ်တွင်ဗတ္တိဇံခံပြီးအပြစ်များအားလုံးကိုယူဆောင် လျက် ကားတိုင် ပေါ်၌ အသေခံကာ ကျွန်ုပ်တို့အပြစ်၏ ဤဖိုးအခများကို ပေးဆပ်ခဲ့သည်။ ယင်းသည် စစ်မှန် သော သတင်းကောင်းဖြစ်သည်။
၁ ယော ၅း၆ တွင် “ထိုသခင်ကား ရေအားဖြင့်၄င်း၊ အသွေား အားဖြင့်၄င်း၊ ကြွလာသောသူတည်းဟူသောယေရှုခရစ်ပေးသည်။ ရေအား ဖြင့်သာမဟုတ် ရေအားဖြင့်၄င်း၊ အသွေးအားဖြင့်၄င်း ကြွလာတော်မူသည်။ သက်သေခံဟူမူကား ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံ တော်မူ၏” ဟူ၍ ဖေါ်ပြထားသည်။
The New Life Mission

ساڈے سروے وچ حصہ پاؤ

تہانوں ساڈے بارے کنج پتہ چلیا؟