ဘုရားသခင်၏ အသင်းတော်မှာ ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော် ကို ယုံကြည်ခြင်းဖြင့် ရွေးနှုတ်ကယ်တင်ခြင်းကိုခံပြီး ခရစ်တော်၌ သန့် ရှင်း၍ဖြောင့်မတ်သောသူများ အတူတကွ စုဝေးကာဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်သည့် နေရာဖြစ်သည်။ (၁ကော ၁း၂၊ ဧ ၄း၅) တွင် စစ်မှန် သောဘုရားသခင်၏ အသင်းတော်ဟု မှတ်တမ်းတင်ထားသော အသင်း တော်သည် ယုံကြည်သူများအားလုံးက “သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ခပ်သိမ်းသောငါတို့၏အဘဖြစ်သော ဘုရားသခင်တစ်ဆူ တည်းရှိတော်မူ၏” ဟုခံယူသောနေရာ ဖြစ်သည်။