សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ
ប្រធានបទទី៤៖ សំណួរញឹកញាប់ពីអ្នកអានសៀវភៅរបស់យើង
4-2. “ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုမိမိနှလုံးသား ဖြင့်ယုံကြည်သောအခါ အပြစ်လုံးဝကင်းစင်နိုင်သည်”ဟု သင်ရေးခဲ့သည်။ သို့သော် ကျမ်းစာက “ကိုယ်အပြစ်မရှိဟုငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ငါတို့၌သစ္စာမရှိ။ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန် လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရား သခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော် မူ၏။ ဒုစရိုက်ကိုမပြုပြီဟုငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကိုမုသာအပြစ် တင်ကြ၏။နှုတ်ကပတ်တော်လည်းငါတို့၌မရှိ”(၁ယော ၁း၈-၁၀)ဟုမိန့် တော်မူခဲ့သည်။ ဤကျမ်းချက်ကို သင်မည်သို့အနက်ဖွင့်မည်နည်း။ ဤကျမ်းချက်ဆိုလို သည်မှာ ကျွန်ုပ်တို့သည် သေသည့်အထိအပြစ်ပြုသောကြောင့် နေ့စဥ်နေ့ တိုင်းအပြစ်လွှတ်ခြင်းနှင့်စပ်ဆိုင်သောနောင်တဆုတောင်းခြင်းပြုရမည်ဟု ဆိုလိုသလော။
၁ယော ၁း၈-၁၀တွင်“ကိုယ်အပြစ်မရှိဟုငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ငါတို့၌သစ္စာမရှိ။ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန် လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရား သခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော် မူ၏။ ဒုစရိုက်ကိုမပြုပြီဟုငါတို့သည် ဆိုလျှင်၊ ဘုရားသခင်ကိုမုသာအပြစ် တင်ကြ၏။နှုတ်ကပတ်တော်လည်းငါတို့၌မရှိ”ဟုဖော်ပြထားပါသည်။
“ကိုယ်အပြစ်မရှိ”ဆိုသည်မှာ “အကယ်၍ကျွန်ုပ်တို့သည်အပြစ်သားဘဝ ဖြင့်မွေးဖွားခဲ့သည်ဟု မဝန်ခံခဲ့လျှင် ပညတ်တော်ရှေ့မှာ အပြစ်ကျူးလွန်သူ များဖြစ်ကြခြင်း” ဖြစ်သည်။ လူတိုင်းသည် မိမိအပြစ်များအတွက် ဝန်ချ တောင်းပန်ရမည် ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်တို့နေ့စဥ်ပြုမိသောအပြစ် များလွှတ်ငြိမ်းချမ်းသာခွင့်ရရှိနိုင်ရန်အတွက် နေ့တိုင်းနောင်တရားနှင့်စပ် ဆိုင်သောဆုတောင်းခြင်းပြုလိမ့်မည်ကိုမဆိုလိုပေ။သို့သော် ကျွန်ုပ်တို့သည် သခင်ယေရှုကိုယုံကြည်ခြင်းမရှိလျှင် အားနည်းနေကြ၍ အပြစ်ဒုစရိုက်ကျူး လွန်နေကြကြောင်း ဝန်ခံခြင်းကို ဆိုလိုသည်။ ထိုကြောင့်၊ အကယ်၍လူတစ် ဦးသည်အပြစ်မရှိဟုဆိုလျှင်ထိုသူသည်မိမိနှလုံးသား၌အပြစ်ရှိကာအမှောင် ထဲမှာ ကျင်လည်သူဖြစ်သည်။ ထိုသူ၌ သမ္မာတရားမရှိပေ။
“ကိုယ်အပြစ်တို့ကိုဘော်ပြတောင်းပန်လျှင်”၏အဓိပ္ပါယ်မှာ “ကျွန်ုပ်တို့ သည်မွေးစကတည်းကသေသည့်ထိတိုင်အောင် အပြစ်များကို ဝန်ချတောင်း ပန်ခြင်း၊ အပြစ်ကိုမလွှဲမရှောင်နိုင်ဘဲအပြစ်ပြုနေကြောင်းဝန်ခံခြင်း”ဖြစ် သည်။ ကျွန်ုပ်တို့သည် နေ့စဥ်နေ့တိုင်းအပြစ်ပြုသည့်အချိန်တိုင်းမှာ မိမိအ ပြစ်များအတွက် ဝန်ချတောင်းပန်ရမည်ကို မဆိုလိုပေ။ သခင်ယေရှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ခန့်က ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်အားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ပြီး ဖြစ်သည်။ ထို ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာမှာ သခင်ယေရှုရှိတော်မမူလျှင် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်သောအပြစ်သားများသာဖြစ်ကြသည်ကို ဝန်ခံရမည်ဖြစ်သည်။ ကိုယ်တော်၏သတင်းကောင်းက ကျွန်ုပ်တို့အပြစ်များ အားလုံးကို အစဥ်အမြဲဖယ်ရှားပေးခဲ့သည်။
“ဒုစရိုက်ကိုမပြုပြီဟုငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကိုမုသာအပြစ် တင် ကြ၏။နှုတ်ကပတ်တော်လည်းငါတို့၌မရှိ”၏အနက်အဓိပ္ပါယ်မှာအောက်ပါ အတိုင်း ဖြစ်သည်။ ပညတ်တော်သည် အပြစ်တရားသိကျွမ်းစေ၍ ကျွန်ုပ်တို့ နှလုံးသားထဲမှာဖုံးအုပ်ထားသောအပြစ်များကိုဖော်ပြထားသည်။ထိုကြောင့်၊ ကျွန်ုပ်တို့သည် ပညတ်တော်ရှေ့တွင်အပြစ်ကျူးလွန်ခဲ့ကြကြောင်း ဝန်ချ တောင်းပန်ရမည်။ ပညတ်တော်ကိုမလက်ခံသောသူများသည် အပြစ်ပြုခဲ့ပြီ ဟု ဝန်ချတောင်းပန်ခြင်းမရှိပေ။ ပညတ်တော်သည် ကျွန်ုပ်တို့အပြစ်ရှိကြ ကြောင်းဝန်ချတောင်းပန်စေ၍ ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်အားဖြင့်လော ကအပြစ်များအားလုံးကိုယူဆောင်သွားတော်မူသောသခင်ယေရှုခရစ်တော် ထံသို့ ပို့ဆောင်ပေးသည်။