ကိုဗစ်-၁၉ကပ်ရောဂါနှင့်အပြည်ပြည်ဆိုင်ရာစာပို့လုပ်ငန်းဝန်ဆောင်မှုများပျက်ပြားခြင်းကြောင့်ကျွန်ုပ်တို့၏ 'အခမဲ့ပုံနှိပ်စာအုပ်ဝန်ဆောင်မှု' ကိုယာယီရပ်ဆိုင်းလိုက်သည်။
The New Life Mission သည် အကောင်းဆုံး၊အစွမ်းအစဖြင့် ဘုရားသခင်ကိုအစေခံရန်ဆက်ကပ်သည်။ အခမဲ့ ခရစ်ယာန်စာအုပ်များဖြန့်ဝေခြင်းအားဖြင့် ရေနှင့်ဝိညာဥ်တော်ဖြင့်ကြွလာသောသခင်ယေရှုခရစ်တော်ကို သင် တွေ့ပါလိမ့်မည်။ နှုတ်ကပတ်တော်ကိုအခြေပြုလျက် ရေနှင့်ဝိညာဥ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းခံနိုင် သောစစ်မှန်သောသမ္မာတရားကို လွယ်ကူစွာရှင်းပြထားသော အခမဲ့စာအုပ်များဖြန့်ဝေထားပါသည်။ စာအုပ် ဖြင့်ထုတ်ထားသောစာအုပ်များဖြစ်စေ၊ အီးစာအုပ်များဖြစ်စေ ဖတ်ရှု၍ ဤစာအုပ်များထဲတွင်တင်ပြထားသော သမ္မာတရာများကိုဖတ်ရှုရန် ခွန်အားပေးလိုပါသည်။ ထိုကြောင့် ဤမှောင်မိုက်သောအချိန်များတွင် လူတို့သည် သမ္မာတရားကို ဆာငတ်တောင့်တကြသည်။ အလင်းသားကဲ့သို့အစေခံသောခရစ်တော်၏စစ်တပ်များကို ကျွန်ုပ် တို့ရှာဖွေ၍ အမှုတော်ထမ်းဆောင်လိုသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသို့ ဤလူများက လမ်းပြပို့ဆောင် ပေးပါလိမ့်မည်။ အတွဲ ၆၅ တွဲ ရှိသည်။ The New Life Mission မှထုတ်ဝေသောစာအုပ်များသည် ဘုရားသခင် ၏နှုတ်ကပတ်တော်ဖြင့်ပြည့်ဝလျက်ရှိ၍ အခမဲ့ပေးထားသောခရစ်ယာန်စာအုပ်များဖြစ်သည်။ လူသားများ ကယ်တင်ခြင်း၊ ခရစ်ယာန်အသက်တာ၊ အနှစ်တစ်ထောင်အုပ်စိုးခြင်းမြော်လင့်ချက်နှင့် ကောင်းကင်နိုင်ငံတော် အကြောင်းနှင့် ထာဝရအသက်အကြောင်းကို ရှင်းပြထားသည်။ ဤစာအုပ်များသည် ဝှက်ထားသော ကောင်းကင်နိုင်ငံတော်၏ဘဏ္ဌာတော်ကဲ့သို့ဖြစ်သည်။ မွန်မြတ်သောဘဏ္ဘာတော်ဖြစ်သော ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကိုရှာဖွေတွေ့ရှိရန် ကျွန်ုပ်တို့ဆန္ဒပြုလိုက်ပါသည်။ ဤစာအုပ်များကို ရယူ၍ဖတ်ရှုလိုက် ပါ။ ကျွန်ုပ်တို့စာအုပ်များအားဖြင့် သခင်ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းသို့သင့်ကိုလမ်းပြလိုသည်။ ခရစ် တော်၌ သင်နှင့်အတူ ဖြောင့်မတ်ခြင်းတရားအတွင် အတူတကွလုပ်ဆောင်လိုပါသည်။
The New Life Missionကို သိက္ခာတော်ရဆရာပေါလ်စီ၊ဂျောင်းက ၁၉၉၁ခုနှစ်တွင်စတင်တည်ထောင်ခဲ့၍ စီးပွါး ရေးအတွက်မဟုတ်ဘဲ ကိုယ်တိုင်ရပ်တည်သောသာသနာလုပ်ငန်းအဖွဲ့အစည်းဖြစ်သည်။ စာပေသာသနာလုပ် ငန်းအားဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိလူသားအားလုံးသို့ ဘုရားသခင်၏နှုတ်ကပတ်တော်ဟောပြောရန်အတွက်ဖြစ် ပါသည်။ ထိုကြောင့် သာသနာလုပ်ငန်း၏ရည်ရွယ်ချက်မှာ စာအုပ်များစွာထုတ်ဝေ၍ စာရွက်ဖြင့်ထုတ်ဝေ သောစာအုပ်ဖြစ်စေ၊ အီးစာအုပ်ဖြစ်စေ၊ အော်ဒီယိုစာအုပ်အားဖြင့်ဖြစ်စေ လူတိုင်းသည် ရေနှင့်ဝိညာဥ်တော် အားဖြင့် ဒုတိယမွေးဖွားခြင်းခံရခြင်း ဖြစ်သည်။ ကိုးရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် ရုံးချုပ်ဖွင့်လှစ်၍ The New Life Mission သည် ကမ္ဘာတစ်ဝှမ်းလုံး နိုင်ငံပေါင်း၈၀ နိုင်ငံများတွင် လုပ်ဖော်ဆောင်ဖက်များရှိကြသည်။ ဤလုပ် ဖော်ဆောင်ဖက်များသည် သိက္ခာတော်ရဆရာ ဂျောင်းနှင့်အတူ ဘုရားသခင်၏နိုင်ငံတော်တည်ဆောက်ရန် ပန်းတိုင်တစ်ခုတည်းရှိသည်။
စာပေသာသနာလုပ်ငန်းသည် တစ်ကမ္ဘာလုံးသို့သတင်းကောင်းဟောပြောပျံ့နှံ့စေရန် အထိရောက်ဆုံးသောနည်း လမ်းဖြစ်သည်။ ထိုကြောင့် သိက္ခာတော်ရဆရာပေါလ် စီ၊ဂျောင်းရေးသားထားသော ခရစ်ယာန်စာအုပ်အပိုင်းများ ကို ကမ္ဘာဘာသာစကားကြီး ၈၀ ကျော်ဖြင့်ကျွန်ုပ်တို့ထုတ်ဝေခဲ့ကြ၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသို့ ဝိညာဥ်များ စွာလမ်းပြပို့ဆောင်ပေးရန် စဥ်ဆက်မပြတ် ကျွန်ုပ်တို့ကြိုးပမ်းနေကြသည်။ သင်သည် ဘာသာပြန်ဆိုသူ နှင့်/သို့ မဟုတ် စာတည်းဖြတ်သူအဖြစ် ကျွန်ုပ်တို့သာသနာလုပ်ငန်း၌ပါဝင်ဖို့စဥ်းစားရန် ကျွန်ုပ်ဆန္ဒပြုကြလိမ့်မည်။ သင် သည် စိတ်ဝင်စားလျှင် “လုပ်ဆောင်ဖက်အဖြစ်ဖြည့်ရန်”ခလုတ်ကိုနှိပ်ပါ။