ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတို့ပါဝင်သောသမ္မာကျမ်းစာအုပ်သာလျှင် သန့်ရှင်းသောဝိညာဥ်တော်မှုတ်သွင်း တော်မူ၍ မူရင်းစာပေး၌ အမှားကင်းမဲ့ကာ ဘုရားသခင်၏မမှားနိုင်သော၊ အခွင့်အာဏာရှိသောနှုတ်ကပတ် တော်ပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။
သုံးပါးတစ်ဆူတွင် ခမည်းတော်၊သားတော်နှင့်သန့်ရှင်းသောဝိညာဥ်တော်ဟူ၍ ပုဂ္ဂိုလ်သုံးပါးရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။
ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီလူအာဒံကိုဖန်ဆင်း၍ ဤလောကကိုအစိုးရသောစာတန်ကသူ့ကိုဖြား ယောင်းသွေးဆောင်ကာအပြစ်ထဲသို့ ကျဆင်းစေခဲ့သည်။ အာဒံ၏အပြစ်ကြောင်း လူသားအားလုံးသည်လည်း အပြစ်ကူးစက်၍ လုံးလုံးလျားလျား ပျက်စီးကြလျက် ကယ်တင်ခြင်းရရှိရန် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် အသစ်တစ်ဖန်ပြန်လည်မွေးဖွားရန်လိုအပ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။
သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော်မူ၍အပျိုကညာမှဖွားမြင်တော်မူခဲ့သည်။ ယောဒန်မြစ်၌ ဗတ္တိဇံ ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ဘုရားသခင်၏သိုးသငယ်အဖြစ် လက်ဝါးကပ်တိုင်ပေါ်တွင် အ သေခံတော်မူခဲ့၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူ၍ ယခုတွင် ခမည်းတော်၏လက်ယာဘက်တွင် ချီးမြှောက်ခြင်းခံ၍ စိုးစံတော်မူသည်ဟု ကျွန်ုပ် တို့ယုံကြည်ကြသည်။
ကယ်တင်ခြင်းတွင် အပြစ်ဖြေလွှတ်ခြင်း၊ ခရစ်တော်၏ဖြောင့်မတ်ခြင်းရရှိခြင်း၊ နှင့် ထာဝရအသက်ဆုကျေးဇူးပါ ဝင်ကြောင်း၊ နှင့် ကောင်းမှုကုသိုလ်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းတစ်ခုအားဖြင့်သာလျှင်လက်ခံရရှိနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။
သခင်ယေရှုခရစ်တော်တဖန်ပြန်လည်အမှန်အကန်၊လူ့ခန္ဓာကိုယ် ဖြင့်မျက်ဝါးထင်ထင်ကြွာလာတော်မူမည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။
ကယ်တင်ခြင်းရရှိသောသူများသည် ထာဝရအသက်ရရှိရန် ထမြောက်၍ ကောင်းကင်နိုင်ငံတော်သို့ဝင်စားကြ လိမ့်မည်။ ကယ်တင်ခြင်းမရသောသူများသည် ထမြောက်၍ ငရဲမီးအိုင်ထဲသို့ ထာဝရပြစ်ဒဏ်ခံရကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။
ခရစ်တော်၏ကိုယ်ခန္ဓာအသင်းတော်တွင်ဒုတိယမွေးခြင်းခံရသည့်အချိန်တွင် ခရစ်တော်၌သန့်ရှင်းသောဝိညာဥ် တော်အားဖြင့် ဗတ္တိဇံခံသူကယ်တင်ခြင်းခံရသောသူများသာလျှင်စုရုံးသောနေရာဖြစ်သည်။ သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်တွင် သူတို့အတွက်ကိုယ်စားပြုဆုတောင်းပေးတော်မူ၍ တဖန်ပြန်လည်ကြွလာတော်မူ လိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။
ခရစ်တော်သည် ယုံကြည်သူများအား ကမ္ဘာ့နေရာအနှံ့အပြားသို့သွားရောက်ကာ လူတိုင်းထံသတင်းကောင်း ဟောကြားရန်၊ ယုံကြည်သောသူတို့အား ဗတ္တိဇံပေးရန်နှင့်ဆုံးမသွန်သင်ရန် မိန့်မှာတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။