Search

ခရစ်ယာန်ယုံကြည်မှုနှင့်ပတ်သက်သောမေးခွန်းများ

ဘာသာ ၃ - ဗျာဒိတ်ကျမ်း

3-12. ဗျာဒိတ်ကျမ်း (၇း၉) တွင်ဖော်ပြထားသော “အဘယ်သူမျှ မရေ တွက်နိုင်သောလူများ”ဟူသော ကျမ်းပိုဒ်သည်ချီဆောင်ခြင်းခံရပြီးသော သန့် ရှင်းသူများကို ရည်ညွှန်းပါသလား။

ဟုတ်ကဲ့မှန်ပါသည်။ ဗျာဒိတ်(၇း၉)က ပြောပြသည်မှာ“ထို့ နောက် မှငါကြည့်လျှင်အသီးသီးဘာသာစကားကိုပြောသော လူမျိုးအနွယ်ခပ်သိမ်း ထဲကထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကိုဝတ်ဆင်လျက် စွန်ပလွန်ခက်ကိုကိုင်လျှက် ပလ္လင်တော် ရှေ့ သိုးသူငယ်ရှေ့မှာရပ်နေကြ၏။” အထက်ပါစကားစုမှ “အသီးသီးဘာ သာစကားကို ပြောသော လူမျိုးအနွယ်ခပ်သိမ်းထဲက ...ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်” အရ၊ကျွန်ုပ်တို့တွေ့မြင်နိုင်သည်မှာ- ရေနှင့်ဝိညာဉ်ဆိုင် ရာသတင်းကောင်း၌ သူတို့၏ယုံကြည်ခြင်း၊ တစ်ပါးလူမျိုးထဲမှ မရေတွက် နိုင်သောလူအပေါင်းတို့ကအန္တီခရစ်ကို ဆန့်ကျင်တိုက်ခိုက်ပြီး အနိုင်ယူလိမ့် မည်။ မာတုရပြုခြင်းခံကြလိမ့်မည်။ ၄င်းအပြင် ပထမထမြောက်ခြင်းနှင့် ချီဆောင်ခြင်းတို့၌ ပါဝင်ကြလိမ့်မည်ဆိုသောအချက်များဖြစ်သည်။
သို့သော်ငြားလည်းဤနောက်ဆုံးနေ့များ၌အန္တီခရစ်သည် ပြစ်ဒဏ် ခံရခြင်းမှလွတ်လျက်သွေးရူးသွေးတန်းဖြင့်ထွက်ပြေးသွားရသည်။တချိန်ထဲ မှာပင် ဘုရားသခင်ပေးထားသော ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်သောသူများ ပို၍များပြားလာသည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုနိုင် ပါသည်။ ထို့ကြောင့် ကြီးမားသည့်လူထုကြီးသည်လည်း တစ်ပါးအမျိုးသား ထဲမှ တိုးပွားလာပြီးမည်သူမျှမရေတွက်နိုင်သော လူအပေါင်းတို့သည်ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့် သူတို့၏ မာတုရပြု ခြင်းတည်းဟူသောအာဇာနည်သူရဲကောင်းတို့ကဲ့သို့ နှိပ်စက်ညှင်းပန်းခံရမှု ကို ပွေ့ဖက်ကြလိမ့်မည်။
ဗျာဒိတ်ကျမ်း(၇း၁၄)ကပြောသည်မှာ“ငါက သခင်ကိုယ်တော်သိပါ ၏ဟု ပြန်လျှောက်၏။သူကလည်း ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခ အထဲကထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသူငယ်၏အသွေး၌ လျော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။”
ဘေးဒဏ်ကြီးကာလဤကမ္ဘာမြေပေါ်သို့ ကျရောက်လာသော ကြောင့် ဤလူအပေါင်းတို့သည်ဘုရားသခင်၏အသင်းတော်က ဟောပြော သောရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို သူတို့၏အပြစ်များမှ ကယ် တင်ခြင်းခံကြရသည်။ ထို့ကြောင့် သူတို့သည် အန္တီခရစ်ကို ကိုးကွယ်ခြင်း သော်လည်းကောင်း၊ သားရဲ၏အမှတ်တံဆိပ်ကို သူတို့ညာဖက်လက် (သို့မ ဟုတ်)နဖူး၌လက်ခံခြင်းသော်လည်းကောင်း မပြုခဲ့ကြသည့်အတွက် မာတု ရပြုခြင်းခံကြရသည်။ ဤသို့ဖြင့်သန့်ရှင်းသူများ၏ ထမြောက်ခြင်းနှင့်ချီ ဆောင်ခြင်း၌ ပါဝင်ကြသည်။ ဤသည်မှာ သူတို့အဘယ်ကြောင့် ပလ္လင် ရှေ့၌ရပ်ပြီး သိုးသူငယ်ရှေ့တွင်ကယ်တင်ခြင်းသည် သိုးသူငယ်နှင့် ပလ္လင် ပေါ်၌ ထိုင်တော်မူသောဘုရားသခင်ကို ပိုင်ကြသည်ဟု ချီးမွမ်းရခြင်း အ ကြောင်းရင်းဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်သည် ယ္လုလူမျိုး၏ ဘုရားသာမဟုတ်ဘဲ တစ်ပါးအမျိုးသားများ၏ဘုရားလည်းဖြစ်ပါသည်။ထို့ကြောင့်သူသည် ဘေး ဒဏ်ကြီးကာလ၏ နောက်ဆုံးနေ့များရောက်လာသောအခါ အသီးသီးဘာ သာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းထဲကထွက်၍ အဘယ်သူမျှ မရေတွက်နိုင်သော တစ်ပါးအမျိုးသားအပေါင်းတို့သည် ရေနှင့်ဝိညာဉ်ဆိုင် ရာ သတင်းကောင်းကိုယုံကြည်လျှက် အပြစ်မှခွင့်လွှတ်ခြင်းကိုရရှိကာ မာ တုရခံရသောလူတန်းထဲ၌ပါဝင်သောအခွင့်ကို ရရှိဖို့သေချာအောင် လုပ် ဆောင်ပေးလိမ့်မည်။