Search

ခရစ်ယာန်ယုံကြည်မှုနှင့်ပတ်သက်သောမေးခွန်းများ

ဘာသာ ၃ - ဗျာဒိတ်ကျမ်း

3-14. သန့်ရှင်းသူတို့သည် ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်းခံ ရမည်ဟုကျွန်ုပ်တို့ယုံကြည်သည်။သို့သော်ကျမ်းစာထဲ၌ဘေးဒဏ်ကြီးကာလအတွင်းတွင် ကမ္ဘာပေါ်ရှိ ကျန်ရှိနေသေးသော သန့်ရှင်းသူများအ ကြောင်းကိုမကြာခဏရည်ညွှန်းထားပါသည်။ ထိုသူတို့သည် လောကီကမ္ဘာ နှင့် အပေးအယူပြုလုပ်နေကြသူများလော။ယုံကြည်ခြင်း၌ ဟက်ဟက်ပက် ပက် မရှိသူအများလော။

ပထမဦးစွာ သင်နားလည်သဘောပေါက်ထားရမည်မှာ သင်ယုံ ကြည်နေသော ဘေးဒဏ်ကြီးကာလမတိုင်မီချီဆောင်ခြင်း ကျရောက်မည် ဆိုသည့် အယူအဆသည်အမှန်အားဖြင့် မှားယွင်းသောသြဝါဒဖြစ်သည်။ ဤအချက်သည် ခရစ်ယာန်များစွာတို့ကိုတလွဲအဓိပ္ပါယ် ကောက်စေသော အပိုင်းဖြစ်သည်။သူတို့စဉ်းစားကြသည်မှာသန့်ရှင်းသူတို့သည်ဘေးဒဏ်ကြီး ကာလမတိုင်မီ  ကတည်းကချီဆောင်ခြင်းခံရပြီးဖြစ်မည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်ကျရောက်လာသောအခါ ဤကမ္ဘာတွင် အပြစ်သားများ သာရှိတော့မည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာ မူပြဿနာမှာဘေးဒဏ်ကြီးကာလအတွင်း၌ ဇွဲလုံ့လဝိရိယဖြင့် ညှင်းပန်း နှိပ်စက်မှုကို အောင်မြင်ကျော်လွှားနိုင်သူနှင့် မာတုရပြုခြင်း ခံရသူများမှာ ဤကမ္ဘာ၌ကျန်ရှိနေသေးသော သန့်ရှင်းသူများ ဖြစ်ကြောင်း ကျမ်းစာက မကြာခဏ ဖော်ပြထားခြင်းပင်ဖြစ်သည်။
ထို့ကြောင့်လူပေါင်းများစွာအမှားမှားအယွင်းယွင်းတွေးတောကြသော အချက်မှာဘေးဒဏ်ကြီးကာလအချိန်အတွင်း၌  ကျန်ရစ်ခဲ့ကြပြီး ညှင်းပန်းနှိပ်စက်ခံရသောထိုသန့်ရှင်းသူများသည် လောကီကမ္ဘာနှင့် အပေး အယူလုပ်ကြသူများနှင့်သူတို့၏ယုံကြည်ခြင်း၌ စိတ်မပါတပါ ဖြစ်နေကြသူ များဖြစ်သည်။
ဤယူဆချက်ကိုစွဲကိုင်ထားသူများသည် ယင်းကဲ့သို့သော ရှုပ်ထွေး ခြင်းနှင့်အတူနေရသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရား သခင်၏နှုတ်ကပတ်တော်ထဲမှချီဆောင်ခြင်းကျရောက်မည့်အချိန်အတိအကျကို မသိကြသောကြောင့်ဖြစ်သည်။ထို့နောက် ချီဆောင်ခြင်းကျရောက် မည့် အချိန်အတိအကျသည်မည်သည့်အချိန်ဖြစ်သနည်း။ ဤအချက်နှင့် ပါတ်သက်၍ ရှင်ပေါလုက ကျွန်ုပ်တို့အားပြောပြခဲ့သည်မှာ (၂ သက်၂း၁-၄) တွင်အောက်တွင်ဖော်ပြသည့်အတိုင်း “ညီအစ်ကိုတို့ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူ၍ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ သခင် ဘုရား၏နေ့ရက်သည် ချက်ချင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျောခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊အလျင်တဆောမရှိမည့်အကြောင်းငါတို့သည်တောင်း ပန်ကြ၏။ အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေ နှင့်ထိုနေ့ရက်မရောက်မီဖေါက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍ ဒုစရိုက် လူတည်းဟူသောပျက်းစီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍လည်းကောင်း၊ဘုရားဟူ၍လည်းကောင်း၊ ခေါ်ဝေါ်သမျှ အရာတို့ကိုဆက်ပြု၍ ကိုယ့်ကိုကိုယ်ချီးမြှောက်သောအားဖြင့် ဘုရားသခင် ၏ ဗိမာန်တော်၌ဘုရားသခင်ကဲ့သို့တိုင်၍ ဘုရားသခင်ဖြစ်ယောင်ဆောင် လျက် ကိုယ်ကိုပြသောသူဖြစ် သတည်း။”
“ဒုစရိုက်လူ”“ပျက်စီးခြင်း၏သား”ဤစကားစုတို့သည်ဘေးဒဏ်ကြီးကာလ၏အလယ်၌ ပေါ်ထွက်လာသော အန္တီခရစ်ကို ရည်ညွှန်းထား သည်။ တနည်းဖြင့်ပြောရလျှင်အန္တီခရစ်သည် ချီဆောင်ခြင်းမတိုင်မီ သူ၏ ပေါ်လာခြင်းကို ဤကမ္ဘာပေါ်၌ပြုလုပ်လိမ့်မည်။ ထို့နောက် မိမိကိုယ်ကိုဘု ရားကဲ့သို့ဖြစ်ရန် အမြင့်သို့မြင့်တက်စေမည်။ထို့ကြောင့်သူသည် သူ၏ရုပ်တု ကို ပြုလုပ်ပြီးလူအများကို အတင်းအကြပ်ကိုးကွယ်စေကာ သူ့ထံတွင် အမှုထမ်းစေမည်။ လူတိုင်းကိုသူ၏ထိန်းချုပ်မှုအောက်သို့ ရောက်စေရန်အ တွက်သူသည် လူတို့ကိုသားရဲ၏အမည်တံဆိပ်ကိုလက်ခံစေပြီး သူ၏နာ မည်(သို့မဟုတ်)ဂဏန်းကိုသူတို့ညာလက်တွင်ဖြစ်စေ၊နဖူးတွင်ဖြစ်စေ၊ရေးထိုးစေမည်။ဤအမှတ်တံဆိပ်မပါရှိသူများကို မည်သည့်ပစ္စည်းကိုမှ ရောင်း ခြင်း၊ ဝယ်ခြင်း မပြုလုပ်ရန် တားမြစ်လိမ့်မည်။
ဤသားရဲကမ္ဘာပေါ်တွင်ပေါ်ပေါက်လာသောအခါ ဤကမ္ဘာရှိလူ တို့သည်သူ၏အမှတ်သားဖြစ်သောသူ၏နာမည်(သို့မဟုတ်) ဂဏန်ဖြင့်လုပ် ထားသော သူ့အမည်ကိုလက်ခံကြရန်အတင်းအကြပ်ပြုလုပ်လိမ့်မည်။ ထို့ ကြောင့်ဖန်ဆင်းခြင်းစကတည်းကစ၍အသက်စာစောင်တွင် အမည်ရေးထိုး ခြင်းမခံရသူတို့သည်သားရဲ၏အမှတ်အသားကိုလက်ခံပြီး သူတို့ကိုးကွယ် ခြင်းဖြင့် အဆုံးသတ်ကြရမည်။
မည်သို့ဖြစ်စေကာမူဘုရားသခင်၏လူဖြစ်လာကြသော သန့်ရှင်းသူ တို့သည် သူတို့၏နှလုံးသားထဲ၌သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်သဖြင့် သူတို့၏စစ်မှန်သောဘုရားသခင်မှလွဲ၍မည်သည့်သတ္တဝါကိုမျှ ကိုးကွယ် နိုင်ကြမည်မဟုတ်ပေ။ထို့ကြောင့်သူတို့၏ နှလုံးသားထဲ၌ ကိန်းဝပ်နေသော သန့်ရှင်းသောဝိညာဉ်တော်က သူတို့အားစာတန်နှင့်အန္တီခရစ်တို့၏ အကြပ် ကိုင်မှုကိုခုခံနိုင်သောသူတို့၏ယုံကြည်ခြင်းကိုကာကွယ်ခြင်းနှင့်အတူ မာတု ရပြုခြင်းခံနိုင်သောအင်းအားတို့ကို ပေးမှာဖြစ်သည်။ ထို့အပြင် သန့်ရှင်း သောဝိညာဉ်တော်သည်သူတို့၏ရန်သူများကိုဆန့်ကျင်ရင်ဆိုင်စေနိုင် မည်။ နှုတ်ကပတ်တော်ကိုလည်း သူတို့အားပေးလိမ့်မည်။
ဗျာဒိတ်ကျမ်း (၁၇း၁၂-၁၃)က ကျွန်ုပ်တို့အားပြောပြသည်မှာ “ယခုမြင်သော ချိုဆယ်ချောင်းကား မင်းအာဏာစက်ကိုမရသေးသော ရှင် ဘုရင်ဆယ်ပါးဖြစ်၏။ ရှင်ဘုရင်၏အာဏာစက်ကို သားရဲနှင့်အတူ တချက် တည်းရကြလိမ့်မည်။ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုးအာဏာ စက်ကို သားရဲ၌ပေးအပ်ကြလိမ့်မည်။”
အန္တီခရစ်သည်သန့်ရှင်းသူများကို ညှင်းပန်းနှိပ်စက်နိုင်ပြီးကမ္ဘာ့ တိုင်းပြည်များကိုအုပ်စိုးနိုင်သော အခွ်င့အာဏာကို အလွန်တိုတောင်းသော ခဏာတာအချိန်လေးအတွက်သာရလိမ့်မည်။ထို့ကြောင့် အန္တီခရစ်က သူ၏ အမှတ်တံဆိပ်ကိုလက်ခံကြရန်တောင်းဆိုသဖြင့်သန့်ရှင်းသူများ၏မာတုရခံ ရခြင်းသည် မကြာမြင့်မှီနောက်မှ လိုက်လာတော့မည်ဖြစ်သည်။
ဗျာဒိတ်ကျမ်း(၁၁း၁၁-၁၂)က တနည်းဖြင့် ကျွန်ုပ်တို့အား ကြေပြ သည်မှာ“ထို့နောက်သုံးရက်ခွဲလွန်ပြီးလျှင်ဘုရားသခင်အထံတော်က အ သက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့်သူတို့သည် မတ်တတ်ထ၍မြင်သမျှ သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။ ကောင်းကင်ကထွက်သောအသံ ကြီးကား ဤအရပ်သို့တတ်ကြလော့ဟု မိမိတို့အားပြောဆိုသည်ကို သူတို့ သည်ကြားလျှင် မိုဃ်းတိမ်ဖြင့်ကောင်းကင်သို့တက်၍ သူတို့သည်မြင် ကြ၏။”
ဤအချက်အားဖြင့်အာဇာနည်သက်သေခံနှစ်ဦးတို့သည် သုံးရက်ခွဲ အတွင်းထမြောက်ခြင်းနှင့် ချီဆောင်ခြင်းခံရသည်။ ကျွန်ုပ်တို့ထပ်မံ၍ တွေ့ မြင်ရသည်မှာကျွန်ုပ်တို့၏မာတုရခံရခြင်းနှင့် ချီဆောင်ခြင်းအကြား၊ကြား ကာလသည် ကြာမြင့်လှသောအချိန်ကြောင့်ပင်ဖြစ်သည်။ ဤသက်သေခံ နှစ်ဦးတို့သည်သတို့၏ထမြောက်ခြင်းနှင့်အတူ တပြိုင်နက်တည်း ချီဆောင် ခြင်းခံရမည်။သခင်ဘုရားပြန်ကြွလာသောအခါမာတုရပြုခြင်းခံရသောသန့် ရှင်းသူများနှင့်သားရဲ၏အမှတ်တံဆိပ်ကိုလက်မခံသော အသက်ရှင်ကျန်နေ သေးသည့်သန့်ရှင်းသူတို့သည်အားလုံးထမြောက်ခြင်းခံရပြီးလေထဲသို့ချီမခံ ရကာ သခင်ဘုရားက သူတို့အား လေထဲတွင်လက်ခံလိမ့်မည်။
ထို့ကြောင့်ကျွန်ုပ်တို့နားလည်သဘောပေါက်နိုင်သည်မှာ အန္တီခရစ် ၏ပေါ်ထွန်းလာခြင်း၊ သန့်ရှင်းသူများ၏မာတုရခံရခြင်းနှင့် ထမြောက်ခြင်း နှင့် သူတို့၏ချီဆောင်ခြင်းစသည်တို့သည် တစ်ခုနှင့်တစ်ခုနီးကပ်စွာဖြင့် အပြန်အလှန်ဆက်နွယ်မှုရှိခြင်းပင်ဖြစ်သည်။ထို့ကြောင့်ရှင်ပေါလုနှင့် ရှင် ယောဟန်က သန့်ရှင်းသူများချီဆောင်ခြင်းအချိန်ကို ထိုကဲ့သို့အသေးစိတ် ရှင်းပြကြခြင်းဖြစ်ပါသည်။ သန့်ရှင်းသူများအားလုံးတို့သည် ဘေးဒဏ်ကြီး ကာလ၏ပထမသုံးနှစ်ခွဲအချိန်ကိုဖြတ်သန်းကြလိမ့်မည်ဖြစ်သည်။တခြား နည်းဖြင့် ပြောရလျှင်သတ္တမတံပိုးမှုတ်သံ၏ ကပ်ရောဂါဘေးများ ပြီးဆုံး သွားသောအခါသူတို့အားလုံးသည် ဤကမ္ဘာမြေပေါ်တွင် ဆက်လက်ကျန် ရှိနေကြဦးမည်ဖြစ်သည်။
ထို့အပြင် အန္တီခရစ်၏ပေါ်လာခြင်းနှင့်အတူ သန့်ရှင်းသူတို့သည် ဘေးဒဏ်ကြီးကာလ၏ဒုတိယသုံးနှစ်ခွဲကာလအတွင်းသို့ ဝင်ရောက်ကြရ မည်ဖြစ်သည်။သူတို့သည်သားရဲ၏အမှတ်လက္ခဏာများကိုလက်ခံရန် ငြင်း ဆိုသည့်အတွက်ကြောင့်သူတို့သည်ကမ္ဘာမြေပေါ်တွင်သူတို့၏မာတုရပြု ခြင်းခံရချိန်မတိုင်မီတိုင်အောင်နေထိုင်ကြရဦးမည်ဖြစ်သည်။ဤအကြောင်းအရာများကို နားလည်သဘောပေါက်ခြင်းဖြင့် လက်ရှိအချိန်၌ ကျွန်ုပ်တို့ သည် အသင်းတော်များ၏ယုံကြည်ခြင်းအစာကျွေးမွေးပြုစုခြင်းကို ဆက် လက်ခံ ယူနေရဦးမည်ဖြစ်သည်။