Search

တဲတော်အကြောင်းလေ့လာခြင်း

တဲတော်တည်ဆောက်ပုံ

တဲတော်

တဲတော်သည် စတုရန်းပုံဖြစ်၍အရှည်မှာ ၁၀၀ကုဗရှိသည်။ ကျမ်းစာထဲတွင် တစ်ကုဗဟုဆိုရာတွင် လူတစ် ယောက်၏တစ်တောင်ဆစ်နှင့်ညီမျှသည်။ယနေ့ တိုင်းတာမှုအရ ၄၅ စင်တီမီတာ(၁.၅ပေ)ရှိသည်။ ထိုနည်းတူ၊ တဲတော် ပတ်လည်အရှည်မှာ ၁၀၀ ကုဗပေဟုဆိုရာတွင် ၄၅ မီတာ(၁၅၀ပေ)ရှည်လျားသည်ကိုဆိုလိုသည်။ အ နံမှာ ၅၀ ကုဗပေရှိသည်ဟုဆိုရာတွင် ခန့်မှန်းခြေ ၂၂.၅မီတာ(၇၅ ပေ)ကျယ်ဝန်းသည်။ 
တဲတော်သည် ပလ္လင်တော်နှင့်တဲတော်၊ ဘုရားသခင်၏အိမ်တော်ဟူ၍ ပိုင်းခြားထားသည်။ ဤဘုရားသခင်၏ အိမ်တော်၊ တဲတော်တွင် သန့်ရှင်းရာဌာနခေါ်သေးငယ်သောတည်ဆောက်ခြင်းပုံစံတစ်ခုရှိသည်။ သန့်ရှင်းရာဌာ နတော်အား အဖြူရောင်၊ အပြာရောင်၊ ခရမ်း‌ရောင်နှင့်အနီရောင် စသဖြင့်မတူညီသောအရာလေးမျိုးဖြင့်ဖုံးအုပ် ထားပါသည်။ အခြားဆိတ်မွှေး၊ သိုးသငယ်အခြောက်လှမ်းအနီရောင်၊ သဟာရှသားရေးအဖုံးလည်းရှိပါသည်။ 
တဲတော်တံတိုင်းအရှေ့ဘက်တွင် အပြာရောင်၊ ခရမ်းရောင်း၊ အနီရောင်နှင့်အဖြူရောက်အထည်တို့ဖြင့်ရက်လုပ် ထားသောတံခါးဝင်ပေါက်ရှိသည်။ ဤဂိတ်သို့ဝင်ရောက်သောအခါ မီးရှို့ရာယဇ်ပလ္လင်နှင့်အင်တုံတွေ့ရပါသည်။ အင်တုံကိုဖြတ်ကျော်ခဲ့ပြီးနောက် တဲတော်ကို ထပ်မံပြန်တွေ့ရပါသည်။ တဲတော်သည် သန့်ရှင်းရာဌာနနှင့် အ သန့်ရှင်းဆုံးဌာနဟူ၍နှစ်မျိုးရှိသည်။ အသန့်ရှင်းဆုံးနေရာတွင် ပဋိညာဥ်သေတ္တာရှိပါသည်။ တဲတော်တံတိုင်းခြံ ကို အဖြူရောင်ချည်ထည်ဆွဲထားသော တိုင် ၆၀ တိုင်ဖြင့်တည်ဆောက်ထားသည်။ တစ်ဘက်မှာ တဲတော်အား ပျဥ်ပြား၄၈ ပြားနှင့်တိုင် ၉ တိုင်တို့ဖြင့်တည်ဆောက်ထားသည်။