Search

တဲတော်အကြောင်းလေ့လာခြင်း

တဲတော်၏အဖုံးများ

တဲတော်၏အမိုးများ 1
 
တဲတော်၏ပထမအဖုံးမှာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ထည်တို့ဖြင့် ခေရုဗိမ်ပုံစံဖြင့် ရက်လုပ်ထားသော ကုလားကာဖြင့်ပြုလုပ်ထားသည်။ မေရှိယသည် အပြာရောင်၊ ခရမ်း‌ရောင်၊ အနီရောင် နှင့် အဖြူရောင်ချည်ထည်တို့ဖြင့်ကြွလာတော်မူကြောင်းနှင့် ကိုယ်တော်ကိုယုံကြည်သောသူများအားလုံးအား အပြစ်နှင့်တရားစီရင်ခြင်းမှကယ်တင်တော်မူခဲ့ကြောင်း ထင်ရှားစေသည်။ 
 
 
တဲတော်၏အမိုးများ 2
တဲတော်၏ဒုတိယအဖုံးမှာ ဆိတ်မွှေးဖြင့်ပြုလုပ်ထားသည်။ မေရှိယသည် လူသားများတရားစီရင်တော်မူ၍ အပြစ်တရားနှင့်တရားစီရင်ခြင်းမှကယ်တင်တော်မူသည့်အကြောင်းကို ဖော်ပြထားသည်။ 
 
 
တဲတော်၏အမိုးများ 3
တဲတော်၏တတိယအဖုံးမှာ အနီရောင်ဆိုးထားသောသိုးသငယ်အရေခွံဖြင့် ပြုလုပ်ထားသည်။ မေရှိယသည် ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံခံယူခြင်း၊ ကားတိုင်တင်အသေခံတော်မူခြင်းအားဖြင့် အပြစ်များကိုယူ ဆောင်သွားခြင်းကို ထင်ရှားစေသည်။ ထိုအားဖြင့် ကိုယ်တော်သည် မိမိလူများအား အပြစ်များအတွက် ယဇ်ပူ ဇော်ခြင်းပြုပေးတော်မူခဲ့သည်။ 
 
 
တဲတော်၏အမိုးများ 4
တဲတော်၏စတုတ္ထအဖုံးမှာ တဟာရှသားရေဖြင့်ပြုလုပ်ထားသည်။ တဟာရှသားရေက လောကအပြစ်များမှ ကယ်တင်တော်မူရန်အတွက် လူ့ဇာတိကိုခံယူတော်မူ၍ မိမိကိုယ်ကိုနှိမ့်ချတော်မူသောသခင်ယေရှုခရစ်တော် ကိုပုံဆောင်ထားပါသည်။