Search

တဲတော်အကြောင်းလေ့လာခြင်း

နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်

မီးရှို့ရာပလ္လင်
 
နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်ထား၍စတုရန်းပုံရှိ၍ အတိုင်းအတာမှာ တစ်ကုဗ (၄၅စင်တီမီ တာ-၁.၅ပေ)နှင့် ၂ ကုဗပေမြင့်သည်။ သန့်ရှင်းရာဌာနတွင်ချထားသည်။ နံ့သာပေါင်းမီးရှို့ရာယဇ် ပလ္လင်ကို ရွှေဖြင့်ကွပ်ထားသည်။ အနားပတ်လည်ကိုလည်အားလုံးကိုလည်း ရွှေဖြင့်အလှဆင်ထားသည်။ သယ် ဆောင်နိုင်ရန်အတွက် အောက်တွင် ရွှေကွင်းလေးကွင်းတပ်ဆင်ထားပါသည်။ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင် ပေါ်တွင် သန့်ရှင်းသောဘိသိက်ဆီတစ်ခုတည်းရှိ၍ အမွှေးကြိုင်အတွက်အသုံးပြုထားသည်(ထွက် ၃၀း၂၂-၂၅)။ 
နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်သည် ဘုရားသခင်ထံတော်သို့ဆုတောင်းခြင်းပြုသောနေရာဖြစ်သည်။ သို့သော် နံ့ သာပေါင်းမီးရှို့ရာပလ္လင်သို့ဆုမတောင်းမီ ကျွန်ုပ်တို့သည် ထိုပလ္လင်သို့ သွားရောက်ပြီးဘုရားသခင်ထံတော်သို့ ဆု တောင်းရန် အရည်အချင်းပြည့်မီခြင်းရှိ/မရှိ ရှေးဉီးစွာရှာဖွေရမည် ဖြစ်သည်။ သန့်ရှင်းတော်မူသောဘုရားသခင် ထံတော်သို့ဆုတောင်းရန် အရည်အချင်းပြည့်မီသောသူများသည် ယုံကြည်ခြင်းအားဖြင့် မိမိအပြစ်များကို ဆေး ကြောပေးခြင်းအားဖြင့် အပြစ်ကင်းစင်သူရှေးဉီးစွာဖြစ်ရမည်။ ထိုသို့ဖြစ်နိုင်ရန်အတွက် လူတစ်ယောက်သည် မီး ရှို့ရာယဇ်နှင့်အင်တုံတွင်ယုံကြည်ခြင်းအားဖြင့် မိမိအပြစ်များကိုဆေးကြောရမည် ဖြစ်သည်။ 
ဘုရားသခင်သည် အပြစ်သားများ၏ဆုတောင်းခြင်းများကိုနားညောင်းတော်မူခြင်းမရှိပေ(ဟေရှာ ၅၉း၁-၃)။ အကြောင်းမှာ ဘုရားသခင်သည် ရေနှင့်ဝိညာဥ◌်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် မိမိအပြစ်များ အားလုံးကို ဆေးကြောသောသူများကိုသာလျှင်လက်ခံတော်မူခဲ့သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ဘုရားသ ခင်သည် အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်အထည်တို့ဖြင့်ထင်ရှားသောသမ္မာတရားအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေးတော်မူသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင် သည် ဖြောင့်မတ်သောသူများ၏ဆုတောင်းခြင်းသာလျှင်နားညောင်းတော်မူသည်(ဆာလံ ၃၄း၁၅၊ ၁ပေ ၃း၁၂)။
ဆက်စပ်သောတရားဟောချက်မျာ