Search

တဲတော်အကြောင်းလေ့လာခြင်း

ရှေ့တော်တင်မုန့်စားပွဲ

မုန့်တင်ရာစားပွဲခုံ
 
ရှေ့တော်တင်မုန့်စားပွဲမှာ တဲတော်တွင်ချထားသောအသုံးအဆောင်ပစ္စည်းတစ်ခုပင် ဖြစ်သည်။ အကာရှသစ် သားဖြင့်ပြုလုပ်ထားသည်။ ရွှေဖြင့်ကွပ်ထားပါသည်။ အတိုင်းအတာမှာ ၂ကုဗပေ(၉၀စင်တီမီတာ-၃ပေ)ရှည် လျား၍ တစ်ကုဗခွဲ(၆၇.၅စင်တီမီတာ-၂.၂ပေ)မြင့်ကာ တစ်ကုဗ(၄၅စင်တီမီတာ-၁၅ပေ)ကျယ်ဝန်းသည်။ ရှေ့ တော်တင်မုန့်စားပွဲပေါ်တွင် ပေါင်မုန် ၁၂ လုံးအမြဲတမ်းတင်ထားရသည်။ ယဇ်ပရောဟိတ်များသာလျှင် ထိုမုန့် များစားသုံးခွင့်ရှိသည်(ဝတ် ၂၄း၅-၉)။
ရှေ့တော်တင်မုန့်စားပွဲ၏ထူးခြားမှုသွင်ပြင်လက္ခဏာအချို့မှာ- စားပွဲပတ်လည်တွင်တစ်လက်ဝါးအကွပ်များဖြင့် ဘောင်ခတ်ထားခြင်း၊ ထိုဘောင်ကွပ်များအားလုံးကိုရွှေဖြင့်စီချယ်ထားခြင်း၊ ထောင့်အားလံဒးတွင် ရွှေလက်စွပ် လေးခုစီ ချထားခြင်း၊ စားပွဲကိုလွယ်ကူစွာသယ်နိုင်ရန်အတွက် ထမ်းဘိုးတပ်ထား၍ရွှေဖြင့်စီချယ်ထားခြင်းတို့ ဖြစ်ပါသည်။ စားပွဲပေါ်တွင်တင်ထားသောအသုံးအဆောင်ပစ္စည်းများမှာ ဇလုံများ၊ခွက်များ၊ ပန်းကန်များနှင့်အိုး များဖြစ်၍ ရွှေ ဖြင့်ပြုလုပ်ထားပါသည်။ 
ထွက် ၃ရး၁၁-၁၂ တွင် “ရွှေစင်နှင့်မွမ်းမံလေ၏။စားပွဲအပေါ်နားပတ်လည်၌ကွပ်သာရွှေတန်ဆာကို၎င်း၊ အနံတ လက်ဝါးရှိသောခါးပန်းကို၎င်း၊ခါးပန်းအပေါ်နားပတ်လည်၌ကွပ်သောရွှေတန်ဆာကို၎င်းလုပ်လေ၏”ဟု မှတ် တမ်းတင်ထားသည်။ ဘုရားသခင်အိမ်တော်၏သန့်ရှင်းရာဌာတော်၌ချထားသောရှေ့တော်တင်မုန့်စားပွဲတွင် တစ်လက်ဝါးခံရှိသောဘောက်ကွပ်ထားသည်။ ဘေးပတ်လည်တွင်ရွှေဘောင်ကွပ်ထားသည်။ ဘုရားသခင် သည်အဘယ်ကြောင့်ဘောင်ကွပ်ရန်မိန့်မှာတော်မူခဲ့သနည်း။ ဘောင်မှာ တစ်လက်ဝါး၊ ၁၀ စင်တီမီတာ(၃.၉ လက်မ)ခန့်ရှိသည်။ ရှေ့တော်တင်မုန့်များလှိမ့်ကျမသွားစေရန် ကာကွယ်ထားခြင်းဖြစ်သည်။  
ယဇ်ပရောဟိတ်များသာလျှင် ရှေ့တော်တင်မုန့်များ စားသုံးခွင့်ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည်လည်း ဤဝိ ညာဥ်ရေးရာမုန်ကို စားသုံးခွင့်ရှိသောသူများဖြစ်ကြသည်။သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်မှကယ်တင်ခြင်းရရှိ၍ထာဝရအသက်ရ ရှိသောသူများဖြစ်ကြသည်။ တစ်နည်းအားဖြင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်သောသူများသာ လျှင် ကယ်တင်ခြင်းရရှိသောသူများဖြစ်ကြ၍ ဤမုန့်ကိုစားသုံးနိုင်ကြသည်။