Search

በክርስቲያን እምነት ላይ አዘውትረው የሚጠየቁ ጥያቄዎች፤

ርዕስ 1፡ ከውሃና ከመንፈስ ዳግመኛ መወለድ፤

1-11. ယေရှုရစ်ကို နှစ်ခြင်းပေးခဲ့သူ ယောဟန်သည် အဘယ်သူနည်း

ဣသရေလလူမျိုးများ၏ အပြစ်တွက် အပြစ်ဖြေလွှတ်ရန် ဘုရား သခင်သည် မောရှေအား ယဇ်ပူဇော်ခြင်းပညတ်တော်ကို သူတို့အား ပေးခဲ့ သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများ၏ တစ်နှစ်တာ်အတွင်း အပြစ်ဖြေလွှတ်ရာ နေ့အဖြစ် သတ်မှတ်ထားသော (၇) လပိုင်း၊ (၁၀) ရက်နေ့တွင် အပြစ်ဖြေရာယဇ်ပူဇော်ရန် အတွက် အာရုန်ကို ဘိသိက်ပေး၍ ခန့်အပ်ခဲ့သည်။ (ဝတ်ပြုရာ ၁၆)
ဘုရားသခင်သည် အပြစ်ဖြေရာနေ့အတွက် ပူဇော်ရမည့်ယဇ်ကို အာရုန်၏အမျိုးအနွယ်များကသာ ဆောင်ရွက်နိုင်သည်ဟု အတိအလင်း ဖော်ပြထားသည်။ဘုရားသခင်သည် ဣသရေလလူမျိုးများ အပြစ်ဖြေ ရန်အတွက်အာရုန်နှင့် သူ၏အမျိုးအနွယ်များက ပူဇော်သည့် ယဇ်ကောင် အပေါ် လက်တင်ခြင်းအားဖြင့် သူတို့၏အပြစ်ဖြေရာလမ်းကို ဖွင့်ပေးခဲ့ သည်။ ယင်းသည် ဘုရားသခင်ချမှတ်ထားသော အပြစ်ဖြေရာ ပညတ်တ ရားဖြစ်သည်။ 
ယေရှုသည် လူသားအားလုံး၏ ကယ်တင်ရှင်ဖြစ်ကြောင်းကို ဘုရားသခင်က ကျွန်ုပ်တို့အား သိစေခဲ့သည်။ ဓမ္မသစ်ခေတ်တွင် ယောဟန် သည် အာရုန်၏အမျိုးအနွယ်ဖြစ်၍ ဓမ္မဟောင်းမှ နောက်ဆုံးလည်း ဖြစ်သည့် အမြင့်ဆုံးသောယဇ်ပုရောဟိတ်တစ်ပါးဖြစ်သည်။ ဘုရားသခင်၏ ပရောဖက်ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအတွက် အမြင့်ဆုံးသောယဇ် ပုရော ဟိတ်နှင့်ကိုယ်စားလှယ်ဖြစ်သူ ယောဟန်သည် လူသားများ၏အပြစ် အားလုံးကို မိမိကိုယ်ပေါ် တင်ဆောင်ရန် ကြွလာသောဘုရားသခင်၏ သား တော်ယေရှုခရစ်ကို ဗတ္တိဇံပေးခဲ့သည်။ 
လူသားများ၏အပြစ်အားလုံးကို ယောဟန်အားဖြင့် ခရစ်တော်ပေါ် သို့လွှဲအပ်နိုင်ခဲ့သောကြောင့် ကျွန်တော်တို့အားလုံးသည် အမှန်ပင် ကောင်း ချီးခံစားခဲ့ကြသည်။ ယောဟန်တာဝန်ယူသည့်ကဏ္ဍမှာ လူသားမျိုးနွယ်တို့ ကို ကိုယ်စားပြုထားသော ယဇ်ပုရောဟိတ်မင်း အဖြစ်နှင့် ကျွန်ုပ်တို့၏ အပြစ်များကို ယေရှုခရစ်ပေါ်သို့ လွှဲပြောင်းပေးခဲ့သော ဘုရားသခင်၏ အ စေခံဖြစ်သည်။ 
ယောဟန်သည် ဘုရားသခင်စေလွှတ်သည့် လူသားများ၏ ကိုယ် စားလှယ်နှင့် ယဇ်ပုဟိတ်မင်းကြီးဖြစ်ပြီး ယေရှုထက် (၆) စောပြီး စေလွှတ် ခြင်းခံရသောတမန်တော်ဖြစ်သည်။ ဗတ္တိဇံ ဆရာယောဟန်သည် ယေရှုကို ဗတ္တိဇံပေးခြင်းဖြင့် သူ့အပေါ်ဤလောက၏အပြစ်အလုံးစုံကို လွှဲပြောင်းပေး သည်နှင့်တပြိုင်နက် ယေရှုသည် ဤလောက၏အပြစ်အလုံးစုံကို သယ် ဆောင်သွားသောသိုးသူငယ်ဖြစ်ခဲ့သည်။ဗတ္တိဇံဆရာယောဟန်သည် ဘုရား သခင်၏အစေခံတစ်ပါး ဖြစ်သည်။
The New Life Mission

በዳሰሳ ጥናታችን ይሳተፉ

ስለእኛ እንዴት ሰሙ?