Search

በክርስቲያን እምነት ላይ አዘውትረው የሚጠየቁ ጥያቄዎች፤

ርዕስ 1፡ ከውሃና ከመንፈስ ዳግመኛ መወለድ፤

1-15. ရွေးနှုတ်ခြင်းကို တစ်ကြိမ်တည်းဖြင့် အပြည့်အစုံပေးပါသလား (သို့) တစ်စပြီးတစ်စပေးပါသလား

၄င်းသည် တစ်ကြိမ်တည်းဖြင့် အပြည့်အစုံပေးခြင်းဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော်ယေရှုခရစ်သည် ကျွန်တော်တို့၏အပြစ်ကို တစ်ကြိမ် တည်း ဗတ္တိဇံခံခြင်းဖြင့်တခါတည်းယူဆောင်သွားကာ တရားစီရင်ခြင်းကို လည်း တစ်ခါတည်းသာခံခဲ့သောကြောင့် ဖြစ်သည်။ မဿဲ ၃း၁၅ တွင် “ယေရှုကလည်းအလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ် ၍ ယခု အခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။” 
ယော ၁း၂၉ ၌ ဗတ္တိဇံဆရာယောဟန်က “နက်ဖြန်နေ့၌ ယေရှုကြွ လာတော်မူသည်ကို ယောဟန်သည် မြင်လျှင် ဤလောက၏အပြစ်ကို ယူ ဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ကို ကြည့်လောံ” ဟုဆိုခဲ့သည်။ 
ဟေဗြဲ ၁၀း၉-၁၈ တဖန်တုံ၊ အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ် တော်၏အလိုကို ဆောင်အံ့သောငှာ သွားပါမည်ဟုဆိုသည်တွင် ဒုတိယ ဝတ်ကို တည်စေခြင်းငှာ ပဌမဝတ်ကို ပယ်၏။ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်းပူဇော်သောအားဖြင့် ငါ တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ ယဇ်ပုရောဟိတ်မည်သည်ကား နေ့တိုင်း ဝတ်ပြုလျက် အပြစ်ကို မဖြေနိုင်သောယဇ်ကို အထပ်ထပ်အဖန်ဖန် ပူဇော်လျက်ရပ်နေ၏။ ထိုသခင်မူကား အပြစ်ကို ဖြေခြင်းငှာ ယဇ်တစ်ခု တည်းကို ပူဇော်ပြီးမှစ၍ ဘုရားသခင်၏လက်ယာတော်ဖက်၌ အစဉ်အမြဲ ထိုင်၍ မိမိရန်သူတို့ကို မိမိခြေရာတင် မချထားမီတိုင်အောင် မျှော်လင့် လျက် နေတော်မူ၏။ အကြောင်းမူကား စင်ကြယ်သောသူတို့သည် ထာဝ ရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှာတခါတည်း ပူဇော်ခြင်းအားဖြင့်ပြု တော် မူ၏။ ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေး တော်မူသည်မှာ နောင်ကာလအခါ သူတို့၌ ငါပေးသော ပဋိညာဉ်တရား ဟူမူကား ငါထာဝရဘုရားသည် ငါ့ ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေး သွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည်ဟု အထက်က မိန့်တော်မူပြီးမှ တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက် မေ့ဘဲ နေမည်ဟု လာသတည်း။ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။ 
ယေရှုသည် သူ၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် လောကအပြစ် အလုံးစုံကို တစ်ခါတည်းယူဆောင်ခဲ့သည်။
The New Life Mission

በዳሰሳ ጥናታችን ይሳተፉ

ስለእኛ እንዴት ሰሙ?