Search

በክርስቲያን እምነት ላይ አዘውትረው የሚጠየቁ ጥያቄዎች፤

ርዕስ 1፡ ከውሃና ከመንፈስ ዳግመኛ መወለድ፤

1-21. သမ္မာကျမ်းစာထဲမှ အယူအဆလွဲမှားသူသည် အဘယ်သူနည်း

အယူအဆလွဲမှားသူဆိုသည်မှာ ယေရှုခရစ်ကို ယုံကြည်လျက် နှင့်ပင် နှလုံးသားထဲ၌ အပြစ်ရှိသောသူကို ဆိုလိုသည်။ တိတု ၃း၁၁ တွင် “ထိုသို့သောသူသည် ကိုယ်အပြစ်ကိုသိလျက်ပင် အပြစ်ပြု၍ မှောက်လှန် သောစိတ်ရှိသောသူဖြစ်သတည်း” ဟုဆိုထားပါသည်။ 
ယေရှုခရစ်သည် သူ၏ဗတ္တိဇံဖြင့် ကျွန်တော်တို့အပြစ်အားလုးံကို ယူဆောင်သွားခဲ့သည်။ အယူအဆလွဲမှားသောသူသည် ကောင်းချီးနှင့် ပြည့်နေသော ထိုရေ၏သတင်းကောင်းကို မယုံကြည်ပါ။ ဘုရားသခင်၏ ဂရုဏာတော်လက်ဆောင်မွန်ဖြစ်သော ဤရေ(ခရစ်တော်၏ဗတ္တိဇံ၊ ရွေး နှုတ်ခြင်း၏ဗတ္တိဇံမင်္ဂလာ)ကိုလည်းယုံကြည်ခြင်းမရှိသည့်အပြင် ကယ်တင် ခြင်းကို ငြင်းပယ်ကြသော်လည်း သူတို့ကိုယ်သူတို့ အပြစ်သားဟု အပြစ် တင်နေကြသည်။ 
ကျမ်းစာက ခရစ်တော်ကို ယုံကြည်ပြီး မိမိကိုယ်မိမိ အပြစ်သားဟု အပြစ်တင်နေသူ များကို (တိတု ၃း၁၁) တွင် အယူအဆလွဲမှားသူများဟု ဖော်ပြထားသည်။ မိတ်ဆွေ၊ သင့်ကိုယ် သင် အယူ အဆလွဲမှားသူဖြစ်မဖြစ် ဆန်းစစ်ပါ။ သင်သည် ခရစ်တော်ကို ယုံကြည်ပြီး ယခုထိတိုင် သင့် ကိုယ်သင်အပြစ်သားဟု ခေါ်နေဦးမည်ဆိုလျှင် ဝိညာဉ်ပိုင်းဆိုင်ရာ စစ်မှန် သောသတင်းကောင်းဖြစ်သည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သေ ချာစွာ မသိသေး၍ ဖြစ်လိမ့်မည်။ 
သင်သည် မိမိ်အပြစ်များကို ဘုရားသခင်ရှေ့တွင် ဝန်ချပြီး မိမိကိုယ်ကို အပြစ်သားပါ ဟုဝန်ခံသော အယူအဆလွဲမှားသည့်လူထုထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေလျှင် မိမိယုံကြည်ခြင်းကို ပြင်းပြင်းထန်ထန် ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါသည်။ ယေရှုခရစ်က သင့်အပြစ် ကို ယူဆောင်သွားပြီးနောက်မည်သို့ အပြစ်သားဖြစ်နိုင်မည်နည်း။ အဘယ် ကြောင့် သင်၏ အပြစ်များကို ပြင်ဆင်ရန် ကြိုးပမ်းနေသနည်း။ 
သင်၏အပြစ်ကြွေးကို သင်ကိုယ်တိုင်ပေးဆပ်ဖို့ အခိုင်အမာ ကြိုးစားနေလျှင် သင်သည် အယူအဆလွဲမှားနေသူဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ထံမှ ဝေးကွာနေသည်။ ခရစ်တော် ကို ယုံကြည်၍ဒုတိယမွေးဖွားခြင်းမခံရသောသူများသည် အယူ အဆလွဲ မှားသူများဖြစ်ကြသည်။သင်သည်သူ၏ကယ်တင်ခြင်းကို ယုံကြည်၍ အသိ အမှတ်မပြု လျှင် အယူအဆလွဲမှားသူဖြစ်သည်။ 
အယူအဆလွဲမှားသူဆိုသည်မှာ မိမိကိုယ်ကို အပြစ်သားဟုခေါ် လျက်နေသောသူကို ခေါ်သည်။ သင်သည် သန့်ရှင်းသောဘုရားကို ယုံကြည်လျက်နှင့်မိမိကိုယ်ကို အပြစ်သားဟုခေါ်လျှင် အယူအဆလွဲမှား သူဖြစ်သည်။ ထိုကဲ့သို့ အယူအဆလွဲမှားသူဖြစ်မလာစေရန် ယေရှု၏ ဗတ္တိဇံ နှင့် ကားတိုင်ပေါ် အသွေးတော်ကို အတူအကွ ယုံကြည်ကြပါစို့။ 
ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကိုနှစ်ခုစလုံးကိုယုံကြည်မှသာသင် သည် ကယ်တင် ခြင်းကို ရလိ်မ့်မည်။
The New Life Mission

በዳሰሳ ጥናታችን ይሳተፉ

ስለእኛ እንዴት ሰሙ?