Search

በክርስቲያን እምነት ላይ አዘውትረው የሚጠየቁ ጥያቄዎች፤

ርዕስ 3፡ ዮሐንስ ራዕይ፤

3-5. နှစ်တစ်ထောင်နိုင်ငံတော် မည်သည့်အချိန်တွင် စတင်လိမ့်မည်နည်း။ (၄င်းသည်ဘေးဒဏ်ကြီးကာလမတိုင်မှီ(သို့မဟုတ်) ဘေးဒဏ်ကြီးကာလ လွန်ပြီးမှတည်ထောင်မည့်နိုင်ငံလော)

သန့်ရှင်းသူများသည် ဘေးဒဏ်ကြီးကာလ၏ခုနှစ်တာအချိန် မ တိုင်မီချီဆောင်ခြင်းခံကြရမည်ဟုလူအများကယုံကြည်ကြသည်။၄င်းအပြင် ထိုဘေးဒဏ်ကြီးကာလကျရောက်နေချိန်၌ သူတို့သည် ဤကမ္ဘာထက် အ တော်အတင့်ပိုကောင်းသော ခရစ်တော်၏နှစ်တစ်ထောင်အုပ်စိုးခြင်းရှိရာ နိုင်ငံတော်ထဲ၌ စော၍ရောက်နေကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ ဤ ယုံကြည်ချက်ကို ကျွန်ုပ်တို့မှန်မမှန်ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စမ်းသပ်စစ်ဆေးကြည့်သောအခါထိုအယူအဆမှာ မှားယွင်းနေကြောင်း အ လွယ်တကူတွေ့ ရှိနိုင်ပါသည်။ 
ကျွန်ုပ်တို့၏ဘုရားသခင်က သန့်ရှင်းသူများကို ခရစ်တော်၏နိုင်ငံ တော်ကိုနှစ်တစ်ထောင်အတွက် ပေးအပ်ရခြင်းမှာ သတင်းကောင်းအတွက် ကြောင့်ပေးဆပ်သောသူတို့၏လုပ်အားများနှင့် သူတို့၏အသက်များစွန့် လွှတ်ခံရခြင်းအတွက်ဆုလဒ်နေဖြင့်ဆုချခြင်းဖြစ်သည်။ ဗျာဒိတ်ကျမ်း (၂၀း၄)က ကျွန်ုပ်တို့ကို ပြောပြသည့်အတိုင်း“ပလ္လင်များကိုလည်းငါမြင် ၏။ ပလ္လင်ပေါ်မှာထိုင်သော သူတို့သည် တရားစီရင်ရသောအခွင့်ကိုရကြ၏။ သားရဲနှင့်သူ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏သက်သေခံတော်မူချက်နှင့်ဘုရားသခင်၏ နှုတ် ကပတ်တော်ကြောင့်လည်ပင်းဖြတ်ခြင်းကို ခံရသော၊ သူတို့၏ဝိညာဉ်များ ကိုငါမြင်၏။ သူတို့သည်အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ် တော်နှင့်အတူ စိုးစံရ၏။”
အထက်ပါကျမ်းပိုဒ်က မည်သူသည် နှစ်တစ်ထောင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်လိမ့်မည်ဆိုသည်ကို ကျွန်ုပ်တို့အားရှင်းပြနေပါသည်။ ထို သူတို့မှာ ဘေးဒဏ်ကြီးကာလအလယ်၌အန္တီခရစ်ကို ဆန့်ကျင်တိုက်ခိုက် လျက်သူတို့၏ယုံကြည်ခြင်းကိုကာကွယ်လျက်မာတုရပြုခြင်းခံရသူ ၄င်းအ ပြင်သားရဲအမှတ်အသားကို လက်ခံခြင်းသော်လည်းကောင်း၊သူ၏ရုပ်တုကို ကိုးကွယ်ခြင်းသော်လည်းကောင်း၊ မပြုလုပ်ကြသော သူတို့ဖြစ်ကြပါသည်။ ဖွဲကြမ်းထဲမှ ဂျုံစေ့ကိုခွဲခြားသကဲ့သို့ ဘုရားသခင်သည် လူတို့အား သားရဲ၏ အမှတ်လက္ခဏာကိုလက်ခံခြင်း၊ လက်မခံခြင်း၊ ရွေးချယ်ခွင့်ကို ခွင့်ပြု ထားသည်။ သန့်ရှင်းသူများအားချီဆောင်ရန်နှင့်သူတို့အား သူတို့၏ယုံ ကြည်ခြင်းနှင့် သူတို့၏စာတန်အပေါ်အောင်ပွဲခံနိုင်ခြင်းတို့အတွက် နှစ်တစ် ထောင်ကာလခရစ်တော်၏နိုင်ငံတော်ကိုဆုလဒ်အဖြစ် ချီးမြင့်ရန် ဘုရားသ ခင်သည် ဂျုံတို့ကို ဖွဲများကြားမှ ရှင်းလင်းစွာ ခွဲခြားထားရန်အလိုရှိသည်။
အန္တီခရစ်အတွက်ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ရန်အတွက် အကြီး မားဆုံးသောအတားအဆီး၊ အနှောင့်အယှက်များမှာမိမိကိုယ်ကိုမိမိ အထင် ကြီးရမည်။လူအများကို မိမိ၏အမှတ်တံဆိပ်ကို လက်ခံအောင်လုပ်ရမည့် အပြင် ဘုရားသခင်၏လူများသည်လည်း သူ့အတွက် အတားအဆီးဖြစ်ကြ လိမ့်မည်။ ထို့ကြောင့်အန္တီခရစ်သည် သူတို့အားဖယ်ရှားသုတ်သင်နိုင်အောင် မိမိ၏ကျိုးပန်းမှုအားလုံးကိုအစွမ်းကုန်အားထုတ်ဆက်ကပ်ရမည်။ သို့သော် သန့်ရှင်းသူများသည် သားရဲကိုအရှုံးပေးလိမ့်မည်မဟုတ်ပေ။ သူတို့၏ ယုံကြည်ခြင်းဖြင့်ဆန့်ကျင်တိုက်ခိုက်လျှက် သူတို့၏မာတုရခံရခြင်းကိုပွေ့ ဖက်ကြမည်။ ဤသို့ဖြင့် ဘုရားသခင်၏ ဂုဏ်ပြုခြင်းကို ခံကြရမည်ဖြစ် သည်။ မရေမတွက်နိုင်သောအရေအတွက်ရှိသည့် သန့်ရှင်းသူတို့သည် မိမိ တို့၏နောင်ဘဝကို ရှေ့ရှုလျက်၊ ဘုရားသခင်၌ သူတို့၏ယုံကြည် ခြင်းကို ကာကွယ်ရန်အတွက် သူတို့၏မာတုရခံရခြင်းကို တုံ့ဆိုင်းမနေဘဲ လိုလား စွာပွေ့ဖက်ကြလိမ့်မည်။အန္တီခရစ်ကဘေးဒဏ်ကြီးကာလအတွင်းသန့်ရှင်းသူများသို့ ဆင်းရဲဒုက္ခရောက်ရခြင်းများကို ကျရောက်စေမှာဖြစ်သည့် အတွက်ဘုရားသခင်သည် သူနှင့်သူ၏နောက်လိုက်များအတွက် ဖလားခု နှစ်လုံး၏ကပ်ရောဂါဘေးများနှင့် ထာဝရလောင်ကျွမ်းနေသော အပြစ်ဒဏ် ခတ်ရာငရဲများကို ပြင်ဆင်ထားပြီးဖြစ်သည်။
ထို့ကြောင့် ဤကမ္ဘာကြီးသည် လုံးဝဖျက်ဆီးခြင်းနှင့် ဖလားခုနှစ် လုံး၏ကပ်ရောဂါများကျရောက်ခြင်းဖြင့် ယခင်ကမြင်ဘူးသည့် အဖြစ်မျိုး နှင့်မတူသောကြီးမားသည့်ငလျင်လှုပ်ခြင်းများသည် ကမ္ဘာကြီးကို ရိုက်ခတ် လိမ့်မည်။ရလဒ်အဖြစ် ပထမကမ္ဘာကြီးသည် အစအနပင်မကျန်အောင် ပျောက်ကွယ်သွားလိမ့်မည်။ ဘုရားသခင်သည် နဂါးကိုဖမ်းဆီးပြီး အဆုံးမ ရှိသောတွင်းထဲ၌ နှစ်တစ်ထောင်ကြာဖမ်းချုပ်ရန်အတွက် သူ၏ကောင်း ကင်တမန်များကို အမိန့်ပေးလိမ့်မည်။ သူသည် သူ၏လူများကို ခရစ်တော် ၏နှစ်တစ်ထောင်နိုင်ငံတော်၌ နေထိုင်ခွင့်ပြုနိုင်ရန်အတွက် ထိုသို့နေထိုင် ခွင့်မပြုမီပထမဦးစွာနဂါးကို အသူတရာချောက်ထဲ၌ အကျဉ်းချထား လိမ့်မည်။
အဘယ်ကြောင့်ဆိုသော်သန့်ရှင်းသူတို့ ခရစ်တော်နှင့်အတူ အုပ်စိုး သောအနှစ်တစ်ထောင်နိုင်ငံတော်၌ စာတန်ကို တွေ့ရမည်မဟုတ်ပေ။ ထို နေရာတွင်လိမ်လည်ခြင်းသော်လည်းကောင်း၊ကျိန်ခြင်းသော်လည်းကောင်းနောက်တစ်ကြိမ်မရှိရ။ဟောရှယ(၃၅း၈-၁၀)၌ပထမ အကြိမ်ချီဆောင် ခြင်း ၌ပါဝင်ခဲ့ကြသောန့်ရှင်းသူတို့အတွက် ကျရောက် လာမည့်ခရစ်တော်၏နိုင် ငံတော်ကို ဤသို့ရှင်းပြထားပါသည်။ “ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟုသမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူ သည် ထိုလမ်းကိုမလျှောက်မသွားရ၊ သွားသောသူတို့နှင့်အတူ ကိုယ်တော် တို့၏ခရီးသွားလျက်ရှိတော်မူသည်ဖြစ်၍ မိုက်သောသူသော် လည်းလမ်းမ လွဲရ။ ထိုလမ်း၌ခြေင်္သေ့မရှိရ။သားရဲတစ်ကောင်မျှ မတက်မလာရ၊ ရှာ၍မ တွေ့ရ၊ရွေးနှုတ်သောသူတို့သာလျှင်ခရီးသြွားကြလိမ့်မည်။ ထာဝရကယ် လွှတ်တော်မူသောသူတို့သည် ပြန်လာ၍သီချင်းဆိုလျက် ထာဝရဝမ်း မြောက်ခြင်းသရဖူကိုဆောင်းလျက် ဇိအုန်မြို့သို့ရောက်ကြလိမ့်မည်။ ဝမ်း မြောက်ရွှင်လမ်းခြင်းအခွင့်ကိုရကြ၍ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်း သည် ပြေးသွားရလိမ့်မည်။”
အထက်ကဖော်ပြခဲ့သော နှစ်တစ်ထောင်ကြာမြင့်မည့် ခရစ်တော် ၏နိုင်ငံသည် ဤကမ္ဘာကြီးကခုနှစ်နှစ်ကြာဘေးဒဏ်ကြီးကာလကိုဖြတ် သန်းပြီး နောက်ပိုင်းနှင့်စာတန်နှင့်အန္တီခရစ်တို့၏အုပ်စိုးခြင်းကို လုံးဝ ဖျက် ဆီးပစ်ပြီး နောက်ပိုင်းတွင်ကျရောက်လာလိမ့်မည်။ ထို့ကြောင့် ဤနိုင်ငံ တော်သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်း၌ယုံကြည်ခြင်းတည်းဟူ သောသူတို့၏ယုံကြည်ခြင်းကို ကာကွယ်လျက်ညှင်းပန်းနှိပ်စက်မှုနှင့် မာတု ရခြင်းခံရခြင်းအပြင် ဤသတင်းကောင်းကို ဟောပြောသောအလုပ်ကို ဆောင်ရွက်ကြသည့်အတွက် ကျွန်ုပ်တို့၏သခင်ဘုရားက သူ၏သန့်ရှင်းသူ များကို ပေးအပ်သောဆုလဒ်ဖြစ်သည်။