Search

በክርስቲያን እምነት ላይ አዘውትረው የሚጠየቁ ጥያቄዎች፤

ርዕስ 4፡ መጽሐፎቻችን ከሚያነቡ አንባቢዎች አዘውትረው የሚጠየቁ ጥያቄዎች፤

4-9. ဟေဗြဲအန်းကြီး၆ပထမပိုင်းကို ကျေးဇူးပြု၍ ဘာသာပြန်ဆိုပေးနိုင်မည် လား။

ဟေဗြဲ ၆း၁-၈ကို အနက်ဖွင့်ကြပါစို့။ 
“ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရား သခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူ သောမူလအမြစ်ကို ငါတို့သည် ပြန်၍မတည်ဘဲ၊ခရစ်တော်၏ဘာသာ၌ အစ အဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြ ကုန်အံ့။ ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။အ လင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့် ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊ဘုရားသခင်၏ ကောင်းမြတ်သော တ ရားစကားကို၎င်း၊နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိ ပြီးမှ၊ရွေ့လျော့ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သား တော်ကို လက်ဝါးကပ်တိုင်မှာကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသော သူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်း သို့ မရောက်နိုင်ကြ။ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျ သော မိုဃ်းရေကိုသောက်၍၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ် ၏။အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏။ ထိုမြေသည် ပြု စုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသောအချိန်နီးသည် ဖြစ်၍၊ နောက် ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။”
(အခန်းငယ် ၁-၂)
ခရစ်တော်ကိုယုံကြည်သောဟေဗြဲယုံကြည်သူများကဲ့သို့ ယနေ့ခရစ်ယာန် များ၌ ခရစ်တော်၏အခြေခံသဘောတရားအားဖြင့် ပြည့်စုံသောယုံကြည် ခြင်းကို ဘုရားသခင်ထူထောင်ပေးတော်မူခဲ့သည်။ 
လူအချို့တို့သည် အလင်းမြင်ရကြ၍ စစ်မှန်သောသတင်းကောင်းကိုမြည်း စမ်းကြသည်။ အပြစ်လွှတ်ခြင်းခံရကြသည်။ သန့်ရှင်းသောဝိညာဥ်တော်ကို ခံရကြသည်။ သို့သော်နောက်ပိုင်းတွင် စစ်မှန်သောယုံကြည်ခြင်းမှနောက် သို့ပြန်လှည့်ခဲ့ကြသည်။ သူတို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို သံသယဝင်၍ဆန့်ကျင်ခဲ့ကြသည်။ 
ထိုကြောင့်၊ ကျမ်းစာက ခရစ်တော်၏အခြေခံသဘောတရားများ(သေသူ များနောင်တရြခင်းအခြေခံများ၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဗတ္တိဇံခံယူ ချက်များ၊ လက်တင်ခြင်းများ၊သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့်ထာဝရ တရားစီရင်ခြင်း)တို့သည် ယုံကြည်သူအားလုံး၏စိတ်နှလုံးသားထဲတွင် ခိုင် ခံ့စွာ အခြေခြပြီးဖြစ်သည်။ 
ဤအခြေခံသဘောတရားများကို အာရုံစူးစိုက်ခြင်းသည် ကနဦးအသင်း တော်မှစစ်မှန်သောသတင်းကောင်း၏အခြေခံသဘောတရားဖြစ်သည်ဟု ဤနေရာတွင် ဖော်ပြထားသည်။ 
ထိုအရာတို့များထဲက ဗတ္တိဇံခံခြင်းဓမ္မခံယူချက်၊ နှင့်လက်တင်ခြင်းများပါဝင် သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအတွက် တိကျသောသက်သေ အထောက်အထားမှာ တမန်တော်များနှင့်တပည့်တော်များဟောပြောသော သတင်းကောင်းဖြစ်သည်။ 
စစ်မှန်သောသတင်းကောင်းကိုနားလည်သဘောပေါက်သူများက ခရစ် တော်၏အခြေခံသဘောတရားအပေါ် သံသယမရှိကြပေ။ သူတို့သည် သ တင်းကောင်းပေါ်တွင် မားမားမတ်မတ်ရပ်တည်သည်။ ယုံကြည်သောဘဝ ဖြင့်ရှေ့သို့ဆက်သွားကြသည်။ပြည့်စုံသောအသက်တာရှိသည်။ လူသားများ သည် မပြည့်စုံပေ။သို့သော် ရေနှင့်ဝိညာဥ်တော်စစ်မှန်သောသတင်းကောင်း ယုံကြည်သောအခါ ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်းစင်သောသူဖြစ်နိုင် သည်။ 
ဘုရားသခင်က အာြဗဟံအား “ငါ့ရှေ့မှာသွားလာ၍စုံလင်ခြင်းရှိလော့” (ကမ္ဘာ ၁၇း၁)။ အပြစ်လုံးဝကင်းစင်စေသောယုံကြည်ခြင်းအပြည့်ကို ဤ ကျမ်းချက်က ရည်ညွှန်းလိုခြင်း ဖြစ်သည်။ 
(အငယ် ၄-၆)
ယုံကြည်ခြင်းရှိပြီးသည့်နောက်စစ်မှန်သောသတင်းကောင်းကိုသစ္စာဖောက် နေပါက ကယ်တင်ခြင်းရရှိနိုင်သောလမ်းမရှိတော့ပေ။ ဘုရားသခင်၏အလို တော်မှာအားလုံးကယ်တင်ခြင်းရရှိခြင်း ဖြစ်သည်။ ကိုယ်တော်မေတ္တာတော် သည် ကြီးမားပြည့်စုံသည်။ ကိုယ်တော့်ကို ပုန်ကန်သောသူများအပေါ် ကိုယ်တော်၏အမျက်တော်သည် ကြီးမား၍ခက်ထန်သည်။ 
ထိုကြောင့် ရှောလမုန် ၈း၆တွင် ဤသို့ဖော်ပြထားသည်-
“ကျွန်မကိုကိုယ်တော်၏နှလုံးပေါ်မှာ
တံဆိပ်ခတ်တော်မူပါ။
လက်ရုံးတော်ပေါ်မှာ
တံဆိပ်ခတ်တော်မူပါ။
အကြောင်းမူကား၊ မေတ္တာသည်
သေခြင်းနှင့်အမျှတန်ခိုးကြီးပါ၏။
ခင်ပွန်းကိုမယုံသောစိတ်သဘောသည်
မရဏာနိုင်ငံနှင့်အမျှခက်ထန်ပါ၏။
သူ၏အရှိသည် မီးအရှိန်
လျှပ်စစ်အရှိန်ဖြစ်ပါ၏။” 
ဟေဗြဲ ၁၀း၂၆-၂၇ တွင် ဤသို့သတိပေးထားသည်။ “အကြောင်းမူကား၊ သမ္မာတရားကိုသိပြီးမှကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တ ဖန်အပြစ်ဖြေသောယဇ်ကိုပူဇော်ရာအခွင့်မရှိဘဲ၊ ဒဏ်စီရင်ခြင်းကိုခံရမည် ဟု ကြောက်မက်ဘွယ်သောမြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူ တို့ကိုဖျက်ဆီးဘို့ရာအမျက်တော်မီးလောင်ခြင်းကိုခံရသောအကြောင်းရှိ၏”
ယခုသင်သည်သမ္မာတရားပညာရေနှင့်ဝိညာဥ်တော်သတင်းကောင်း၌ ယုံ ကြည်ခြင်းရှိနိုင်သည်။ အဓိပ္ပါယ်မှာ “အပြစ်ကို လိုလိုလားလားပြုသည်”ကို ဆိုလိုသလော။ အပြစ်တရားကို အမျိုးအစားနှစ်မျိုးခွဲခြားနိုင်သည်ဟု ကျွန်ုပ် တို့သိရသည်။ “သေခြင်းသို့မပို့‌ဆောင်သောအပြစ်” နှင့် “သေခြင်းသို့ပို့ ဆောင်သောအပြစ်”(၁ယော ၅း၁၆)တို့ ဖြစ်သည်။ 
ကျွန်ုပ်တို့နေ့တိုင်း အပြစ်ပြုကြသည်။ ဤအရာများသည် “သေခြင်းသို့မပို့ ဆောင်သောအပြစ်များ”ဖြစ်ကြသည်။ ထိုအပြစ်များအားလုံးကို ဘုရားသ ခင်ဖယ်ရှားပေးတော်မူခဲ့ပြီး ဖြစ်သည်။ သို့သော် “သေခြင်းသို့ပို့ဆောင်သော အပြစ်”သည် သန့်ရှင်းသောဝိညာဥ်တော်စိတ်နာစေသောအပြစ် ဖြစ်သည်။ “ထိုကြောင့်ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ် အမျိုးမျိုးတို့နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည်ရနိုင်ကြ၏။ဝိညာဥ်တော် ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ” (မဿဲ ၁၂း၃၁)ဟု ရေထားသည်။ 
သခင်ယေရှုသည် စစ်မှန်သောကယ်တင်ရှင်ဖြစ်တော်မူသည်ဟု သန့်ရှင်း သောဝိညာဥ်တော်က သက်သေခံတော်မူသည်။ ကိုယ်တော်သည် ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းကို ဒုတိယမွေးခြင်းခံရသောသန့်ရှင်းသူများအား ဖြင့် သက်သေခံတော်မူသည်။ အကျဥ်းချုပ်အားဖြင့်၊ လူတစ်ယောက်သည် ဤအကြောင်းအရာကြားနာပြီးနောက် စစ်မှန်သောသတင်းကောင်းကိုငြင်း ငယ်နေလျှင် ထိုသူသည် ယခုတွင် သန့်ရှင်းသောဝိညာဥ်တော်ပြစ်မှားခြင်း အပြစ်ကျူးလွန်နေခြင်း ဖြစ်သည်။ ဤသူများသည် သတင်းကောင်းနှင့် ပတ်သက်၍ဒုက္ခအခက်များနှင့်ရင်ဆိုင်နေရသောအခါ သတင်းကောင်းကို သစ္စာ‌ဖောက်ရောင်းစားသောသူများဖြစ်ကြသည်။ 
လူတစ်ယောက်သည် စစ်မှန်သောသတင်းကောင်းကိုသိလျက်ပင် လိုလို လားလားနှင့်ငြင်းဆိုလျှင် ထိုသူသည် ဘုရားသခင်ထံတော်မှ အပြစ်လွှတ် ခြင်းအခွင့်မည်သို့ရရှိနိုင်ကြမည်နည်း။ ဘုရားသခင်သည် ထိုသို့သောအပြစ် များကို ထာဝရဒဏ်ခတ်ရမည် ဖြစ်သည်။ 
ဤအဖြေသည် ဝိညာဥ်ရေးရာဆာငတ်မှုကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ကျွန်တော်မြော်လင့်သည်။ သို့သော် အားလုံးမှ အစကတည်းကသခင်ယေ ရှုပေးအပ်တော်မူသောမူလသတင်းကောင်းဖြစ်သည် ရေနှင့်ဝိညာဥ်တော် သတင်း ကောင်းပေါ်သင်မားမားမတ်မတ်ရပ်တည်မည်ဟု ကျွန်တော်မြော် လင့်မိသည်။