Search

በክርስቲያን እምነት ላይ አዘውትረው የሚጠየቁ ጥያቄዎች፤

ርዕስ 4፡ መጽሐፎቻችን ከሚያነቡ አንባቢዎች አዘውትረው የሚጠየቁ ጥያቄዎች፤

4-12. ယနေ့ခရစ်ယာန်များနိမိတ်လက္ခဏာများသည် သင်မည်သို့ယူဆသ နည်း။ ၎င်းတို့သည် ဝိညာဥ်တော်လုပ်ငန်းများဖြစ်သလော။ သန့်ရှင်းသော ဝိ ညာဥ်တော်သည် ဘုရားသခင်၏အသင်းတော်၌ လုပ်ဆောင်တော်မူသည် ဟု သင်ယူဆသလော။

ယနေ့ခရစ်ယာန်အံ့သြဖွယ်နိမိတ်လက္ခဏာများအပေါ် သင်၏ဖော်ပြချက် သည် တစ်ဝက်တစ်ပိုင်းမှန်ကန်သည်။ 
သို့သော် ဘုရားသခင်ပေးအပ်တော်မူသောနိမိတ်လက္ခဏာအားလုံးမှာ သ ခင်ယေရှုခရစ်တော်၌လူများယုံကြည်မှုပေးအပ်ရန်ဖြစ်သည်ကို သင်သိရ မည်(ယောဟန် ၂း၁၁)။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် လူများအား သခင်ယေရှုခရစ်တော်ကိုယုံကြည်နိုင်ရန်အတွက် အံ့သြဖွယ်နိမိတ်လက္ခ ဏာများပေးအပ်တော်မူခြင်း ဖြစ်သည်။ 
အထူးသဖြင့်၊ တမန်တော်ဝတ္ထုတွင် တမန်တော်များနှင့်သခင်ယေရှု၏တ ပည့်တော်များက အံ့သြဖွယ်နိမိတ်လက္ခဏာများပြုလုပ်နေကြသည်ကို တွေ့ရသည်။ နိမိတ်လက္ခဏာများအားဖြင့် သူတို့က သခင်ယေရှုသည် ဘု ရားဖြစ်တော်မူသည်ကိုလည်းကောင်း၊ နှစ်ခြင်းခံယူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးယူဆောင်သွားခဲ့သည်ကိုလည်းကောင်း၊ ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးပေးဆပ်ပေးတော်မူခဲ့သည်ကိုလည်းကောင်း ထင်ရှားစေသည်။ 
သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်ပြည့်စုံပြီဖြစ်သောကြောင့် ကျွန်ုပ် တို့သည် အံ့သြဖွယ်နိမိတ်လက္ခဏာများရှာဖွေမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုနာခံရန် ဘုရားသခင်အလိုတော်ရှိသည်။ ထိုကြောင့် ကျမ်းစာက “ မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဥာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သော အခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။ယခု မူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟော တတ်ကြ၏။စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်”(၁ကော ၁၃း၈-၁၀)ဟုဖော်ပြထားသည်။ 
သခင်ယေရှုက သောမတ်အား “သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏”(ယောဟန် ၂၀း၂၉) ဟု  မိန့်တော်မူ၏။
စစ်မှန်သောယုံကြည်ခြင်းသည် သင်ကြုံတွေ့ရသောအံ့သြဖွယ်နိမိတ်လက္ခ ဏာအပေါ်အခြေမပြုဘဲ ဘုရားသခင်ထံ‌တော်မှ သင်လက်ခံရရှိသောဘုရား သခင်၏နှုတ်ကပတ်တော်ပေါ်တွင် ရပ်တည်ထားသည်။